မြန်မာနိုင်ငံမှာ လူ ၃ ဦးမှာ ၁ ဦးနှုန်း ဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP ကဆိုပါတယ်။

စက်တင်ဘာ ၅ ရက်က ထုတ်ပြန်တဲ့ မြန်မာက ဆာလောင် မွတ်သိပ်မှုကို ကိုရီးယားနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်မယ့် REACH အစီအစဥ်အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဆိုထားတာပါ။

မြန်မာမှာ လူဦးရေ ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး ၂၀၂၄ ခုနှစ်ကထက် သိသိသာသာတိုးမြင့်လာတယ်လို့ WFP ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်က ဝဝလင်လင်မစားနိုင်တဲ့ လူဦးရေ ၁၃ ဒသမ ၃ သန်းရှိခဲ့တာကြောင့် တစ်နှစ်အတွင်းလူ ၃ သန်းလောက် တိုးလာပါ။

အခုတိုးမြင့်လာတဲ့ အရေအတွက်ထဲကမှ လူ ၂ ဒသမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။

၂၀၂၁ ခုနှစ်အစောပိုင်းကထက် ကုန်ဈေးနှုန်း ၄ ဆအထိတိုးမြင့်လာတာကြောင့် သန်းနဲ့ချီတဲ့လူတွေဟာ အခြေခံစားသောက်ကုန်တွေကို မဝယ်စားနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ WFP ကဆိုပါတယ်။

ကိုးရီးယားနိုင်ငံက WFP နဲ့ပူးပေါင်းပြီး REACH အစီအစဥ်နဲ့ ပဋိပက္ခနဲ့ ငလျင်ဒဏ်သင့်ဒေသက လူဦးရေ ၃ သိန်းဝန်းကျင် အတွက် နှစ်လစာ စားနပ်ရိက္ခာ ဒါမှမဟုတ် ငွေသားထောက်ပံ့ပေးဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ် ။

ဒါအပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေးငယ် ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနဲ့ ကုသရေး အကူအညီတွေ ပေးသွားမယ်လို့ ပြောထားပါတယ်။

WFP ဟာ ရန်ပုံငွေမလုံလောက်တာကြောင့် မြန်မာက လူတစ်သန်းအတွက် အရေးပေါ်အကူအညီ ပေးတာကို ဒီနှစ်ဧပြီမှာ ရပ်တန့်ခဲ့ရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *