Category: News

  • Peacock

    Peacock

    Peacock (2025)

    “Pfau – Bin ich echt?” (Peacock) ကတော့ ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဩစတြီးယား-ဂျာမန်

    ပူးတွဲထုတ်လုပ်တဲ့ လူမှုရေးထေ့လုံးတွေနဲ့ဟာသဇာတ်ကားဖြစ်ပါတယ်။

    Bernhard Wenger က ရေးသားဒါရိုက်တာလုပ်ထားပြီး သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။

    လူသားတွေရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ အစစ်အမှန်ဖြစ်မှုဆိုင်ရာ မေးခွန်းတွေကို နက်ရှိုင်းစွာ စူးစမ်းထားတဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

    Matthias ဟာ My Companion လူငှားရမ်းရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး လိုအပ်တဲ့ဝန်ဆောင်မှုပေါ် မူတည်ကာ ယဉ်ကျေးတဲ့ရည်းစား၊ ပြည့်စုံတဲ့သား ဒါမှမဟုတ် စကားများဖော်များဖက်အဖြစ် ဘယ်ဇာတ်ကောင်မျိုးကိုမဆို အပြည့်အဝ သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။

    သူများအတွက် ဇာတ်ကောင်တွေကို ကောင်းစွာ သရုပ်ဖော်နိုင်ပေမယ့်လည်း သူ့ကိုယ်ပိုင်ဘဝမှာတော့ သူကိုယ်တိုင်ဖြစ်တည်မှုရဲ့အဓိပ္ပာယ်ကိုရှာဖွေရင်း ဒုက္ခရောက်နေသူ ဖြစ်ပါတယ်။

    သူ့ချစ်သူ Sophia က သူ့ကို စွန့်ခွာသွားတဲ့အခါ Matthias ရဲ့အမြင်လှပတဲ့ဘဝဟာ အဓိပ္ပာယ်မရှိဘဲကမောက်ကမအခြေအနေကို ရောက်ရှိသွားပြီး သူ့ရဲ့ကိုယ်ပိုင်လက္ခဏာ အစစ်အမှန်ကို ရှာဖွေဖို့ ကြိုးပမ်းရပါတော့တယ်။

    ရုပ်ရှင်ရဲ့ခေါင်းစဉ် “Pfau” (Peacock – ဒေါင်းငှက်) ဟာ အပြင်ပန်းလှပမှုနဲ့ကြွားဝါမှု၊ အတွင်းစိတ်မှာ အဓိပ္ပာယ်မရှိတဲ့ဗလာဖြစ်နေမှုကို ရည်ညွှန်းပါတယ်။

    ဒါရိုက်တာ Wenger ရဲ့အဆိုအရ ဒေါင်းငှက်ဟာ အလှအပကြွားဝါနိုင်ပေမယ့်လည်း ကောင်းစွာ မပျံနိုင်တာ၊ ဆိုးရွားတဲ့အသံသာထွက်တာစတဲ့ ကန့်သတ်ချက်တွေရှိပြီး Matthias ရဲ့ အပြင်ပန်းကောင်းမွန်ပြီး အတွင်းစိတ်မှာအစစ်အမှန်မရှိခြင်းရဲ့သင်္ကေတအဖြစ် ရည်ညွှန်းထားပါတယ်။

    ဗင်းနစ် ရုပ်ရှင်ပွဲတော်အပါအဝင် ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်ပွဲတော်ပေါင်းများစွာမှာ ပြသခံခဲ့ရပြီး၊ ဩစတြီးယားနိုင်ငံရဲ့ ၉၈ ကြိမ်မြောက် Academy Awards (အော်စကာဆု) ရဲ့ Best International Feature Film ဆုအတွက် တင်သွင်းခံထားရတဲ့ ဇာတ်ကားဖြစ်ပါတယ်။

    အဓိကသရုပ်ဆောင် Albrecht Schuch ကတော့ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

    Pfau – Bin ich echt? ဟာ လူမှုအသိုင်းအဝိုင်းရဲ့မျက်နှာစာတွေမှာ ဝင်ဆန့်ဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားတတ်တဲ့ လူသားတွေရဲ့သဘောသဘာ၀ကို ထောက်ပြနေတဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။

  • နတ်ရေကန်စခန်းကို အင်အားအလုံးအရင်းပို့ရန် စစ်ကော်မရှင်ကြိုးပမ်း

    နတ်ရေကန်စခန်းကို အင်အားအလုံးအရင်းပို့ရန် စစ်ကော်မရှင်ကြိုးပမ်းနေရပြီး တက်လာသည့် စစ်ကြောင်းများပိတ်ဆို့တိုက်ခိုက်ခံနေရ

    ‎နတ်ရေကန်ဗျူဟာကုန်းရှိ ဆုံးရှုံးစစ်စခန်းများကိုပြန်လည်ရယူရန်နှင့် ပိတ်မိပြီး ကစဉ့်ကလျား ပြေးနေရသည့် စစ်ကော်မရှင်တပ်များကိုကူရန် စစ်အင်အား အလုံးအရင်းနှင့်ပို့နေကြောင်း သိရသည်။

    အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ-၉၀၅ နှင့် အမြောက်တပ် အမတ – ၄၀၉ တို့မှ အင်အား အပြည့်ပါ စစ်ယာဉ်တန်း ငါးစီးသည် ‎ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင် ဇင်ပြွန်းမှ တစ်ဆင့် ပျဉ်းဝလမ်းဆုံသို့ ရောက်ရှိလာကြောင်း သိရသည်။

    ‎‎အဆိုပါစစ်ယာဉ်တန်းမှ စစ်ကြောင်းအချို့မှာ တိုက်ပွဲဖြစ်ပွားရာကို ခြေလျင်တက်ကြမည်ဖြစ်ပြီး ရိက္ခာများပါ ပါရှိကြောင်း သိရသည်။

    ‎”စစ်တပ်က အင်အားဆက်တိုက်ပို့နေတယ်။ လမ်းကြောင်းတွေဖြန့်ပြီး ချီတက်ခိုင်းတယ်ပြောတယ်။ တော်လှန်ရေးဘက်က ပိတ်တိုက်တာရော ကြားဖြတ်တိုက်တာရောနဲ့ တိုက်ပွဲဆက်ဖြစ်နေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    ‎နတ်ရေကန်ဗျူဟာဘက်ကို စစ်ကော်မရှင်ကပို့လိုက်သည့်စစ်ကြောင်းများနှင့် စခန်းမှထွက်ပြေးသည့် တပ်အချို့ပူးပေါင်းကာ ဂုတ်ကြီးဘက်တွင် AAနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ‎စစ်ကော်မရှင်က နတ်ရေကန်စခန်းနှင့် စခန်းအနီးရှိ တပ်ဖွဲ့ဝင်များကို လေကြောင်းမှ လက်နက် ခဲယမ်းပို့နေရပြီး မြေပြင်လမ်းကြောင်းများ ပိတ်ဆို့ ခံနေရသည့်အတွက် ပျဉ်းဝလမ်းဆုံမှတဆင့်သာ လမ်းကြောင်းများခွဲ၍ နတ်ရေကန် လမ်းသစ်နှင့် လမ်းဟောင်းကို စစ်ကူပို့နေရသည်။

    နတ်ရေကန်ဗျူဟာမှ ကျန်ရှိသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များမှ တချို့မှာ စခန်းမှစွန့်ခွာထွက်ပြေးနေပြီး တပ်ဖွဲ့ဝင်တချို့မှာ AAထံ အညံ့ခံကြကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်နေ့နှင့် အောက်တိုဘာ ၁၇ရက်နေ့တို့တွင် AA က ထုတ် ပြန်သည်။

    စစ်ကော်မရှင်သည် ‎‎ယနေ့ အောက်တိုဘာ ၂၂ရက်နေ့အထိ လေကြောင်းမှနေ၍ နတ်ရေကန်နှင့် ဂုတ်ကြီး အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ထားကြောင်း သိရသည်။

  • မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

    မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

    မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံး

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    “ဒီနေ့ မွန်းလွဲ ၁၂ နာရီလောက်မှာ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ မင်းလက်ပံကျေးရွာထဲကို ပစ်ထည့်တာ အဲတာပြည်သူတွေရှိတဲ့ နေရာကို ကျရောက်ပေါက်ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးတယ်။ စစ်ခွေးတွေက အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာပါ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက် စစ်တပ်သည် စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး မြဝတီမြို့ပြင်ရှိ မင်းလက်ပံရွာ၊ ဖလူးရွာနှင့် မယ်ထော်သလေး ဒေသတို့ကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် အသေခံဒရုန်းများ၊ လက်နက်ကြီးများလည်း နေ့စဉ် ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

  • ရွှေဂုံတိုင်တံတားအဆင်းမှာ အမျိုးသမီးတစ်ဦး ကားတိုက်သေဆုံး

    ရွှေဂုံတိုင်တံတားအဆင်းမှာ အမျိုးသမီးတစ်ဦး ကားတိုက်သေဆုံး

    ရန်ကုန်မြို့၊ဗဟန်းမြို့နယ်က ရွှေဂုံတိုင်တံတားအဆင်းမှာ အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရပြီး တိုက်တဲ့ကားက မောင်းပြေးသွားတယ်လို့ သွားရောက်ကူညီတဲ့ လူမှူကူညီရေးအဖွဲ့ဝင်တွေက အသိပေးထားပါတယ်။

    ကားတိုက်ခံရတဲ့ အမျိုးသမီးကတော့ ကွယ်လွန်သွားတယ်လို့ သိရပြီး မင်္ဂလာဒုံမြို့နယ် စွယ်တော်အိမ်ရာမှာနေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

    တိုက်ပြေးတဲ့ကားက ထွက်ပြေးသွားတာကြောင့် မမိလိုက်ဘူးလို့ လူမှူကူညီရေးအသင်းတွေက ဆိုပါတယ်။

    အဆိုပါအမျိုးသမီးက အသက်(၂၃)နှစ်အရွယ်ဖြစ်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ခ်မှာတော့ ယာဉ်တိုက်မှုဖြစ်ချိန် အဝတ်အစားနဲ့ ကလောမြို့မှာ ရှိနေတာကို တင်ထားပါတယ်။

    ယာဉ်တိုက်မှုဖြစ်တဲ့အနားမှာ ခရီးဆောင်အိတ်တွေကိုလည်း တွေ့ရတယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ရေးသားထားပြီး သူ့ချစ်သူနဲ့ စကားများရန်ဖြစ်တာတွေရှိခဲ့တယ်လို့ ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက ရေးသားထားပါတယ်။

    ကလောကိုခရီးထွက်ပြီးအပြန် ယနေ့ညမှာ ပွင့်သစ်ဆန်းလက်ဖက်ရည်ဆိုင်ရှေ့ ထူ:ဆန်:စွာ ကာ:မ.တော်.တ.ဆဖြစ်ပြီး thay ဆုံ:ခဲ့သူ လင်းပြည့်အိမ်

    ယနေ့အောက်တိုဘာလ ၂၁ရက် ည တွင် ရွှေဂုံတိုင်တံတားအဆင်း ကမ္ဘာအေးဘုရားလမ်းမပေါ် ပွင့်သစ်ဆန်းလက်ဖက်ရည်ဆိုင်ရှေ့ မှာ ထူ:ဆန်:တဲ့ ကာ:မ.တော်.တ.ဆ.မှု တစ်ခု ဖြ.စ်ပွာ:ခဲ့ပြီး အသ.က် ၂၃နှစ်အရွယ် မလင်းပြည့်အိမ် ဆိုသူ အမျိုးသမီးလေး ကို ဆေ:ရုံ.ပို့ဆောင်ခဲ့ကြပြီး မကြာမီ ဆေ:ရုံ.မှာ thay ဆုံ:ခဲ့တယ်လို့ သိရပါတယ်.

    သူမ ကာ:မ.တော်.တ.ဆ.မဖြစ်မီ အချိန်က ကားတစ်စီးပေါ်က အမျိုးသားတစ်ဦးနဲ့ စကားမျာ:တဲ့ ပုံစံမျိုး မြင်တွေ့ရကြောင်း ရည်းစားဟုထင်မြင်ယူဆရကြောင်း စကာ:များပြီး ကောင်လေး ကားမောင်းထွက်သွားချိန် ကားလမ်းမမှာ ဟိုဖြတ်လျှောက် ဒီဖြတ်လျှောက် လုပ်နေလို့ မတို-က်မိအောင် ရှော-င်မောင်:ခဲ့ရကြောင်း ပြောဆိုသူအချို့ တွေ့ရပါတယ်.

    နောက်ပိုင်း လမ်းမပေါ် လှဲ-အိ.ပ်လိုက်ချိန်မှာ တံတားပေါ်က အရှိန်နဲ့ ဆင်:လာတဲ့ကားက တ-က်ကြိ-တ်သွားပုံရတယ်လို့ ပြောသူတွေလည်း ရှိခဲ့တာပါ.

    ဒါပေမယ့် သူမနဲ့ရင်းနှီးသူမိတ်ဆွေတွေကတော့ သူမဟာ မိန်းကလေးချင်းသာ ချစ်ကြိုက်သူ တစ်ဦးဖြစ်ပြီး လက်ရှိလည်း သူမမှာ မိန်းကလေးချစ်သူသာ ရှိကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်.

    လက်ရှိမှာ တို-က်သွားတဲ့ကားက မ.မိ.လိုက်ပဲ ထွ-က်ပြေ:သွားတယ်လို့ သိရပြီး သူမရဲ့မိသားစုဝင်တွေ သိရှိနိုင်ဖို့ အသိပေးခဲ့ကြတာပါ.

    သူမမှာ လပ်ဂေ့ပါလာပြီး မှ-တ်ပုံ.တ.င်လည်းတွေ့ရသလို အိတ်နဲ့ အဝတ်အစားအကောင်းစားလေးတွေလည်း တွေ့ရပါကြောင်း. ဖုန်းကိုတော့ မတွေ့ရကြောင်း ကူညီသူတွေက ပြောခဲ့ကြပါတယ်.

    သူမ ရဲ့ အကော.င့်မှာတော့ လွန်ခဲ့တဲ့ ၁၀နာရီကျော်က လ.က်ရှိမ.တော်.တ.ဆဖြစ်တဲ့အကျီနဲ့ပဲ နောက်ဆုံ: ပို့. တင်ခဲ့တာတွေ့ရပြီး ပုံအရ ကလောမှာ ရှိနေခဲ့တာဖြစ်ပါတယ်.

    သူမနဲ့ရင်းနှီးသူက ကလောသွားတယ်လို့ပဲသိထားတာ အခုညဖြ.စ်သွာ:တဲ့ ကိစ္စ အဖြ.စ်မှ.န် အမြ.န်ပေါ်.ပါစေလို့ ဆုတောင်းပါတယ်လို့ စိတ်မကောင်းစွာ ပြောပြခဲ့တာတွေ့ရပါတယ်.

    ဒါပေမယ့် သီးသန့်အတည်ပြုနိုင်ခြင်း မရှိပါဘူး။

    “၆ ခွဲလောက်ကတောင် ကားပေါ်က တွေ့ခဲ့သေးတယ်။ သူ့ကြည့်ရတာတစ်ခုခုဖြစ်နေသလိုပဲ။ ကားဟွန်းတီးလည်းမဖယ်ဘူး။ အဲ့အတိုင်းပဲ ‌ဖြည်းဖြည်းလေးသွားနေတာ။ လမ်းကို ဟိုဘက်ကူး ၊ ဒီဘက်ကူးနဲ့ ၊ လိုင်းကားနဲ့တိုက်မိမလိုဖြစ်သေးတယ်။ ဘရိတ်အုပ်တာတော်တော်မြန်သွားလို့ရယ်”လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။

    “အားလုံးအထင်မှားကြသလို ရည်းစားကိစ္စ မဟုတ်ပါဘူးတဲ့”

    အကုန်တာဝန်ယူပီး လုပ်ပေးမယ်လို့ မနေ့ညထဲကပြောထားတာကို သူတို့လုပ်မယ်ဆိုပီး ဆေးရုံမှာ တရားနာတယ် ခန်းမ မငှါးထားပဲ ဖစ်သလိုသဂြိုလ်လိုက်တယ်။

    လုပ်ရက်လိုက်ကြတာ ဓာတ်ပုံပန်းတွေ စာရွက်ကအစအကုန်လုပ်ပေးထားပီးမှ ဆေးရုံကတူတူ ထွက်တာကို ငါ့တို့ကားကို မစောင့်ဘဲ သဂြိုလ်လိုက်ပီတဲ့လား လွယ်လိုက်တာ။

    မီးမီး ရေအကောင်းဆုံးတွေလုပ်ပေးချင်တာကို မမ ခဏလေးနောက်ကျနေတာပါ ရက်စက်တယ် အန်တီတို့ရယ်။

    သူဒီလောက်ကောင်းပေးခဲ့တာကို နောက်ဆုံးခရီးက ဒီလိုမျိုး ဖစ်သလို လုပ်ပေးမယ် မထင်ထားတာ။

    ယုံမိတာ ငါ့အမှားပဲ မလုပ်ပေးချင်လဲ သူ့ကိုချစ်တဲ့သူတွေ ရှိတယ်နော် တော်တော်ရက်စက်ကြတဲ့မိသားစု…

    “မိသားစုပြသာနာ စိတ်ဒဏ်ရာတွေကြောင့် မူးအောင်သောက်ပစ်ရင်း ဒီလိုတွေဖစ်ကုန်တာ ဘာရည်းစားကြောင့်မှမဟုတ်ဘူး လင်ဒရူးလို့လုပ်တယ့်ပုံစံတွေတင်နေကြတာ”…

    Credit- Htal War

  • ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေကြောင့် ဖားကန့်ကျောက်ဝိုင်းတွေ ဝရုန်းသုန်းကားဖြစ်

    ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေကြောင့် ဖားကန့်ကျောက်ဝိုင်းတွေ ဝရုန်းသုန်းကားဖြစ်

    ဖားကန့်မြို့နယ်၊ မှော်စီဆာရွာကျောက်ဝိုင်း နဲ့ လုံးခင်းကျောက်ဝိုင်းအနီးမှာ ယ​နေ့ည​နေ သေနတ်ပစ်ခတ်သံတွေကြားလို့ ကျောက်ရောင်းဝယ်သူတွေနဲ့ ဒေသခံတွေ ဝရုန်းသုန်းကားထွက်ပြေးခဲ့ကြရပါတယ်။

    အောက်တိုဘာလ ၂၂ ရက် ည ၆ နာရီကျော်မှာ သေနတ်ပစ်ခတ်သံတွေ ကြားတာလို့ ဒေသခံတွေကပြောပါတယ်။။

    “မှော်စီဆာရော ၊လုံးခင်းကျောက်ဝိုင်းရော။အကုန်‌ ပြေးကြရတာပဲ။ကျောက်ဝိုင်းဘက်က အပြင် တခြားနေရာတွေကနေလည်း သေနတ်ပစ်သံတွေကြားနေရတယ်။ရုတ်တရက်ကြီးဖြစ်တာ”လို့ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။

    ပေါက်ကွဲသံအကျယ်ကြီးကြားရပြီး သေနတ်ပစ်ခတ်သံတွေဆက်တိုက်ထွက်ပေါ်လာတာလို့ ဒေသခံတချို့ကပြောပါတယ်။

    ဖားကန့်မှာ ယခုရက်ပိုင်းစစ်တပ်နဲ့ KIA၊ KPDF ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားသံမကြားရပေမယ့်အောက်တိုဘာလ၂၁ရက်မနက်ပိုင်းမှာ စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။

    ဒီနေ့ညမှာတော့ ဖားကန့်ရဲ့နေရာ ၅နေရာထက်မနည်းမှာ သေနတ်ပစ်ခတ်သံတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။

    ရုပ်သံ-​ဒေသခံ