Category: News

  • တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းမှုမရှိရင် စစ်အုပ်စုရဲ့ နိုင့်ထက်စီးနင်းမှု အမြဲတမ်းဆက်ကြုံရ မယ်

    တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းမှုမရှိရင် စစ်အုပ်စုရဲ့ နိုင့်ထက်စီးနင်းမှု အမြဲတမ်းဆက်ကြုံရ မယ်

    တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းမှုမရှိရင် စစ်အုပ်စုရဲ့ နိုင့်ထက်စီးနင်းမှု အမြဲတမ်းဆက်ကြုံရ မယ်လို့ ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ သတိပေး

    “ဘုံရန်သူပျောက်ပြီးမှသာလျင် ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။ ဒီစစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ဘာဖက်ဒရယ်မှ ဖြစ်လာမှာမဟုတ်ဘူး။ ဘယ်ဒီမိုကရေစီမှ ဖြစ်လာမှာ မဟုတ်ပါဘူး” – ချင်းညီနောင်စစ်ရေးကော်မတီဥက္ကဋ္ဌ

    တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်ဖို့ စည်းလုံးညီညွတ်ဖို့ လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောကြားလိုက်ပြီး ပူးပေါင်းမှုမရှိရင် စစ်အုပ်စုရဲ့ အနိုင်ကျင့်မှုအမြဲတမ်း ဆက်ကြုံနေရမယ်လို့ သတိပေးလိုက်ပါတယ်။

    ဒီကနေ့ နိုဝင်ဘာ ၂၂ရက်မှာ ပြုလုပ်တဲ့ ချင်းညီနောင်ရံပုံငွေရှာဖွေရေး အစီအစဉ်မှာ ဆလိုင်းထန်းချွန်းဖေက ညီညွတ်ရေးလိုအပ်မှုကို အလေးထားပြောကြားခဲ့ပြီး ညီညွတ်ရေးအတွက် မိမိအတ္တတွေ ဘေးဖယ်ထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

    ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်လူငယ်များရဲ့ စွမ်းဆောင်ရည်တွေကြောင့် စစ်ကောင်စီပိုအထိနာနေတာကို အားလုံးဝိုင်းဝန်းပူးပေါင်းပြီး နိဂုံးချုပ်ဖို့လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီဥက္ကဋ္ဌက ပြောကြားပြီး ပူးပေါင်းဆောင်ရွက်မှု အရမ်းအရေးကြီးတယ်လို့ တိုက်တွန်းပါတယ်။

    “ပူးပေါင်းဆောင်ရွက်မှုမရှိရင်တော့ အမည်အမျိုးမျိုးနဲ့ နာမည်ပြောင်းနေတဲ့ စစ်အုပ်စုရဲ့ နိုင်ထက်စီးနင်းမှု အမြဲတမ်းဆက်ပြီးကြုံနေရမှာပါ”လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
    ဒေသအသီးသီးရှိ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုတွေ စုပေါင်းစစ်ဆင်ရေးလုပ်နိုင်ဖို့လိုအပ်ကြောင်း သူက ပြောပါတယ်။

    “ဟန်ချက်ညီတဲ့စစ်ဆင်ရေးလုပ်မှသာလျင် ပိုပြီးအောင်မြင် ထိရောက်မယ်ဆိုတာ ကျနော်ပြောကြားလိုပါတယ်” လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

    စစ်ကောင်စီဟာ ဘုံရန်သူဖြစ်လို့ ဘုံရန်သူပျောက်အောင် ဦးစွာလုပ်ရမှာဖြစ်တယ်လို့ပြောပါတယ်။

    “ဘုံရန်သူပျောက်ပြီးမှသာလျင် ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။ ဒီစစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ဘာဖက်ဒရယ်မှ ဖြစ်လာမှာမဟုတ်ဘူး။ ဘယ်ဒီမိုကရေစီမှ ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ဆလိုင်းထန်းချွန်းဖေက ပြောကြားပါတယ်။

    အမျိုးသားတန်းတူရေးအတွက်အာမခံပေးတဲ့ အုပ်ချုပ်မှုစနစ်က စစ်အုပ်စုလက်အောက်မှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သဘောပေါက်ပြီး စုပေါင်းဆောင်ရွက်တဲ့စနစ်ကို အသွင်ကူးပြောင်းရန်လိုအပ်ကြောင်း တိုက်တွန်းပါတယ်။

    ချင်းပြည်နယ်မှာ ရှိနေတဲ့ လက်နက်ကိုင်တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုခံနေကြောင်း လည်း သူက ပြောပါတယ်။ လက်ရှိ ချင်းပြည်နယ်စစ်ရေးအခြေအနေကို အသိပေးခဲ့ပြီး ဖလမ်းဘက်မှာ စကမရဲ့ထိုးစစ်ကအပြင်းအထန်ခုခံနေရတဲ့အနေအထားဖြစ်တယ်လို့ ဆလိုင်းထင်းချွန်းဖေက ပြောပါတယ်။

    တီးတိန်ဘက်မှာလည်း ပြီးခဲ့တဲ့အပတ်တွေမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ အကြိမ် ၂၀ကျော် စစ်အင်အားဖြည့်တင်းနေလို့ ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းကခုခံတိုက်ခိုက်နေသလို ချင်းပြည်နယ်တောင်ပိုင်းမကွေးတိုင်းနဲ့ဆက်စပ်နေတဲ့ဒေသတွေမှာလည်း တိုက်ပွဲတွေက နေ့စဉ်ရှိနေတယ်လို့ အသိပေးပါတယ်။

    (ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ။ ဓာတ်ပုံ − Thang Chawm Phe)

  • Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ မအေမွန်အောင်တို့ဖြစ်

    Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ မအေမွန်အောင်တို့ဖြစ်

    ရန်ကုန်မြို့လယ် Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ မအေမွန်အောင်တို့ဖြစ်၊ နိုင်ငံခြားလူသတ်ဇာတ်ကားထဲမှ ပုံစံအတိုင်း သတ်ဖြတ်ခဲ့

    ရန်ကုန်မြို့လယ် Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ မအေမွန်အောင်တို့ဖြစ်ပြီး နိုင်ငံခြားလူသတ်ဇာတ်ကားထဲမှ ပုံစံအတိုင်း သတ်ဖြတ်ခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

    အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်ရှိ 32nd Beauty Land Hotel၊ ၅ လွှာ၊ အခန်းအမှတ် ၅၀၂ ပြတင်းပေါက်အပြင်ဘက် အသတ်ခံထားရသည့် အသက် ၂၃ နှစ်အရွယ် မစုမြတ်ဝင်း၏ အလောင်းကို တွေ့ရှိခဲ့ရသည်။

    သေဆုံးသူမှာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှဖြစ်ပြီး ပြစ်မှုကျူးလွန်သူများမှာ သာကေတမြို့နယ်၊ အမှတ် ၇ အရှေ့ရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေ အသက် ၁၈ နှစ်အရွယ် အေမွန်အောင်တို့ဖြစ်ကြောင်း သိရှိရသည်။

    ၎င်းတို့နှစ်ဦးစလုံးကို အောက်တိုဘာလ ၇ ရက်နေ့တွင် တစ်ရက်တည်း ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

    တရားခံ အောင်ခန့်ကျော်ဇင်၏ထွက်ဆိုချက်အရ ၎င်းသည် ဂိမ်းအလွန်အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံကြည့်ရှုလေ့ရှိကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့တွင် LEADER အမည်ရှိ Telegram Channel မှတစ်ဆင့် မစုမြတ်ဝင်းကို ပျော်ပါးရန်အတွက် အခကြေးငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီး ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ် ၅၀၂ တွင် ပျော်ပါးနေစဉ် ၎င်းကြည့်ရှုခဲ့သည့် လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများမှ ဇာတ်ဆောင်များအတိုင်း မစုမြတ်ဝင်းကို အသင့်ဆောင်ထားသည့် စတီးဓား ၂ ချောင်းဖြင့် ရက်စက်စွာသတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများအား လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    ထို့နောက် ၎င်း၏ရည်းစားဖြစ်သူ အေမွန်အောင်ကို အဆိုပါဟိုတယ်သို့ ခေါ်ဆောင်ကာ အခန်းအတွင်းပေကျံနေသည့် သွေးများကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက်ဖျက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    နောက်ဆက်တွဲ

    Beauty Land အမှုရဲ့ ပေါက်ကြားလာတဲ့ ရဲမှတ်တမ်း

  • မုံရွာမြို့နယ်၊ ရတုံရွာနှင့် ဘူးတောင်းကန်ရွာအကြားရှိ နေအိမ်တဲများကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်

    မုံရွာမြို့နယ်၊ ရတုံရွာနှင့် ဘူးတောင်းကန်ရွာအကြားရှိ နေအိမ်တဲများကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်

    မုံရွာမြို့နယ်၊ ရတုံရွာနှင့် ဘူးတောင်းကန်ရွာအကြားရှိ နေအိမ်တဲများကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၅ နှစ်နှင့် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရတုံရွာနှင့် ဘူးတောင်းကန်ရွာအကြားရှိ နေအိမ်တဲများကို အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅ နှစ်နှင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – မြို့နယ် ပလဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter များက မုံရွာမြို့နယ်၊ ရတုံရွာနှင့် ဘူးတောင်းကန်ရွာ အကြားရှိ တောတဲများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၈ နှစ်အရွယ် မအိရွှေရည်ဖြိုး ၊ အသက် ၅ နှစ်အရွယ် မောင်ဟိန်းထက် နှင့် အသက် ၃၀ နှစ်အရွယ် ကိုအောင်စိုးထွေးတို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေက ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ သေဆုံးတာ ၃ ဦးသေဆုံးတယ်။ ကလေးငယ် ၂ ဦးနဲ့ လူကြီး ၁ ဦး သေဆုံးတယ်လို့ သိရတယ်။ ဘာတိုက်ပွဲမှ မရှိဘဲ လာရောက် တိုက်ခိုက်သွားတာပါ” ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – မြို့နယ် ပလဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

    အလားတူ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ် လပြည့်ညကလည်း မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် အစပ်တွင် သီတင်းကျွတ် မီး ထွန်းပွဲတော်နှင့် ဆီမီးသပိတ်ပြုလုပ်နေစဉ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ် လေထီးများဖြင့် အကြိမ်ကြိမ် ဗုံးများ ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂၀ ဦးကျော်သေဆုံးခဲ့ပြီး ၄၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

  • မုံရွာမှာ စစ်အုပ်စုက ပွဲလမ်းသဘင်တွေထပ်လုပ်ပြီး ပေါ်တာဆွဲနိုင်လို့ လူငယ်တွေသတိထားဖို့​ တော်လှန်​ရေးအင်အားစု​တွေ သတိ​​ပေး

    မုံရွာမှာ စစ်အုပ်စုက ပွဲလမ်းသဘင်တွေထပ်လုပ်ပြီး ပေါ်တာဆွဲနိုင်လို့ လူငယ်တွေသတိထားဖို့​ တော်လှန်​ရေးအင်အားစု​တွေ သတိ​​ပေး

    မုံရွာမှာ စစ်အုပ်စုက ပွဲလမ်းသဘင်တွေထပ်လုပ်ပြီး ပေါ်တာဆွဲနိုင်လို့ လူငယ်တွေသတိထားဖို့​ တော်လှန်​ရေးအင်အားစု​တွေ သတိ​​ပေး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာစစ်အုပ်စုကစျေးရောင်းပွဲနဲ့ ဖျော်ဖြေပွဲတွေထပ်လုပ်ဖို့ စီစဥ်နေပြီး ပေါ်တာဆွဲနိုင်လို့လူငယ်တွေသတိပြုသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

    လာမယ့်နိုဝင်ဘာ ၂၈ ရက်ကနေဒီဇင်ဘာ ၂ ရက်အထိ ၅ ရက်တိုင် မုံရွာမြို့က ပြည်သူ့ဥယျာဥ်မှာ စစ်ကောင်စီက စျေးရောင်းပွဲတော်လုပ်ပြီး စတိတ်ရှိုးပါထည့်ဖို့စီစဥ်နေကြောင်းမြို့ခံတွေကပြောပါတယ်။

    စတိတ်ရှိုးပွဲမှာတော့ နန်းခင်ဇေယျာ၊ လမင်းကဗျာတို့နဲ့အတူ တခြားနာမည်မရသေးတဲ့ သရုပ်ဆောင် အဆိုတော်သစ်တွေလည်းပါဝင်မယ်လို့ဆိုပါတယ်။

    စစ်ကောင်စီဟာ ရွေးကောက်ပွဲနီးလာလို့ တိုင်းပြည်အေးချမ်းသယောင် ပွဲလမ်းသဘင်တွေလုပ်ပြနေတာဖြစ်ပြီး ပေါ်တာဆွဲတာတွေပါ ခံရနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

    “အခုချိန် မုံရွာမြို့ပေါ်က ရပ်ကွက်တွေမှာ ပေါ်တာဆွဲမှုတွေက ဆက်လက် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကျူးလွန်ထားတဲ့ နေပြည်တော်က စစ်ခေါင်းဆောင် ဖက်ဆစ်ကောင်တွေအတွက် ကျနော်တို့လူငယ်တွေရဲ့အသက်တွေ သေပေးနေရတာမျိုး၊ ဘဝပေးနေရတာမျိုးတွေဟာ ထိုက်တန်မှု မရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့ လူငယ်တွေအနေနဲ့ အသိ၊ သတိနဲ့ ယှဉ်ပြီး ပေါ်တာလုံးဝ အဆွဲမခံရအောင်နေထိုင်သွားလာ လှုပ်ရှားကြဖို့နဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအတွက်လည်း သေနတ်ထောက်ပြီး အဓမ္မ အသုံးချ မဲပေးခံရနိုင်တဲ့ဘေးကိုလည်း ဂရုပြု ရှောင်ရှားကြဖို့ ပြောချင်ပါတယ်။”လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

    ပြီးခဲ့တဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလတုန်းကလည်း မုံရွာမြို့ပေါ်မှာ စစ်တပ်က ပွဲလမ်းသဘင်တွေလုပ်ပေးခဲ့ပြီး ပွဲတော်ပြန်လူငယ်တွေကို ပေါ်တာဆွဲခဲ့ပါသေးတယ်။

    စစ်ကောင်စီဟာ မုံရွာမြို့ပေါ်မှာ ပွဲလမ်းသဘင်မရှိချိန်မှာလည်း လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေပြီး နေ့စဥ်ဖမ်းဆီးခံနေရကြောင်း မြို့ခံတွေက ပြောပါတယ်။

    (သီတင်းကျွတ်ကာလက မုံရွာမြို့ပေါ်မှာ ပြုလုပ်ခဲ့တဲ့ စတိတ်ရှိုးပွဲကို တွေ့ရစဥ်။ ဓါတ်ပုံ-တန်ခွန်ကျော်)

  • စစ်ဆင်ရေးလိုအပ်ချက်အရ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ကို Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်း

    စစ်ဆင်ရေးလိုအပ်ချက်အရ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ကို Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်း

    စစ်ဆင်ရေးလိုအပ်ချက်အရ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ကို Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်း

    ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ဟာ စစ်ဆင်ရေးလိုအပ်ချက်အရ အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်ရှိ Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း အဆိုပါတပ်ရင်းက နိုဝင်ဘာ ၂၀ရက်မှာ ကြေညာပါတယ်။

    ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)ကနေ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက် PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ Rangoon Warriors PDF တပ်ရင်းက တပ်ရင်းမဖြစ်တည်လာမီ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းတွေကို ဒီကနေ့ နိုဝင်ဘာ ၂၂ရက်မှာ ထုတ်ပြန်အသိပေးခဲ့ရာ မြို့ပြစစ်ဆင်ရေးတွေအပါအဝင် စစ်ကောင်စီ တပ်ရင်းဌာနချုပ်နဲ့ တပ်စခန်းတွေ သိမ်းပိုက်ခဲ့ရာမှာ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

    ၂၀၂၄ ဖေဖော်ဝါရီ ၅ရက်ကစတင်၍ ရန်ကုန်တိုင်း ပကဖရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့အဖြစ် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)ကို ဖွဲ့စည်းပြီး ပကဖလုပ်ငန်းစဥ်တွေနဲ့ စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

    Rangoon Warriors တပ်ရင်း မဖြစ်တည်လာမီ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းအချို့ကို နိုဝင်ဘာ ၂၁ရက်မှာ အသိပေးဖော်ပြထားရာ မြို့ပြပြောက်ကျား UG ရဲဘော်များအဖြစ် မြို့နယ်အလိုက်လှုပ်ရှားခဲ့စဥ်က ထင်ရှားသည့် စစ်ဆင်ရေးတွေကို အသိပေးခဲ့ပါတယ်။

    မြို့ပြပြောက်ကျား စစ်ဆင်စစ်ရေးတွေက ၂၀၂၃ ဧပြီက ခရမ်းမြို့ နယ်ကလ၀ကရုံး တိုက်ခိုက်မှု၊ သစ်တောဂိတ်နဲ့ ကရင်ကန်ဂိတ် တိုက်ခိုက်မှု၊ ၂၀၂၃ ဇန်နဝါရီက သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းဝင်ရောက်စီးနင်းမှု၊ ၂၀၂၂ ဧပြီက ခရမ်းမြို့နယ် ဇွဲတွန် ဂိတ်တိုက်ခိုက်မှု၊ ၂၀၂၂ စက်တင်ဘာက ကတုံးပေါ် ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်မှု၊ ၂၀၂၂ မတ်လမှာ ခရမ်းမြို့ စစ်ကောင်စီ အရာရှိတဦး နေအိမ် ဗုံးခွဲတိုက်ခိုက်မှု၊နဲ့ ခရမ်းမြို့ သစ်တောဂိတ်၊ လျှပ်စစ်ရုံး၊ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်မင၊ ၂၀၂၂ ဖေဖော်ဝါရီက သုံးခွရဲစခန်းအား တိုက်ခိုက်မှုစတဲ့ စစ်ဆင်ရေးတွေဖြစ်ပါတယ်။

    ထို့နောက် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အနေနဲ့ စုစည်းပြီးနောက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေ၊ တိုက်ခိုက်တာ၊ စစ်ကောင်စီယာဉ်တန်းတွေ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ၂၀၂၄ ဧပြီက စစ်တောင်းတံတား စစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီတပ်စွဲရာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို မေလမှာ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဇွန်လမှာလည်း အထက်အင်္ဂဘို လက်ပံပင်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ပြီး အဲဒီလမှာ ပဲခူးတိုင်းအစပ် သပြေကန်စစ်ဆေးရေးဂိတ်နဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်အနီး စကစတပ်စွဲရာနေရာအား ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။

    ၂၀၂၄ ဇူလိုင်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပူးပေါင်းပြီး KNU တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်တာ၊ ကျိုက်ထိုမြို့နယ် ဝါးပိုးချောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

    ၂၀၂၄ ဇူလိုင်မှာပဲ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့အနီး ကျောက်တန်းလေးကျေးရွာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာခဲ့သလို ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ ၁ဘက်က ရဲဘော် သာဒင်၊ရဲဘော် လရောင်၊ရဲဘော် မီးတောက်တို့ ကျဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။

    ၂၀၂၄ နိုဝင်ဘာမှာ ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အင်အား၂၀၀ပါ စစ်ကောင်စီ စစ်ကြောင်းကိုလည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တယ်လို့ ဆိုပါတယ်။

    ၂၀၂၅ မေလ မှာတော့ ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ရွာ အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၅၉၈) တပ်ရင်းဌာနချုပ် သိမ်းပိုက်မှုမှာလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း Rangoon Warriors PDF က တပ်ရင်းမဖွဲ့စည်းမီ ပါဝင်ခဲ့တဲ့ တိုက်ပွဲတွေအကြောင်း ပြောပြပါတယ်။

    Rangoon Warriors PDF က တပ်ရင်းအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ဖို့ စိစစ်ဆဲဖြစ်ပေမယ့် အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ တာဝန်တွေ ထမ်းဆောင်နေကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

    (Rangoon Warriors PDF တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – Rangoon Warriors PDF)