ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ စစ်ကူ အင်အားများဖြည့်တင်းကာ ဘန်ကာအသစ်များလည်း ဆောက်လုပ်နေကြောင်း သိရသည်။ အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် စစ်ကောင်စီ၏ ခံစစ်စခန်းဖြစ်သည့် နတ်ရေကန် ကမ္ဘာလုံးစခန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ ဘန်ကာအသစ်များ ထပ်မံ ဆောက်လုပ်လာနေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “ နတ်ရေကန်တိုက်ပွဲက ပြင်းထန်နေကြတယ်။ အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်ဖက်ကလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတာရှိတယ်။ စစ်ကောင်စီကတော့ သူတို့ရဲ့ ကမ္ဘာလုံးစခန်းလည်း လက်နက်ကြီးကြောင့် ပြိုပျက်သွားတာကြောင့် ဘန်ကာ အသစ်တွေ ဆောက်လုပ်နေကြတာ။ စစ်ကောင်စီဟာ ရတဲ့အရင်းအမြစ်တွေ စုရုံးပြီးတော့ အသေခံခုခံနေကြတာ ” ဟု ပြောသည်။ အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် နတ်ရေကန်…
NUG လက်အောက်ခံ အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် PDF ရဲဘော် ၅၀ ဝန်းကျင်တို့ကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၂ က ဖမ်းဆီးမှု နှစ်ဖက်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်နေ အမျိုးသားညီညွတ်ရေး-NUG လက်အောက်ခံ အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် ရဲဘော် ၅၀ ဝန်းကျင်တို့ကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ် ရင်း ၁၂ က ဖမ်းဆီးလိုက်မှုနှင့်ပတ်သက်၍ နှစ်ဖက်ညှိနှိုင်း ဖြေရှင်း…
မန္တလေးမြို့ လူထုသပိတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးထား၍ အသက်အန္တရာယ် စိုးရိမ်ရ မန္တလေးမြို့ လူထုသပိတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးထား၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်အုပ်စုက ဆုကြေးငွေနှင့် တကွ ဖမ်းဝရမ်း ထုတ်ထားသည့် မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှု ခေါင်းဆောင်ဖြစ်သူ ကိုထက်မြတ်အောင်ကို မန္တလေးမြို့၌ စစ်အုပ်စုက အဓမ္မ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် အုပ်စုက အဓမ္မ ဖမ်းဆီးထားသော ကိုထက်မြတ်အောင်သည်…
တနင်္သာရီတိုင်း၊ ရေဖြူမြို့မှာ ထားဝယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်အခြေစိုက်စခန်းတွေကို ဝင်ရောက်စီနင်း တိုက်ခိုက်နိုင်ခဲ့သလို မီးရှို့ရှင်းလင်းမှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ ဒီစစ်ဆင်ရေးဟာ စစ်တပ် ဦးစီးကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖော်ဆောင်ခဲ့တာဖြစ်ပြီး ရေဖြူမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရေဖြူမြို့မရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တပြိုင်တည်းမှာပဲ ခမရ (၄၀၆)၊ ခမရ (၄၀၇)၊ အမတ (၃၀၄) တို့ကိုလည်း ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်နိုင်ခဲ့ပြီး ရေဖြူမြို့ တံတားစစ်ဆေးရေးဂိတ်၊ ရပ်တော်မူဘုရား စစ်တပ်ယာယီစခန်းတို့ကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ “ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်မှုက အဓိကကျတယ်လေ… အဲဒါကြောင့် ပြင်ဆင်မှုတွေတော့ ရှိပါတယ်။ တိုက်ပွဲက…
နတ်ရေကန်ဗျူဟာကုန်းကို စစ်ကော်မရှင်၏ အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံတပ်များအပြင် တပ်ပျက်လာသည့် တပ်ပေါင်းစုများကိုပါ ဖြန့်ခွဲပို့ဆောင်နေကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာမှစတင်ကာ ပဒါန်းတပ်နယ်အတွင်းရှိ တပ်မ (၉၉) တပ်များကို နောက်တန်းသို့ပြန်လည်ခေါ်ယူပြီး စကခ -၁၇ တပ်များဖြင့် အစားထိုးခဲ့ကြောင်းသိရသည်။ ရှမ်းတောင် မိုင်းပန် အခြေစိုက် စကခ ၁၇ တပ်များအပြင် ဂွအခြေစိုက် ခမရ ၃၆၅၊ တပ်မ (၆၆) လက်အောက်ခံ ခလရ ၃၅၊ ခမရ ၃၆၅တပ်များကိုပါ တပ်ပေါင်းစုအဖြစ် နတ်ရေကန်ကို ပို့ဆောင်ထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ”နတ်ရေကန်ကို အင်အားတွေဖြန့်ပို့တာ ထောင်ချီနေပြီ။ ဂုတ်ကြီးနဲ့ ပစီကိုမကျော်နိုင်ဘဲ တပ်အင်အားအတော်ပြုန်းတီးနေပြီလို့ သိရတယ်။ နောက်တန်း ပြန်နားတဲ့…