ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှု တိုင်ကြားသော်လည်း ဖြေရှင်းမပေး ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ၏ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်အတွက် ဖြေရှင်းပေးရန် ခင်ရီထံသို့ တိုင်ကြားခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိကြောင်း အလိမ်ခံရသူတချို့က ပြောဆိုသည်။ ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်တွင် ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ဦးလေးဖြစ်သူ ခင်ရီ၏ ခိုင်းစေချက်အရ လုပ်ငန်းရှင်တချို့နှင့် မြောင်းမြအခြေ စိုက်မြို့မြို့မျက်ဖုံးအသိုင်းအ၀ိုင်းထံမှ ငွေကြေးများ ချေးငှားခဲ့ကြောင်း၊ ချေးငှားရာတွင် ချေးယူသည့်ငွေကြေးအတွက် ကားများ ပြန်လည်ပေးအပ်မည်ဟု ဆိုကာ ငွေကျပ် သိန်း ၂၀၀၀ ကျော်…
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတဲ့ ညောင်ကျိုးကျေးရွာကို စစ်တပ်က အင်အား ၈၀ လောက်ပါ စစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာရာကနေ AA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ပြန်ဆုတ်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်က သူတို့ ခံစစ်ပြုလုပ်ထားတဲ့ ပန်းတောင်းမြို့နယ်၊ ဆင်လန်ကျေးရွာအနီးရှိ လေလာတောင်ကနေ ညောင်ကျိုးဘက်ကို ဒီဇင်ဘာလလယ်ပိုင်းက ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး AA နဲ့ ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သားအချို့သေဆုံးခဲ့ပြီး ဆင်လန်ဘက်ကို ပြန်ဆုတ်ခွာခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။ “ဆင်လန်ဘက်ကနေ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီက ညောင်ကျိုးဘက်ကို ထိုးစစ်ဆင်လာတာရှိတယ်။ သူတို့က အင်အားတွေစုပြီးတော့ မြေပြင်ထိုးစစ်ဆင်တာပေါ့။ အဲဒီမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တာမှာ စစ်ကောင်စီက အတုံးအရုံး သေကြရတာကြောင့်…
ခွင့်ပြုပေးထားပြီးဖြစ်တဲ့ လုပ်ငန်းစီမံကိန်းတွေအပေါ်မှာ အထောက်အထားမခိုင်လုံဘဲ ဝေဖန်ကန့်ကွက်မယ်ဆိုရင် အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ဒီဇင်ဘာ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။ မြစ်ဆုံစီမံကိန်းပြန်လည်စတင်တော့မယ့်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ ကာ/လုံ က အခုလို ကြေညာချက်ထုတ်ပြန်လိုက်တာပါ။ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ နေပြည်တော်ကောင်စီတို့က မိမိအခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ငန်းတွေ၊ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းလုပ်ငန်းတွေ၊ လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေနဲ့ တခြားသက်ဆိုင်တဲ့ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး အထောက်အထားခိုင်လုံမှု မရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်တာတွေ ဖြစ်ပေါ်နေတာကြောင့် လုပ်ငန်းတွေကို နှောင့်နှေးကြန့်ကြာစေတာ၊ နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်တာကို အဟန့်အတားဖြစ်စေတာ၊ မလိုလားအပ်တဲ့ အဂတိလိုက်စားတာတွေ ဖြစ်ပေါ်နေတာကြောင့် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေကို ထိခိုက်နှောင့်နှေးစေနိုင်ကြောင်း စိစစ်တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်အတွင်း ပါဝင်နေတာပါ။ အခုနှစ်ဩဂုတ်လအတွင်း တရုတ်ပြည်သွားရောက်ခဲ့တဲ့…
မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် အရေးပါသော အမှုနှင့်ပတ်သက်၍ လာမည့်လတွင် ကြားနာပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ထုတ်ပြန်လိုက်သည်။ ယခုကြားနာမှုသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ က အမှု၏ အခြေခံအချက်အလက်များ (Merits) အပေါ် ပထမဆုံးအကြိမ် ကြားနာစစ်ဆေးသည့် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ အမှုဖြစ်လာမည့်အပြင် ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ အစ္စရေးကို တောင်အာဖရိကက တရားစွဲဆိုထားသည့် အမှုအတွက်လည်း ရှေ့ဆောင်သာဓကများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။ ကြားနာပွဲ၏ ပထမပတ်ဖြစ်သော ဇန်နဝါရီလ ၁၂ ရက်မှ ၁၅ ရက်အထိ ICJ သို့ အမှုစတင်တင်သွင်းခဲ့သည့် အနောက်အာဖရိက မွတ်စလင်နိုင်ငံဖြစ်သော ဂမ်ဘီယာနိုင်ငံက ၎င်းတို့၏ လျှောက်လဲချက်များကို တင်ပြမည်ဖြစ်သည်။ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့…
တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ထားရသည့် မောတောင်မြို့အား ပြန်လည်ရရှိရန် စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နေသော်လည်း အချိန်ရက်သတ္တပတ် ၄ ပတ်ကျော် ကြာသည်အထိ မြို့အနားပင် မကပ်နိုင်သေးကြောင်း သတင်းရင်းမြစ်များက ပြောသည်။ သိန်ခွန်း- မောတောင်လမ်းအတိုင်း စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် လက်ရှိအချိန်အထိ သဲဖြူနှင့် သိန်ခွန်း အနီးတဝိုက်မှ ရှေ့ဆက်မတိုးနိုင်သေးကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဖောကား ခုနစ်စီးဖြင့် တနင်္သာရီ- ဘုတ်ပြင်းကားလမ်းမှတဆင့် သိန်ခွန်း- မောတောင်လမ်းပိုင်းသို့ စစ်ကော်မရှင်တပ်က ထပ်မံ စစ်ကူပေးပို့လာခဲ့ပြီး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ မြေပြင်ထိုးစစ်သာမက စစ်ကော်မရှင်တပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ ဒရုန်းများကိုလည်း အသုံးပြုကြောင်း သိရသည်။ “အခြေအနေတွေကလား ဒီရက်ထဲ ဖြစ်တယ်လေ။ သဲဖြူ၊ သိန်ခွန်း အဲ့ဒီတဝိုက်မှာ။…