Category: News

  • တစ်လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် မိုးကုတ်ဒေသခံ ၂၀ ကျော် သေဆုံး

    တစ်လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် မိုးကုတ်ဒေသခံ ၂၀ ကျော် သေဆုံး

    မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်နေရာ ဇူလိုင်လဆန်းမှ ဩဂုတ်လ၊ ၉ ရက်နေ့အထိ ရှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံဃာ၊ ကလေးငယ်များ အပါအဝင် ဒေသခံ ၂၁ ဦး သေဆုံးခဲ့ပြီး လူ ၅၀ ကျော်ဒဏ်ရာရခဲ့သည်ဟု တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA) ထံက သိရသည်။

    ဇူလိုင်လတွင် ခြောက်ကြိမ်၊ ယခုလအတွင်း နှစ်ကြိမ် စုစုပေါင်း ရှစ်ကြိမ် လေယာဉ်ဖြင့် ဗုံးကြဲခဲ့စဉ် ထိုသို့ ထိခိုက်သေဆုံးမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်၏ တိုက်ခိုက်မှုများအတွင်း ဘုန်းကြီးကျောင်းများနှင့် လူနေ အဆောက်အအုံ ၅၀ နီးပါး ပျက်စီးခဲ့သည်ဟု TNLA က ဆိုသည်။

    ပြီးခဲ့သည့်ဩဂုတ်လ၊ ၉ ရက်နေ့၊ ညနေ၊ ၆ နာရီ ၃၀ မိနစ် အချိန်က မိုးကုတ်မြို့အရှေ့ပိုင်း၊ ကျောက်နဂါးကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များပေါ်ကို တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး နှစ်ဦး၊ ၊ သက်ကြီးရွယ်အို တစ်ဦး၊ ကိုရင်တစ်ပါး အပါအဝင် ငါးဦးသေဆုံးခဲ့သည်။ ရဟန်းတစ်ပါးအပါ အဝင် လေးဦး ဒဏ်ရာရခဲ့သည်။

    အသက် ၂၀ အရွယ် ကိုရင်ဝိဟာလ၊ ဦးထွန်းတင် (၇၁ နှစ်) ၊ ဒေါ်ဖြူစင်ဦး (၃၂ နှစ်) နှင့် သမီးဖြစ်သူ မနှင်းဝတ်ရည်ဦး (၁၁ နှစ်)၊ သားဖြစ်သူ မောင်အောင်သူချစ် (၈ နှစ်) တို့ သေဆုံးခဲ့သည်ဟု မိုးကုတ်ဒေသခံများက ပြောသည်။

    ဦးပညာစာရ၊ ဒေါ်သိန်းတင်၊ မရှင်းရှင်း၊ မစိုးစံဝေတို့မှာ ပေါင်၊ ဦးခေါင်း၊ ခါး တို့တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ သည် ဟု အသက် ၄၀ ကျော် အရွယ်၊ မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

    “ လေယာဉ်သုံးစီးနဲ့ ရုတ်တရက် လာကြဲတာ။ ပြေးချိန်၊ ပုန်းချိန်လည်း မရဘူး။ ကျွန်တော့်အသိအိမ်က သားအမိ သုံးဦးစလုံး ဆုံးသွားတယ်။ စိတ်ကိုမကောင်းပါဘူးဗျာ”

    ကျောက်နဂါးကျေးရွာဗုံးကြဲခံရမှုတွင် ထိခိုက်မိသူတစ်ဦးအား သယ်ဆောင်လာစဉ်။ (ဓာတ်ပုံ- ပေးပို့)

    ကျောက်နဂါးကျေးရွာသည် မိုးကုတ်မြို့အရှေ့ပိုင်း၊ အစွန်ကျသော အေးချမ်းသည့် ကျေးရွာတစ်ရွာဖြစ်ပြီး တော်လှန်ရေးတပ်များ ခိုအောင်းနေသည့် နေရာမဟုတ်ဘဲ စစ်တပ်က ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု အထက်ပါ မြို့ခံအမျိုးသားက ဆက်ပြောသည်။

    ဩဂုတ်လ၊ ၂ ရက်နေ့ ကလည်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ကျပ်ပြင်မြို့၊ လူနေရပ်ကွက်အတွင်း လေတပ်က ဗုံးကြဲရာ ကလေးငယ်များအပါအဝင် မြို့ခံ ၁၂ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိ ခဲ့သည်။

    စစ်ကောင်စီသည် မိုးကုတ်မြို့၊ လူနေရပ်ကွက်များအတွင်း အရပ်သားများနေထိုင်ရာ နေရာများကို အဓိက ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်နေသည်ဟု TNLA က ထုတ်ပြန်ထားသည်။

    ဩဂုတ်လ၊ ၉ ရက်နေ့၊ ညနေ၊ ၄ နာရီ ၂၂ မိနစ်က သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်ကို လေကြောင်းဖြင့် ဗုံး သုံးလုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ခုနစ်လုံး ထိမှန်ပျက်စီးသွားခဲ့သည်ဟု TNLA ထုတ်ပြန်ချက်အရ သိရသည်။

    ဇူလိုင်လ၊ ၅ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိ သီပေါမြို့နယ်ကို လေကြောင်းဖြင့် ခြောက်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား နှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦးနှင့် အမျိုးသား လေးဦး ဒဏ်ရာ ရရှိခဲ့သည်။

    မိုးကုတ်မြို့ စစ်ရေးအခြေအနေ

    ကမ္ဘာကျော်ပတ္တမြားအပါအဝင် အဖိုးတန်ကျောက်မျက်များထွက်ရှိရာ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တအာင်းတပ်မတော်(TNLA)အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

    စစ်တပ်သည် မိုးကုတ်မြို့ကို လက်လွှတ်ရပြီးနောက် တစ်နှစ်ပတ်လုံး မကြာခဏဆိုသလို လေကြောင်း တိုက်ခိုက်မှုများ ပြင်းထန်စွာပြုလုပ်ခဲ့ပြီး ယခုနှစ်၊ ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ မိုးကုတ်မြို့အား ပြန်လည်ရယူ နိုင်ရန်ကြိုးပမ်းလာသည်။

    “မိုးကုတ်- နောင်ချိုလမ်းပိုင်းမှာတော့ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာ ရှိပါတယ်။ ကျွန်မတို့ဘက်ကလည်း ခုခံနေတဲ့ အခြေအနေရှိပါတယ်”ဟု TNLA ပြောခွင့်ရ လွေးယေဦး က ဩဂုတ်လ၊ ၅ ရက်နေ့က ပြောထားသည်။

    စစ်တပ်က ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့အား သိမ်းပိုက်ပြီးနောက် မန္တလေးတိုင်းအတွင်း ထိုးစစ် ဦးတည်လာခဲ့ပြီး သပိတ်ကျင်းမြို့ကို သိမ်းယူလိုက်သလို မတ္တရာ၊ မိုးကုတ်စသော မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသောမြို့များကို ဆက်လက်ထိုးစစ်ဆင်နေသည်။

    လက်ရှိတွင် စစ်တပ်က မြေပြင်ထိုးစစ်၊ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများသုံးကာ မိုးကုတ်- နောင်ချို လမ်းပေါ်ရှိ ဟိုခိုကျေးရွာကို သိမ်းပိုက်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

    မိုးကုတ်မြို့တောင်ဘက်၊ ၅၆ မိုင်ကျော်အကွာ ကားဖြင့်သွားပါက နှစ်နာရီခရီးသာဝေးပြီး ရဲဘက်စခန်းပါရှိသော နောင်ချိုမြို့နယ်၊ ဟိုခိုရွာအား သိမ်းပိုက်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ စစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော်လည်း ဘေးလွတ်ရာသို့ထွက်ပြေးနေရသည်။

    “ဟိုခိုရွာအထိပေါ့နော်။ သူတို့ ထိုးစစ်ဆင်ပြီး ထိန်းချုပ်ထားတယ်။ ကျွန်တော်တို့ အထင်အရတော့ ဟိုခိုရွာ ကို သိမ်းလိုက်ခြင်းအားဖြင့် မတ္တရာဘက်က စစ်ရေးအရှိန်ကို ထိန်းချုပ်ချင်တဲ့ တစ်စိတ်တစ်ဒေသလည်း ပါလိမ့်မယ်” ဟု မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ပြော‌ရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း ပြောသည်။

    ဩဂုတ်လ၊ ၆ ရက်နေ့က စစ်တပ်ဝါဒဖြန့်အွန်လိုင်းစာမျက်နှာများတွင် ဖြန့်ချိထားသော ဟိုခိုရွာ သိမ်း ပြီးနောက်တွေ့ရသည့် အာဏာသိမ်းစစ်တပ်၏ တပ်သားများ။

    မိုးကုတ်မြို့သည် တိုက်ပွဲများပြင်းထန်နေသည့် မန္တလေးတိုင်း၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့များ၏ အနီးတွင် တည်ရှိပြီး မြောက်ဘက်တွင် မိုးမိတ်မြို့ရှိသည်။

    အလားတူ စစ်ရေးအရအပေါ်စီးမှ အားသာချက်ရှိသည့် မြို့ဖြစ်ပြီး ၊ တွင်းထွက်ရတနာများလည်း ထွက်ရှိသဖြင့် အခွန်အခများစွာ ရရှိနိုင်သည့်အတွက် စစ်ကောင်စီက စစ်ရေးအရနှင့် ဘဏ္ဍာရေးအရပါ အရေးပါ နေသည့်အတွက် မိုးကုတ်မြို့ကို လေကြောင်းဖြင့်ဖိအားပေးကာ ပြန်လည်သိမ်းပိုက်လိုနေသည်ဟု မိုးကုတ် (ပကဖ) ပြောရေးဆိုခွင့်ရှိသူ အမျိုးသားက ဆက်ပြောသည်။

    “အဓိကကတော့ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ TNLAနဲ့ စစ်ကောင်စီရဲ့ ဆွေးနွေးပွဲမှာ ဖိအားတစ်ရပ်ပေးနိုင်ဖို့ အတွက် လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်နေတယ်လို့မြင်ပါတယ်”

    ပတ္တမြားမြေမိုးကုတ်မြို့ကို လက်မလွှတ်ရရေး၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ဓနုတပ် DPLA ၊ ကျောက်မဲခရိုင် ပကဖ၊ MDY-PDF၊ မန္တလေးတိုင်းကွပ်ကဲမှုအောက်မှတပ်ရင်းများ ၊ ပြင်ဦးလွင်ခရိုင် ကွပ်ကဲမှုအောက်တွင် တပ်ရင်းများ ၊မိုးကုတ်ဗျူဟာ၊ အမှတ် (၅၁၃) တပ်ရင်း၊ မိုးကုတ်မြို့နယ် ပကဖ၊ ပြင်ဦးလွင်ခရိုင် ပကဖတို့က စုပေါင်းကာကွယ် တိုက်ခိုက်နေကြသည်ဟု ဆိုသည်။

    မိုးကုတ်မြို့သာကျပါက အထက်ပိုင်းတော်လှန်ရေးနယ်မြေများကို စစ်တပ်က ဖိအားပိုပေးလာနိုင်တော့မည်ဟု မိုးကုတ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

    “မိုးကုတ်ကို လက်လွှတ်ရမယ်ဆိုရင်တော့ သေချာပါတယ်။ ကျန်တဲ့ မိုးမိတ်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာ တကြောပေါ့လေ။ မလွယ်တော့ဘူးဗျ”ဟု ၎င်းက ဆိုသည်။

    “ ကျွန်တော်တို့ဘက်ကတော့ မိုးကုတ်ကို ပြန်မပေးရဖို့အတွက် ရာနှုန်းပြည့် ကြိုးစားနေတယ်ပေါ့နော် ။ ပြန် ပေးခြင်း မပေးခြင်းဆိုတာက စစ်ရဲ့သဘောတရားအရ ပုံသေပြောလို့မရတဲ့ ကိစ္စဖြစ်တဲ့အတွက် အတိအကျ ပြောဖို့ခက်ပေမယ့် ကျွန်တော်တို့ ယုံကြည်ချက်ကတော့ လုံးဝပြန်မပေးရပါဘူးဗျ”

    လက်ရှိတွင် စစ်ကောင်စီ၏မြေပြင်ထိုးစစ်နှင့် ဝေဟင်တိုက်ခိုက်မှုများကြောင့် မိုးကုတ်ဒေသခံအများစုသည် ထိန်လန့်နေကြကာ စစ်ဘေးရှောင်ထွက်ပြေးနေကြသူများလည်းရှိနေသည်။

    ထို့ကြောင့် ပုန်းရှောင်ရန် ပြင်ဆင်နေကြသော ဒေသခံပြည်သူများ အစိုးရိမ်မလွန်ကြရန် မိုးကုတ် ပကဖ က နှိုးဆော်တိုက်တွန်းသည်။

    စစ်တပ်သည် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ကို စစ်ကြောင်း အများအပြားဖြင့် အချိန်ကိုက် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည်။

    မိုးကုတ်မြို့နယ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲမှု ကလေး ၂ ဦး၊ ကိုရင်ငယ် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး

    မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့နယ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခဲ့ရာ ကလေး ၂ ဦး၊ ကိုရင်ငယ် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မိုးကုတ်မြို့ အရှေ့ပိုင်း ကျောက်နဂါးကျေးရွာ သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၁ စီးဖြင့် ဗုံးကျဲချခဲ့ရာ ကျောက်နဂါး ကျေးရွာ ဘုန်းကြီးကျောင်းသို့ ထိမှန်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက်၇၁ နှစ်ရွယ် အဘိုးအို ၁ ဦး၊ ကိုရင်ငယ် ၁ ပါး အသက် ၃၂ အရွယ်အမျိုးသမီး ၁ ဦး အသက် ၁၁နှစ် အရွယ် မိန်းကလေးငယ် ၁ ဦးနှင့် အသက် ၈ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦး စုစုပေါင်း အပြစ်မဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    “ရုတ်တရက်လေယာဉ်နဲ့လာပြီး ဗုံးကျဲချသွားတာ။ ရှောင်တိမ်းချိန်တောင် မရလိုက်ပါဘူး။ သေဆုံးသူတွေက အရပ်သားပြည်သူတွေနဲ့ ကလေးတွေပါ” ဟု မိုးကုတ်မြို့မှ ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်က TNLA သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို တောက်လျှောက်ဆိုသလို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိရာ မေလ၊ ဇွန်လ၊ ဇူလိုင်လနှင့် ယခုဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။

    ဩဂုတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန် မိုးကုတ်မြို့သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော် ၁ ပါး၊ ကလေး ၁ ဦးနှင့် အမျိုးသား ၁၀ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ အိမ်၊ ကား ၃ စီးနှင့် ဆိုင်ကယ် ၃ စီးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

    ထို့အတူ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ် တပ်က မိုးကုတ်မြို့ပေါ်ကို လေယာဉ်ဖြင့် ဗုံး ၇ လုံးကျဲချခဲ့ကြောင်း၊ ယင်းနောက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲချသွားသည်။

    အလားတူ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၉ မိနစ်အချိန်တွင်လည်း မိုးကုတ်မြို့နယ်၊ အရှေ့ရွာ၊ ဘီးတောင်၊ RQ ဟိုတယ်အနီးဝန်းကျင်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးထပ်မံ ကျဲချခဲ့ပြီး ယနေ့ နံနက်ပိုင်း ၃ ကြိမ်မြောက် လေ ယာဉ် ဖြင့် ဗုံးကျဲချခဲ့သည်။

    ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာဖြင့် ရွှေလိပ်ပြာ ဟိုတယ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။

    ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံးလည်း ထိခိုက် ပျက်စီးခဲ့သည်။

    ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီ ၁၈ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်မှ တက်လာသော စစ်လေယာဉ်က မိုးကုတ်မြို့အရှေ့ပိုင်း၊ တောင်ကချင်ရပ်ကွက်၊ ပန်းမ ထိပ်ဘက်ခြမ်းရှိ ကုလားခြံထဲသို့ ပေါင် ၃၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ အဆိုပါ ဗုံးမှာ လူနေရပ်ကွက်ရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကလေးငယ် များအပါအဝင် ပြည်သူ ၈ ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်။

    ထို့ပြင် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်အချိန်ကလည်း စစ်ကောင်စီက မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဘာလျှိုစာသင်ကျောင်းအနီးသို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

    ဇွန်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၃ မိနစ်အချိန် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အရှေ့ပိုင်း၊ အုန်းကိုင်းဘုန်းကြီးကျောင်းအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် အုန်းကိုင်းကွက်သစ်မှ နေအိမ်များ၊ ကားများ ပျက်စီးပြီး အုန်းကိုင်း ဘုန်းကြီးကျောင်းမှာမူ မျက်နှာကျက်ပြိုကျခြင်း၊ ဆွမ်းစားဆောင်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

    မေလ ၁၃ ရက်နေ့ ည ၁၁ နာရီ ၄၉ မိနစ်အချိန် TNLA သိမ်းပိုက်ထားသော မန္တလေးတိုင်း၊ မိုးကုတ်မြို့ နယ် ရွှေလိပ်ပြာအနီးတဝိုက်သို့ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့သည်။

    Video – သူရိန်ဝင်း

  • AA က သိမ်းပိုက်ထားသော နယ်မြေများနှင့်မြို့များကို စစ်ကောင်စီထံပြန်ပေးရန် ဖြစ်နိုင်ခြေ နည်းပါး

    AA က သိမ်းပိုက်ထားသော နယ်မြေများနှင့်မြို့များကို စစ်ကောင်စီထံပြန်ပေးရန် ဖြစ်နိုင်ခြေ နည်းပါး

    AA က သိမ်းပိုက်ထားသော နယ်မြေများနှင့်မြို့များကို စစ်ကောင်စီထံပြန်ပေးရန် ဖြစ်နိုင်ခြေ နည်းပါးပြီး ကျောက်ဖြူမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ

    (more…)

  • မသာချ လမ်းကြောင်းအသေးစိတ် ပေါက်ကြားခဲ့သဖြင့် လုံခြုံရေး အစီအမံများ အဆင့်ထပ်မံ မြှင့်တင်ပြောင်းလဲခဲ့ရ

    မသာချ လမ်းကြောင်းအသေးစိတ် ပေါက်ကြားခဲ့သဖြင့် လုံခြုံရေး အစီအမံများ အဆင့်ထပ်မံ မြှင့်တင်ပြောင်းလဲခဲ့ရ

    မြင့်ဆွေ မသာချ လမ်းကြောင်းအသေးစိတ် ပေါက်ကြားခဲ့သဖြင့် လုံခြုံရေး အစီအမံများ အဆင့်ထပ်မံ မြှင့်တင်ပြောင်းလဲခဲ့ရပြီး ဒရုန်း Jammer နှင့် Drone Guard များ နှစ်ဆတိုးချထား

    (more…)

  • အကြမ်းဖက်စစ်တပ်က သူ့ရဲ့ လက်ပါးစေ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ မှတဆင့် အွန်လိုင်းကနေ ဆွေးနွေးရေး အတွက် KIO ထံ နှစ်ကြိမ်ကမ်းလှမ်း

    အကြမ်းဖက်စစ်တပ်က သူ့ရဲ့ လက်ပါးစေ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ မှတဆင့် အွန်လိုင်းကနေ ဆွေးနွေးရေး အတွက် KIO ထံ နှစ်ကြိမ်ကမ်းလှမ်း

    ◼ BBC မြန်မာပိုင်း သတင်းဌာနရဲ့ လိုသလိုဆွဲပြီး သတင်းဖော်ပြခဲ့မှုအပေါ် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်မော် မေးခွန်းထုတ်

    အကြမ်းဖက်စစ်တပ်က သူ့ရဲ့ လက်ပါးစေ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ မှတဆင့် အွန်လိုင်းကနေ ဆွေးနွေးရေး အတွက် KIO ထံ နှစ်ကြိမ်ကမ်းလှမ်းခဲ့တယ်လို့ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်မော် က ဒီနေ့မှာ အသိပေးရေးသားခဲ့ပါတယ်။

    “KIO ကနေ စတင်ကမ်းလှမ်းတာမဟုတ်ပါဘူး။ မနှစ်တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ နေပြည်တော်ကနေ PCG (ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့) ကို အမှာစကား ပါးပါတယ်။ KIO နဲ့ online ဆွေးနွေးဖို့ အကြောင်းကြားတာ ဖြစ်ပါတယ်။ KIO ရဲ့ သဘောထားကတော့ online ဆွေးနွေးမှု မဟုတ်ဘဲ (တကယ်ဆွေးနွေးလိုသော ဆန္ဒရှိတယ်ဆိုရင်) မြစ်ကြီးနားမှာ တွေ့ဆုံဖို့အတွက် KIO ရဲ့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုက်ပါမယ်လို့ အကြောင်းပြန် ကြားခဲ့ပါတယ်။ KIO ကို ပြန်ပြီး အကြောင်းပြန်ကြားမှု မရရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ လပိုင်းက တခါထပ်ပြီး PCG ကတဆင့် မေးတာကြောင့် KIO ရဲ့ သဘောထားက ယခင်အတိုင်းဖြစ်ကြောင်း အကြောင်းပြန်ကြားထားပါတယ်။ KIO ရဲ့ သဘောထားကို သတင်းထုတ်ပြန်တာမျိုး မလုပ်ခဲ့ပေမယ့် တရုပ်နိုင်ငံအထူးကိုယ်စားလှယ် ၊ နိုင်ငံတကာသံတမန်များနှင့် ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်များကို အသိပေးထားပြီး ဖြစ်ပါတယ်” လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် က Facebook မှာ အသိပေး ရေးသား ခဲ့ပါတယ်။

    BBC မြန်မာပိုင်း သတင်းဌာနရဲ့ သတင်းဖော်ပြမှု အပြီးမှာ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် က အခုလို အသိပေး ထုတ်ပြန် ရေးသားလိုက်တာလည်း ဖြစ်ပါတယ်။

    “စစ်တပ်အနေနဲ့ တကယ်ဆွေးနွေးလိုတဲ့ ဆန္ဒရှိရင် မြစ်ကြီးနားမှာ တွေ့ဆုံဖို့အတွက် KIO ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ပါမယ်” လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ရဲ့ ပုံနဲ့အတူ BBC မြန်မာပိုင်း သတင်းဌာနက ဖော်ပြခဲ့တာပါ။

    အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က “အခုရက်ပိုင်း distorted information တွေ ဖြန့်ပြီး ပုံဖျက်ကြတာ တွေ လည်း တခန်းရပ်သင့်ပြီ ထင်ပါတယ်။ တခန်းရပ်ပေ မယ့်လည်း နောက်ထပ်ပုံစံအသစ်တွေနဲ့ ထပ်လာအုံးမယ်ဆိုတာကိုလည်း အမြဲမပြတ်သတိကပ်ပြီး ရန်သူ့ တီးလုံး ၊ ဇတ်ကွက်တွေထဲ လိုက်မကမိဖို့ အရေးကြီးလှပါတယ်။ သတိကြီးကြီး ထားပြီး ကိုယ့်လမ်းကြောင်း အတိုင်း မှန် မှန် လုပ်စရာရှိတဲ့မူလ တော်လှန်ရေး အလုပ်၊ စစ်အာဏာရှင် ဖြုတ်ချရေး အတွက် မမှိတ်မသုန် နည်းလမ်းပေါင်းစုံ ကနေ ဆက်ရုန်းကြဖို့ပါပဲ။” လို့ မှတ်ချက်ပြုထားပါတယ်။

    BBC မြန်မာပိုင်း သတင်းဌာနရဲ့ လိုသလိုဆွဲပြီး သတင်းဖော်ပြထားတဲ့ ပို့စ်အောက်မှာ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်မော် “Q&A ကိုဘာကြောင့်အပြည်.အစုံမဖေါ်ပြတာလဲ။” ဆိုပြီး မေးခွန်းထုတ် ထားတာ တွေ့ရပါတယ်။

    စစ်အုပ်စုကို KIO က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စတင် ကမ်းလှမ်းခဲ့တာ မရှိဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ပြော

    စစ်အုပ်စုကို KIO က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စတင် ကမ်းလှမ်းခဲ့တာ မရှိဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

    စစ်အုပ်စုကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)တွေ့ဆုံဆွေးနွေးဖို့ စတင်ကမ်းလှမ်းတာမရှိဘဲ စစ်တပ်က KIO/KIA ကို အွန်လိုင်းက တွေ့ဆုံလိုကြောင်း ကမ်းလှမ်းလာခဲ့တာကြောင့် ဆွေးနွေးလိုလျှင် မြစ်ကြီးနား မှာ တွေ့ဆုံဖို့ ကိုယ်စားလှယ်အဖွဲ့ လွှတ် ပေးနိုင်ကြောင်းသာ တုန့်ပြန်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)မှ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် က သူရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)ကို စစ်အုပ်စုက ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း PCG ကတစ်ဆင့် စတင် ကမ်းလှမ်းခဲ့တယ်လို့ သူက ဆိုပါတယ်။

    “ KIO ကနေ စတင်ကမ်းလှမ်းတာမဟုတ်ပါဘူး။ မနှစ်တုန်းက နေပြည်တော်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ နေပြည်တော်ကနေ PCG (ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့) ကို စကားအမှာပါးပါတယ်။ KIO နဲ့ Online ဆွေးနွေးဖို့အကြောင်း ကြားတာဖြစ်ပါတယ်။KIO ရဲ့ သဘောထားကတော့ Online ဆွေးနွေးမှုမဟုတ်ဘဲ (တကယ်ဆွေးနွေးလိုသော ဆန္ဒရှိတယ်ဆိုရင်) မြစ်ကြီးနားမှာတွေ့ဆုံ့ဖို့အတွက် KIO ကိုယ်စားလှယ်အဖွဲ့ လွှတ်ပေးနိုင်တယ်လို့ အကြောင်းပြန်ကြားခဲ့ပါတယ်။ KIO ကို ပြန်ပြီး အကြောင်း ပြန်ကြားမှု မရရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ လပိုင်းက တခါထပ်ပြီး PCG ကနေတဆင့် မေးတာကြောင့် KIO ရဲ့ သဘောထားက ယခင်အတိုင်းဖြစ်ကြောင်း အကြောင်းပြန်ထားပါတယ်” လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် က လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

    KIO ငြိမ်းချမ်းရေးသဘောထားကို သတင်းထုတ်ပြန်တာမျိုး မလုပ်ပေမယ့် တရုတ်၊ ဂျပန်နဲ့ နိုင်ငံတကာ သံတမန်တွေကို အသိပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

    လက်ရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အမြဲလိုလိုတွေ့ဆုံဆွေးနွေးမှုတွေရှိနေပြီး ချင်းညီနောင် အဖွဲ့ CB နဲ့ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြောင်း၊ ချင်းတိုင်းရင်းသား CB ၊ CNF တို့နဲ့ တွေ့ဆုံမှုဟာ ကချင်၊ ချင်း ညီအကိုတွေ့ဆုံမှုဖြစ်သလို တော်လှန်ရေးအဖွဲ့အချင်းချင်းတွေ့ဆုံမှုလည်းဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က သတင်းထုတ်ပြန်ထားပါတယ်။

    BBC သတင်းအပြည့်အစုံမှာ –

    စစ်တပ်အနေနဲ့ လက်တွေ့ငြိမ်းချမ်းရေးဆွေးနွေးလိုရင် မြစ်ကြီးနားမှာလာတွေ့ဖို့ KIA ပြော

    ၂၀၁၆ ခုနှစ် နေပြည်တော်ငြိမ်းချမ်းရေးပွဲမှာတွေ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်

    စစ်တပ်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ အွန်လိုင်းက တွေ့ဆုံလိုကြောင်း ကမ်းလှမ်းလာခဲ့ပေမဲ့ KIA ဘက်ကတော့ တကယ်ငြိမ်းချမ်းရေးဆွေးနွေး လိုရင် မြစ်ကြီးနားမြို့ မှာတွေ့ဆုံဖို့ တုံ့ပြန်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။

    ဇွန်လကပြုလုပ်တဲ့ နေပြည်တော်ငြိမ်းချမ်းရေးညီလာခံပြီးတဲ့နောက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ကတဆင့် KIA နဲ့အွန်လိုင်းကနေဆွေးနွေးလိုကြောင်း စစ်တပ်ကစကားအမှာပါးလိုက်တာလို့ သိရပါတယ်။

    “ကျွန်တော်တို့သဘောထားကတော့ အွန်လိုင်းဆွေးနွေးမှုမဟုတ်ဘဲ တကယ်ဆွေးနွေးလိုတဲ့ဆန္ဒရှိတယ်ဆိုရင် မြစ်ကြီးနားမှာတွေ့ဆုံဖို့အတွက် KIO ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ပါမယ်လို့ အကြောင်းပြန်ကြားခဲ့ပါ တယ်” လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောပါတယ်။

    ဒီလို မြစ်ကြီးနားမှာလာတွေ့ဆုံဖို့ပြောတာနဲ့ပတ်သက်လို့ စစ်တပ်ဘက်က KIA ကို အကြောင်းပြန်တာမရှိ သေးဘူးလို့ သူကဆက်ပြောပါတယ်။

    ဒါပေမဲ့ ဘီဘီစီရဲ့သတင်းရင်းမြစ်တစ်ဦးကတော့ “NSPNC (ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ) က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဒီအကြောင်းကိုတင်ပြပေမဲ့ တပ်ချုပ်က ဗန်းမော်မှာတိုက်ပွဲ ပြင်းထန်နေလို့ ပြီးမှပဲ ပြောရအောင်ဆိုပြီး ပယ်ချလိုက်တယ်လို့ကြားတယ်” လို့ ဆိုပါတယ်။

    KIO/ KIA ရဲ့ သဘောထားကတော့ အရင်အတိုင်းဆက်ရှိနေပြီး တရုတ်နိုင်ငံအထူးကိုယ်စားလှယ်၊ နိုင်ငံတကာ သံတမန်တွေနဲ့ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်တွေကို အသိပေးထားတယ်လို့ သိရပါတယ်။

  • ဘူးသီးတောင်က အစုအပြုံလိုက် အလောင်းများ စစ်ကောင်စီတပ်သားများဖြစ်ဟု AA ပြော

    ဘူးသီးတောင်က အစုအပြုံလိုက် အလောင်းများ စစ်ကောင်စီတပ်သားများဖြစ်ဟု AA ပြော

    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းက ထန်းရှောက်ခံရွာမှာ အစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ ရုပ်အလောင်းတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေဖြစ်ပြီး ရိုဟင်ဂျာတွေ အစုလိုက် အသတ်ခံရတဲ့ ပြောဆိုချက်က စွပ်စွဲချက်ဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ဘက်က တုံ့ပြန် ပြောဆိုပါတယ်။

    ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်အတွင်းက ရုပ်အလောင်း ၆၀၀ နီးပါးလောက်ဟာ အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာတွေကို အစုလိုက် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်ထားခဲ့ပါတယ်။

    အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရ ဦးခိုင်သုခက “အကြမ်းဖက်စစ်ကောင်စီက ဆောင်းတဲ့ ဦးထုပ်တွေ၊ ‌နောက်ပြီး သေနေတဲ့ အလောင်းတွေရဲ့ အရိုးစုတွေမှာ ဝတ်ဆင်ထားတဲ့ စစ်ဖိနပ်တွေ၊ အဲဒါတွေက သက်သေတွေပဲဖြစ်ပါတယ်။ အခု စွပ်စွဲပြီး ပြောဆိုထားတဲ့ ဓာတ်ပုံတွေဟာ အကြမ်းဖက်စစ်ကောင်စီဘက်က ကျဆုံးသွားတဲ့ စစ်သားအလောင်းတွေပဲ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

    ဒါ့အပြင် ၂၀၁၇ ခုနှစ် လူဦးရေစာရင်းအရ ထန်းရှောက်ခံကျေးရွာမှာ လူဦးရေ ၉၉၃ ယောက် ရှိခဲ့ပြီး တိုက်ပွဲကာလအတွင်းမှာ ဒေသခံပြည်သူတွေ စစ်ရှောင်ဖို့ နေရာရွှေ့ပြောင်းတာတွေ ရှိခဲ့သလို လက်ရှိမှာတော့ လူဦးရေ ၇၉၁ ယောက် ရှိတယ်လို့ ဦးခိုင်သုခက ဆက်ပြောပါတယ်။

    “ကျနော်တို့က ရွာသူကြီးကို ဘာဖြစ်လို့ လူဦး‌ရေ လျော့သွားလဲဆိုပြီး ပြန်မေးတော့ သူရှင်းပြတာက တချို့လူတွေက ဘင်္ဂလားဒေ့ရှ်ဘက် ဒုက္ခသည်စခန်းတွေကို ပြေးသွားတာရှိတယ်။ နောက် တချို့က ရန်ကုန်ဘက်ကို ပြေးသွားတဲ့သူတွေ ရှိတယ်။ တချို့က မလေးရှားဘက်ကို သွားတာရှိတယ် ဆိုပြီး အခုလို ရှင်းပြတာတွေ ရှိပါတယ်။ ဒါကြောင့် သူတို့ စွပ်စွဲထားသလို ရွာသား ၆၀၀ လောက်ကို ULA/AA က အစုလိုက် အပြုံလိုက် သတ်ဖြတ်ထားတယ်ဆိုတဲ့ ကိစ္စဟာ လုံးဝမဟုတ်ပါဘူး” လို့ ဦးခိုင်သုခက ပြောပါတယ်။

    ဒါကြောင့် ကိုယ်ကျိုးရှာသူတချို့က AA ကို စွပ်စွဲထားတာဖြစ်ပြီး သတင်းထောက်တွေအနေနဲ့ ထန်းရှောက်ပင်ရွာကို ကိုယ်တိုင်သွားကြည့်မယ်ဆိုရင်လည်း လုံခြုံရေးပေါ်မူတည်ပြီး စီစဉ်ပေးနိုင်တယ်လို့ ဦးခိုင်သုခက ဆက်လက်ပြောဆိုသွားပါတယ်။

    ဘူးသီးတောင်တွင် မမြှုပ်ရသေးသော အလောင်း ၁၀၀ ခန့်မှာ အာဏာသိမ်းတပ်၏ စစ်သားများဟု AA ဆို

    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာတွင် အလောင်း ၁၀၀ ခန့်ရှိပြီး အာဏာသိမ်း စစ်တပ်၏ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်မှ တပ်သားများသာဖြစ်သည်ဟု အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

    မြို့အရှေ့တောင်ဘက်၊ ခုနစ်မိုင်ခန့်အကွာ ထန်းရှောက်ခံရွာဖြစ်စဥ်သည် ၂၀၂၄ ခုနှစ်၊ မေလတွင် ပေါ် ပေါက်ခဲ့ခြင်းဖြစ်သည်။ ဘူးသီးတောင်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများသည် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် (စကခ -၁၅) ကို စွန့်ခွာ၍ ထန်းရှောက်ခံရွာမှ ဆုတ်ခွာခဲ့ရာတွင် AA တပ်ဖွဲ့ဝင်များကို ခုခံရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဘက်ကလည်း ထောင့်ပေါင်းစုံကနေပြီးတော့ ဝိုင်းဝန်းပိတ်ဆို့ပြီး သူတို့ကို ချေမှုန်းဖို့ ကြိုးစားပါ တယ်။ အဲဒီ ထန်းရှောက်ခံရွာမှာ တိုက်ပွဲ သုံးရက်လောက် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အချိန်မှာ အကြမ်းဖက် စစ်ကောင်စီဘက်က အနည်းဆုံး ၂၀၀ ဝန်းကျင်လောက် ကျဆုံးခဲ့ပါတယ်”ဟု ဦးခိုင်သုခက ယနေ့၊ (ဩဂုတ်လ၊ ၁၁ ရက်နေ့) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

    ” ဒါကြောင့်မို့ အဲဒီနေရာမှာ အလောင်းတွေ ပုံသွားတဲ့ အခြေအနေမျိုးပါ။ တချို့အလောင်းတွေကို အကြမ်းဖက်စစ်ကောင်စီက (အလောင်း) ၂၀၊၃၀ ကို တစ်တွင်း၊ အဲဒီလိုမြှုပ်ထားတာတွေ ရှိခဲ့ပေမဲ့ တချို့အလောင်း လေးငါးခြောက်ဆယ်၊ ၁၀၀ နီးပါးက မမြှုပ်နိုင်ဘဲနဲ့ ကျန်ခဲ့တာရှိပါတယ်”

    ယခုနှစ်၊ မတ်လ၊ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထွက်ပေါ်လာသော ဓာတ်ပုံများတွင်လည်း စစ်တပ်က အသုံးပြုသည့် ဦးထုပ်များ ၊ စစ်ဖိနပ်များကိုတွေ့ရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

    “ဒါကြောင့် သူတို့ စွပ်စွဲထားသလို ရွာသား ၆၀၀ လောက်ကို ULA/AA က အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတယ်ဆိုတဲ့ ကိစ္စဟာ လုံးဝမဟုတ်ပါဘူး ”

    AA သည် ယမန်နှစ်အတွင်း၊ ဘူးသီးတောင်၊ မောင်တောတိုက်ပွဲများ၌ ရိုဟင်ဂျာများကို လူ့အခွင့်အရေး ချိုးဖောက်မှုရှိနေကြောင်း၊ ထန်းရှောက်ခံရွာသူ၊ ရွာသား ၆၀၀ ခန့်ကို အာရက္ခတပ်တော် (AA) က သတ်ဖြတ်ခဲ့ ကြောင်း ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများ၊နိုင်ငံတကာလူ့အခွင့်အရေးသမားများ က စွပ်စွဲထားကြသည်။

    ၂၀၂၄ ခုနှစ်၊ မေလ၊ ၂ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံရွာ (ရိုဟင်ဂျာအခေါ် ဟိုယာစီးရီး) က ရွာသူရွာသား၊ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းပါမကျန် အနည်းဆုံး ၆၀၀ နီးပါးကို AA တပ်ဖွဲ့ဝင်များက အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က သြဂုတ်လ၊ ၃ ရက်နေ့တွင် ၎င်း၏ Facebook လှုမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

    “အလောင်းတွေကို ဓာတ်ဆီနဲ့ မီးရှို့ခဲ့တာတွေလည်းရှိတယ်။ ရာဇဝတ်မှုကို ဖျောက်ဖျက်ဖို့ ကြိုးစားပေမဲ့ တစ်နှစ်ကျော်ကြာပြီမှ ဓာတ်ပုံတွေ ထွက်လာပြီ”ဟု ၎င်းက ဆိုသည်။

    ထိုဒေသများရှိ ရိုဟင်ဂျာများအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သည့် Fortify Rights က ဇူလိုင်လ၊ ၂၃ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

    ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများ၏ ပြောဆိုချက်မှာ စွပ်စွဲချက်ဖြစ်ပြီး ကိုယ်ကျိုးရှာသည့် လူတစ်စုက ၎င်းတို့လုပ်နေကျအတိုင်း အခြေအမြစ်မရှိသည့် လုပ်ကြံဖန်တီးမှုဟု AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ယနေ့(သြဂုတ်လ၊ ၁၁ ရက်နေ့) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ခဲ့သည်။

    “ဒီစွပ်စွဲချက်တွေကို တဖက်ကပြောရမယ်ဆိုရင် အညံ့စားလုပ်ကြံသတင်းဖြန့်နေတာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

    ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ

    ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) လက်အောက်ခံ ခြေမြန်နှင့် ခြေလျင် ၁၁ ရင်း အခြေစိုက်ထားပြီး အမှတ် (၃၇၈) အမြောက်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အမှတ် (၃) နှင့် (၈) တို့ ရှိသည်။

    ထိုတပ်ရင်းများထဲမှ ခမရ ၅၅၂ ကို ၂၀၂၄၊ ဖေဖော်ဝါရီလ၊ ၂၄ ရက်နေ့တွင် AA က စတင်ထိုးစစ်ဆင်ပြီး မတ်လ၊ ၂၅ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီးနောက် စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

    ထိုအချိန်တွင် စစ်တပ်သည် မြို့ကို AA လက်ထဲမကျရန်အတွက် ယင်းဒေသမှ ရိုဟင်ဂျာများ အပါအဝင် မွတ်စလင်များကို စစ်သင်တန်းများပေးကာ AA ကို တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။

    AA နှင့် စစ်တပ်တို့ စစ်ရေးတင်းမာနေချိန် ၂၀၂၄၊ မတ်လ၊ ၁၉ ရက်နေ့တွင် ဘူးသီးတောင်မှ ရာနှင့်ချီသော ရိုဟင်ဂျာများ၊ မွတ်စလင်များသည် မတ်လ၊ ၁၉ ရက်နေ့က ရခိုင်တပ် AA ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဆန္ဒပြပွဲသည် စစ်တပ်၏ အစီအစဉ်တစ်ခုဖြစ်ကြောင်း ဘူးသီးတောင်မှ ရိုဟင်ဂျာအချို့က ဆိုကြသည်။

    စစ်တပ်က ဘူးသီးတောင်မြို့တစ်ဝိုက်တွင် မွတ်စလင်များကို လက်နက်များ တပ်ဆင်ပေးကာ ရခိုင် မုန်းတီးရေး လုပ်ဆောင်နေကြောင်း AA ပြောခွင့်ရသူက ဧပြီလ၊ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    ဘူးသီးတောင်မြို့၊ အရှေ့ဘက် မေယုမြစ်နှင့် စိုင်းဒင်မြစ်ကြားရှိ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) တပ်မဌာနချုပ်ကို ၂၀၂၄၊ ဧပြီလ၊ နောက်ဆုံးအပတ်တွင် ထိုးစစ်အရှိန်မြှင့်ခဲ့ကာ မေလ၊ ၂ ရက်နေ့တွင် AA က သိမ်းပိုက်နိုင်ခဲ့သည်။

    မေလ၊ ၁၈ ရက်နေ့တွင် ဘူးသီးတောင်မြို့ကို အပြီးသတ် သိမ်းနိုင်ခဲ့ကာ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသ၏ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ် စကခ ၁၅ ၏ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ကိုလည်း လက်ရဖမ်းမိခဲ့ကာ ရုပ်သံဖိုင် ထုတ်ပြန်ခဲ့သည်။

    လက်နက်ချသူ ရာနှင့်ချီရှိပြီး ဒဏ်ရာရသုံ့ပန်းကို ၎င်းတို့အချင်းချင်း သယ်ဆောင်လာသည်ကိုလည်း ရုပ်သံတွင် တွေ့ရသည်။ ထိုအထဲတွင် ရိုဟင်ဂျာဟု ယူဆရသူများလည်း ပါဝင်နေသည်။

    ဘူးသီးတောင်အပါအဝင် ရခိုင်ပြည်နယ်မှ မွတ်စလင်များကို စစ်ကောင်စီအပါအဝင် မြန်မာအစိုးရ အဆက်ဆက်က နိုင်ငံသားအဖြစ် သတ်မှတ်ရန် အစဉ်တစိုက် ငြင်းဆိုထားသည်။ စစ်တပ်သည် ၎င်းတို့ကို နိုင်ငံတကာက ခေါ်ဆိုသည့် ရိုဟင်ဂျာဆိုသည့် အမည်ကိုပင် လက်မခံဘဲ ဘင်္ဂါလီဟုသာ အစဉ်တစိုက် သတ်မှတ်ထားသည်။

    AA က ဘူးသီးတောင်မြို့ကို စတင်တိုက်ခိုက်စဉ်ကာလမှာပင် စစ်တပ်က ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာများကို လက်နက်တပ်ဆင်ပေးခဲ့ပြီး “ မွတ်စလင်” ဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့သည်။

    စစ်တပ်က လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်ပွားစေရန် လှုံ့ဆော်လေ့ရှိသော ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ရိုဟင်ဂျာနှင့် ရခိုင်တို့ကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားပြီးနောက် နှစ်ဖက် ဆက်ဆံရေး တင်းမာခဲ့ကြသည်။

    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း ၂၀၁၇ ခုနှစ်မှစသည့် စစ်တပ်၏ စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာ သိန်းနှင့်ချီသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ရဖူးသည်။ ထိုလုပ်ရပ်ကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် စစ်တပ်က အမှုရင်ဆိုင်နေရသည်။

    ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ ဘူးသီးတောင် မြို့နယ်တွင် အိမ်ခြေ သုံးသောင်းကျော်၊ လူဦးရေ နှစ်သိန်းကျော်ရှိသည်။