Category: News

  • လက်အောက် ငယ်သားများကို အကာ အကွယ်ပေးမှုများဖြင့် နာမည်ပျက် အပုတ်နံ့လှိုင်ထွက်လာ

    လက်အောက် ငယ်သားများကို အကာ အကွယ်ပေးမှုများဖြင့် နာမည်ပျက် အပုတ်နံ့လှိုင်ထွက်လာ

    ညိုစော ဝန်ကြီးချုပ်ဖြစ်ပြီး ၄ လကျော်အကြာ လာဘ်ပေးလာဘ်ယူမှုများ၊ နီးစပ်သူများကို လုပ် ငန်း နှင့်လိုင်စင်ချထားပေးမှုများ၊ အလွဲ သုံးစားလုပ်နေသော လက်အောက် ငယ်သားများကို အကာ အကွယ်ပေးမှုများဖြင့် နာမည်ပျက် အပုတ်နံ့လှိုင်ထွက်လာ

    ဗိုလ်ချုပ်ကြီးဟောင်း ညိုစောမှာ ဝန်ကြီးချုပ်ဖြစ်ပြီး ၄ လကျော်အကြာ လာဘ်လာဘ်ယူမှုများ၊ နီးစပ်သော အသိုင်းအ၀ိုင်းကို လုပ်ငန်းလုပ်ခွင့်နှင့် လိုင်စင်ချထားပေးမှုများ၊ အလွဲသုံးစား လုပ်နေသော လက်အောက်ငယ်များကို အကာအကွယ်ပေးမှုများဖြင့် နာမည်ပျက် အပုတ်နံ့လှိုင်ထွက်လာသော်လည်း တစ်စုံတစ်ရာ အရေးယူမှု မရှိသေးကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    ယခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် မင်းအောင်လှိုင်က ညိုစောကို နိုင်ငံတော်ဝန်ကြီးချုပ် ရာထူး တာဝန်ပေး အပ်ပြီး နိုင်ငံ၏ အရေးပါသော ဘဏ္ဍာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ၊ ကုန်သွယ်ရေးဗဟိုအဖွဲ့ ၊ ရင်းနှီး မြှုပ်နှံမှုကော်မရှင် အပါအဝင် အမျိုးသားအဆင့် ကော်မတီနှင့် ဗဟိုကော်မတီ ၁၃ ခုတွင် ဥက္ကဋ္ဌနှင့် အရေး ပါသော ဆုံးဖြတ်သူအဖြစ် ခန့်အပ်ခဲ့သည်။

    နိုဝင်ဘာလအတွင်း ဝန်ကြီးချုပ် ညိုစော၏ သူငယ်ချင်းအရင်းဖြစ်သူ ဒုဝန်ကြီး ဦးသန့်စင်နှင့် စွမ်း အင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော် တို့ကို စက်သုံး ဆီတင်သွင်းခွင့်နှင့် ဆီခွဲတမ်းများ ချထားပေးရာတွင် ငွေကျပ် ဘီလီယံ ၅၄၀ ကျော် အခွန်ကွာဟမှု ၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် စစ်ထောက် လှမ်းရေးက ဖမ်းဆီးအရေးယူခဲ့သည်။

    ဖမ်းဆီးခံရသော စွမ်းအင်ဒုဝန်ကြီး သန့်စင်က စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ်ဆောင် ရွက်ခဲ့ပြီး ထိုသို့ ဆောင်ရွက်ရာတွင် ဝန်ကြီးချုပ် ညိုစောထံမှ အတည်ပြုချက်ရယူ၍ စက်သုံးဆီ ခွဲတမ်းချပေးခြင်း၊ တင်သွင်းခွင့်နှင့် သယ်ယူခွင့်ပေးခြင်းများကို ခွင့်ပြုပေးခဲ့ရသူဖြစ်သည်။

    စွမ်းအင်ဒုဝန်ကြီး သန့်စင်၏ အဂတိလိုက်စားမှုတွင် ဝန် ကြီးချုပ် ညိုစော တစ်နည်း တစ်ဖုံ ပါဝင်ပတ်သက်လျက်ရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    ယင်းအပြင် ညိုစော ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီကလည်း ၄ လအတွင်း သွင်းကုန်လိုင်စင်များနှင့် နိုင်ငံခြားငွေအသုံးပြုခွင့်များကို နီးစပ်သော အသိုင်းအ၀ိုင်းကို ချထားပေးခဲ့ရာ ယင်းကဲ့သို့ မမှန်မကန်လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး တိုင်ကြားမှုများရှိနေကြောင်း သိရှိရသည်။

    “ဗိုလ်ချုပ် ညွှန့်စောကို အိတ်ကပ်ထဲ ထည့်ထား တဲ့ အတွက် ပွင့်ပွင့်လင်းလင်း ပြောရရင် ကုန်သည်တွေက သွင်းကုန်ပါမစ်တွေ ရနေတာ။ ခရိုနီတွေက သူတို့မှာ Import လိုင်စင်တွေ လိုသလောက် ရှိတယ်” ဟု မဟာနဒီထရေးဒင်းကုမ္ပ ဏီမှ ဒါရိုက်တာရဲမင်းလွင်က ပြောဆိုသည်။

    ယင်းအပြင် သွင်းကုန်တင်သွင်းခွင့်ရရှိနေသော လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံ ခြားငွေ သုံးစွဲခွင့်ရရှိရန်အတွက် ဝန်ကြီးချုပ်ညိုစောထံသို့ လာဘ် ထိုးရပြီး အနည်းဆုံး သိန်း ၅၀၀ မှ သိန်းထောင်ချီ လာဘ်ထိုးရကြောင်း၊ ဝန်ကြီးချုပ် ညိုစောထံသို့ တိုက်ရိုက်ပေးရခြင်းမဟုတ်ဘဲ သူ၏ လက် အောက် ငယ်သားအဖွဲ့များက လာဘ်ငွေရယူခြင်းဖြစ်ကြောင်း သိရှိရသည်။

    “သွင်းကုန်သမားတွေအတွက် အဓိက နိုင်ငံခြားငွေအသုံးပြုခွင့် ခွင့်ပြုချက်ရဖို့ပဲ။ အဲဒါအတွက်က နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီရဲ့ ခွင့်ပြုချက် လိုအပ်တယ်။ အဲဒီအတွက်က ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက် လက်မှတ်ရဖို့အတွက် လာဘ်ထိုးရတယ်” ဟု ကုန်သည်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ညိုစောမှာ ဝန်ကြီးချုပ်အဖြစ် တာဝန်မယူမီ ဗိုလ်ချုပ်ကြီးရာထူးဖြင့် အကြမ်း ဖက် မင်းအောင် လှိုင်၏ အကြံပေး အဖြစ် လုပ်ခဲ့သူဖြစ်ကာ သန်းရွှေခေတ်တွင်လည်း သန်းရွှေ၏ စိတ်ချ ယုံကြည်အားကိုးရသော တပည့်ရင်းတစ်ဦးဖြစ်ခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

    ညိုစောသည် ၂၀၂၀ ခုနှစ်တွင် စစ်ထောက်ချုပ်အဖြစ်မှ အနားယူခဲ့ပြီး စစ်တပ်၏ အရန်အင်အားစာရင်းသွင်းခံခဲ့ရသည်။

    စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်း ညိုစောမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းMEC ဥက္ကဋ္ဌ၊ အင်း၀ဘဏ် ဥက္ကဋ္ဌ ၊ မင်းအောင်လှိုင်၏ အကြံပေး စသည့် ရာထူးများစွာကို ရယူခဲ့သည့်အပြင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ထောက် ချုပ် စသည့် ရာထူး တာဝန်များ အဆင့်ဆင့် ထမ်းဆောင်ခဲ့ကာ အထက်နှင့်အောက် ဝေစား၊ မျှစား အကြား သဟဇာတ ဖြစ်အောင် နေထိုင်တတ်လွန်းသူ နာမည်ကြီးကာ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေက အထူးသဘောကျခဲ့သူတစ်ဦးဖြစ်သည်။

    အကြမ်းဖက် မင်းအောင်လှိုင်က အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်လာသော အခါတွင်လည်း သန်းရွှေတပည့်အရင်း ညိုစောကို ပြန်လည် အသုံး ပြုပြီး အငြိမ်းစား အဖြစ် သတ်မှတ်နိုင်သော အရန်အင်အားထိုင်ခုံတွင် ထိုင်နေရသည့်တိုင် ညိုစောမှာ ရာထူးတာဝန်များစွာ ပေးအပ်ခံခဲ့ရကာ နောက် ဆုံးတွင် ဝန်ကြီး ချုပ်အဖြစ် မင်းအောင်လှိုင်က ခန့်အပ်ခဲ့ပြန်သည်။

    ညိုစောသည် ယနေ့ အချိန်အထိ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ နှင့်မိသားစုများထံသို့ အဝင် အထွက်ရှိပြီး သန်းရွှေ၏ လို အပ်ချက်များကို ၎င်းက အရေးတယူဂရုတစိုက် ဖြည့်ဆည်းပေးနေဆဲဖြစ်သည်ဟု တပ်သတင်းရင်းမြစ်တချို့ကဆိုသည်။

  • ရန်ကုန်လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်မည့်အဆင့်ရောက်လာ

    ရန်ကုန်လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်မည့်အဆင့်ရောက်လာ

    ရန်ကုန်မြို့မှာလေထုညစ်ညမ်းတာဟာ ဒီရက်ပိုင်းမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အနီရောင်အဆင့်အထိ ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံက မွမ်ဘိုင်း၊ ထိုင်းနိုင်ငံက ဘန်ကောက်မြို့တို့ထက် ပိုပြီးဆိုးရွားနေပါတယ်။

    လေထုအရည်အသွေးတိုင်းတာ ထုတ်ပြန်ပေးနေတဲ့ ဆွစ်ဇာလန်အခြေစိုက် ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ IQAir ရဲ့ ဒီဇင်ဘာ ၂ ရက် ည ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ရန်ကုန်ရဲ့ လေထုအရည်အသွေးဟာ ခံနိုင်ရည်နည်းပါးသူတွေအတွက် ထိခိုက်နိုင်တဲ့အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။

    IQAir ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ လေထုအရည်အသွေးကို အချိန်နဲ့တပြေးညီ တိုင်းတာဖော်ပြနေတာဖြစ်ပြီး ရန်ကုန်အတွက်ကတော့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးအပါအဝင် နေရာ ၇ ခုမှာရှိတဲ့ လေထုအရည်အသွေး တိုင်းတာစက်တွေရဲ့ အချက်အလက်တွေကို ရယူထားတာဖြစ်ပါတယ်။

    ဒီဇင်ဘာ ၂ ရက်အတွက် လေထုညစ်ညမ်းမှု ပျမ်းမျှအညွှန်းကိန်းက US AQI အရ ၁၂၈ ဖြစ်ပြီး အဆင့် ၁၀၁ ကနေ ၁၅၀ အထိကိုတော့ ခံနိုင်ရည်နည်းသူတွေအတွက် ထိခိုက်စေတဲ့အဆင့်လို့ သတ်မှတ်ပြီး ယေဘုယျကတော့ ကျန်းမာရေးမထိခိုက်ဘူးလို့ ဆိုနိုင်ပါတယ်။

    လေထုအရည်အသွေးသတ်မှတ်ချက် အနီရောင်အဆင့်ကတော့ ၁၅၁ ကနေ ၂၀၀ အထိဖြစ်ပြီး လူတိုင်းကျန်းမာရေးကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

    ဒီဇင်ဘာ ၂ ရက် မနက် ၈ နာရီခွဲကတော့ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (AQI) ဟာ ၁၇၈ ရှိလို့ အနီရောင်အဆင့်မှာရှိခဲ့ပြီး ဒီဇင်ဘာ ၁ ရက် မနက်ကလည်း ၁၇၄ ရှိလို့ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၁၁ ကိုရောက်ခဲ့တယ်လို့ မြန်မာ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားနေတဲ့ Environment, Health and Safety Myanmar က IQAir ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

    IQAir ရဲ့ ပျမ်းမျှသတ်မှတ်ချက်အရ ဒီဇင်ဘာ ၂ ရက်မှာ ရန်ကုန်ရဲ့ လေထုအရည်အသွေး အညွှန်းကိန်းဟာ ကမ္ဘာ့အဆင့် ၂၂ ဖြစ်ပြီး ဒါဟာ အိန္ဒိယနိုင်ငံက မွမ်ဘိုင်း၊ ထိုင်းနိုင်ငံက ဘန်ကောက်မြို့တို့ထက် ပိုများနေတာပါ။

    လေထုအရည်အသွေးကို တိုင်းတာစစ်ဆေးရာမှာ အချက်အလက်တွေ အများကြီးရှိပေမယ့် အခုထုတ်ပြန်ချက်တွေကိုတော့ PM 2.5 (လေမှာပါတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှုန်ပါဝင်နှုန်း) ကို အဓိထား တိုင်းတာဖြစ်ပြီး အဲဒီအမှုန်တွေက ဆံချည်မျှင်ထက် ၂၅ ပုံ တပုံပဲ ရှိတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေရဲ့ ဆောင်းရာသီမှာလည်း ရန်ကုန်မှာ လေထုညစ်ညမ်းနှုန်းတက်လာခဲ့ဖူးပြီး ဆောင်းရာသီ မနက်ခင်းလေထုအေးလာတဲ့အခါ လေထုဖိအားပြန်လှန်ဖြစ်စဉ်ကြောင့် အေးတဲ့လေက မြေပြင်နားမှာ ကပ်နေပြီး အပေါ်မတက်နိုင်ဘဲ မီးခိုး၊ အမှုန်အမွှားတွေက လေထုထဲပိတ်မိနေတာကလည်း အကြောင်းရင်းတခုဖြစ်ပါတယ်။

    အနီရောင်အဆင့် ရန်ကုန်လေထုညစ်ညမ်းမှု ဆရာဝန်များ သတိပေး

    ရန်ကုန်မြို့တွင် ယခုရက်ပိုင်း မြူခိုးများအုပ်ဆိုင်းပြီး လေထုညစ်ညမ်းနေခြင်းကြောင့် အပြင်ထွက် သွားလာပါက နှာခေါင်းစည်းတပ်ရန် နှင့် အသက်ရှုလမ်း ကြောင်းဆိုင်ရာ ရောဂါရှိ သူများအနေဖြင့် အပြင်ထွက်ခြင်းကို ရှောင်ကျဉ်ရန် ဆရာဝန်များက သတိပေး ပြောကြားလိုက်သည်။

    နိုင်ငံပေါင်း ၁၂၃ နိုင်ငံ၏ လေထုအရည်အသွေးအခြေအနေကို စောင့်ကြည့်နေသည့် IQ Air ၏ ယနေ့ (ဇန်နဝါရီ ၂၇ ရက်) တိုင်းတာချက်အရ ရန်ကုန်မြို့ ၏ လေထုညစ်ညမ်းမှုသည် ညွှန်းကိန်း ၁၆၅ AQI ဖြင့် ကမ္ဘာ့အဆင့်ရှစ်တွင် ရှိနေကြောင်း‌ ဖော်ပြထား၍ ယင်းသည် ကျန်းမာရေးအတွက် မသင့်တော်သည့် အနီရောင်အဆင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

    ရန်ကုန်၊ ဗဟန်း၊ ဒဂုံမြို့တို့တွင် အနီရောင်အဆင့်နှင့် ကမာရွတ်မြို့တွင် လိမ္မော်ရောင်အဆင့်ရှိကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် IQ Air က ထုတ်ပြန်ထားသည်။

    အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေပြီး ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြို့တော်ဘန်ကောက်၏ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့အဆင့် ခုနစ် တွင် ရှိခဲ့သည်။

    ခရိုင် ၃၁ ခုမှ ကျောင်းပေါင်း ၃၅၂ ကျောင်း ပိတ်ထားခဲ့ပြီး ယာဉ်အသွားအလာ လျှော့ချနိုင်ရန် ဘတ်စ်ကားကဲ့သို့ အများပြည်သူသယ်ယူပို့ဆောင်မှုခရီးစဉ်များကို ယခုသီတင်းပတ်အတွင်း အခမဲ့ စီးနင်းခွင့်ပြုခဲ့ရကာ ယနေ့ ဘန်ကောက်၏ လေထုညစ်ညမ်းမှုသည် အဆင့် ၄၆ သို့ ကျဆင်းသွားပြီဖြစ်ကြောင်း IQ Air ၏ ဖော်ပြချက်အရ သိသည်။

    ယခုလို လေထုညစ်ညမ်းမှုဒဏ်ကို အဆုတ်ရောင် ရောဂါရှိသူများ၊ နာတာရှည်ပန်းနာ ရင်ကြပ် ရှိသူများနှင့် နာတာရှည်လေပြွန်ရောင် ရောဂါဝေဒနာ ခံစားနေရသူများအပြင် လေဖြတ်ထားသူနှင့် နှလုံးရောကျဉ်းသူတို့လည်း သတိပြုသင့်ကြောင်း CDM အမျိုးသမီးဆရာဝန်တဦးက ပြောသည်။

    “အသက်ကြီးပိုင်းတွေနဲ့ ကလေးတွေက တခြားလူလတ်ပိုင်းတွေထက် ပိုခံရတယ်ပေါ့။ ဖြစ်နိုင်ရင် ဒီချိန်အိမ်မှာပဲနေတာပိုကောင်းတယ်ပေါ့။ မဖြစ်မနေ ထွက်ရမယ်ဆိုလည်း နှာခေါင်းစည်း တပ်ပေးပေါ့” ဟု CDM အမျိုးသမီးဆရာဝန် က ပြောသည်။

    အပြင်သွားပါက ကိုယ်ပိုင်ကား နှင့် Taxi ကဲ့သို့ ကားများကို အသုံးမပြုဘဲ အများသုံး ယာဉ်ကြီးများကိုသာ ပိုမိုအသုံးပြုသင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။

    ရန်ကုန်မြို့၌ နံနက်ပိုင်းအချိန်များတွင် မြူများဆိုင်းနေပြီး ယင်းအခြေအနေသည် ဆောင်းရာသီဖြစ်သဖြင့် မြူဆိုင်းနေသည်ဟုသာ အများစု ထင်မြင်ကြရာ လေထုညစ်ညမ်းမှု ဖြစ်ပွားနေသည်ကို လူထုသိရှိမှု အားနည်းနေသေးကြောင်း ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြောသည်။

    “မနက်အစောဆိုရင်တော့လေ အရင်က မတွေ့ဖူးတဲ့ မြူတွေ တွေ့တယ်။ ဆောင်း မို့လို့ မြူဆိုင်းတယ်ပဲ ထင်တာပေါ့ မသိတဲ့လူတွေကတော့။ တချို့လေထုညစ်ညမ်းနေတယ်ဆိုတာကို မသိကြဘူး။ နှာခေါင်းစည်းလည်း မတပ်ကြဘူး။ ပုံမှန်ပဲ သွားလာနေကြတာ။ ဒါပေမဲ့ နှာစေးချောင်းဆိုး တအားဖြစ်တယ်” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးက ပြောသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကောင်စီတို့ကလည်း လက်ရှိ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် အနီရောင်အဆင့် ရောက်ရှိနေ၍ နှာခေါင်းစည်းတပ်ကြရန် ယနေ့ တိုက်တွန်းချက် ထုတ်ပြန်ထားသည်။

    လေထုအတွင်း ညစ်ညမ်းပစ္စည်းပါဝင်မှုပမာဏအပေါ်မူတည်၍ လေထုအရည်အသွေးညွှန်းကိန်း (Air Auality Idex-AQI) အဆင့်များ ခွဲခြားသတ်မှတ်ထားရာ AQI ၀ မှ ၅၀ အဆင့်သည် အစိမ်းရောင် ကောင်းမွန်သည့် အဆင့်ဖြစ်ပြီး ညွှန်းကိန်း ၅၁ မှ ၁၀၀ သည် ပန်းရောင်ဖျော့ အလယ်အလတ်အဆင့် ဖြစ်ကာ ညွှန်းကိန်း ၁၀၁ မှ ၁၅၀ သည် ထိခိုက်လွယ်သူများအတွက်မကောင်းသည့် လိမ္မော်ရောင် အဆင့်ဖြစ်သည်။

    ညွှန်းကိန်း ၁၅၁ မှ ၂၀၀ ကို ကျန်းမာရေးအတွက် မကောင်းသည့် အနီရောင် အဆင့်ဟု သတ်မှတ်သကဲ့သို့ ၂၀၁ မှ ၃၀၀ သည် ခရမ်းရောင် ကျန်းမာရေး ထိခိုက်စေသည့်အဆင့်ဖြစ်ကာ ၃၀၁ နှင့်အထက်ကို အန္တရာယ်ပေးသည့်အဆင့်ဟု သတ်မှတ်ကြောင်း သိရသည်။

    IQ Air ၏ ဖော်ပြချက်အရ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ယူဂန္ဓာနိုင်ငံ က မြို့ကြီးများ၏ လေထုအရည်အသွေးသည် မြန်မာနိုင်ငံထက် ညစ်ညမ်းမှု ပိုများနေကြောင်း ဆိုသည်။

    ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းခန့်သည် အရည်အသွေးညံ့ဖျင်းသည့်လေကို ရှုနေရကာ လေထုညစ်ညမ်းမှုနှင့် ဆက်နွယ်ကာ နှစ်စဉ်လူ ၇,၀၀၀,၀၀၀ ခန့် အချိန်မတိုင်မီ သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြောထားသည်။

  • ဥရောပနှင့် စစ်ခင်းရန် အသင့်ရှိဟု ပူတင် ကြုံးဝါး

    ဥရောပနှင့် စစ်ခင်းရန် အသင့်ရှိဟု ပူတင် ကြုံးဝါး

    အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ဟန့်တားနေတဲ့ ဥရောပနဲ့ စစ်ခင်းဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂ ရက်နေ့မှာ ကြုံးဝါးလိုက်ပါတယ်။

    သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ စတိဗ်ဝစ်ကော့ဖ်နဲ့ ဂျရက်ကုရှ်နာ တို့ဟာ မော်စကိုမှာ ၅ နာရီကြာ ဆွေးနွေးခဲ့ကြပေမဲ့ တိုးတက်မှု မရှိခဲ့ပါဘူး။

    ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ပေမဲ့ ယူကရိန်းအကျပ်အတည်း ပြေလည်ဖို့ နီးစပ်မလာသေးသလို လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ ကရင်မလင် အကြံပေး ယူရီအူရှာကော့ဗ်က ပြောပါတယ်။

    အထူးသဖြင့် နယ်မြေထိန်းချုပ်မှုမျဉ်း သတ်မှတ်ရေးလို အဓိကအချက်တွေမှာ နှစ်ဖက် သဘောတူညီမှု မရနိုင်ခဲ့ကြပါဘူး။

    ဆွေးနွေးပွဲမတိုင်ခင်မှာ ပူတင်က ဥရောပဟာ အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ကာဆီးနေပြီး “စစ်ဖြစ်ချင်တဲ့ဘက်” မှာ ရပ်တည်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

    “ရုရှားက ဥရောပနဲ့ မတိုက်ချင်ပေမဲ့ ဥရောပက စမယ်ဆိုရင်တော့ ရုရှားက အခုပဲ အသင့်ရှိနေပါတယ်” လို့ ပူတင်က သတိပေး ပြောကြားခဲ့တာပါ။

    ရုရှားအနေနဲ့ ဥရောပဘက်က တောင်းဆိုချက်တွေကို လက်ခံနိုင်မှာ မဟုတ်ဘူးလို့လည်း ပူတင်က ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။

    လက်ရှိအနေအထားအရ ထရမ့်ပ်နဲ့ ပူတင်အကြား နောက်ထပ် ထိပ်သီးဆွေးနွေးပွဲတခု လုပ်ဖြစ်ဖို့ မရှိသေးကြောင်း ရုရှားဘက်က အတည်ပြုထားပါတယ်။

  • စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အားပြုန်းတီးလာ၍ ရန်ကုန်မှ စစ်ကူ ၅၀၀ကို ရေကြောင်းမှ ထပ်မံပို့ဆောင်

    စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အားပြုန်းတီးလာ၍ ရန်ကုန်မှ စစ်ကူ ၅၀၀ကို ရေကြောင်းမှ ထပ်မံပို့ဆောင်

    ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အားပြုန်းတီးလာ၍ ရန်ကုန်မှ စစ်ကူ ၅၀၀ကို ရေကြောင်းမှ ထပ်မံပို့ဆောင်



    ‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူတိုက်ပွဲအတွင်းကို စစ်ကော်မရှင်က စစ်ကူပို့ရန်အတွက် တပ်ရင်းအချို့မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ရန်ကုန်မှနေ၍ ရေကြောင်းဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

    ‎စစ်‌ကော်မရှင်သည် တပ်မ (၁၁) နည်းဗျူဟာမှူး နဗဟ-၁၁၁ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းသန့် ဦးစီးသည့် ခမရ ၂၁၂၊ ခမရ ၂၁၃၊ ခမရ ၂၁၉တို့မှ ခန့်မှန်းအင်အား ၅၀၀ ခန့်ကို ကျောက်ဖြူသို့ ပို့ဆောင်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။



    ‎”ကျောက်ဖြူမှာက ရေတပ်အင်အားစုများတယ်။ မြေပြင်စစ်ကြောင်းထိုးမှုမှာ နယ်မြေရလည်းခဏပဲ။ AA က အမှည့်ခြွေတာကို စစ်တပ်ကခံရတာပဲ။ စစ်တွေက တပ်တွေခွဲပြီး ကျောက်ဖြူပို့ထားတာပဲ။ ဒါပေမယ့် စစ်ကြောင်းလိုက်ကိုပြုတ်တာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ‎ကျောက်ဖြူတိုက်ပွဲမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက သိုင်းချောင်း၊ မင်းပြင် စသည့်ကျေးရွာများတွင် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများ ရှိခဲ့သည်။

    ဓညဝတီရေတပ်ဌာနချုပ်အနီး လမ်းခွဲဘက်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်က AA နှင့် စစ်ကော်မရှင်တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့သည်။

    ‎စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်လိုက်သည့် သိုင်းချောင်းရွာကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ရက်တွင် AA က ပြန်လည်စီးနင်းတိုက်ခိုက်မှုများပြုလုပ်ထားနိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။



    ‎ယမန်နေ့ ဒီဇင်ဘာ ၁ရက်နေ့တွင်မူ မင်းပြင်ရှိ စစ်ရေးအရ အချက်အချာကျသည့်နေရာအချို့နှင့် သိုင်းချောင်းရွာကို AAက စိုးမိုးမှု ပြန်လည် ရယူထားသည်ဟု သိရသည်။

    ပုံစာ- တပ်မ (၁၁) နည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီး မျိုးမင်းသန့်

  • စကစ ၅ ဦးသေဆုံးတဲ့ လက်ပံတန်းဂိတ်စခန်း တိုက်ပွဲ (ရုပ်သံ)

    စကစ ၅ ဦးသေဆုံးတဲ့ လက်ပံတန်းဂိတ်စခန်း တိုက်ပွဲ (ရုပ်သံ)

    စကစ ၅ ဦးသေဆုံးတဲ့ လက်ပံတန်းဂိတ်စခန်း တိုက်ပွဲရုပ်သံကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထုတ်ပြန်

    ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက်ငယ် ၂ လက် သိမ်းဆည်းရရှိခဲ့တဲ့ တိုက်ပွဲရုပ်သံ Video ကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၂)က ထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက် မနက် ၈ နာရီခွဲခန့်မှာ ခမရ ၃၅ တပ်ရင်းမှ လာရောက်အထိုင်ချထားတဲ့ သာယာဝတီမြို့နယ် လိပ်ဥကုန်းလမ်း၊ မဒေါ့၊ သရက်ကုန်း၊ ပြည်တော်သာ၊ ကျောက်တွင်းရွာ သွားရာလမ်းဆုံမှ ဂိတ်စခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    တိုက်ပွဲကြာမြင့်ချိန် ၁ နာရီခန့်ရှိပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးခဲ့တဲ့အပြင် ကာဘိုင်တစ်လက်၊ MA1 တစ်လက်၊ 5.56 ကျည် ၁၅၀ တောင့်နဲ့ မိုဘိုင်းဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး ဂိတ်စခန်းကိုပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

    အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)၊ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ (၂)၊ ရွှေတန်းမြေ(ပကဖ)၊ လက်ပံတန်းမြို့နယ်(ပကဖ) အထူးတိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။