Category: News

  • ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်

    ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်

    ချောက်မြို့ ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးများပြားဟုဆို

    မကွေးတိုင်း၊ ချောက်မြို့၊ ခလရ ၁၃ နှင့် စလေမြို့ရှိ ခမရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးမှ Cyrus က ပြောကြားသည်။

    စက်တင်ဘာလ ၄ ရက် ည ၉ နာရီ ၄၅ မိနစ်က ချောက်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၃ ကို ရှော့တိုက်ဒုံး – Short Range Missile ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၂၀ ဦးထက်မနည်သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး လူနာ တင်ယာဉ်များဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

    ထို့အပြင် ခလရ -၁၃ ထဲ၌ ရောက်ရှိနေသည့် ပေါက်မှ ရိက္ခာပို့ပြန်လာသော မော်တော်ယာဉ် အစီး ၉၀ အနက် အချို့ယာဉ်များလည်း ထိမှန် ပျက်စီးကာ မောင်းနှင်၍ရသော မော်တော်ယာဉ်များကို ညတွင်း ချင်း ကျောက်ပန်း‌တောင်း မြို့ကို ဦးတည်၍ သုတ်ခြေတင်မောင်းနှင်သွားကြောင်း သိရသည်။

    အလားတူ စလေမြို့နယ်အခြေစိုက် ခမရ ၄၁၆ တပ်ရင်းတို့ကို ရှော့ တိုက်ဒုံး -Short Range Missile ၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံး Error ဖြစ်ပြီး ၆ လုံးမှာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်သားများသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ” ၄၁၆ တပ်ရင်းထဲမှာ အင်အား ၁၀၀ ဝန်းကျင်ရှိတယ်လို့သိရတယ်။ ခလရ ၁၃ တပ်ရင်းကတော့ အင်အားပိုများတဲ့အပြင် စစ်သင်တန်းပါပေးတယ်။ ပေါ်တာဆွဲထားတဲ့ လူတွေကို စစ်သင်တန်း ပေးနေတယ်။ စစ်ခွေး သေစာရင်းကတော့ ၂ ခု ပေါင်းရင် အဲ့ထက်ပိုနိုင်တယ်။ ပစ်ခတ်မှု ဖြစ်ပြီး ၃ နာရီကျော်ကြာမှ ချောက်မြို့ပေါ်နဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကင်းတွေ ထွက်လာတယ်။ အဲဒီအချက်နဲ့တင် အထဲမှာ ဘယ်လောက်ရုတ်ရုတ်သဲသဲ ဖြစ်သွားလည်းဆိုတာကို သိနိုင်တယ်။” ဟု မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေး တပ်ဦးမှ Cyrus က ပြောကြားသည်။

    ယင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၃၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူ ၃၅ ဦးကျော်ရှိကာ သေဆုံးသွားသော အကြမ်းဖက်စစ်သားများကိုလည်း ညတွင်းချင်း ခိုးကြောင် ခိုးဝှက်ဖြင့် မြေမြှုပ်သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ဖြစ်သော သိန်းငှက်နက်ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးနှင့် ချောက် သခင်ဖိုးလှကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိ အခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ ရွေးကောက် ပွဲနဲ့ သက်ဆိုင်တဲ့နေရာတွေကို ဝေးဝေးမှရှောင်ပေးဖို့ရယ် မရှောင်လို့သွားမိရင် ထိခိုက် မှုတွေရှိလာ နိုင် လို့ပါ။ နောက်ပြီး ပူးပေါင်းလုပ်ဆောင်ကြတဲ့ အဖွဲ့တွေကို ကူညီထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံချင် ပါတယ်” ဟု မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန် ရေးတပ်ဦးမှ Cyrus က ပြောဆိုသည်။

  • မြန်မာမှာ လူ ၃ ဦးမှာ ၁ဦး ဝဝလင်လင်မစားနိုင်တော့

    မြန်မာမှာ လူ ၃ ဦးမှာ ၁ဦး ဝဝလင်လင်မစားနိုင်တော့

    မြန်မာနိုင်ငံမှာ လူ ၃ ဦးမှာ ၁ ဦးနှုန်း ဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP ကဆိုပါတယ်။

    စက်တင်ဘာ ၅ ရက်က ထုတ်ပြန်တဲ့ မြန်မာက ဆာလောင် မွတ်သိပ်မှုကို ကိုရီးယားနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်မယ့် REACH အစီအစဥ်အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဆိုထားတာပါ။

    မြန်မာမှာ လူဦးရေ ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး ၂၀၂၄ ခုနှစ်ကထက် သိသိသာသာတိုးမြင့်လာတယ်လို့ WFP ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    ပြီးခဲ့တဲ့နှစ်က ဝဝလင်လင်မစားနိုင်တဲ့ လူဦးရေ ၁၃ ဒသမ ၃ သန်းရှိခဲ့တာကြောင့် တစ်နှစ်အတွင်းလူ ၃ သန်းလောက် တိုးလာပါ။

    အခုတိုးမြင့်လာတဲ့ အရေအတွက်ထဲကမှ လူ ၂ ဒသမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။

    ၂၀၂၁ ခုနှစ်အစောပိုင်းကထက် ကုန်ဈေးနှုန်း ၄ ဆအထိတိုးမြင့်လာတာကြောင့် သန်းနဲ့ချီတဲ့လူတွေဟာ အခြေခံစားသောက်ကုန်တွေကို မဝယ်စားနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ WFP ကဆိုပါတယ်။

    ကိုးရီးယားနိုင်ငံက WFP နဲ့ပူးပေါင်းပြီး REACH အစီအစဥ်နဲ့ ပဋိပက္ခနဲ့ ငလျင်ဒဏ်သင့်ဒေသက လူဦးရေ ၃ သိန်းဝန်းကျင် အတွက် နှစ်လစာ စားနပ်ရိက္ခာ ဒါမှမဟုတ် ငွေသားထောက်ပံ့ပေးဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ် ။

    ဒါအပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေးငယ် ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနဲ့ ကုသရေး အကူအညီတွေ ပေးသွားမယ်လို့ ပြောထားပါတယ်။

    WFP ဟာ ရန်ပုံငွေမလုံလောက်တာကြောင့် မြန်မာက လူတစ်သန်းအတွက် အရေးပေါ်အကူအညီ ပေးတာကို ဒီနှစ်ဧပြီမှာ ရပ်တန့်ခဲ့ရပါတယ်။

  • စကခ(၁၃) ဒုစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့် မြိတ်-ထားဝယ်လမ်းပိုင်းတိုက်ပွဲတွင်သေဆုံး

    စကခ(၁၃) ဒုစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့် မြိတ်-ထားဝယ်လမ်းပိုင်းတိုက်ပွဲတွင်သေဆုံး

    စကခ(၁၃) ဒုစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့် မြိတ်-ထားဝယ်လမ်းပိုင်းတိုက်ပွဲတွင်သေဆုံး

    စစ်အုပ်စုက နာ​ရေးကို အကျဥ်းချုပ်လုပ်ခိုင်းပြီး စကခမှူးကို စုံခုံဖွဲ့စစ်​ဆေး

    အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့်သည် မြိတ်-ထားဝယ်လမ်းပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီး နာရေးကို စစ်ကောင်စီက အကျဉ်းချုပ်ပြုလုပ်ခဲ့သည်။

    ဗိုလ်မှူးချုပ် မျိုးသန့် လိုက်ပါ လာသော ယာဉ်တန်းသည် ပြီးခဲ့သည်ဩဂုတ်လ ၂၅ ရက်က ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ထောင်ယွန်းကျေးရွာအနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်​ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    “ထုံးစံအတိုင်းပဲ။ တိုက်ပွဲကျပြီးမှူးချုပ်(ဗိုလ်မှူးချုပ်) ရာထူးတိုးပေးလိုက်တယ်။ နာရေးကို သတင်းမထွက်စေရလို့ညွှန်ကြားချက်ရှိတယ်။ သူပေါ့လျော့လို့ ဖြစ်တာ။ အခုကစခကမှူးလည်းစုံခုံစစ်ခံနေရတယ်” ဟုအဆိုပါသတင်းရင်းမြစ်ကပြောသည်။

    ဗိုလ်မှူးချုပ် မျိုးသန့်သည် မသေဆုံးမီက ဗိုလ်မှူးကြီးရာထူးဖြစ်သည်။ သေဆုံးပြီးနောက် ဗိုလ်မှူးချုပ်ရာထူးတိုးပေးခြင်းဟုသိရသည်။ နာရေးကို ဩဂုတ်လ ၂၇ရက်က ပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရသည်။

    နာရေးကို လုံခြုံရေးအထပ်ထပ်ဖြင့် ပြုလုပ်ခဲ့ပြီး အုတ်ဂူ‌ ဘေးတွင် ငိုယိုနေသော ဗိုလ်မှူးချုပ်မျိုးသန့်၏ မိန်းမဓာတ်ပုံကို စစ်ကောင်စီဝါဒဖြန့်ချီရေး သီးသန့်လူမှုကွန်ရက်စာမျက်နှာများတွင် အချင်းချင်း မျှဝေထားကြသည်။

    ဩဂုတ်လ၂၅ရက်နေ့က တိုက်ခိုက်ခံရမှုတွင် ဗိုလ်မှူးချုပ် မျိုးသန့်အပါအဝင် စစ်ကောင်တပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး ရုပ်အလောင်းများကို လေကြောင်း ပစ်ကူဖြင့် သယ်ယူသွားခြင်းဟု ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကပြောသည်။

    ဗိုလ်မှူးချုပ်မျိုးသန့် သေဆုံးခြင်းနှင့် ယာဉ်တန်းတိုက်ခိုက်ခံရမှုအတွက် စကခ (၁၃) စကခမှူး ဗိုလ်မှူးချုပ် ဇေယျာလင်းကို စစ်ကောင်စီက စစ်ဆေးနေခြင်းဖြစ်​ကြောင်းစုံစမ်းသိရသည်။

    တနင်္သာရီတိုင်း ၊ဘုတ်ပြင်းမြိုမှ လေညာမြို့ဘက် တက်လာသော စစ်ကောင်စီတပ်၏ယာဥ်တန်းအား သြဂုတ် ၂၅ ရက်တွင်စောင့်ကြိုတိုက်ခိုက်မိုင်းဆွဲခဲ့ရာ စစ်ဦးစီးမှူး G2 အဆင့်အရာရှိ အပါအဝင် စစ်ကောင်စီတပ်သား (၂၀) ဦးထပ်မနည်း သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

    ဩဂုတ် ၂၅ရက်နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်၏ ယာဉ်တန်း ကား(၃)စီးအား ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း(၂၀၃)၊ တပ်ခွဲ(၂)က ထောင်ယွန်းကျေးရွာအနီးတွင် စောင့်ကြိုတိုက်ခိုက်မိုင်းဆွဲခဲ့ခြင်းဖြစ်သည်။တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ထိခိုက်သေဆုံးများခဲ့ရာ စစ်ကောင်စီယာဉ်များ ဘုတ်ပြင်းဘက် ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြသည်။

    စကခ(၁၃)သည် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့တွင် အခြေစိုက်သည်။လက်ရှိတွင် ဘုတ်ပြင်းမြိုနယ်အပြင် ပလော၊ ပလောက်စသည့် ပြည်ထောင်စုလမ်းမကြီး၏ လမ်းပိုင်းမြို့နယ်များ၌ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေကြောင်း တနင်္သာရီစစ်ဒေသမှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

    (​သေပြီး​နောက် ရာထူးတိုးသွား​သောဗိုလ်မှူးချုပ်မျိုးသန့် ၏ အုတ်ဂူအနီး ၎င်း၏ ဇနီးကို​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်တပ်​ထောက်ခံသူများ၏လူမှုကွန်ယက်)

  • ငဖဲမြို့နယ်အတွင်းတိုက်ပွဲတွင် AA တပ်ဖွဲ့များကို စစ်ကော်မရှင်တပ်က ယှဉ်မတိုက်နိုင်၍ တပ်လန်ကာထွက်ပြေး

    ‎မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်အပြင် တပ်ဆုတ်ပြေးရမှုများရှိကြောင်း သိရသည်။

    ‎စစ်ကောင်စီ၏ အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံ ခမရ-၅၇၄ နှင့် အမှတ် (၉၄၄) ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲ (ဆလအခွဲ-၉၄၄) မှတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်သည်။

    ‎ယမန်‌နေ့ စက်တင်ဘာ ၄ ရက်၊ နေ့လယ် ၁၂ နာရီ (၂၁) မိနစ်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဖက် မီတာ ၂၈၀၀ ခန့်အကွာအဝေးတွင် စစ်ကော်မရှင်က ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့‌သည်။



    ‎အပြန်အလှန်တိုက်ခိုက်မှုအပြီးတွင် လက်နက် ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများ၊ အလောင်းများနှင့်အတူ ကျောပိုး အိတ်အများအပြားကိုထားခဲ့ပြီး စကခ (၁၇) လက်အောက်ခံ တပ်များသည် တပ်လန်ကာဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ‎စစ်ကော်မရှင်တပ်သည် ယခုရက်ပိုင်းတွင် နတ်ရေကန်ဗျူဟာနှင့် ငဖဲမြို့နယ်အတွင်းပို့ထားသည့် တပ်များကို ပြန်လည်ခေါ်ယူနေပြီး တပ်အချိန်းအပြောင်း ပြုလုပ်နေကြောင်း သိရသည်။

    ‎ငဖဲမြို့နယ်အတွင်းသို့ စစ်ကော်မရှင်က စစ်ယာဉ်တန်း ၆၈ စီးအထိ အင်အားဖြည့်မှုရှိခဲ့ပြီး နတ်ရေကန်ဗျူဟာမှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ခတ်ခြိမ်းခြောက်လျက်ရှိသည်။

  • ‎တပ်မ ၉၉မှ ယာယီနည်းဗျူဟာမှူးနှင့် အဖွဲ့ကို AAဖမ်းမိထား၊ စစ်ရှုံးပြန်ရသည့်အဖွဲ့များ ရှေ့တန်းပြန်အောင်ပွဲခံ

    ‎တပ်မ ၉၉မှ ယာယီနည်းဗျူဟာမှူးနှင့် အဖွဲ့ကို AAဖမ်းမိထား၊ စစ်ရှုံးပြန်ရသည့်အဖွဲ့များ ရှေ့တန်းပြန်အောင်ပွဲခံ

    ‎မကွေး- ရခိုင်အစပ်တိုက်ပွဲများတွင် စစ်ကော်မရှင်နှင့် AAတို့တိုက်ပွဲဖြစ်ပွားနေရာ စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများ၊ ဖမ်းဆီးခံရမှုများရှိကြောင်း သိရသည်။

    ‎တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ်၊ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့မှ အသက် (၄၆) နှစ်အရွယ်ရှိ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်၊ ယာယီနည်းဗျူဟာမှူးနှင့်အဖွဲ့ကို AAက ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။

    ‎မကွေးတိုင်း၊ ဂုတ်စီးရိုးဒေသ တိုက်ပွဲများတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်၊ ည ရှစ်နာရီခန့်တွင် နည်းဗျူဟာမှူးနှင့်အတူ ၎င်း၏ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးတို့အား အာရက္ခတပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သည်ဟု AA ကပြောသည်။

    ‎မကွေးတိုင်းအတွင်း၌ စစ်ဆင်ရေးလုပ်နေခဲ့သော တပ်မ (၉၉) တပ်ရင်း၊ တပ်ဖွဲ့ဝင်များနေရာ၌ တပ်အပြောင်းအလဲလုပ်သောအားဖြင့် တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၁၀၉) တွင် မိခင်တပ်ရင်းသို့ တပ်နားရန်ရောက်ရှိနေ‌ကြောင်း သိရသည်။

    ‎ထိုသို့ တပ်ပြန်နားသည်ကို အမ်း-ပဒါန်း စစ်ဆင်ရေးတွင် အောင်မြင်မှုရခဲ့သည့်သဖွယ် ရှေ့တန်းပြန်အခမ်းအနားများဖြင့် ပြုလုပ်နေသည်မှာ ၎င်းတို့၏ စစ်မြေပြင်အရှုံးကို ဖုံးကွယ်ရန်ကြိုးစားခြင်းသာဖြစ်သည်ဟု AAက ထုတ်ဖော်ပြောဆိုထားသည်။

    ‎ရခိုင်-ပဲခူးအစပ်၊ ရခိုင်- မကွေးအစပ်၊ ရခိုင်- ဧရာဝတီအစပ်တိုက်ပွဲများတွင် စစ်ကော်မရှင်မှာ အရေးနိမ့်နေပြီး အလောင်းမကောက်နိုင်ဘဲ ပြေးရသည်အထိ ရှုံးနိမ့်နေကြောင်း သိရသည်။

    ‎တိုက်ပွဲများမှာ မေလလယ်တွင် ငြိမ်နေခဲ့သော်လည်း စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာပြီး အရေးပေါ်နယ်မြေများကို ထုတ်ပြန်ပြီးနောက် တိုက်ပွဲများ နေရာအနှံ့ပြင်းထန်လာခြင်းဖြစ်သည်။