📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဗန်းမော်မှ စစ်တပ်စခန်း နောက်တခုကို KIA သိမ်းပိုက်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ကချင်ပြည်နယ် ဗန်းမော်မှ စစ်အုပ်စု၏ အမှတ် ၂၃၆ ခြေလျင်တပ်ရင်းကို သြဂုတ်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်လိုက်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူ ပြောသည်။

“အမှတ် ၂၃၆ ခြေလျင်တပ်ရင်းကို သိမ်းပိုက်လိုက်တယ်။ ဆက်ရှင်းဖို့တော့ ကျန်နေသေးတယ်” ဟု သူပြောသည်။

ယခင်တရက်က ပြင်းထန်သော တိုက်ပွဲအပြီး ထိုသို့သိမ်းပိုက်ခြင်းဖြစ်ပြီး ထိုတိုက်ပွဲအတွင်း စစ်အုပ်စု စစ်ကြောင်းတခုက စစ်သားအများအပြားသေဆုံးကြောင်း သူဆက်လက်ပြောသည်။

KIA နှင့် ၎င်း၏ မဟာမိတ်များသည် ဗန်းမော်ကို သိမ်းပိုက်ရန်လွန်ခဲ့သော ဒီဇင်ဘာလက ထိုးစစ် စတင်သည်။ မကြာသေးမီ သြဂုတ်လ ၁ ရက်နေ့တွင် စစ်တပ် စစ်ကူသင်္ဘောအုပ်စု ထိုမြို့သို့ရောက်လာသည်။

KIA အနေဖြင့် ၂ ဘက်ထိခိုက်သေဆုံးမှုများကို အတည်မပြုနိုင်သေးသော်လည်း ကချင်အခြေစိုက်မီဒီယာများက စစ်အုပ်စုစစ်သား အနည်းဆုံး ၅၀ ထိုတိုက်ပွဲအတွင်းသေဆုံးသည်ဟု ဖေါ်ပြသည်။

ဗန်းမော်တိုက်ပွဲပြမြေပုံ

ထိုတပ်ရင်းအနီး စစ်အုပ်စု စစ်သားအလောင်း ၈ လောင်း ပြန့်ကြဲနေသည့် ဗီဒီယိုတခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ KIA က ထိုစခန်းကို သိမ်းပိုက်ပြီးနောက် စစ်အုပ်စုက ထိုနေရာကို ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်သည်ဟု စစ်တပ်ထောက်ခံသူ လူမှုကွန်ရက်အကောင့်များ ဖေါ်ပြကြသည်။

ဗန်းမော်အခြေအနေသည် ပြင်းထန်သောကြောင့် ၂ ဘက်လုံးသည် စခန်းများကို သိမ်းပိုက်လိုက် ပြန်ဆုတ်လိုက် လုပ်နေရပြီး ရေရှည် မထိန်းချုပ်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူပြောသည်။

အမှတ် ၃၆၆ အမြောက်တပ်ရင်း၊ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၅၀၁၄ တင့်ကားတပ်နှင့် ဗန်းမော်မှ အခြားစစ်စခန်းများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
လတ်တလောတွင် KIA သည် ဗန်းမော်လေဆိပ်၊ အမြောက်တပ်ရင်း ၃၆၆၊ အမှတ် ၅၀၁၄ တင့်ကားတပ်၊ အမှတ် ၂၃၆ ခြေလျင်တပ်ရင်းနှင့် စခန်းအများအပြားကို သိမ်းပိုက်ထားသည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် စစ်ကူများ သယ်ဆောင်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘော ၁၇ စီးပါဝင်သော အုပ်စုသည် မန္တလေးမှ စတင်ထွက်ခွာပြီး ဧရာဝတီမြစ်ကြောင်းမှ တော်လှန်ရေး အင်အားစုများထိန်းချုပ်ဒေသများကို ဖြတ်သန်းသည်။ သင်္ဘော ၆ စီးကို တော်လှန်ရေးအင်အားစု ဖျက်ဆီးခဲ့သော်လည်း ကျန်သင်္ဘောများ သြဂုတ်လ ၁ ရက်နေ့တွင် ဗန်းမော်သို့ရောက်လာသည်။ ထိုတပ်ကူများရောက်လာပြီးနောက် စစ်အုပ်စုက အမှတ် ၃၆၆ အမြောက်တပ်ကို သြဂုတ်လ ၅ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်သည်။

လွန်ခဲ့သော ဒီဇင်ဘာလတွင် ထိုးစစ်စတင်ပြီးနောက် KIA သည် ကချင်ပြည်နယ်မှ မြို့ ၁၄ မြို့ကို သိမ်းပိုက်ထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်