မိတ္ထီလာသူနာပြုသင်တန်းကျောင်းမှာ သင်တန်းသူတယောက် ကိုယ့်ကိုယ်ကိုမီးရှို့ သတ်သေမှုဖြစ်ပွား
မိတ္ထီလာမြို့နယ်၊အစိုးရ သူနာပြုသင်တန်းကျောင်းမှာ ဒီနေ့ ဩဂုတ် ၁၂ ရက်နေ့ မနက်အစောပိုင်းက သင်တန်းသူအမျိုးသမီးတယောက် အိမ်သာထဲမှာ မိမိကိုယ်ကို ဒီဇယ်လောင်းမီးရှို့ကာ သတ်သေမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“အိမ်သာထဲမှာ ဒီဇယ်ပုံးတွေ့တယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့တယ်သုံးသပ်တာပါ။” လို့ ဖြစ်စဥ်သိရှိသူတယောက်ပြောပါတယ်။
သူနာပြုသင်တန်းကျောင်းရှိ ရေချိုးခန်းနဲ့ အိမ်သာတွဲရက်ခန်းထဲမှာ အခန်းတံခါးကို ဂျက်ထိုးထားပြီး အဆုံးစီရင်ခဲ့တာဖြစ်ကြောင်း ၊ မီးခိုးနံ့တွေ ထွက်လာမှသာ ပတ်ဝန်းကျင်ကသိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
” အခန်းက ဂျက်ထိုးထားတော့ အခန်းအပေါ်ကို လှေခါးထောင်တက် အောက်ဆင်းပြီးမှ ဂျက်ဖြုတ်ရတယ်။ အပေါက်က ဖွင့်မရဘဲ အလောင်း နဲ့ ပိတ်ခံနေလို့ အလောင်းကိုအပေါ်ဆွဲတင်ပြီးမှ အပေါက်ဖွင့်ရတယ်။အဲဒီအထိကိုမီးအကြွင်းအကျန်က ကျန်နေသေးတယ်။” လို့ သူကထပ်မံပြောပါတယ်။
အဆိုပါ သင်တန်းသူအမျိုးသမီးက အသက် ၂၀ အရွယ် မပြည့်ပြည့်ဝင်းဆိုသူဖြစ်ကြောင်း ၊ ကယားပြည်နယ် မှလာရောက်ပြီး သင်တန်းတက်ရောက်သူဖြစ်ကြောင်း သင်တန်းဆင်းရန် ၅ လဝန်းကျင်သာ ကျန်တော့တယ်လို့ သိရပါတယ်။
လက်ရှိမှာ သေဆုံးသူသင်တန်းသူရဲ့ ရုပ်အလောင်းကို မိတ္ထီလာ ပြည်သူ့ဆေးရုံ ရင်ကွဲရုံကို ပို့ဆောင်ထားပြီး သတ်သေမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CJ

Leave a Reply