8 10. 2025 မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှ ကလေးမုန့် တွေရောင်းနေတဲ့ နန်းမိုဟွမ်ခမ်း ဆိုသူ မှ

ဘော်ဒါဆောင် ကျောင်းတက်နေသူ ၁၂ တန်းကျောင်းသူလေး နှင့် ကျောင်းပိတ်ရက်မှာ ထိုကျောင်းသူထံသို့သွားသူ ကျောင်းသူကောင်မလေး၏ အမေ အား

ဘော်ဒါဆောင်မှမုန့်ရောင်းသူ မိုဟွမ်ခမ်း က 8 10 2025 ရက်နေ့ မနက် ၇:၃၀ မှာ သူ့ကို အကူအညီခဏပေးပါရန် ပြောပြီး ကျောင်းသူ၏အမေအား အပြင်သို့ခေါ်ဆောင်သွားသည်။

ခဏ ဟုဆိုပြီးကြာနေသော အခါ ကျန်ရစ်ခဲ့သူ ကျောင်းသူက အမေဖြစ်သူအား ဖုန််းခေါ်ဆို၍မရတော့ပါ။

ထိုအခါ မုန့်ရောင်းသူ မိုဟွမ်ခမ်း ကိုယ်တိုင် က ကျန်ရစ်ခဲ့သူထိုကျောင်းသူအား နင့်အမေ ခေါ်ခိုင်းလိုက်ကြောင်း

နင့်အမေဖုန်း ကျကွဲ လို့ ဖုန်းဆက်မရနိုင်ကြောင်း

နင့်အမေနှင့်သွားဖို့သူနဲ့လိုက်ခဲ့ ရန် ဆိုင်ကယ်နှင့် ပြင်ဦးလွင်မြို့ပြင် လူပြတ်သောနေရာသို့ခေါ်ဆောင်သွားပြီး ခဏနားမည် ဟု ကာ ဆိုင်ကယ်ရပ်ပြီးနားနေစဉ် ခဏအတွင်း ကျောင်းသူလေး၏ ဦးခေါင်းနောက်စေ့အား အသင့်ပါလာသော ဝိုင်ပုလင်းဖြင့် အားကုန်ရိုက်လိုက်ပြီး မှောက်သွားတဲ့အခါ ကျောင်းသူလေးကို ခွစီးထားပြီး ကျောင်းသူလေး၏ဦးခေါင်းနှင့်မြေကြီးကို ဆောင့်ရိုက်ပြီး မေ့မျော့ နေစဉ် ဓာတ်ဆီ ဖြင့်လောင်းပြီး မီးရှို့ နေစဉ်

ကျောင်းသူကောင်မလေးမှာ နာကျင်မှု မီးလောင်စွဲမှု တို့နှင့် သတိရတချက် မရတချက် သတိရ တဲ့တချက်မှာ မီးလောင်စွဲနေတဲ့ အင်္ကျီ ကို ဆွဲချွတ်လိုက်ပြီး
လမ်းဘေးမှာ ရှိတဲ့ ကြံခင်းခြံ ထဲသို့ ရှိသမျှ အားကုန် ထွက်ပြေးပြီး အနီးအနားကရွာသူရွာသူများ၏ ကူညီစောင့်ရှောက်မှုကြောင့် ဒဏ်ရာဒဏ်ချက်များနှင့် အသက်ချမ်းသာရာရပြီး အရေးပေါ် ဆေးရုံသို့ရောက်သွားသော်လည်း

အမေဖြစ်သူမှာ လူသတ်မ မိုဟွမ်မ်ခမ်း၏ လူမဆန် လူစိတ်မရှိ ရက်ရက်စက်စက် သတ်ဖြတ်မှူကြောင့် အသက်သေဆုံးခဲ့ရပါပြီ

လက်ရှိအချိန်မှာ လူသတ်မတရားခံ မိုဟွမ်ခမ်း ထွက်ပြေးလွတ်နေပါ သဖြင့် တွေ့ရှိပါက အောက်ပါ ဖုန်း နံပါတ်ဆီသို့ ဆက်သွယ်ပေး ပါရန် မေတ္တာရပ်ခံပါတယ်

09 5026357

09 444014959

အသတ်ခံရသူမှာ ကျွန်မ အစ်မဖြစ်ပြီး ကျောင်းသူ ကောင်မလေး ကျွန်မ တူမလေး ဖြစ်ပါသည်။

Credit


Leave a Reply

Your email address will not be published. Required fields are marked *