စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့ရှိ တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ အပြီးတိုက်ခိုက်သိမ်းပိုက်၍ စစ်တပ်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့ရှိ တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ စစ်တပ်က အပြီးတိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေး စီမံချက်ဖြင့် ထိုးစစ်ဆင်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလမှစတင်၍ အညာဒေသကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရေး စစ်ဆင်ရေး စီမံချက်ကို ထိုးစစ်ဆင်များဖြင့် အကောင် အထည်ဖော်လျက်ရှိပြီး ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များ၊ တိုက်ခိုက်ရေးနှင့် ခြေမြန်တပ်များကို အညာဒေသ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရေး စစ်ဆင်ရေး စီမံချက်တွင် ခေါ်ယူအသုံးပြုလျက်ရှိကြောင်း သိရှိရသည်။ “အညာဒေသ စစ်ဆင်ရေး စီမံချက်က လာမယ့်နှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ ဆုံး…
ကျောက်မဲအဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ် ငွေအဆမတန်တောင်းနေပြီး ဆေးပစ္စည်းတင်ရင် သိမ်းယူတာတွေ ရှိနေ စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်ပြီး ငွေအဆမတန်တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ မိုးကုတ်- ကျောက်မဲလမ်း မြို့အဝင် မိုင်းတင်းရွာအနီးရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတင်းကြပ်နေတာဖြစ်ပြီး ပေးမသွားဘဲ ပြန်လှည့်ခိုင်းတာ ရှိသလို ငွေသိန်းနဲ့ချီတောင်းပြီး ပြန်လွှတ်ပေးခဲ့တာတွေလည်းရှိတယ်လို့ ကျောက်မဲမြို့နယ်ထဲ နေထိုင်တဲ့ တအာင်းလူမျိုးတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာလည်း ကျောက်မဲမြို့ကနေ ဆေးဝါး တင်လာတဲ့ကားတစ်စီးကိုး မိုင်းတင်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်က ငွေသိန်း ၃၀ တောင်းခံခဲ့တဲ့အပြင် ဆေးဝါးတွေကိုလည်း သိမ်းယူခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့သူနဲ့ နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဆေးကုသွားရင်တောင်တောင်ပေါ်ဒေသကဆင်းလာတဲ့လူဆို ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းတာရှိသလို ကံကောင်းလို့ ဖြတ်ရတဲ့အချိန်လည်း ရှိပါတယ်။…
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အနောက်ကြို့ကုန်းအထက်တန်းကျောင်းမှာ Grade – 9 တက်နေတဲ့ ကျောင်းသား ၂ ဦး အွန်လိုင်းကနေအလုပ်ရမယ်ဆိုကာ လိမ်ညာခေါ်ခံရပြီးနောက် စစ်မှုထမ်းစုဆောင်းခံထားရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ စစ်မှုထမ်းစုဆောင်းခံရသူတွေဟာ ဒန်းတောင်ရွာနဲ့ ကန်သာယာကျေးရွာနေ အသက် ၁၆ နှစ်အရွယ် မောင်တင်မျိုးအောင်းနဲ့ မောင်သော်ဇင်ဖြိုးတို့ဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်မှာကျောင်းသွားမယ်ဆိုပြီး နေအိမ်ကနေထွက်သွားရာက ပျောက်ဆုံးသွားကြတာလို့ ဆိုပါတယ်။ “သူတို့(စစ်မှုထမ်းစုဆောင်းခံရသူ)တွေက သူငယ်ချင်းတွေဆီကို ဆက်သွယ်ပြီး အလုပ်ရမယ်ဆိုပြီး လိုက်သွားတာ စစ်သားစုဆောင်းရေးထဲရောက်နေတယ်ဆိုပြီးပြောတယ်။ သူတို့လည်း ဟိုကနေတဲ့သူတွေနဲ့ အဆင်ပြေအောင်နေရတော့ ဖုန်းသုံးရတယ်ပေါ့နော်။ သူတို့တပ်ထဲရောက်နေတဲ့ အကြောင်းကို သူငယ်ချင်းတွေဆီပြောပြတာ။ “လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။ ဒီဇင်ဘာ ၁၉ ရက်မှာ သူတို့ ၂ ဦးဟာ ကပစ ၆ လို့…
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ မြန်မာလူထု တွေ့ဆုံပွဲ ပြုလုပ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ မြန်မာလူထု တွေ့ဆုံပွဲကို ယမန်နေ့ (ဒီဇင်ဘာ ၂၀ ရက်) ညနေ ၄ နာရီမှ ည ၈ နာရီအထိ Cockburn Youth Centre (Main Hall) ခန်းမ၌ ကျင်းပခဲ့ပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲ၌ NUG ဝန်ကြီးက ပြီးခဲ့သည့် ငါးနှစ်အတွင်း အာဏာသိမ်း မြန်မာစစ်တပ်သည် နိုင်ငံရေးအရ တရားဝင်မှုမရခဲ့ကြောင်း၊ မကြာခင် ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲနှင့် တရားဝင်ရေး ကြိုးပမ်းခြင်းကို ထွက်ပေါက်မပေးသင့်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ပ သုံးလုံးနှင့် NUG ဝန်ကြီးဌာနများ…
ငါတို့လည်း လက်တံခြေတံအထိုက်အလျောက်ရှည်တယ်။ပြည်တွင်းကလူတွေများစွာနဲ့အဆက်အသွယ်တောက်လျောက်ရှိတယ်။ စစ်တပ်ကသူတွေနဲ့လည်းချိတ်ဆက်ထားတာရှိတယ်၊ သတင်းပေးနေတဲ့သူတွေရှိတယ်။ NUG က လူကြီးတွေ ၊ ဝန်ကြီးတွေ ၊ CRPH ကလူကြီးတွေ အားလုံးလည်း လက်တံခြေတံအထိုက်အလျောက်ရှည်ကြတယ်။ပြည်တွင်းကလူတွေများစွာနဲ့အဆက်အသွယ်တောက်လျောက်ရှိကြတယ်။ စစ်တပ်ကသူတွေကလှမ်းသတင်းပေးနေတာတွေရှိတယ်။ ကိုထိန်လင်းဆိုလည်းငါတို့လိုပဲ။အဆက်အသွယ်တွေရှိကြတယ်။ အဲ့ဒါတောင် အမေစုနဲ့ပက်သက်ပြီး ငါတို့ ဘာမှရေရေရာရာ၊ သေသေချာချာမသိရလို့ စီုးရိမ်နေတဲ့အချိန်မှာ မင်းကအတိအကျကိုသိနေတယ်၊ သတင်းကြားထားတယ်ဆိုတော့ မင်းကစစ်ထောက်လှမ်းရေးလားလို့ ငါမေးမယ်။ မင်းကမျက်နှာမပြပဲ Facebook သုံးနေတဲ့သူဖြစ်တယ်။ မင်းဘယ်သူလဲဆိုတာ ငါတို့မသိရဘူး။ ဘာနိုင်ငံရေး၊ တော်လှန်ရေး အစဉ်အလာမှလည်းရှိခဲ့ဖူးပုံမပေါ်ဘူး။ အခုအမေစုနဲ့ပက်သက်ပြီး သတင်းမှားလွှင့်ဖို့ကြိုးစားတာက အလွန်သံသယဖြစ်ဖို့ကောင်းတယ်။ တောက်လျောက်လည်း NUG ကိုဖောင်းထုတာ၊ ERO တွေနဲ့ NUG ကြားအထင်အမြင်လွဲအောင်ရေးတင်တာတွေလုပ်တယ်။ အခု ဘယ်သူမှ မသိရတဲ့ အမေစုရဲ့အခြေအနေကို အတိအကျလိုမျိုးရေးတင်တယ်ဆိုတာ မင်းဟာ စစ်တပ်သူလျှိုလို့ ငါကောက်ချက်ချတယ်။ လူတွေကို ငါတို့ကအမြဲစောင့်ကြည့်နေတယ်။ မင်းကိုလူတွေယုံနေပြီဆိုပြီး…