📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

နတ်ရေကန်စခန်းကို အင်အားအလုံးအရင်းပို့ရန် စစ်ကော်မရှင်ကြိုးပမ်း

—

by

in

နတ်ရေကန်စခန်းကို အင်အားအလုံးအရင်းပို့ရန် စစ်ကော်မရှင်ကြိုးပမ်းနေရပြီး တက်လာသည့် စစ်ကြောင်းများပိတ်ဆို့တိုက်ခိုက်ခံနေရ
‎
‎နတ်ရေကန်ဗျူဟာကုန်းရှိ ဆုံးရှုံးစစ်စခန်းများကိုပြန်လည်ရယူရန်နှင့် ပိတ်မိပြီး ကစဉ့်ကလျား ပြေးနေရသည့် စစ်ကော်မရှင်တပ်များကိုကူရန် စစ်အင်အား အလုံးအရင်းနှင့်ပို့နေကြောင်း သိရသည်။

အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ-၉၀၅ နှင့် အမြောက်တပ် အမတ – ၄၀၉ တို့မှ အင်အား အပြည့်ပါ စစ်ယာဉ်တန်း ငါးစီးသည် ‎ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင် ဇင်ပြွန်းမှ တစ်ဆင့် ပျဉ်းဝလမ်းဆုံသို့ ရောက်ရှိလာကြောင်း သိရသည်။

‎‎အဆိုပါစစ်ယာဉ်တန်းမှ စစ်ကြောင်းအချို့မှာ တိုက်ပွဲဖြစ်ပွားရာကို ခြေလျင်တက်ကြမည်ဖြစ်ပြီး ရိက္ခာများပါ ပါရှိကြောင်း သိရသည်။

‎”စစ်တပ်က အင်အားဆက်တိုက်ပို့နေတယ်။ လမ်းကြောင်းတွေဖြန့်ပြီး ချီတက်ခိုင်းတယ်ပြောတယ်။ တော်လှန်ရေးဘက်က ပိတ်တိုက်တာရော ကြားဖြတ်တိုက်တာရောနဲ့ တိုက်ပွဲဆက်ဖြစ်နေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

‎နတ်ရေကန်ဗျူဟာဘက်ကို စစ်ကော်မရှင်ကပို့လိုက်သည့်စစ်ကြောင်းများနှင့် စခန်းမှထွက်ပြေးသည့် တပ်အချို့ပူးပေါင်းကာ ဂုတ်ကြီးဘက်တွင် AAနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

‎စစ်ကော်မရှင်က နတ်ရေကန်စခန်းနှင့် စခန်းအနီးရှိ တပ်ဖွဲ့ဝင်များကို လေကြောင်းမှ လက်နက် ခဲယမ်းပို့နေရပြီး မြေပြင်လမ်းကြောင်းများ ပိတ်ဆို့ ခံနေရသည့်အတွက် ပျဉ်းဝလမ်းဆုံမှတဆင့်သာ လမ်းကြောင်းများခွဲ၍ နတ်ရေကန် လမ်းသစ်နှင့် လမ်းဟောင်းကို စစ်ကူပို့နေရသည်။

နတ်ရေကန်ဗျူဟာမှ ကျန်ရှိသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များမှ တချို့မှာ စခန်းမှစွန့်ခွာထွက်ပြေးနေပြီး တပ်ဖွဲ့ဝင်တချို့မှာ AAထံ အညံ့ခံကြကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်နေ့နှင့် အောက်တိုဘာ ၁၇ရက်နေ့တို့တွင် AA က ထုတ် ပြန်သည်။

စစ်ကော်မရှင်သည် ‎‎ယနေ့ အောက်တိုဘာ ၂၂ရက်နေ့အထိ လေကြောင်းမှနေ၍ နတ်ရေကန်နှင့် ဂုတ်ကြီး အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ထားကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်