Over the past few months, the Cybersecurity Tech Accord has been researching and promoting cyber hygiene initiatives that businesses can adopt easily and that have a cumulative impact – protecting us all at scale. In the next few weeks, we will pivot to explore different cyber hygiene practices that individuals can leverage to protect themselves…
ခရိုနီကုမ္ပဏီတွေ ဖြစ်ကြတဲ့ KBZ နဲ့ Max ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုမှာ ဘဏ္ဍာငွေပံ့ပိုးပေးခဲ့ပြီး လူမဆန်တဲ့ပြစ်မှုကြီးတွေဖြစ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ကြီးကြီးမားမားတိုက်ရိုက်ပံ့ပိုးပေးခဲ့တယ်လို့ Justice For Myanmar က ဒီကနေ့ သြဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီ ကုမ္ပဏီ ၂ ခုဟာ စစ်အုပ်စုရဲ့ “နယ်မြေရှင်းလင်းစစ်ဆင်ရေး” ပံ့ပိုးကူညီဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်မလာနိုင်ဖို့ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ဖို့အတွက် ဆိုပြီး ဒေါ်လာသန်းပေါင်းများစွာကို စစ်အုပ်စုဆီ တိုက်ရိုက်ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေရဲ့ စစ်အုပ်စုဆီ တိုက်ရိုက်လှူဒါန်းနေတာတွေကို ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က…
မော်ချီးကနေ ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်ကို ပြန်လာတဲ့သူတွေကို စစ်တပ်က စစ်ဆေး မေးမြန်းမရှိ ဖမ်းနေပြီး မြို့ဝင်ပေါက်မှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ကြုံနေရလို့ အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့ မော်ချီးမှာ ဒေသခံတွေနဲ့ တွင်းလုပ်သား အများစုဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။ အဲဒီထဲကမှ လွိုင်ကော်ကို ပြန်လာတဲ့ အမျိုးသားတွေကို မြို့ဝင်ပေါက်မှာ စစ်တပ်က တွေ့တာနဲ့ ဖမ်းပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတွေ ဒီရက်ပိုင်း ပိုအဖြစ်များလာတဲ့အကြောင်း လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။ လွိုင်ကော်မြို့ခံတယောက်က “လွိုင်ကော်မြို့ အခြေအနေကတော့ လက်ရှိမှာတော့ ငြိမ်နေတာပေါ့။ ဒါပေမဲ့ ဒီအဝင်ပေါက်က အစစ်ဆေးကြမ်းတယ်၊ အဖမ်းအဆီးများတယ်။ Kpay တို့ ဖုန်းတို့ သိနေကျအတိုင်းပဲပေါ့။ အထူးသဖြင့်က မော်ချီးကနေ ပြန်လာမယ့်အဖွဲ့တွေဆို အဖမ်းအဆီး များတယ်။ ယောက်ျားလေးတွေဆိုရင် နောက်ခံ Background…
ထိုင်းနိုင်ငံမှာ ကျောင်းသားဗီဇာနဲ့ ဝင်ရောက်နေထိုင်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသား ၁၀,၀၀၀ နီးပါးရဲ့ နေထိုင်ခွင့်ဗီဇာတွေကို ရုပ်သိမ်းခဲ့တယ်လို့ Matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ပညာသင်ကြားဖို့ ရည်ရွယ်ချက်နဲ့ နေထိုင်ခွင့်ဗီဇာ ယူထားပေမဲ့လည်း တရားမဝင် အလုပ် ဝင်ရောက်လုပ်ကိုင်နေတာတွေကို တားဆီးဖို့အတွက် သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု အဆင့်မြင့်ပညာရေးဝန်ကြီးဌာန (MHESI) အနေနဲ့ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကို ပြီးခဲ့တဲ့ မေလက ညွှန်ကြားခဲ့တယ်။ ဒါ့အပြင် MHESI နဲ့ လဝက ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နိုင်ငံခြားကျောင်းသားတွေရဲ့ ဗီဇာကို စစ်ဆေးဖို့ ပြည့်စုံတဲ့ အချက်အလက် ဒေတာဘေ့စ်စနစ်ကို တည်ဆောက်ခဲ့တယ်။ အဆိုပါစနစ်နဲ့ ကာလတို (Non-degree) သင်တန်း တက်ရောက်နေတဲ့ နိုင်ငံခြားကျောင်းသူ ကျောင်းသားတွေရဲ့ ကျောင်းခေါ်ကြိမ်မှတ်တမ်းကို စစ်ဆေးကာ စည်းမျဉ်းစည်းကမ်းနဲ့…
တနင်္သာရီတိုင်း၊ ပုလောဆိပ်ကမ်းမှာ မြိတ်ကနေ လက်နက်ခဲယမ်း သယ်လာတဲ့ ငါးဖမ်းလှေ မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး လှေပိုင်ရှင် အပါအဝင် စစ်သားတချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သြဂုတ် ၂၃ ရက် ညပိုင်းလောက်က ငါးဖမ်းလှေ (ဒေသခေါ် ကင်မွန်မီးထွန်းလှေ) ပေါ်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးကျည်ထမ်းရင်း မတော်တဆ လှေဝမ်းထဲပြုတ်ကျပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတယောက်က “ကြားရတာ ၁၂၀ မမ လက်နက်ကြီးကျည်ထမ်းရင်း မတော်တဆ လှေဝမ်းထဲ ပြုတ်ကျပြီး ပေါက်ကွဲတာ။ လှေက နှစ်ပိုင်းပြတ်ပြီး နစ်မြုပ်သွားတယ်။ အဲဒီလှေက မြိတ်ကနေ ပုလော ၂၈၅ တပ်ရင်းကို လက်နက်ခဲယမ်းလာပို့တာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။ အဆိုပါပေါက်ကွဲမှုကြောင့် လှေပိုင်ရှင်သားအဖ ၂ ယောက်…