◼ BBC မြန်မာပိုင်း သတင်းဌာနရဲ့ လိုသလိုဆွဲပြီး သတင်းဖော်ပြခဲ့မှုအပေါ် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်မော် မေးခွန်းထုတ်

အကြမ်းဖက်စစ်တပ်က သူ့ရဲ့ လက်ပါးစေ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ မှတဆင့် အွန်လိုင်းကနေ ဆွေးနွေးရေး အတွက် KIO ထံ နှစ်ကြိမ်ကမ်းလှမ်းခဲ့တယ်လို့ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်မော် က ဒီနေ့မှာ အသိပေးရေးသားခဲ့ပါတယ်။

“KIO ကနေ စတင်ကမ်းလှမ်းတာမဟုတ်ပါဘူး။ မနှစ်တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ နေပြည်တော်ကနေ PCG (ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့) ကို အမှာစကား ပါးပါတယ်။ KIO နဲ့ online ဆွေးနွေးဖို့ အကြောင်းကြားတာ ဖြစ်ပါတယ်။ KIO ရဲ့ သဘောထားကတော့ online ဆွေးနွေးမှု မဟုတ်ဘဲ (တကယ်ဆွေးနွေးလိုသော ဆန္ဒရှိတယ်ဆိုရင်) မြစ်ကြီးနားမှာ တွေ့ဆုံဖို့အတွက် KIO ရဲ့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုက်ပါမယ်လို့ အကြောင်းပြန် ကြားခဲ့ပါတယ်။ KIO ကို ပြန်ပြီး အကြောင်းပြန်ကြားမှု မရရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ လပိုင်းက တခါထပ်ပြီး PCG ကတဆင့် မေးတာကြောင့် KIO ရဲ့ သဘောထားက ယခင်အတိုင်းဖြစ်ကြောင်း အကြောင်းပြန်ကြားထားပါတယ်။ KIO ရဲ့ သဘောထားကို သတင်းထုတ်ပြန်တာမျိုး မလုပ်ခဲ့ပေမယ့် တရုပ်နိုင်ငံအထူးကိုယ်စားလှယ် ၊ နိုင်ငံတကာသံတမန်များနှင့် ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်များကို အသိပေးထားပြီး ဖြစ်ပါတယ်” လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် က Facebook မှာ အသိပေး ရေးသား ခဲ့ပါတယ်။

BBC မြန်မာပိုင်း သတင်းဌာနရဲ့ သတင်းဖော်ပြမှု အပြီးမှာ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် က အခုလို အသိပေး ထုတ်ပြန် ရေးသားလိုက်တာလည်း ဖြစ်ပါတယ်။

“စစ်တပ်အနေနဲ့ တကယ်ဆွေးနွေးလိုတဲ့ ဆန္ဒရှိရင် မြစ်ကြီးနားမှာ တွေ့ဆုံဖို့အတွက် KIO ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ပါမယ်” လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ရဲ့ ပုံနဲ့အတူ BBC မြန်မာပိုင်း သတင်းဌာနက ဖော်ပြခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က “အခုရက်ပိုင်း distorted information တွေ ဖြန့်ပြီး ပုံဖျက်ကြတာ တွေ လည်း တခန်းရပ်သင့်ပြီ ထင်ပါတယ်။ တခန်းရပ်ပေ မယ့်လည်း နောက်ထပ်ပုံစံအသစ်တွေနဲ့ ထပ်လာအုံးမယ်ဆိုတာကိုလည်း အမြဲမပြတ်သတိကပ်ပြီး ရန်သူ့ တီးလုံး ၊ ဇတ်ကွက်တွေထဲ လိုက်မကမိဖို့ အရေးကြီးလှပါတယ်။ သတိကြီးကြီး ထားပြီး ကိုယ့်လမ်းကြောင်း အတိုင်း မှန် မှန် လုပ်စရာရှိတဲ့မူလ တော်လှန်ရေး အလုပ်၊ စစ်အာဏာရှင် ဖြုတ်ချရေး အတွက် မမှိတ်မသုန် နည်းလမ်းပေါင်းစုံ ကနေ ဆက်ရုန်းကြဖို့ပါပဲ။” လို့ မှတ်ချက်ပြုထားပါတယ်။

BBC မြန်မာပိုင်း သတင်းဌာနရဲ့ လိုသလိုဆွဲပြီး သတင်းဖော်ပြထားတဲ့ ပို့စ်အောက်မှာ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်မော် “Q&A ကိုဘာကြောင့်အပြည်.အစုံမဖေါ်ပြတာလဲ။” ဆိုပြီး မေးခွန်းထုတ် ထားတာ တွေ့ရပါတယ်။

စစ်အုပ်စုကို KIO က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စတင် ကမ်းလှမ်းခဲ့တာ မရှိဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ပြော

စစ်အုပ်စုကို KIO က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စတင် ကမ်းလှမ်းခဲ့တာ မရှိဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

စစ်အုပ်စုကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)တွေ့ဆုံဆွေးနွေးဖို့ စတင်ကမ်းလှမ်းတာမရှိဘဲ စစ်တပ်က KIO/KIA ကို အွန်လိုင်းက တွေ့ဆုံလိုကြောင်း ကမ်းလှမ်းလာခဲ့တာကြောင့် ဆွေးနွေးလိုလျှင် မြစ်ကြီးနား မှာ တွေ့ဆုံဖို့ ကိုယ်စားလှယ်အဖွဲ့ လွှတ် ပေးနိုင်ကြောင်းသာ တုန့်ပြန်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)မှ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် က သူရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)ကို စစ်အုပ်စုက ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း PCG ကတစ်ဆင့် စတင် ကမ်းလှမ်းခဲ့တယ်လို့ သူက ဆိုပါတယ်။

“ KIO ကနေ စတင်ကမ်းလှမ်းတာမဟုတ်ပါဘူး။ မနှစ်တုန်းက နေပြည်တော်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ နေပြည်တော်ကနေ PCG (ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့) ကို စကားအမှာပါးပါတယ်။ KIO နဲ့ Online ဆွေးနွေးဖို့အကြောင်း ကြားတာဖြစ်ပါတယ်။KIO ရဲ့ သဘောထားကတော့ Online ဆွေးနွေးမှုမဟုတ်ဘဲ (တကယ်ဆွေးနွေးလိုသော ဆန္ဒရှိတယ်ဆိုရင်) မြစ်ကြီးနားမှာတွေ့ဆုံ့ဖို့အတွက် KIO ကိုယ်စားလှယ်အဖွဲ့ လွှတ်ပေးနိုင်တယ်လို့ အကြောင်းပြန်ကြားခဲ့ပါတယ်။ KIO ကို ပြန်ပြီး အကြောင်း ပြန်ကြားမှု မရရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ လပိုင်းက တခါထပ်ပြီး PCG ကနေတဆင့် မေးတာကြောင့် KIO ရဲ့ သဘောထားက ယခင်အတိုင်းဖြစ်ကြောင်း အကြောင်းပြန်ထားပါတယ်” လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် က လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

KIO ငြိမ်းချမ်းရေးသဘောထားကို သတင်းထုတ်ပြန်တာမျိုး မလုပ်ပေမယ့် တရုတ်၊ ဂျပန်နဲ့ နိုင်ငံတကာ သံတမန်တွေကို အသိပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အမြဲလိုလိုတွေ့ဆုံဆွေးနွေးမှုတွေရှိနေပြီး ချင်းညီနောင် အဖွဲ့ CB နဲ့ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြောင်း၊ ချင်းတိုင်းရင်းသား CB ၊ CNF တို့နဲ့ တွေ့ဆုံမှုဟာ ကချင်၊ ချင်း ညီအကိုတွေ့ဆုံမှုဖြစ်သလို တော်လှန်ရေးအဖွဲ့အချင်းချင်းတွေ့ဆုံမှုလည်းဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က သတင်းထုတ်ပြန်ထားပါတယ်။

BBC သတင်းအပြည့်အစုံမှာ –

စစ်တပ်အနေနဲ့ လက်တွေ့ငြိမ်းချမ်းရေးဆွေးနွေးလိုရင် မြစ်ကြီးနားမှာလာတွေ့ဖို့ KIA ပြော

၂၀၁၆ ခုနှစ် နေပြည်တော်ငြိမ်းချမ်းရေးပွဲမှာတွေ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်

စစ်တပ်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ အွန်လိုင်းက တွေ့ဆုံလိုကြောင်း ကမ်းလှမ်းလာခဲ့ပေမဲ့ KIA ဘက်ကတော့ တကယ်ငြိမ်းချမ်းရေးဆွေးနွေး လိုရင် မြစ်ကြီးနားမြို့ မှာတွေ့ဆုံဖို့ တုံ့ပြန်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။

ဇွန်လကပြုလုပ်တဲ့ နေပြည်တော်ငြိမ်းချမ်းရေးညီလာခံပြီးတဲ့နောက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ကတဆင့် KIA နဲ့အွန်လိုင်းကနေဆွေးနွေးလိုကြောင်း စစ်တပ်ကစကားအမှာပါးလိုက်တာလို့ သိရပါတယ်။

“ကျွန်တော်တို့သဘောထားကတော့ အွန်လိုင်းဆွေးနွေးမှုမဟုတ်ဘဲ တကယ်ဆွေးနွေးလိုတဲ့ဆန္ဒရှိတယ်ဆိုရင် မြစ်ကြီးနားမှာတွေ့ဆုံဖို့အတွက် KIO ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ပါမယ်လို့ အကြောင်းပြန်ကြားခဲ့ပါ တယ်” လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောပါတယ်။

ဒီလို မြစ်ကြီးနားမှာလာတွေ့ဆုံဖို့ပြောတာနဲ့ပတ်သက်လို့ စစ်တပ်ဘက်က KIA ကို အကြောင်းပြန်တာမရှိ သေးဘူးလို့ သူကဆက်ပြောပါတယ်။

ဒါပေမဲ့ ဘီဘီစီရဲ့သတင်းရင်းမြစ်တစ်ဦးကတော့ “NSPNC (ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ) က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဒီအကြောင်းကိုတင်ပြပေမဲ့ တပ်ချုပ်က ဗန်းမော်မှာတိုက်ပွဲ ပြင်းထန်နေလို့ ပြီးမှပဲ ပြောရအောင်ဆိုပြီး ပယ်ချလိုက်တယ်လို့ကြားတယ်” လို့ ဆိုပါတယ်။

KIO/ KIA ရဲ့ သဘောထားကတော့ အရင်အတိုင်းဆက်ရှိနေပြီး တရုတ်နိုင်ငံအထူးကိုယ်စားလှယ်၊ နိုင်ငံတကာ သံတမန်တွေနဲ့ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်တွေကို အသိပေးထားတယ်လို့ သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *