ဇနီးဖြစ်သူ ဖောက်ပြန်ထားတဲ့ ဟိုတယ် သက်သေတွေ အတိအကျရထားတာမို့ တလင်တမယားဥပဒေနဲ့ အမှု ပြန်ဖွင့်လိုက်တဲ့ မင်းညီ
ဇနီးဖြစ်သူနဲ့ အတူ လက်ရှိပေါင်းသင်းနေထိုင်နေသူတို့ နှစ်ဦး ဇန်နဝါရီလအတွင်းမှာ ပြင်ဦးလွင်ရှိ ဟိုတယ်တစ်ခုတွင် ၂ ရက်ကြာသွားအိပ်ခဲ့တဲ့ သက်သေအထောက်အထားကို မင်းညီက ရရှိထားတာပါ။

အခြားသော ဟိုတယ်တွေမှာ သွားအိပ်ခဲ့တဲ့ သက်သေတွေလည်း အပြည့်ရှိတယ်လို့ မင်းညီကပြောပါတယ်။
ထို့အပြင် ဇနီးဟောင်းဟာ အဆိုပါအမျိုးသားနှင့်အတူ မန္တလေး ပုသိမ်ကြီးမြို့နယ်ထဲမှာ ဆု နာမည်နဲ့ လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ခဲ့သေးတယ်လို့ဆိုပါတယ်။
ထိုအချိန်က မီဒီယာတစ်ခုမှာ သူမအားပြန်လည်ပတ်သက်မှာစိုးရိမ်လို့ နောက်မိန်းမယူရင်လဲ ကိုယ့်ခေါင်းက ငရဲပန်း သူများကိုပေးလိုက်ရလို့ ဝမ်းသာတယ်လို့ ဖြေကြားခဲ့ပြီး နောက် ၂ လအကြာမှာမှ မင်းညီက မိသားစုနဲ့အဆင်ပြေမယ့်သူကို ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သို့သော်လည်း ဇနီးသည်ဟာ သူကိုယ်တိုင် တိတ်တိတ်ပုန်း ဖောက်ပြန်နေပြီး သူ့အားအမှုဖွင့် အကြပ်ကိုင်ကာ လက်ရှိနေထိုင်နေသော နေအိမ်အား လွှဲပြောင်းပေးပါက အမှုပိတ်ပေးမည်ဟုပြောသောကြောင့် မင်းညီက သက်သေအထောက်အထား အပြည့်အစုံနဲ့ ပုသိမ်ကြီးရဲစခန်းမှာ တလင်တမယားဥပဒေဖြင့် အမှုဖွင့်လိုက်ပါတယ်။


Leave a Reply