မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ဖြစ့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၁ ရက်ကြာ ခုခံတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး MBT အထူးကွန်မန်ဒို ရဲဘော် ၅ ဦးကျဆုံး
Category: News
-

မိတ္ထီလာမှာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ
မိတ္ထီလာသူနာပြုသင်တန်းကျောင်းမှာ သင်တန်းသူတယောက် ကိုယ့်ကိုယ်ကိုမီးရှို့ သတ်သေမှုဖြစ်ပွား
မိတ္ထီလာမြို့နယ်၊အစိုးရ သူနာပြုသင်တန်းကျောင်းမှာ ဒီနေ့ ဩဂုတ် ၁၂ ရက်နေ့ မနက်အစောပိုင်းက သင်တန်းသူအမျိုးသမီးတယောက် အိမ်သာထဲမှာ မိမိကိုယ်ကို ဒီဇယ်လောင်းမီးရှို့ကာ သတ်သေမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“အိမ်သာထဲမှာ ဒီဇယ်ပုံးတွေ့တယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့တယ်သုံးသပ်တာပါ။” လို့ ဖြစ်စဥ်သိရှိသူတယောက်ပြောပါတယ်။
သူနာပြုသင်တန်းကျောင်းရှိ ရေချိုးခန်းနဲ့ အိမ်သာတွဲရက်ခန်းထဲမှာ အခန်းတံခါးကို ဂျက်ထိုးထားပြီး အဆုံးစီရင်ခဲ့တာဖြစ်ကြောင်း ၊ မီးခိုးနံ့တွေ ထွက်လာမှသာ ပတ်ဝန်းကျင်ကသိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
” အခန်းက ဂျက်ထိုးထားတော့ အခန်းအပေါ်ကို လှေခါးထောင်တက် အောက်ဆင်းပြီးမှ ဂျက်ဖြုတ်ရတယ်။ အပေါက်က ဖွင့်မရဘဲ အလောင်း နဲ့ ပိတ်ခံနေလို့ အလောင်းကိုအပေါ်ဆွဲတင်ပြီးမှ အပေါက်ဖွင့်ရတယ်။အဲဒီအထိကိုမီးအကြွင်းအကျန်က ကျန်နေသေးတယ်။” လို့ သူကထပ်မံပြောပါတယ်။
အဆိုပါ သင်တန်းသူအမျိုးသမီးက အသက် ၂၀ အရွယ် မပြည့်ပြည့်ဝင်းဆိုသူဖြစ်ကြောင်း ၊ ကယားပြည်နယ် မှလာရောက်ပြီး သင်တန်းတက်ရောက်သူဖြစ်ကြောင်း သင်တန်းဆင်းရန် ၅ လဝန်းကျင်သာ ကျန်တော့တယ်လို့ သိရပါတယ်။
လက်ရှိမှာ သေဆုံးသူသင်တန်းသူရဲ့ ရုပ်အလောင်းကို မိတ္ထီလာ ပြည်သူ့ဆေးရုံ ရင်ကွဲရုံကို ပို့ဆောင်ထားပြီး သတ်သေမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CJ
-

ထိုင်းနိုင်ငံ Uthai Thani ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၅၅ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ Uthai Thani ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၅၅ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာနက သတင်းဖော်ပြသည်။
ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ Uthai Thani အတွင်းရှိ တောထဲတွင် ရပ်နားထားသော ကား ၃ စီးကို ထိုင်းအာဏာပိုင်များက သွားရောက် စစ်ဆေးရာ ကားအတွင်းနှင့် အနီးအနားတွင် မြန်မာနိုင်ငံသား ၅၅ ဦး ကို တွေ့ရှိရကြောင်း၊ ၎င်းတို့မှာ အထောက် အထား စာရွက်စာတမ်းမပါဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၁၉ ဦးရှိကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တရားမဝင် မြန်မာများမှာ ဘန်ကောက်တွင် အလုပ်လုပ်ရန်အတွက် လာရောက်ကြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများမှာ မဲဆောက်မြို့မှတစ်ဆင့် တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာကြခြင်းဖြစ်ပြီး အဆိုပါ မြန်မာများမှာ လူကုန်ကူးခံရသူများ ဟုတ်၊ မဟုတ် ထိုင်းအာဏာပိုင်များက စိစစ်လျက်ရှိကြောင်း သိရှိရသည်။
-

နာမည်ကြီး လိင်ပညာပေး ဗလော့ဂါ အမျိုးသမီး ပြည်သူ့ပါတီအတွက်မဲဆွယ်ပေး
လိင်မှုဆိုင်ရာ ပညာပေးဗီဒီယိုတွေ ရိုက်ကူးတင်ဆက်ပေးနေတဲ့ နာမည်ကြီး ဗလော့ဂါ V V Chen ဟာ ပြည်သူ့ပါတီရဲ့ ပဲခူးတိုင်းရုံးဖွင့်ပွဲကို ဩဂုတ် ၉ ရက်နေ့မှာ တက်ရောက်ခဲ့ပြီးနောက် ဖွင့်ပွဲမှာ သူပါဝင်တဲ့ ဓာတ်ပုံတွေနဲ့အတူ “ ရွှေမော်ဓောမှာ နားထွင်းမယ်။ ခေါင်းဆောင်ဆိုတာ ကိုယ်တွေကရွေးချယ်ရတာဖြစ်တယ် ခေါင်းဆောင်က ကိုယ်တွေကိုရွေးချယ်ရမှာမဟုတ်။” လို့ ဒီကနေ့မှာ ရေးတင်ခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့ နောက်ထပ် Facebook စာမျက်နှာကနေလည်း ဘယ်ဘက်ကမှ မဟုတ်ပေမယ့် “ဘက်မဲ့နေတဲ့ပါတီမဟုတ်ပါ ပြည်သူ့ဘက်ကိုရပ်တည်ပြီး ပြည်သူ့အတွက်သာ အကျိုးမျှော်မှန်းတဲ့ ပြည်သူ့ပါတီဖြစ်ပါတယ်။” လို့လည်း ထပ်မံရေးသားခဲ့ပါတယ်။
စစ်ကော်မရှင်က ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီလတွေမှာ ရွေးကောက်ပွဲကျင်းပေးမယ်လို့ ကြေညာပြီးတဲ့ နောက် ပါတီတချို့ဟာ စည်းရုံးလှုပ်ရှားမှုတွေ အပြိုင်အဆိုင်လုပ်လာကြပါတယ်။ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကတော့ ပါတီရုံးဖွင့်ပွဲတွေကို အဓိကလုပ်ဆောင်နေတာ တွေ့ရပါတယ်။
စစ်တပ်ကျောထောက်နောက်ခံ ကြံခိုင်ရေးပါတီကလည်း မကြာခင်က စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်ဆိုသူတွေ အပါအဝင်၊ စစ်တပ်ကိုထောက်ခံတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီး စည်းရုံးမှုတွေ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေးပါတီ ၅၈ ပါတီကို ခွင်ပြုထားပေမယ့် လက်ရှိမှာတော့ ကြံခိုင်ရေးပါတီ (USDP)၊ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ (PP) နဲ့ တစည ပါတီတို့သာ ပါတီလှုပ်ရှားမှုတွေ အဓိက လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။
စစ်ကော်မရှင်က ထွက်ပေါက်အဖြစ် ယူဆထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး အနောက်နိုင်ငံတွေနဲ့ အာဆီယံက ကန့်ကွက်မှုတွေ ရှိနေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ EROs အများစုကလည်း ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ပြန်ထားကြပါတယ်။

Online ပေါ်မှာ လိ-င်ဆက်ဆံတဲ့အကြောင်း တစ်တစ်ခွခွ ပညာပေးနေတဲ့ အဒေါ်ကြီး ရောင်းနေတဲ့ Made in USA ဆိုတဲ့ ဆေးပစ္စည်းတွေက MLM ပါတဲ့နော်….
အိန္ဒိယမှာ အကြီးအကျယ် Scam လုပ်သွားတဲ့ အကြောင်း သူတို့ ဝန်ထမ်းဟောင်းတွေကိုယ်တိုင် ထုတ်ပြောထားတာတွေ online မှာ မနည်းမနော ရှိပါတယ်။
ကိုယ်လည်း အစကမသိဘူး။ မွေးသမိခင်က ကိုယ့်မပြောပဲ သူ့သဘောနဲ့သူ တလတလ သိန်းချီဝယ်သောက်နေတဲ့ အမေရိကန်ဆေးတွေဆိုလို့ ရှာဖွေဖတ်ကြည့်မှ သိဝာာပါ….
နာမည်တော့ တပ်မပြောတော့ဘူး….
ရှားစောင်းစ ပ-တ် နဲ့ အပွတ်ခံရမှာ စိုးလို့….
– Sai ThawzinOo
-

မြိုင်မြို့နယ်တွင် စစ်တပ်က ကိုယ့်စခန်းကိုယ် မီးရှို့ပြီး တပ်ပြန်ဆုတ်
မကွေးတိုင်း၊ မြိုင်မြို့ရဲ့မြောက်ဘက် မီတာ ၆၅၀ လောက် ဝေးကွာတဲ့ စစ်တပ် စစ်ဆေးရေး ကင်းစခန်းတခုကို ဩဂုတ် ၁၁ ရက်နေ့ မနက်မှာ မီးရှို့ပြီး တပ်ဆုတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါစခန်းမှာ စစ်သားအင်အား ၂၀ လောက်ရှိပြီး မြိုင်မြို့အတွင်း ဝင်လာသူမှန်သမျှကို စစ်ဆေး၊ ဖမ်းဆီး၊ ရိုက်နှက်တာတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
မြိုင်ဒေသခံတယောက်က “သူတို့စခန်းကို သူတို့ကိုယ်တိုင် မီးရှို့ပြီး မြိုင်မြို့ထဲ ပြန်ဆုတ်သွားတယ်။ အခုတော့ အဲဒီကောင်တွေ မြိုင်မြို့ထဲက ဈေးအနီးမှာ စခန်းချနေတယ်။ တိုက်ပွဲမဖြစ်ဘူး အစ်ကိုရေ။ ပြည်သူ့ကာကွယ်ရေးတပ်က လာတိုက်မှာ ကြောက်ပြီး ကိုယ့်စခန်းကို မီးရှို့ပြီး နောက်ဆုတ်လာတာရယ်” လို့ ပြောပါတယ်။
အဆိုပါဂိတ်မှာ စစ်တပ်က ၂၀၂၂ ခုကနေ ဒီနေ့အချိန်အထိ စခန်းချနေထိုင်ပြီး မြို့အဝင်အထွက် စစ်ဆေးနေတာလို့ သိရပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တယောက်က “စစ်တပ်က သူ့စခန်းသူ မီးရှို့ပြီး ထွက်ပြေးသွားတယ်ဆိုတာ ဟုတ်တယ်ဗျ။ ကျနော်တို့ နေ့လယ်ပိုင်းမှာ အဲဒီစခန်းကို ရှင်းလင်းရေး သွားလုပ်ကြသေးတယ်။ စခန်းအတွင်းကနေ ချိန်းစောစက် ၃ လုံး၊ မြက်ရိတ်စက် ၂ လုံး၊ လှည်း ၁ စီး သိမ်းဆည်းရခဲ့တယ်။ သူတို့က သုံးဘီးနဲ့ ပစ္စည်းတွေသယ်ပြီး ပြန်ဝင်သွားတယ်။ ကျနော်တို့နဲ့ တိုက်ပွဲမဖြစ်ပါဘူး။ သူတို့ကြောက်ချေးပါပြီး ကိုယ့်စခန်းကိုယ် မီးရှို့ပြီး ထွက်သွားတာပါ” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှင်းလင်းရေးလုပ်ပြီး ညနေ ၃ နာရီကျော်မှာ စစ်တပ်က မြိုင်မြို့ အနီးတဝိုက်ကို လေယာဉ် ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပေမဲ့ ထိခိုက်သူမရှိခဲ့ဘူးလို့ သိရပါတယ်။