📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

“NLD ပါတီ မရှိ‌တော့ဘူး”ဟု ပြောခဲ့သည့် ပါတီမှ ထုတ်ပယ်ခံ ဒေါ်စန္ဒာမင်းက ခမောက်ပါတီ (NDF) တွင် ဒုဥက္ကဋ္ဌ လုပ်နေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၂၀၂၃ ခုနှစ်က ထုတ်ပယ်ခံထားရသူ ဒေါ်စန္ဒာမင်းသည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအင်အားစု (ခမောက်ပါတီ) ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ယနေ့ ဩဂုတ် ၂၉ ရက်တွင် မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီး၏ မူပိုင်တေးသီချင်းအချို့ကို ခမောက်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တောင်းဆိုရာတွင် ဒေါ်စန္ဒာမင်းက ဒုဥက္ကဋ္ဌအနေဖြင့် သွားရောက်ခဲ့ကြောင်း သတင်းမီဒီယာတစ်ခုထံမှ သိရှိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်စန္ဒာမင်း က မြို့မတူရိယာအသင်းကြီး၏ နာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အား ပါတီကိုယ်စားကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဖော်ပြထားသည်။

ဒေါ်စန္ဒာမင်းသည် ယခင်က NLD ဗဟိုကော်မတီဝင်တဦးဖြစ်ခဲ့ကာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပါတီမှ ထုတ်ပယ်ခံခဲ့ရပြီး လက်ရှိတွင် ခမောက်ပါတီကိုယ်စားလှယ်အဖြစ် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိသည်။

NLD မှ ထုတ်ပယ်ခံရခြင်းအကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရမှုနှင့် စပ်လျဉ်းပြီး တရားရုံးတွင် မမှန်မကန်ထွက်ဆိုကာ ပါတီ၏ မူဝါဒများကို ဆန့်ကျင်သည်ဟူ၍ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်ဟောင်း ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင် တို့နှင့်အတူ NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ မတ်လ (၂၅) ရက်တွင် ဒေါ်စန္ဒာမင်းအပါအဝင် NLD ဗဟိုကော်မတီဝင်အချို့ စစ်ကောင်စီ၏ စီစဉ်ပေးမှုဖြင့် ‌ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သော်လည်း အတွေ့မခံဘဲ လက်ဖက်ရည်တိုက်ကာ ပြန်လွှတ်လိုက်ကြောင်း ဒေါ်စန္ဒာမင်းက BBC သတင်းဌာနကို ပြောကြားခဲ့ဖူးသည်။

ဒေါ်စန္ဒာမင်းသည် ၂၀၂၃ခုနှစ်တွင် ကိုယ့်စရိတ်ကိုယ်စိုက်၍ စစ်ကောင်စီကို ထောက်ခံအားပေးရန်နှင့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံသို့ သွားရောက်ဝါဒဖြန့်ခဲ့ဖူးပြီးလက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF တို့တွင်သာတာဝန်ရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။

နောက်ပိုင်းတွင် NLD ပါတီဖျက်သိမ်းရေးနှင့် စစ်ကောင်စီက ကျင်းပသည့် peace forum 2025ကို တက်ရောက်ခဲ့ပြီး စရွေးကောက်ပွဲကို ထောက်ခံပါဝင်ကြရန် အစဉ်မပြတ် ပြောကြားနေသူလည်း ဖြစ်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်