Category: News

  • လေယာဉ်ပျံ ဆိုက်တာ မိုးချုပ်လို့ ခရီးသည်တွေ အိမ်ပြန်ဖို့ စာထုတ်ရတဲ့ ရန်ကုန်လေဆိပ်

    လေယာဉ်ပျံ ဆိုက်တာ မိုးချုပ်လို့ ခရီးသည်တွေ အိမ်ပြန်ဖို့ စာထုတ်ရတဲ့ ရန်ကုန်လေဆိပ်

    ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ လေယာဉ်ပျံ ဆိုက်ရောက်တာ မိုးချုပ်လို့ ခရီးသည်တွေ အိမ်ပြန်ဖို့ စာထုတ်ရတဲ့ ရန်ကုန်လေဆိပ်

    ညဖက် မာရှယ်လော ထုတ်ထားဆဲ ဖြစ်တဲ့အပြင် တချို့မြို့နယ်တွေဆို ညဖက် သွားလာတာတွေ ခွင့်မပြု ဖြစ်နေကြဆဲ ဆိုတဲ့ စာတစောင်ပါ။

    ကလပ်တွေကတော့ တညလုံး မိုးအလင်းဖွင့်သလို ကြိုက် တဲ့ အချိန် ကြိုက်သလို ဒိုးလို့ ရတယ်။

    လူကောင်းတွေ ကြောက်ရတဲ့ ခေတ်ဆိုတာ ဒါမျိုးကို ဆိုလိုတာ။

    ထူးထူး ခြားခြား သမိုင်းမှတ်တမ်း စာရွက်မို့ မျှဝေပေးလိုက်ပါတယ်။

    Credit

  • မန္တလေးစျေးချိုတော် ဆန္ဒပြပြီးနောက် စစ်အုပ်စုက စျေးသည်တွေကို ရန်ပြု၊ စျေးဆိုင်တွေ ဖျက်ဆီး

    မန္တလေးစျေးချိုတော် ဆန္ဒပြပြီးနောက် စစ်အုပ်စုက စျေးသည်တွေကို ရန်ပြု၊ စျေးဆိုင်တွေ ဖျက်ဆီး

    အင်အား ၂၀၀ ကျော်နဲ့ စျေးဆိုင် ၅၀ ကို ဖျက်ဆီးခဲ့တာလို့ စစ်လော်ဘီတွေ အောင်ပွဲခံ သတင်းဖြန့်

    မန္တလေးမြို့ စျေးချိုတော်အနီးမှာ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေက ဖက်ဆစ်တပ် အမြတ်ဖြတ်ရေး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ပြီးနောက် စစ်အုပ်စုက အဲ့ဒီ ဆန္ဒပြသပိတ်ပြုလုပ်ခဲ့တဲ့ နေရာကို စီးနင်းကာ စျေးဆိုင်တွေကို အကြမ်းဖက် ဖျက်ဆီးသွားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

    ဒီဇင်ဘာ ၄ရက် မနေ့က ညပိုင်းက စတင်ကာ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက လက်နက်အားကိုးနဲ့ မန္တလးစျေးချိုတော် အနီးတဝိုက်ကို စီးနင်းကာ စျေးဆိုင်တွေကို ညလုံးပေါက် ဖျက်ဆီးတာလို့ ဆိုပါတယ်။

    ဒီဇင်ဘာ ၃ရက် မနက်ပိုင်းက စျေးချိုတော်အနီး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ကြောင်း ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ သပိတ်အဖွဲ့တွေက ဒီဇင်ဘာ ၄ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပြီးနောက် စစ်အုပ်စုက ညပိုင်းမှာ စျေးဆိုင်တွေ ဖျက်ဆီး၊ စျေးသည်တွေကို ရန်ပြုသောင်းကျန်းသွားတာလို့ ဆိုပါတယ်။

    “ညက (စျေးချိုတော်ဧရိယာ) ၂၉ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်း ဈေးဘက်တွေ ခွေးတွေ ၀င်မွှေသွားတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

    မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဦးဆောင်ကာ စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီးနဲ့ အပြာယူနီဖောင်းဝတ်တွေက စျေးသည်တွေကို ဆဲဆိုရန်ပြုပြီး စျေးဆိုင်တွေကို ဖျက်ဆီးတာလို့ ဆိုပါတယ်။

    “ညဘက်ကြီး၊ နေ့ဘက် လူမြင်မှာစိုးလို့နေမှာ သူတို့သောင်းကြမ်းတာကို” လို့ မြို့ခံတစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။

    ဒေါက်တာတေဇာဆန်း လာရောက်ဆန္ဒပြတဲ့အတွက် အဲ့ဒီ လမ်းဘေးက စျေးဆိုင်တွေကို သွားရောက်ဖျက်ဆီးခဲ့တာလို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

    ဒီဇင်ဘာ ၄ရက် မနေ့က ည၁၀နာရီမှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြိုနယ်၊ ချမ်းအေးသာစံ အနောက်ရပ်ကွက်၊ ၂၉ လမ်း၊ ၈၄လမ်းနဲ့ ၈၅ လမ်းကြားရှိ ပျံကျဈေးကို အာဏာသိမ်းစစ်အုပ်စုရဲ့ မြိုနယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ မြိုနယ်ရဲတပ်ဖွဲမှူး၊ မန္တလေးမြိုတော် စည်ပင်သာယာရေးကော်မတီ၊ ဈေးနဲ့သားသတ်ဌာနမှူး၊ မြိုနယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်ရဲတပ်ဖွဲ့၊ မြိုနယ်ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး (အပြာဝတ် လက်နက်ကိုင်)၊ စုစုပေါင်း အင်အား ၂၃၅ ယောက်နဲ့ Dump Truck သုံးစီး၊ Wheel Loader တစ်စီးနဲ့ သွားရာက်ကာ အသီးအနှံ၊ သစ်သီးမျိုးစုံ ရောင်းချတဲ့ ဈေးဆိုင် ၅၀ခန့်ကို ဖျက်ဆီးခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၅ရက် ဒီကနေ့ မနက် ၄နာရီခွဲမှာ ဖျက်ဆီးတဲ့ လုပ်ငန်းတွေ အပြီးသတ်ခဲ့တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

    စစ်အုပ်စုဟာ စျေးဆိုင်တွေ ဖျက်ဆီးပြီးနောက် အဲ့ဒီ ဆန္ဒပြသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ စျေးချိုတော် အနီးတဝိုက်ကို ဒီကနေ့ မနက်ပိုင်းအထိ လမ်းတွေ ပိတ်ဆို့ထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဖက်ဆစ်တပ် အမြတ်ဖြတ်ရေးနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဒီဇင်ဘာ ၃ရက် မနက်ပိုင်းက မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း၊ ရန်ကုန် သပိတ်ခေါင်းဆောင် ကိုနန်းလင်းနဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ကာ ဆန္ဒပြသပိတ်ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

    မန္တလေးမြို့လယ်အထိ သွားရောက်ဆန္ဒပြခဲ့တဲ့ သပိတ်ခေါင်းဆောင်တွေ အားလုံး လက်ရှိမှာ အန္တရာယ် ကင်းကင်းနဲ့ မူလနေရာတွေဆီ ပြန်လည် ရောက်ရှိနေကြပြီလို့ သပိတ်မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

    အဲ့ဒီလို မန္တလေးမြို့လယ် ဆန္ဒပြသပိတ်ပြုလုပ်ခံရပြီးနောက် မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက ဖမ်းမိတဲ့သူတွေကို သတ်ဖြတ်ပြမယ်လို့ အော်ဟစ်ဆဲဆို ခြိမ်းခြောက်ခဲ့သလို လက်ရှိမှာ ဆန္ဒပြတဲ့နေရာအနီးက စျေးသည်တွေနဲ့ စျေးဆိုင်တွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ရန်ပြု ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

  • တရုတ်၏ မြေရှား အလွန်အကျွံတူးမှုကြောင့် မြန်မာ့သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှု ထိန်းမရ သိမ်းမရ ဖြစ်လာ

    တရုတ်၏ မြေရှား အလွန်အကျွံတူးမှုကြောင့် မြန်မာ့သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှု ထိန်းမရ သိမ်းမရ ဖြစ်လာ

    ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးဖော်မှုများကို အသစ်ချထားပေးခြင်းမရှိဘဲ မူလလုပ်ကွက်အဟောင်းများကိုသာ ဆက်လက်ခွင့်ပြုထားဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူပြော

    တရုတ်၏ မြေရှား အလွန်အကျွံတူးမှုကြောင့် မြန်မာ့သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှု ထိန်းမရ သိမ်းမရ ဖြစ်လာ

    ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးဖော်မှုများကို အသစ်ချထားပေးခြင်းမရှိဘဲ မူလလုပ်ကွက်အဟောင်းများကိုသာ ဆက်လက်ခွင့်ပြုထားကြောင်း KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

    ယခု ၂၀၂၅ ခုနှစ် ၉ လအတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှုမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိခဲ့ပြီး ကမ္ဘာ့မြေရှားတူးဖော်မှုတွင် မြန် မာ နိုင်ငံက အဓိကပါဝင်သူအဖြစ် ဆက်ရှိနေကြောင်း၊ ၂၀၂၄ ခုနှစ် စာရင်းများအရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုတွင် တရုတ်နိုင်ငံက ၆၁ ရာ ခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး မြန်မာနိုင်ငံက ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေကြောင်း၊ ၂၀၂၅ ခုနှစ် ၉ လအတွင်း မြန်မာ နိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု လျော့ကျခဲ့သော်လည်း တည်ငြိမ်စိတ်ချရသည့် မြေရှားထောက်ပံ့ရေးကွင်းဆက်ကို တရုတ်နိုင်ငံ ကရှာဖွေနေသဖြင့် မြန်မာနိုင်ငံတွင် မြေရှားတူးဖော်မှု ပိုများလာနိုင်ကြောင်း Institute for Strategy and Policy- Myanmar က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ဗိုလ်မှူးကြီးနော်ဘူက ကချင်ပြည်နယ်တွင်မူ မြေရှားသတ္တု တူးဖော်မှုများနှင့်ပတ်သက်၍ လုပ်ကွက်အဟောင်းများကိုသာ ဆက်လက်ခွင့်ပြုပြီး လုပ်ကွက်အသစ်များ ချထားပေးခြင်းမရှိကြောင်း၊ မြေရှားသတ္တုနှင့်ပတ်သက်၍ ယခင်ခွင့်ပြုထားပြီးသားမှလွဲ၍ အသစ်ခွင့်ပြုမှုများမရှိကြောင်း ရှင်းပြသည်။

    “ကျနော်တို့ မြေရှားကတော့ လုပ်ကွက်အဟောင်းတွေကိုပဲ ဆက်လက်လုပ်နေတာပါ။ အသစ်ချထားပေးတာမရှိပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။

    Institute for Strategy and Policy- Myanmar ၏ အဆိုအရ ၂၀၂၅ ခုနှစ် ၉ လအတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၂၄ သန်း (တန်ချိန် ၂၈,၀၀၀ ကျော်)ရှိခဲ့ပြီး ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်ပါက ဒေါ်လာ သန်း ၁၀၀(တန်ချိန် ၁၀,၀၀၀ ကျော်)လျော့ကျခဲ့ကြောင်း၊ မြေရှားသတ္တုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) နှင့် တရုတ်ကုမ္ပဏီများက ထုတ်လုပ်နေကြောင်း ထုတ်ဖော်ထားသည်။

    ကချင်ပြည်နယ်သာမက ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်ပါ တူးဖော်မှုများ တိုးချဲ့လာကြကြောင်း၊ ဥပမာအားဖြင့် UWSA ထိန်းချုပ်ဒေသ မိုင်းယွန်း၊ မိုင်းပေါက်နှင့် NDAA ထိန်းချုပ်ဒေသ မိုင်းယောင်းမြို့နယ်တို့၌ ယခုနှစ်ဆန်းပိုင်းတွင် မြေရှားလုပ်ကွက် ၂၀ ထက်မနည်းတိုးလာနေကြောင်း၊ တဖက်တွင်လည်း သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်မှု ပိုများလာနိုင်သည်။ နိုင်ငံဖြတ်ကျော် သက်ရောက်မှုများကြောင့် ထိုင်းကဲ့သို့ အိမ်နီးချင်းများကလည်း မြေရှားတူးဖော်တင်ပို့မှုများကို အလေးထားကိုင်တွယ်ရန် ပြင်ဆင်လာကြကြောင်း Institute for Strategy and Policy- Myanmar က ဆက်လက်ပြောဆိုသည်။

    ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသရှိ နမ့်ခုတ် မြစ်တလျှောက်တွင် မြေရှားသတ္တုနှင့် ရွှေသတ္တုတွင်းများ တိုးချဲ့လာသည်ကို ဂြိုဟ်တုဓာတ်ပုံများအရ တွေ့မြင်နေရပြီး အဆိုပါ သတ္တုတွင်းများသည် တရုတ်အစိုးရက ကျောထောက်နောက်ခံ ပြုထားသော China Investment Mining ကုမ္ပဏီက လည်ပတ်လုပ်ကိုင်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အောက်တိုဘာလအတွင်း အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်ခဲ့သည်။

    အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများအရ နမ့်ခုတ်မြစ်တစ်လျှောက်တွင် မြေရှားနှင့် ရွှေတူးဖော်မှုများ တိုးချဲ့လာနေသည်ကို တွေ့မြင်ရပြီး အထင်ရှားဆုံး ပြောင်းလဲမှုသည် ထိုင်းနယ်စပ်မှ ကီလိုမီတာ ၃၀ အကွာ ရှိ မြစ်အထက်ပိုင်းမှ ရွှေသတ္တုတူးဖော်ရေး ဧရိယာတွင်တွေ့မြင်ရခြင်းဖြစ်ကြောင်း၊ အဆိုပါနေရာ၌ သစ်တောဖုံးလွှမ်းသော တောင်စောင်းများကို ကုတ်ခြစ်တူး ဖော်၍ လမ်းသစ်များနှင့် သတ္တုတွင်းများကို ကွန်ရက်သဖွယ် တိုးချဲ့တူးဖော်ထားကြောင်း၊ မြေကြီးထဲမှ ထွက်လာသည့် သတ္တုဓာတ်များ ပါဝင်သော သတ္တုတွင်းများမှ စီးဆင်းလာသည့် ရေများသည် နမ့်ခုတ်မြစ် အတွင်းသို့ တိုက်ရိုက် စီးဝင်နေသည်ကို တွေ့မြင်ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောဆိုသည်။

    နမ့်ခုတ်မြစ်အနီးရှိ မြစ်၏အနောက်ဘက်တစ်ခြမ်းနှင့် အရှေ့ဘက်တစ်ခြမ်းမှ မြေရှားသတ္တုတွင်း နှစ်ခုစ လုံးသည် ယခုအခါ တိုးချဲ့မှုအသစ်များကိုတွေ့နေရပြီး နှစ်ခုစလုံးသည် တောင်စောင်းများအတွင်းသို့ ဓာတုပစ္စည်း ပမာဏအများအပြား ထိုးသွင်းရသည့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော ‘in-situ leaching’ နည်းလမ်းကို အသုံးပြုနေကြကြောင်း၊ ၂၀၂၅ ခုနှစ် မေလအတွင်းက ရိုက်ကူးခဲ့သည့် ဂြိုဟ်တု ဓာတ်ပုံများအရ နမ့်ခုတ်မြစ် အနောက်ဘက်ခြမ်းရှိ မြေရှားသတ္တုတွင်းသည် စက်ဝိုင်းပုံ သန့်စင်ကန်များကို တည်ဆောက်ဆဲ ဖြစ်သော်လည်း လက်ရှိတွင်မူ အဆိုပါ ကန်များ တည်ဆောက်ပြီးစီးသွားပြီး အနက်ရောင်အမိုးများဖြင့် ဖုံးအုပ်ထားသည်ကို တွေ့မြင်ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထောက်ပြဆိုသည်။

    ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကတည်းက လည်ပတ်နေပုံရသည့် အရှေ့ဘက်ခြမ်းရှိ မြေရှားသတ္တုတွင်း သည် လည်းဆက်လက် လည်ပတ်နေဆဲဖြစ်ပြီး ထူးခြားချက်မှာ လုပ်ငန်းခွင်၏ အရှေ့မြောက်ဘက်ကဏ္ဍတွင် အဆောက်အအုံသစ် အများအပြားကို တွေ့မြင်ရသည့်အတွက် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာသည်ကို ပြသနေကြောင်း၊ ထိုသို့ နမ့်ခုတ်မြစ်ကို အန္တရာယ်ဖြစ်စေသည့် ညစ်ညမ်းမှုများ ရှိနေသည့်ကြားက ဤသတ္တုတွင်းနေရာသုံးခုကို တိုးချဲ့နေခြင်းသည် နယ်စပ်နှစ်ဖက်စလုံးရှိ လူထုအသိုင်းအဝိုင်းများအပေါ် သက်ရောက်မှုရှိနေသဖြင့် အလွန်အမင်း စိုးရိမ်စရာကောင်းကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတိပေးသည်။​ြ

    မိုင်းဆတ်မြို့နယ်အရှေ့ပိုင်း မိုင်းယွန်းဒေသကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မြန်မာစစ်အစိုးရတို့က ပူးတွဲထိန်းချုပ်ထားခြင်းဖြစ်ပြီး သတ္တုတွင်းများ လည်ပတ်နိုင်ရန်အတွက် အဖွဲ့အစည်း နှစ်ခုစလုံးထံမှ ခွင့်ပြုချက် ရယူရန် လိုအပ်ကြောင်း၊ အတွင်းပိုင်းသတင်းရင်းမြစ်များ၏အဆိုအရ၊ မိုင်းယွန်းရှိ နမ့်ခုတ်မြစ်တလျှောက် မြေရှားသတ္တုတွင်းများနှင့် အဓိက ရွှေတူးဖော်ရေးလုပ်ငန်း နှစ်မျိုးစလုံးကို လုပ် ကိုင်နေသူမှာ China Investment Mining Company ဖြစ်ပြီး အဆိုပါကုမ္ပဏီသည် လာအိုနိုင်ငံ မြောက်ပိုင်းတွင်လည်း မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

    China Investment Mining ကုမ္ပဏီ ၏ ၉၀ ရာခိုင်နှုန်းကို Shanghai Chijin Xiawu Metal Resources Co. Ltd. က ပိုင်ဆိုင်ထားပြီး အဆိုပါ ကုမ္ပဏီသည် လာအိုနိုင်ငံတွင် မြေရှားသတ္တု အရင်းအမြစ်များ တူးဖော်ထုတ်လုပ် ရန်အတွက် တရုတ်အစိုးရ ကျောထောက်နောက်ခံရှိ Xiamen Tungsten Corporation နှင့် တရုတ် နိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက ရွှေထုတ်လုပ်သူ Chifeng Gold တို့မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်း ခဲ့သော ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်သည့်အပြင် Xiamen Tungsten Corporation (XTC) သည် တရုတ်နိုင်ငံ၏ အဓိက မြေရှားသတ္တု ကော်ပိုရေးရှင်းကြီး တစ်ခုဖြစ်ကြောင်း သိရှိသည်။

    အဆိုပါ ကုမ္ပဏီက လုပ်ဆောင်နေပြီးဖြစ်သည့် လာအို မြောက်ပိုင်းရှိ မြေရှား သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ ကုမ္ပဏီသည် နမ့်ခုတ်မြစ်ဝှမ်းဒေသတွင်ပါ သတ္တုတွင်း တူးဖော်မှုများကို လုပ်ဆောင်လာနေသည့်အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ၊ ဒေသခံပြည်သူများ ထိခိုက်မှုများနှင့် နမ့်ခုတ်မြစ်မှာ စီးဆင်းသွားသည့် ဓာတုအညစ်အကြေးပါ စွန့်ပစ်ရေများကြောင့် မဲခေါင်မြစ်တစ်လျှောက် မှီတင်းနေထိုင်ကြသူ သန်းနှင့် ချီ ထိခိုက်မှုများနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဆက်ပြောသည်။

    “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ၏ မြေရှားသတ္တုတွင်းများကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်ရှိ နမ့်လွေမြစ် ကမ်းတလျှောက် လယ်ယာမြေ ဧကပေါင်းများစွာ နှုန်းတင် ရေကြီးပြီး လယ်ယာမြေများပျက်စီးလာကြောင်း ယင်းဒေသများမှ လူ့အခွင့် အရေးလှုပ်ရှားသူများက ထောက်ပြ ပြောဆိုကြသည်။

  • ကျားဖြန့်မှာ မြန်မာစစ်တပ် ပါဝင်နေတယ်လို့ အမေရိကန် သတ်မှတ် (ရုပ်/သံ)

    ကျားဖြန့်မှာ မြန်မာစစ်တပ် ပါဝင်နေတယ်လို့ အမေရိကန် သတ်မှတ် (ရုပ်/သံ)

    နိုင်ငံခြားငွေလိမ်လည်မှုဂိုဏ်းများ ဖြိုခွင်းရေး အက်ဥပဒေ (Dismantle Foreign Scam Syndicates Act) HR 5490 ကို အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက ဒီဇင်ဘာ ၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

    အမေရိကန်အစိုးရအေဂျင်စီတွေ စုပေါင်းပါဝင်မယ့် လုပ်ငန်းအဖွဲ့ ဖွဲစည်းရေးနဲ့ ပတ်သက်တဲ့ ဒီဥပဒေကို ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူမရှိတာကြောင့် အတည်ပြုလိုက်ကာ လွှတ်တော်အစည်းအဝေးတွေကို ဆက်လက်တင်သွင်းသွားမှာ ဖြစ်ပါတယ်။

    နိုင်ငံခြားရေးကော်မတီရဲ့ အတည်ပြုချက်ထဲမှာ ကျားဖြန့်လုပ်ငန်းမှာ မြန်မာစစ်တပ်က ပါဝင်နေပြီး အွန်လိုင်းကျားဖြန့် လိမ်လည်မှုကို ခွင့်ပြုတယ်၊ လျစ်လျူရှု့တယ်၊ အမြတ်အစွန်းရယူတယ်လို့ ပါရှိပါတယ်။

    မြန်မာစစ်တပ်ရဲ့ ပါဝင်ပတ်သက်နေမှုတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။

    အမေရိကန်ပြည်သူတွေကို ထိခိုက်နစ်နာစေတဲ့ ဒီကျားဖြန့် လုပ်ငန်းတွေကို ဖြိုခွင်းဖို့ဟာ အရေးတကြီး လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း အတည်ပြုဆုံးဖြတ်လိုက်ကြပါတယ်။

    ကျားဖြန့်လုပ်ငန်းမှာ မြန်မာစစ်တပ်ဘယ်လိုပါဝင်ပတ်သက်နေတာလဲ၊ ဒီဥပဒေအရ ဘယ်လိုအရေးယူနိုင်မှာလဲ၊ အမေရိကန်ရဲ့ ကျားဖြန့်နှိမ်နင်းရေးကို ဘယ်လိုတွေ ဆောင်ရွက်နေတာလဲဆိုတာတွေနဲ့ပတ်သက်ပြီး Burma Research Institute ရဲ့ CEO ဖြစ်တဲ့ Pu Zo Tum Hmung ကို ဆက်သွယ်မေးမြန်းထားပါတယ်။

  • ဒေါက်တာတေဇာဆန်း ဦးဆောင်၍ အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် တရားမဝင် ရွေးကောက်ပွဲကို လူထုတရပ်လုံး ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် ဆန္ဒပြ (ရုပ်/သံ)

    ဒေါက်တာတေဇာဆန်း ဦးဆောင်၍ အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် တရားမဝင် ရွေးကောက်ပွဲကို လူထုတရပ်လုံး ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် ဆန္ဒပြ (ရုပ်/သံ)

    မန္တလေးမြို့လယ် ဈေးချိုအနီး ဒေါက်တာတေဇာဆန်း ဦးဆောင်၍ အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် တရားမဝင် ရွေးကောက်ပွဲကို လူထုတရပ်လုံး ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် ဆန္ဒပြ (ရုပ်/သံ)

    ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် အသံတိတ်သပိတ်တွင် ပြည်သူအားလုံးပူးပေါင်း ပါဝင်ကြရန် တောင်းဆို

    မန္တလေးမြို့လယ် ဈေးချိုအနီး ဒေါက်တာတေဇာဆန်း ဦးဆောင်၍ အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် တရားမဝင် ရွေးကောက်ပွဲကို လူထုတရပ်လုံး ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် ဆန္ဒပြခဲ့ကြောင်း သိရသည်။

    ထို ဆန္ဒပြပွဲတွင် အကြမ်းဖက် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုအရေးတော်ပုံတပ်သားများဖြစ်သော ဒေါက်တာတေဇာဆန်း ၊ ကိုနန်းလင်း (ရန်ကုန်) ၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း) တို့အပါအဝင် ရဲဘော်ရဲဖက်များနှင့် ပြည်သူလူထုနှင့် အတူ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ လူထုလှုပ်ရှားမှုကို အာဏာရူး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ စစ်သင်တန်းဆင်းပွဲကို တက်ရောက်နေတဲ့ရက် စကားပြောနေတဲ့အချိန်တွင် မန္တလေးလယ်၌ စစ်မိစ္ဆာဘီလူးများ သောင်းကျန်းနေတဲ့အချိန် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြည်သူလူထု၏ ပါဝင် ကူညီစောင့်ရှောက်မှုနှင့် အတူ ဘေးအန္တရာယ်ကင်းစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    စစ်အာဏာရှင်စနစ်သည် တိုင်းပြည်နှင့် လူထုတရပ်လုံးအတွက် ဘုံရန်သူဖြစ်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးသည် တိုင်းပြည်အတွက် ဘုံရည်မှန်းချက်ဖြစ်ကာ လူထုတရပ်လုံးအတွက် သမိုင်းပေးတာဝန် ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ရသည်မှာ အရင်းအနှီး၊ အထိအခိုက်များ ကြီးမားကြောင်း၊ သို့သော် အာဏာရှင် စနစ်အောက်တွင် ခေါင်းငုံ့လည်ဆင်းခံပြီး စနစ်သက်ဆိုးရှည်သွားလျှင် တိုင်းပြည်၌ ဖြစ်လာမည့် နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုက ပိုပြီးတော့ ကြီးမားကြောင်း၊ ထို့ကြောင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ပိုမို သန်မာကြမည်ဖြစ်ပြီး ပိုမို စုစည်းကြမည်ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောဆိုသည်။

    ထို့ပြင် ဆန္ဒပြပွဲတွင် ပါဝင်သူများက အဓမ္မ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့နဲ့အကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရေး၊ စစ်အုပ်စုက အတင်းအဓမ္မ ပြင်ဆင်နေတဲ့ “ရွေးကောက်ပွဲ” သည် တိုင်းပြည်၏ လက်ရှိနိုင်ငံရေး ပြဿနာအတွက် “ထွက်ပေါက်” မဟုတ်ဘဲ “ထောင်ခြောက်” သာဖြစ်ပြီး “အတုအယောင်၊ တရားမဝင် ရွေးကောက်ပွဲ” ကို လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်နေကြရန်၊ စစ်အုပ်စုသည် အဓမ္မစစ်မှုထမ်းဥပဒေကို အတင်းပြုကျင့်ပြီး လူထုတရပ်လုံးကို အမျိုးမျိုး ဖိနှိပ် အနိုင်ကျင့်နေပြီး လူငယ်လူရွယ်များစွာကို သေတွင်းထဲကို ပို့နေသော “အဓမ္မစစ်မှုထမ်း ဥပဒေ” ကို လုံးဝ ဖျက်သိမ်းရေးတို့ကိုလည်း တောင်းဆိုခဲ့ကြောင်း သိရသည်။

    ဒီဇင်ဘာလ ၁၀ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့)တွင် တစ်နိုင်ငံလုံး လူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike) ဆင်နွှဲပြီး ဒီလူထုသဘောထားနှင့် တောင်းဆိုချက် ၃ ရပ်ကို ဖော်ထုတ် တောင်းဆိုကြရန်နှင့် လူထုတိုက်ပွဲလှုပ်ရှားမှု၌ ပြည်သူလူထုအားလုံး အတူတကွ ပူးပေါင်း ပါဝင်ဆင်နွှဲကြရန် တိုက်တွန်းထားသည်။

    ပြည်သူ့နွေဦးတော်လှန်ရေးကြီးသည် “ပြည်သူသာ အဓိက” ဖြစ်ပြီး ပြည်သူအားလုံး တော်လှန်ရေးသမားများ ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းရေးအတွက် “လက်နက်ကိုင်တိုက်ပွဲ” တခုတည်းကိုသာ လုံးလုံး လျားလျား အားပြုနေ၍ မရဘဲ “လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု” များကို အသိ၊ သတိ၊ သတ္တိ၊ ဉာဏ်ပညာနဲ့ယှဉ်ပြီး ဖော်ဆောင်ကြဖို့ အထူး အရေးကြီးကြောင်း သပိတ်အင်အားစုများက ပြောဆိုထားသည်။