Category: News

  • မြင်းခြံတွင် မင်းအောင်လှိုင်စစ်ကြောင်းကို PDF ၂ ဦးတည်း ဝင်ပစ်၊ စစ်သားငါးဦးသေဆုံးဟုဆို

    မြင်းခြံတွင် မင်းအောင်လှိုင်စစ်ကြောင်းကို PDF ၂ ဦးတည်း ဝင်ပစ်၊ စစ်သားငါးဦးသေဆုံးဟုဆို

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ထိုးနေသော စစ်ကြောင်းကို PDF ရဲဘော်နှစ်ယောက်တည်းက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရသည်။

    ဩဂုတ် ၁၂ရက်၊ နံနက် ၉နာရီခွဲခန့်တွင် မြင်းခြံမြို့နယ်အတွင်း အင်အား၃၀၀ဝန်းကျင်ပါ စစ်ကြောင်းသည် သုံးကြောင်းခွဲ၍ ထိုးလာခဲ့ရာ ခြေဆေးရွာအရှေ့ဘက်၌ PDF ရဲဘော်နှစ်ယောက်တည်းက ပြောက်ကျားနည်းစနစ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ဦးလည်း ဒဏ်ရာရခဲ့ကြောင်း Myingyan Black Tigerအဖွဲ့က သတင်းထုတ်ပြန်သည်။

    ” စစ်ကြောင်းက ခြေဆေးရယ် ကံဆင့်ရယ်ဘက်ကနေ စစ်ကြောင်း ၃ကြောင်း ဖြန့်ထွက်လာတဲ့စစ်ကြောင်းဗျ။ တိုက်ခိုက်မှုက ခြေဆေးရွာရဲ့အရှေ့ဘက်လောက်မှာ ဖြစ်ခဲ့တာဗျ။ ရဲဘော်နှစ်ယောက်တည်းနဲ့ အနီးကပ် ပြောက်ကျားနည်းစနစ်ကို သုံးပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာဗျ။ အပြန်အလှန်ပစ်ခတ်တာမဟုတ်ဘူးဗျ။ သူတို့ဘက်က တစ်ချက်မှကို ပြန်မပစ်နိုင်ခဲ့ဘူး” ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

    ယင်းစစ်ကြောင်းတွင် အင်အား များပြားသဖြင့် လက်နက်ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်းသိရသည်။

    ” ကျနော်တို့ လက်နက်တက်ကောက်ဖို့ ကြိုးစားတဲ့အချိန်မှာ သူတို့ဘက်က တခြားအင်အား‌တွေ အများကြီးရှိနေတာ။ ကျနော်တို့က ရန်သူ့ရဲ့ကြားထဲကို လျှပ်တစ်ပြက် ဝင်ပစ်ရတာပေါ့။ ပြောက်ကျားပေါ့၊ အပျောက်ပေါ့။ မမြင်အောင် ဝင်ပစ်ရတာ။ ပစ်ပြီးတော့ မြန်မြန်ဆန်ဆန်ပဲ ပြန်ထွက်ခဲ့ရတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

    ယင်းစစ်ကြောင်းသည် ယနေ့ (ဩဂုတ် ၁၃ရက်) ည ၈နာရီခွဲဝန်းကျင်အထိ တိုက်ခိုက်ခံရသည့် နေရာ၌ပင်ရှိနေသေးကြောင်းသိရသည်။

    ယင်းစစ်ဆင်ရေး ပြုလုပ်ခဲ့သည့် ရဲဘော်နှစ်ဦးကို ထူးချွန်တပ်သားဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

  • စစ်ခေါင်းဆောင်ကို ဝရမ်းထုတ် အရေးယူနိုင်မယ့် အချက်အလက်တွေ ထပ်ထွက်လာ  (ရုပ်သံ)

    စစ်ခေါင်းဆောင်ကို ဝရမ်းထုတ် အရေးယူနိုင်မယ့် အချက်အလက်တွေ ထပ်ထွက်လာ (ရုပ်သံ)

    စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာ တရားရုံးတွေနဲ့ ရာဇဝတ်ခုံရုံးတွေကနေ တရားဝင် ဖမ်းဝရမ်းထုတ်နိုင်ရေးနဲ့ အရေးယူနိုင်ရေးအတွက် သက်သေအထောက်အထားတွေနဲ့ စိစစ်တွေ့ရှိချက်တွေကို ရရှိထားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဆိုပါတယ်။

    တွေ့ရှိချက်တွေကို သက်ဆိုင်ရာ နိုင်ငံတကာ တရားရေးအာဏာပိုင်တွေဆီ မျှဝေပေးနေတယ်လို့ ဩဂုတ်လ ၁၂ ရက်မှာထုတ်ပြန်တဲ့ IIMM ရဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြပါတယ်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ပြစ်မှုထင်ရှားတာကြောင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်နိုင်ရေး တရားလိုရှေ့နေ လျောက်ထားရာမှာ သက်ဆိုင်ရာ သက်သေ အထောက်အထားတွေနဲ့ စိစစ်သုံးသပ်ချက်တွေကို ပံ့ပိုးပေးခဲ့ပြီး ဆက်လက်ပြီးတော့လည်း ပံ့ပိုးမျှဝေပေးနေတယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။

    ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေသာမက စစ်ကြောရေးစခန်းတွေမှာ စနစ်တကျ ညှင်းပန်းနှိပ်စက်နေတာတွေကို ထင်ထင်ရှားရှား ပြသနေတဲ့ သက်သေအထောက်အထားတွေကိုလည်းပါဝင်ပြီး ဒီထိန်းသိမ်းစစ်ကြောတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တပ်ဖွဲ့တွေကို ရှာဖွေဖော်ထုတ် ရာမှာလည်း တိုးတက်မှုတွေရှိနေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

  • ပြည်ပသွင်းကုန်များကို စစ်ကော်မရှင်က ကန့်သတ်ပြီး ထိုင်းကုန်စည်လမ်းကြောင်းများကိုဖမ်းဆီး

    ပြည်ပသွင်းကုန်များကို စစ်ကော်မရှင်က ကန့်သတ်ပြီး ထိုင်းကုန်စည်လမ်းကြောင်းများကိုဖမ်းဆီး

    ပြည်တွင်းထုတ်ကုန်များသုံးစွဲရန်အတွက် ပြည်ပသွင်းကုန်များကို စစ်ကော်မရှင်က ကန့်သတ်ပြီး ထိုင်းကုန်စည်လမ်းကြောင်းများကိုဖမ်းဆီး

    (more…)

  • တောင်ကြီးမှ စစ်မှုထမ်း တပ်သား မောင်ချမ်းမြေ့အောင် ရှေ့တန်းတွင် သေဆုံးမှု ၆ လကျော်မှ  မိသားစုကို အသိ ပေး

    တောင်ကြီးမှ စစ်မှုထမ်း တပ်သား မောင်ချမ်းမြေ့အောင် ရှေ့တန်းတွင် သေဆုံးမှု ၆ လကျော်မှ မိသားစုကို အသိ ပေး

    တောင်ကြီးမှ စစ်မှုထမ်း တပ်သား မောင်ချမ်းမြေ့အောင် ရှေ့တန်းတွင် သေဆုံးမှု ၆ လကျော်မှ မိသားစုကို အသိ ပေး၊ ကန်ကြီးထောင့်မှ စစ်မှုထမ်းတပ်သား ဇင်ဘိုဘို သေဆုံးမှုအတွက် မည်သည့်ခံစားခွင့်မှ မပေးဟု စစ်တပ်က အကြောင်းကြား

    အကြမ်းဖက်စစ်တပ်က လူငယ်များကို စစ်မှုထမ်းတပ်သားများအဖြစ် ရှေ့တန်းတွင် သေဆုံးမှု ၆ လကျော်မှ စစ်တပ်က မိသားစုကို အသိပေးအကြောင်းကြားပြီး သေဆုံးစစ်မှုထမ်းတပ်သားများအတွက် မည်သည့်ခံစားခွင့်မှ ပေးရန်မရှိဟု စစ်တပ်က တရားဝင် အကြောင်းကြားလာကြောင်း သေဆုံးစစ်မှုထမ်းတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်တချို့နှင့် ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။

    ရှမ်းပြည်နယ်၊ တောင်ကြီး လမ်းမတော်ရပ်ကွက်မှ အသက် ၃၀ အရွယ် မောင်ချမ်းမြေ့အောင် (ခ) အောင်အောင်သည် ၂၀၂၄ ခုနှစ် ဧပြီလတွင် စစ်မှုထမ်း အပတ်စဉ် ၁ အတွက် အတင်းအကျပ် လိမ်လည် ခေါ်ယူခံခဲ့ရပြီး လားရှိုးအနီး ရှမ်းမြောက်ရှေ့တန်း စစ်မြေပြင်တွင် လွန်ခဲ့သော ၆ လခန့် က သေဆုံးသွားခဲ့ကြောင်း၊ သို့ရာတွင် စစ်တပ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်း တပ်သား မောင်ချမ်းမြေ့အောင် သေဆုံးမှုကို ကျန်ရစ်သူ မိသားစုထံသို့ အသိပေးအကြောင်းကြားခြင်းမရှိဘဲ ၆ လကျော်မှ အသိပေးလာသဖြင့် ယမန်နေ့မှ ကျန်ရစ်သူ မိသားစုက ရက်လည် တရား သပိတ်သွပ် လုပ်ရကြောင်း သိရှိရသည်။

    “မောင်ချမ်းမြေ့အောင်က ရှမ်းမြောက်ရှေ့တန်းမှာ သေသွားတာ။ အလောင်းလည်းပြန်မရဘူး။ ရှမ်းတောင်ကလူငယ်တွေ ပအိုဝ်းလူငယ်တွေ အဲ့လိုမျိုး အလောင်းပြန်မရ။ သတင်းပြန်မကြားရဘဲ ရှေ့တန်းမှာ သေတာ ခဏခဏပဲ” ဟု ဒေသသတင်းရင်းမြစ် Pa-O LOYWEl က ပြောဆိုသည်။

    တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစု ၊ ရတနာသီရိ ၊ ကံသာ ၊ စိန်ပန်း ၊ ညောင်ဖြူစခမ်း ၊ ချမ်းမြသာစည် စသည့် ရပ်ကွက်များမှ စစ်မှုထမ်းဆင့်ခေါ်ခံရသည့် လူငယ်များမှာလည်း ရှေ့တန်းတွင် မကြာခဏ သေဆုံးခဲ့သော်လည်း ကျန်ရစ်သူမိသားစုက အချိန်နှင့်တပြေးညီ သိခွင့်မရဘဲ အချိန်များစွာ နောက်ကျပြီးမှ စစ်တပ်က အသိပေး အကြောင်းကြားကြောင်း သိရှိရသည်။

    စစ်မှုထမ်းတပ်သားသစ်များ ရှေ့တန်းတွင် သေဆုံးသော်လည်း စစ်တပ်က အဆိုပါ သေဆုံးသွားသော စစ်မှုထမ်းတပ်သားများအတွက် မည်သည့်ခံစားခွင့်မှ ပေးမည်မဟုတ်ဟု တရားဝင် အသိပေးအကြောင်းကြားကြောင်း သိရှိရသည်။

    ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းဆိပ်အုပ်စုမှ စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် ကိုဇင်ဘိုဘိုသည် မတ်လ ၁၀ ရက်နေ့ ရှမ်းပြည်နယ်နှင့်ကရင်နီပြည်အစပ် ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း၊ ယခုအခါ စစ်တပ်က သေဆုံးသူ စစ်မှုထမ်းတပ်သားသစ် ကိုဇင်ဘိုဘိုအတွက် မည်သည့် ခံစားခွင့်မှ စစ်တပ်က ပေးအပ်ရန် မရှိဟု တရားဝင် အကြောင်းကြားလာကြောင်း သိရှိရသည်။

    “သူက စစ်မှုထမ်း လိုက်သွားတုန်းကလည်း အခကြေးငွေ ရယူ လူစားထိုးပြီး စစ်မှုထမ်း အပတ်စဉ် ၆ ကို လိုက်သွားတာ။ အခုလည်း တပ်က ဘာခံစားခွင့်မှ မပေးနိုင်ဘူးဆိုတာ အသိပေးလာတယ်။ ကျန်ရစ်သူ မိသားစုက လျှောက်ထားတာကို ပယ်ချတာလို့ ပြောတယ်” ဟု သေဆုံးသူ စစ်မှုထမ်းတပ်သားသစ် ကိုဇင်ဘိုဘိုနှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေက ပြောဆိုသည်။

    ——————————-

    သေဆုံးသွားသော အပတ်စဉ် ၆ သင်တန်းဆင်း စစ်မှုထမ်း တပ်သားသစ် ကိုဇင်ဘိုဘိုတွင် မိခင် မရှိတော့ဘဲ လေဖြတ်နေသည့် ဖခင်သာ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

    တောင်ကြီး လမ်းမတော်ရပ်ကွက်က စစ်မှုထမ်း အပတ်စဉ် ၁ မှာ ပါသွားခဲ့တဲ့ လူငယ်တစ်ဦး လွန်ခဲ့သော ၆လက မအလ ဖက်ဆစ်စစ်တပ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ သေဆုံးခဲ့တာကို ပီးခဲ့တဲ့ အပတ်ကမှ ရပ်ကွက်ဥက္ကဌနဲ့စာရေးမ မအိဆိုသူက အဆိုပါ လူငယ်ရဲ့မိသားစုကို အသိပေးလာလို့ နောက်ကျပီးမှ နာရေးလုပ်ပေးခွင့်ရခဲ့ကြောင်းကို လမ်းမတော်ရပ်ကွက်သူရပ်ကွက်သားတွေမှ တဆင့် ပြန်လည်ကြားသိရပါတယ်။

    သေဆုံးသွားခဲ့ပီဖြစ်တဲ့ အဆိုပါလူငယ်ဟာ စစ်မှုထမ်းအပတ်စဉ် ၁မှာ ရပ်ကွက်ဥက္ကဌနဲ့စာရေးမ မအိမှ အထက်ကို မျက်နှာလုပ်ပီး အတင်းအဓမ္မပေးပို့ခြင်းခံရတဲ့ လူငယ်တွေထဲမှ တစ်ဦးဖြစ်ကာ ရပ်စောက်မှာ ဆေးစစ်ရင် ပြန်ကျမှာဖြစ်ပီး အဲ့ဒီအခါ ပြန်ခေါ်ထုတ်လာလို့ရကြောင်း အဆိုပါလူငယ်ရဲ့ အမေဆီ လိမ်လည်ပီး ရပ်စောက်ကို ပို့ဆောင်ခဲ့ကာ တကယ်တမ်းမှာ ဆေးလည်းမစစ်ခဲ့တဲ့အပြင် ရပ်စောက်မှတဆင့် ဟိုပုံးကို ပြန်လည်ပို့ဆောင်ခံခဲ့ရပီး ရက်တိုသင်တန်းပေးခံရကာ စစ်မှုထမ်း အပတ်စဉ် ၁ မှာ ပါသွားခဲ့တယ်လို့ သိရပီး စစ်မှုထမ်း စီစစ်ရေးအဖွဲ့မှ အဆိုပါ လူငယ်ကို ပေးလိုက်တဲ့ မအလ ဖက်ဆစ်စစ်တပ်ရဲ့ စစ်မှုထမ်းကြေး သိန်း ၅၀ ကိုလည်း ရပ်ကွက်ဥက္ကဌနဲ့စာရေးမ မိအိတို့ဟာ ဖြောင်းထားပီး ၈သိန်းသာ လာပေးခဲ့တယ်လို့ သိရသလို အဲ့ငွေလေးနဲ့ငါ့သားရဲ့ အသက်ကို မလဲနိုင်ဘူးဆိုပီး သားဖြစ်သူကိုသာ ပြန်ခေါ်လာပေးဖို့သာ တောင်းဆိုခဲ့ကာ ငွေလက်ခံရန် အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပေမယ့် ထိုငွေကို လက်ခံပီးကြောင်းကိုလည်း အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

    ထိုလူငယ် အခေါ်ခံရတဲ့အချိန် သူ့ရဲ့အမေဟာ သူ့သားကိုခေါ်မသွားဖို့ အခေါက်ခေါက်အခါခါ ငိုယိုပီး ရပ်ကွက်ရုံးကို နေ့တိုင်းလိုလို သွားရောက်ပြောဆိုခဲ့ပေမယ့် ဆေးစစ်လို့ မအောင်ခဲ့ရင် သူကိုယ်တိုင်ပြန်ခေါ်လာပေးမှာ ဖြစ်ကြောင်း ရပ်ကွက်ဥက္ကဌမှ လိမ်လည် အာမခံပီး အတင်းအဓမ္မ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

    နောက်ဆုံးအဆက်သွယ်ရခဲ့တုန်းက လားရှိုးနားက စစ်မြေပြင်တစ်ခုမှာ ဖြစ်ပီး “အမေ သားတော့ပြေးနေရတယ် အပေါ်ကနေ drone တွေဝဲနေလို့ဆိုပီး” ပြောကာ ဖုန်းချသွားခဲ့ပီး အဲ့နောက်ပိုင်း အဆက်သွယ်ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

    တောင်ကြီးကနေ ဒီလိုနောက်ကျမှ သိခွင့်ရခဲ့တဲ့ စစ်မှုထမ်းတပ်သားတွေရဲ့ သေဆုံးကြောင်းဟာ ဒါဟာ ပထမဆုံး မဟုတ်ပါဘူး ရှေ့မှာ မကြာခဏ ကျွန်တော် တင်ပေးဖူးပါတယ် တင်ခဲ့တဲ့ ရပ်ကွက်တွေကတော့ ကျောင်းကြီးစု ၊ ရတနာသီရိ ၊ ကံသာ ၊ စိန်ပန်း ၊ ညောင်ဖြူစခမ်း ၊ ချမ်းမြသာစည် တို့ပဲ ဖြစ်ပါတယ် အဲ့ရပ်ကွက်တွေတုန်းကလည်း အခုလိုပဲ သေဆုံးကြောင်းကို နောက်ကျပီးမှ သိခွင့်ရခဲ့ကြတာပါ။

    ပုံကတော့ လမ်းမတော်ရပ်ကွက်မှ ထိုလူငယ်ရဲ့ နာရေးဖိတ်စာပဲ ဖြစ်ပါတယ်