Category: News

  • ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူး အဖွဲ့က တိုက်ခိုက်

    ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူး အဖွဲ့က တိုက်ခိုက်

    ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူး အဖွဲ့က တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

    မွန်ပြည်နယ်၊ ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခမရ ၅၉၁ တပ်ရင်း ထွက်လာသော စစ်သားများသည် ကျောင်းရွာ လမ်းပိုင်းကို ကင်းလှည့်ရန် ထွက်လာစဉ် ရေးဘီလူး အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေက ၅၉၁ တပ်ရင်းနဲ့ မနီးမဝေး နေရာလောက်မှာ စစ်ဆေးရေး ပြုလုပ်တဲ့အချိန် တပ်ရင်းအနောက်ပေါက်ကနေ ထွက်လာခဲ့တဲ့ စစ်ကြောင်းနဲ့ ဆုတ်လမ်းမှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့တယ်။ ရန်သူဘက်ကတော့ သေဆုံးမှုရှိတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒေသခံတွေကတော့ ၇ ယောက်သေတယ်လို့ ပြောတယ်။ သူတို့က စစ်ကြောင်း ပုံစံမျိုးမဟုတ်ဘူး တပ်ရင်းကာကင်း၊ သူတို့က ရွာလုံခြုံရေး ပုံစံမျိုး နေတဲ့ကောင်တွေ သီးသန့်ရှိတယ်။ တပ်ရင်း အပြင်မှာပေါ့။ သူတို့ အင်အားမများဘူး။ အလွန်ဆုံး ၁၅ ယောက်လောက်ပဲ ရှိတယ်။ သူတို့ဘက်ခြမ်းက ကာဗာမရှိနေဘူး ကျနော်တို့က ဖြတ်ပိတ်တဲ့အချိန်မှာ ကိုယ့်ဘက်ခြမ်း အရင်ဦးပြီး စစ်ခွေး ၅ ကောင်လောက် သေတယ်။ လက်နက်ကြီးတွေကတော့ တောက်လျှောက်ကို ရမ်းပစ်တယ်” ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

  • မြို့မငြိမ်းရဲ့ “လူချွန်လူကောင်း” သီချင်းကို ရွေးကောက်ပွဲ မဲဆွယ်သီချင်းလုပ်မည်

    မြို့မငြိမ်းရဲ့ “လူချွန်လူကောင်း” သီချင်းကို ရွေးကောက်ပွဲ မဲဆွယ်သီချင်းလုပ်မည်

    ဂန္ထဝင်အနုပညာရှင် မြို့မငြိမ်း၏ လူချွန်လူကောင်း အပါအဝင် မြို့မမူပိုင်သီချင်းသီချင်းအချို့ ကို NDF (ခမောက်)ပါတီ အောင်နိုင်ရေးကမ်ပိန်းမှာ အသုံးပြုဖို့ လာခွင့်တောင်းရာမှာ မြို့မအသင်းဥက္ကဋ္ဌ ဒေါက်တာ လှခိုင်က ခွင့်ပြုပေးခဲ့တယ် လို့ ပြည်တွင်းသတင်းတခုမှာ ဖော်ပြပါတယ်။

    စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ခမောက်ပါတီ ယာယီဥက္ကဋ္ဌ ထက်အောင်ကျော် နဲ့ မကြာသေးခင်ရက်ပိုင်းက မှ ပါတီဝင်ပြီး ဒုက္ကဋ္ဌဖြစ်လာတဲ့ NLD အမတ်ဟောင်း ဒေါ်စန္ဒါမင်းတို့ဟာ ဒီနေ့မနက် မန္တလေးမြို့ ၈၆ လမ်း မြို့မအပျော်တမ်းတူရိယာအသင်းရုံးမှာ အသင်းတာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံပြီး” လူချွန်လူကောင်း” သီချင်းကို မဲဆွယ်စည်းရုံးရေးမှာ သုံးဖို့ လာရောက်ခွင့်တောင်းခဲ့တာ ဖြစ်တယ်လို့ ပြည်တွင်းသတင်းတရပ်မှာ ဖော်ပြပါတယ်။

    အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း ရေးသားခဲ့တဲ့ လူချွန်လူကောင်း အပါအဝင် သီချင်းဟာ ထင်ရှားကျော်ကြားပြီး လူငယ်လူရွယ်များ၏ စွမ်းပကားနဲ့ ခေတ်မီ တိုင်းပြည် ထူထောင်ရန်အတွေးအခေါ် ပါဝင်တဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

    မြို့မအသင်းဥက္ကဋ္ဌ ဒေါက်တာလှခိုင်က လာရောက်ခွင့်တောင်းတာကို ကျေးဇူးတင်ကြောင်း နဲ့ မြို့မအသင်းကြီး၏ ခွင့်ပြုချက်မယူပဲအသုံးပြုလျှင်လည်း ပြည်သူလူထု၏ စိတ်ခွန်အားမြင့်တက်‌ ‌စေသည့် အမျိူးသားရေး တေးဖြစ်သည့်အတွက် သုံးစွဲခွင့်ရှိပါကြောင်း အခြားအခမ်းအနားများတွင်လည်း အသုံးပြုနေပါကြောင်း သီးသန့်ခွင့်ပြုချက်‌ပေးခြင်း ပုံစံဖြစ်လျှင် ကန့်သတ်မှုမဖြစ်‌ စေလို၍ တေးသီချင်းအား အများနည်းတူအသုံးပြု၍ရပါတယ်ဟု ပြန်လည်‌‌ ပြောကြားခဲ့တယ် လို့ အဆိုပါတွေ့ဆုံပွဲကို သတင်းယူခဲ့တဲ့ ပြည်တွင်းသတင်းက ဆိုပါတယ်။

    မြို့မတူရိယာအသင်းကို ၁၉၂၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အခု ၂၀၂၅ ခုနှစ်မှာတော့ နှစ် (၁၀၀) သက်တမ်းပြည့်ခဲ့ပြီဖြစ်ပါတယ်။

    စစ်အုပ်စုအာဏာသိမ်းပြီး လပိုင်းအကြာ မေလ ၂၈ ရက်နေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ပထမဆုံးအဖြစ် မြို့မအဖွဲ့က သွားရောက်ဖျော်ဖြေခဲ့တာကြောင့် အသင်းကို ဝေဖန်မှု များစွာရှိခဲ့ပါတယ်။

    မန္တလေးမြို့လူထုက ‌ဂုဏ်ယူလေးစားရတဲ့အသင်းကြီးဖြစ်ခဲ့တဲ့ မြို့မ တူရိယာအသင်းဟာ အသင်းရဲ့ရပ်တည်ချက်၊ အသင်းကို စတင်တည်ထောင်ခဲ့တဲ့ ရည်မှန်းချက်တွေကို သွေဖည်ကာ မြိုလူထုမျက်နှာကို မကြည့်ဘဲငွေနောက်လိုက်ပြီး တီးခတ်နေတယ်လို့ မန္တလေးမြို့ခံတွေကြား မှာဝေဖန်မှုတွေရှိခဲ့ပါတယ်။

    မြို့မအဖွဲ့ဝင်တချို့က ဒီလိုဖျော်ဖြေရတာဟာ ငွေကြောင့်မဟုတ်ဘဲ စစ်အုပ်စုရဲ့ ဖိအားကြောင့် ဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

    အခုလည်း စစ်အုပ်စုက စီစဉ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအတွက် တေးသီချင်း အသုံးပြုခွင့် ပေးလိုက်တာလည်းဖြစ်ပါတယ်။

    မြို့မအသင်းဥက္ကဌ ဒေါက်တာလှခိုင်အပါအဝင် အသင်းတာဝန်ရှိသူတွေကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

    ဓာတ်ပုံ_ရပ်ဝန်းသစ်

    မန္တလေးမြို့ရှိ မြို့မအသင်းရုံးကို သွားရောက်ခဲ့ကြသည့် NDF ပါတီဝင်များ

  • “NLD ပါတီ မရှိ‌တော့ဘူး”ဟု ပြောခဲ့သည့် ပါတီမှ ထုတ်ပယ်ခံ ဒေါ်စန္ဒာမင်းက ခမောက်ပါတီ (NDF) တွင် ဒုဥက္ကဋ္ဌ လုပ်နေ

    “NLD ပါတီ မရှိ‌တော့ဘူး”ဟု ပြောခဲ့သည့် ပါတီမှ ထုတ်ပယ်ခံ ဒေါ်စန္ဒာမင်းက ခမောက်ပါတီ (NDF) တွင် ဒုဥက္ကဋ္ဌ လုပ်နေ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၂၀၂၃ ခုနှစ်က ထုတ်ပယ်ခံထားရသူ ဒေါ်စန္ဒာမင်းသည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအင်အားစု (ခမောက်ပါတီ) ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

    ယနေ့ ဩဂုတ် ၂၉ ရက်တွင် မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီး၏ မူပိုင်တေးသီချင်းအချို့ကို ခမောက်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တောင်းဆိုရာတွင် ဒေါ်စန္ဒာမင်းက ဒုဥက္ကဋ္ဌအနေဖြင့် သွားရောက်ခဲ့ကြောင်း သတင်းမီဒီယာတစ်ခုထံမှ သိရှိရသည်။

    အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်စန္ဒာမင်း က မြို့မတူရိယာအသင်းကြီး၏ နာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အား ပါတီကိုယ်စားကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဖော်ပြထားသည်။

    ဒေါ်စန္ဒာမင်းသည် ယခင်က NLD ဗဟိုကော်မတီဝင်တဦးဖြစ်ခဲ့ကာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပါတီမှ ထုတ်ပယ်ခံခဲ့ရပြီး လက်ရှိတွင် ခမောက်ပါတီကိုယ်စားလှယ်အဖြစ် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိသည်။

    NLD မှ ထုတ်ပယ်ခံရခြင်းအကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရမှုနှင့် စပ်လျဉ်းပြီး တရားရုံးတွင် မမှန်မကန်ထွက်ဆိုကာ ပါတီ၏ မူဝါဒများကို ဆန့်ကျင်သည်ဟူ၍ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်ဟောင်း ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင် တို့နှင့်အတူ NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။

    ၂၀၂၃ ခုနှစ်၊ မတ်လ (၂၅) ရက်တွင် ဒေါ်စန္ဒာမင်းအပါအဝင် NLD ဗဟိုကော်မတီဝင်အချို့ စစ်ကောင်စီ၏ စီစဉ်ပေးမှုဖြင့် ‌ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သော်လည်း အတွေ့မခံဘဲ လက်ဖက်ရည်တိုက်ကာ ပြန်လွှတ်လိုက်ကြောင်း ဒေါ်စန္ဒာမင်းက BBC သတင်းဌာနကို ပြောကြားခဲ့ဖူးသည်။

    ဒေါ်စန္ဒာမင်းသည် ၂၀၂၃ခုနှစ်တွင် ကိုယ့်စရိတ်ကိုယ်စိုက်၍ စစ်ကောင်စီကို ထောက်ခံအားပေးရန်နှင့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံသို့ သွားရောက်ဝါဒဖြန့်ခဲ့ဖူးပြီးလက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF တို့တွင်သာတာဝန်ရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။

    နောက်ပိုင်းတွင် NLD ပါတီဖျက်သိမ်းရေးနှင့် စစ်ကောင်စီက ကျင်းပသည့် peace forum 2025ကို တက်ရောက်ခဲ့ပြီး စရွေးကောက်ပွဲကို ထောက်ခံပါဝင်ကြရန် အစဉ်မပြတ် ပြောကြားနေသူလည်း ဖြစ်သည်။

  • ဗန်းမော်မှ စစ်တပ်စခန်း နောက်တခုကို KIA သိမ်းပိုက်

    ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ကချင်ပြည်နယ် ဗန်းမော်မှ စစ်အုပ်စု၏ အမှတ် ၂၃၆ ခြေလျင်တပ်ရင်းကို သြဂုတ်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်လိုက်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူ ပြောသည်။

    “အမှတ် ၂၃၆ ခြေလျင်တပ်ရင်းကို သိမ်းပိုက်လိုက်တယ်။ ဆက်ရှင်းဖို့တော့ ကျန်နေသေးတယ်” ဟု သူပြောသည်။

    ယခင်တရက်က ပြင်းထန်သော တိုက်ပွဲအပြီး ထိုသို့သိမ်းပိုက်ခြင်းဖြစ်ပြီး ထိုတိုက်ပွဲအတွင်း စစ်အုပ်စု စစ်ကြောင်းတခုက စစ်သားအများအပြားသေဆုံးကြောင်း သူဆက်လက်ပြောသည်။

    KIA နှင့် ၎င်း၏ မဟာမိတ်များသည် ဗန်းမော်ကို သိမ်းပိုက်ရန်လွန်ခဲ့သော ဒီဇင်ဘာလက ထိုးစစ် စတင်သည်။ မကြာသေးမီ သြဂုတ်လ ၁ ရက်နေ့တွင် စစ်တပ် စစ်ကူသင်္ဘောအုပ်စု ထိုမြို့သို့ရောက်လာသည်။

    KIA အနေဖြင့် ၂ ဘက်ထိခိုက်သေဆုံးမှုများကို အတည်မပြုနိုင်သေးသော်လည်း ကချင်အခြေစိုက်မီဒီယာများက စစ်အုပ်စုစစ်သား အနည်းဆုံး ၅၀ ထိုတိုက်ပွဲအတွင်းသေဆုံးသည်ဟု ဖေါ်ပြသည်။

    ဗန်းမော်တိုက်ပွဲပြမြေပုံ

    ထိုတပ်ရင်းအနီး စစ်အုပ်စု စစ်သားအလောင်း ၈ လောင်း ပြန့်ကြဲနေသည့် ဗီဒီယိုတခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ KIA က ထိုစခန်းကို သိမ်းပိုက်ပြီးနောက် စစ်အုပ်စုက ထိုနေရာကို ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်သည်ဟု စစ်တပ်ထောက်ခံသူ လူမှုကွန်ရက်အကောင့်များ ဖေါ်ပြကြသည်။

    ဗန်းမော်အခြေအနေသည် ပြင်းထန်သောကြောင့် ၂ ဘက်လုံးသည် စခန်းများကို သိမ်းပိုက်လိုက် ပြန်ဆုတ်လိုက် လုပ်နေရပြီး ရေရှည် မထိန်းချုပ်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူပြောသည်။

    အမှတ် ၃၆၆ အမြောက်တပ်ရင်း၊ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၅၀၁၄ တင့်ကားတပ်နှင့် ဗန်းမော်မှ အခြားစစ်စခန်းများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
    လတ်တလောတွင် KIA သည် ဗန်းမော်လေဆိပ်၊ အမြောက်တပ်ရင်း ၃၆၆၊ အမှတ် ၅၀၁၄ တင့်ကားတပ်၊ အမှတ် ၂၃၆ ခြေလျင်တပ်ရင်းနှင့် စခန်းအများအပြားကို သိမ်းပိုက်ထားသည်။

    ဇူလိုင်လ ၁၇ ရက်နေ့တွင် စစ်ကူများ သယ်ဆောင်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘော ၁၇ စီးပါဝင်သော အုပ်စုသည် မန္တလေးမှ စတင်ထွက်ခွာပြီး ဧရာဝတီမြစ်ကြောင်းမှ တော်လှန်ရေး အင်အားစုများထိန်းချုပ်ဒေသများကို ဖြတ်သန်းသည်။ သင်္ဘော ၆ စီးကို တော်လှန်ရေးအင်အားစု ဖျက်ဆီးခဲ့သော်လည်း ကျန်သင်္ဘောများ သြဂုတ်လ ၁ ရက်နေ့တွင် ဗန်းမော်သို့ရောက်လာသည်။ ထိုတပ်ကူများရောက်လာပြီးနောက် စစ်အုပ်စုက အမှတ် ၃၆၆ အမြောက်တပ်ကို သြဂုတ်လ ၅ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်သည်။

    လွန်ခဲ့သော ဒီဇင်ဘာလတွင် ထိုးစစ်စတင်ပြီးနောက် KIA သည် ကချင်ပြည်နယ်မှ မြို့ ၁၄ မြို့ကို သိမ်းပိုက်ထားသည်။

  • လိပ်ခမော်ကျေးရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်ဆုတ်ထွက်ပြေး

    လိပ်ခမော်ကျေးရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်ဆုတ်ထွက်ပြေး

    ‎ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်ဆုတ်ထွက်ပြေး

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်နေပြီး AA ၏ တန်ပြန်ထိုးစစ်များကြောင့် စစ်ကော်မရှင်တပ်များက တပ်စွဲထားသည့်နေရာ အချို့ကို လက်လွှတ်ကာ နောက် ဆုတ်ပေးနေရကြောင်း သိရသည်။

    ‎လိပ်ခမော်ကျေးရွာတွင် တပ်စွဲပြီး ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်ကို AA က တန်ပြန်ထိုးစစ်ဖြင့် ယမန်နေ့ ဩဂုတ် ၂၈ ရက်နေ့တွင် တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်များက တပ်ဆုတ်ထွက်ပြေး ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

    “တိုက်ပွဲက ပြန့်နေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကြောင်းနှစ်ကြောင်း နောက်ဆုတ်ခဲ့ရတယ်။ အခု လိပ်ခမော်ကပါ ထပ်ဆုတ်ပေးရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လအတွင်း AA က လက်လွှတ်ခဲ့ရသည့် ပျားတဲ၊ သပြုတောင်၊ မလကျွန်းနှင့် လိပ်ခမော် ကျေးရွာများကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး ပြန်လည်နေရာဝင်ယူခဲ့သည်။ AA သည် ‎ဩဂုတ်လ ၂၆ရက်မှစတင်ကာ တပ်စွဲနေရာများကို လက်မလွှတ်တော့ဘဲ တန်ပြန်တိုက်စစ်ဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကော်မရှင်တပ်များ နောက်ဆုတ်ပေးနေရကြောင်း သိရသည်။

    ‎စစ်ကြောင်း လေးကြောင်းဖြင့် ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်မှာ ၃၂ ရဲတပ်ရင်းနှင့် သပြုတောင် အထိ ပြန်ဆုတ်ပေးခဲ့ရပြီးနောက် လိပ်ခမော်ကိုပါ လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း သိရသည်။

    ‎မင်းတပ်တောင်ကိုထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်အဖွဲ့မှာလည်း ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီအရာရှိပိုင်းများ AA စနိုက်ပါလက်ချက်ဖြင့် ထိခိုက်သေဆုံးမှုများနေကြောင်း little rabbitထံမှ သိရသည်။

    ပုံစာ-စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ လိပ်ခမော်တွင် ဝင်ရောက်တပ်စွဲထားသည်ကို တွေ့ရစဉ်။