Category: News

  • အကြမ်းဖက်စစ်တပ်၏ အဓမ္မစုဆောင်းထားသည့် စစ်သားသစ် ၄၀ ဦး ထွက်ပြေး

    အကြမ်းဖက်စစ်တပ်၏ အဓမ္မစုဆောင်းထားသည့် စစ်သားသစ် ၄၀ ဦး ထွက်ပြေး

    မိုးမိတ်တွင် အကြမ်းဖက်စစ်တပ်၏ အဓမ္မစုဆောင်းထားသည့် စစ်သားသစ် ၄၀ ဦး ထွက်ပြေး

    “ထွက်ပြေးတာစစ်မှုထမ်းသင်တန်းဆင်းတွေချည်းပဲ။ပြန်မိတာမကြားဘူး။ ဒေသခံတွေ ပြန်မနေသေးတဲ့ အိမ်တွေကိုလည်းသူတို့ဝင်ရှာပြီးဒေသခံတွေကိုတောင် စစ်လားဆေးလားလုပ်တယ်”

    မိုးမိတ်မြို့ကိုရောက်နေတဲ့ စစ်သား​တွေထဲက ပြည်သူ့စစ်သင်တန်းဆင်း ၄၀ ဦး ထွက်ပြေးလို့ လိုက်လံဖမ်းဆီးနေပြီး တပ်အပြောင်းအလဲလည်း လုပ်နေပါတယ်။

    သင်တန်းဆင်းပြီးမိုးမိတ်ပို့ခံရတဲ့စစ်သားသစ် ၄၀ ဦးဟာ ဇန်နဝါရီလဆန်းမှာ ထွက်ပြေးတာဖြစ်ပြီး စစ်အုပ်စုက လက်သိပ်ထိုးပြီး လိုက်ရှာနေတာဖြစ်ပါတယ်။

    ရပ်ကွက်တွေ၊ ရွာတွေထဲအထိ လိုက်ရှာစဉ်မှာ ဒေသခံတွေဆီ သတင်းပေါက်ကြားလာတာဖြစ်ပါတယ်။

    “ထွက်ပြေးတာ စစ်မှုထမ်း သင်တန်းဆင်းတွေချည်းပဲ။ ပြန်မိတာမကြားဘူး။ ဒေသခံတွေ ပြန်မနေသေးတဲ့ အိမ်တွေကိုလည်း သူတို့ဝင်ရှာပြီး ဒေသခံတွေကိုတောင် စစ်လားဆေးလားလုပ်တယ်”လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

    မိုးမိတ်မြို့ကို စစ်တပ်ပြန်ဝင်လာချိန်က တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေ ဖြစ်ပြီး ယခုရက်ပိုင်းမှာ တပ်မ(၉၉)နဲ့ တပ်မ(၁၁) လက်အောက်ခံတပ်တွေကို ပို့နေပါတယ်။

    “အချိန်အကြာကြီး မထားတဲ့သဘော။ နယ်မြေကျွမ်းကျင်လာရင် ထွက်ပြေးမှာစိုးလို့ ချိန်းတာ။ အခုလည်း ထွက်ပြေးသူတွေက ကျတော်တို့ သိတာထက် များနိုင်တယ်” လို့ မိုးမိတ်မြို့ခံတဦးက ပြောပါတယ်။

    ဇန်နဝါရီလဆန်းမှာ စစ်တပ်ကားအစီး ၂၀ ကျော်က မိုးကုတ်-မိုးမိတ်လမ်းအတိုင်း ဝင်လာတယ်လို့ သိရပါတယ်။

    မိုးမိတ်မြို့ဟာ တအာင်းတပ် TNLA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူထားတဲ့မြို့ဖြစ်ပါတယ်။

    သိမ်းယူထားတဲ့ မြို့တွေအနက် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီထံပြန်အပ်ဖို့ တရုတ်နိုင်ငံကူမင်းမြို့မှာ စစ်ကောင်စီနဲ့ဆွေးနွေး သဘောတူခဲ့ပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ ၂၅ ရက် နေ့လယ်ပိုင်းကစပြီး မိုးမိတ်မြို့ထဲကို ကားတွေနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။

    မြို့ပေါ်ကဌာနဆိုင်ရာအဆောက်အအုံတွေအပြင် ဒေသခံတွေရဲ့နေအိမ်တွေမှာလည်းတပ်စွဲထားပါတယ်။

    မိုးမိိတ်မြို့ဘောလုံးကွင်းထဲမှာ အများဆုံးတပ်စွဲထားပြီး မြို့ထဲကို မကြာခဏ ကင်းလှည့်နေတာပါ။

    စစ်ကောင်စီစစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်းတွေအများဆုံးပါနေတယ်လို့လည်း သိရပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို နိုဝင်ဘာလ (၃၀) ရက် ညနေ ၆ နာရီကစပြီး တိုက်ခိုက်ခဲ့ပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ MOD က အသိပေးထားပါတယ်။

    ယခုရက်ပိုင်းမှာ မိုးမိတ်နဲ့ သပိတ်ကျင်းလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီး ပစ်ခတ်သံတွေကို မိုးမိတ်မြို့ပေါ်ကနေ ကြားနေရပါတယ်။

  • KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ ဆက်လက်ဖြိုဖျက်နေ

    KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ ဆက်လက်ဖြိုဖျက်နေ

    “အမေရိကန်က မာဒူရိုကို ဖမ်းဆီးပြပြီးနောက် KK Park အတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ စစ်တပ်က အသည်းအသန် ဖြိုဖျက်ပြပြန်”

    ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများကို စစ်တပ်က ယမန်နေ့ ဇန်နဝါရီ (၄) ရက်က တရားမဝင်အဆောက်အအုံ (၂၁) လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

    KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ ဆက်လက်ဖြိုဖျက်နေ

    ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများကို အာဏာသိမ်းစစ်ကောင်စီမှ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိ‌ ကြောင်း သိရသည်။

    ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ဇန်နဝါရီ (၄) ရက်ကပင် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ (၂၁) လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

    ထို့ကြောင့် လက်ရှိ၌ KK park နယ်မြေအတွင်း တရားမဝင်အဆောက်အအုံ စုစုပေါင်း (၆၃၅) လုံးအနက် (၅၈၄) လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

    အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။

  • US ထူးခြားထုတ်ပြန်ချက် ၂ ရပ်

    US ထူးခြားထုတ်ပြန်ချက် ၂ ရပ်

    💢 ယူအက်စ် US ထူးခြားထုတ်ပြန်ချက် ၂ ရပ်❓

    ထရန့်လက်မှတ်ထိုး

    မြန်မာပြည်ဟာ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသေးတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆက်လက်သတ်မှတ်လိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဒီမိုကရေစီနည်းကျပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်သလို အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချခဲ့တဲ့ အတွက် ဒီလုပ်ရပ်တွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ကို ထိခိုက်ပြီး၊
    ပြည်သူတွေရဲ့စိတ်ဆန္ဒကိုပယ်ချလိုက်တာဖြစ်တယ်။

    ဒါကြောင့် ပုံမှန်မဟုတ်တဲ့အခြေအနေ၊ ထူးခြားတဲ့ အခြေအနေအရ မြန်မာပြည်ဟာ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် အရေးပေါ်ကြေညာထားတဲ့သက်တမ်းကို ဆက်တိုးမယ်လို့ သမ္မတဒေါ်နယ်ထရမ့်ရဲ့လွှတ်တော်ကိုပေးပို့စာထဲမှာ ဖော်ပြထားပါတယ်။

    💢 အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယို ထုတ်ပြန်ချက်

    မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေ ဖြင့် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း၊

    အမေရိကန်အနေဖြင့် စစ်အုပ်စုအား အကြမ်းဖက်မှုများ ရပ်တန့်ရန်၊

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ရရှိစေရန်၊

    မတရားဖမ်းဆီးထိန်း သိမ်းထားသူများကို ပြန်လည်လွှတ်ပေးရန်နှင့် အကျပ်အတည်းများကို ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းစွာ အဖြေ ရှာနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းကြောင်း ၊

    ဤသည်မှာ လုံခြုံစိတ်ချရပြီး သာယာဝပြောသော အင်ဒို-ပစိဖိတ် ဒေသကြီး ဖြစ်ထွန်းလာစေရန်အတွက် မရှိမဖြစ် လိုအပ်ချက်ပင် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

    မြန်မာပြည်သူများ၏ ငြိမ်းချမ်း၍ တရားမျှတကာ သာယာဝပြောသော အနာဂတ်ဆီသို့ သွားလိုသည့် စိတ်ပိုင်းဖြတ်မှုအပေါ် ဆက်လက်ကတိ ကဝတ် ပြု ရပ်တည်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

    PM News Summarized

  • ဝန်းသိုမြို့ရှိ စစ်အုပ်စုကို တိုက်ခိုက်မှာမို့ ပြည်သူတွေ ဇန်နဝါရီ ၉ရက် နောက်ဆုံးထားကာ မြို့က ထွက်ခွာဖို့ PDF သတိပေး

    ဝန်းသိုမြို့ရှိ စစ်အုပ်စုကို တိုက်ခိုက်မှာမို့ ပြည်သူတွေ ဇန်နဝါရီ ၉ရက် နောက်ဆုံးထားကာ မြို့က ထွက်ခွာဖို့ PDF သတိပေး

    စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့အား ထိုးစစ်ဆင် တိုက်ခိုက်တော့မှာမို့ ပြည်သူတွေ အနေနဲ့ ဇန်နဝါရီ ၉ရက် နောက်ဆုံးထားကာ မြို့ကနေ ထွက်ခွာကြဖို့ အမှတ်(၁)စစ်ဒေသ၊ ကောလင်းခရိုင် PDF အမှတ်(၄)တပ်ရင်း – Wuntho People Defense Force – WPDF က သတင်း ထုတ်ပြန်ပါတယ်။

    “ဝန်းသိုမြို့အတွင်း နေထိုင်လျှက်ရှိသော မိဘပြည်သူများအား အမှတ်(၁)စစ်ဒေသ ကောလင်းရိုင် အမှတ်(၄)တပ်ရင်းမှ ဇန်နဝါရီ ၉ရက် နောက်ဆုံးထား၍ မြို့အတွင်းမှ ထွက်ခွာပေးနိုင်ပါရန် အသိပေး ပြန်ကြားအပ်ပါသည်။ မိဘပြည်သူများ အနေဖြင့် အခြား‌သော မြို့များနည်းတူ စစ်ကော်မရှင်၏ လူသားဒိုင်းအဖြစ် အသုံးပြု မခံရစေရန် ရည်ရွယ် ထုတ်ပြန်အပ်ပါသည်”

    တိုက်ပွဲဖြစ်ပွားချိန်တိုင်း စစ်အုပ်စုက ပြည်သူကို လူသားဒိုင်းကာအဖြစ် အသုံးချလေ့ရှိတာကြောင့် ဝန်းသိုမြို့က ပြည်သူတွေ လူသားဒိုင်းမဖြစ်စေရေး အခုလို သတိပေးတာလို့ ကောလင်းခရိုင် အမှတ်(၄) တပ်ရင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    “ကျွန်တော်တို့ကတော့ အခြားမြို့တွေလို ပြည်သူကို အဖြစ်မခံနိုင်ပါဘူး။ ပြီးတော့ (ဝန်းသိုမှာ စစ်အုပ်စု) တပ်ရင်း နှစ်ရင်း၊ ခမရ ၁၂၀ နဲ့ ခမရ ၁၁၁ ရှိနေတဲ့အတွက် ကျွန်တော်တို့ တော်တော် ကြိုးစားကြရမှာ ဖြစ်လို့ ပြည်သူကို ငဲ့ကွက်တဲ့အနေနဲ့ ထုတ်ပြန်ပေးရတာပါခင်ဗျ”

    ဝန်းသိုမြို့မှာ စစ်အုပ်စုရဲ့ တပ်ရင်တွေ ဖြစ်တဲ့ ခြေမြန်တပ်ရင်း (ခမရ) ၁၂၀ နဲ့ ခမရ ၁၁၁ တို့ ရှိပြီး အဲ့ဒီ တပ်ရင်းတွေဟာ စစ်ကိုင်းမြို့အခြေစိုက် စစ်အုပ်စုရဲ့ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ် ခေါ် တပ်မ ၃၃ လက်အောက်ခံတွေ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ရက်ကလည်း အဲ့ဒီ ဝန်းသိုမြို့ ခမရ ၁၂၀ ထဲက ထွက်လာပြီး ဝန်းသိုနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို ကောလင်းခရိုင် အမှတ် ၄တပ်ရင်းနဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၂၀ နီးပါး သုတ်သင်နိုင်ပြီး ခုနှစ်ယောက် ဖမ်းမိကာ အလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ကောလင်းခရိုင် အမှတ်(၄) တပ်ရင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ဖမ်းမိထားသူတွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ဒဏ်ရာတွေကို ကုသပေးနေကာ အထက်က ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ စစ်အုပ်စုက ဝန်းသိုနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတာ၊ ဝန်းသိုနဲ့ ကောလင်းနယ်ထဲ လက်နက်ကြီး ရမ်းကား ပစ်ခတ်တာတွေ ကျူးလွန်နေပြီး မကြာခင် ရက်ပိုင်း ဝန်းသိုနယ်မှာ အယောင်ပြ ရွေးကောက်ပွဲ လုပ်ဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းက ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားစဉ်အတွင်း ဝန်းသိုမြို့ရှိ စစ်အုပ်စုရဲ့ ခမရ ၁၂၀ နဲ့ ခမရ ၁၁၁ တွေက ကောလင်းမြို့က ပြည်သူကို ပစ်မှတ်ထားကာ နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ကောလင်းမြို့ကို စစ်အုပ်စု ပြန်ရပြီးနောက်မှာလည်း ပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ အိမ်မီးရှို့တာ၊ တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်း ခိုးယူပြီး ဝန်းသိုမြို့ဘက် သယ်ထုတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။

    ဝန်းသိုမြို့နဲ့ စစ်အုပ်စု တပ်ရင်းတွေ/Photo – CJ၊ MN

  • နမ့်တစ်တွင် ထောင်ဝန်ထမ်းကိုသတ်ပြီး ထွက်ပြေးသွားသည့် အကျဉ်းသားခုနစ်ဦးကို ပြန်ဖမ်းမိ

    နမ့်တစ်တွင် ထောင်ဝန်ထမ်းကိုသတ်ပြီး ထွက်ပြေးသွားသည့် အကျဉ်းသားခုနစ်ဦးကို ပြန်ဖမ်းမိ

    “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)ထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်ရှိ ဟိုပန်ခရိုင် နမ့်တစ်မြို့နယ်တွင် ထောင်ဝန်ထမ်းကိုသတ်ပြီး လက်နက်လုကာ ထွက်ပြေးသွားသည့် အကျဉ်းသားခုနစ်ဦးကို ပြန်လည်ဖမ်းမိပြီဟု သိရသည်။

    သူတို့ကို ဟိုပန်ခရိုင် ရဲတပ်ဖွဲ့က ကိုးကန့်ဒေသ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး ယမန်နေ့ ဇန်နဝါရီလ ၄ ရက်တွင် ပြန်လည်ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု “ဝ”ပြည် တရားစီရင်ရေးဌာန (WSP)က ယနေ့ ဇန်နဝါရီလ ၅ ရက်၌ ထုတ်ပြန်သည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုပန်ခရိုင်အချုပ်ခန်းမှ အကျဉ်းသား ၁၀ ဦးအား နမ့်တစ်မြို့နယ် အမှတ် (၁) လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီးရှိ ကျွန်းသစ်တောသို့ လုပ်အားပေးလုပ်ရန် ခေါ်ဆောင်သွားစဉ် အဆိုပါအကျဉ်းသားခုနစ်ဦးသည် ထောင်ကြီးကြပ်ရေးဝန်ထမ်းတစ်ဦးကိုသတ်ပြီး လက်နက်လုကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်ဟု WSP က ဆိုသည်။

    ထောင်ကြီးကြပ်ရေးဝန်ထမ်း ဦးကျိုး(Zhou)သည် ဦးခေါင်းတွင် ဓားဒဏ်ရာများဖြင့် ပြင်းထန်စွာတိုက်ခိုက်ခံခဲ့ရမှုကြောင့် နမ့်တစ်ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု သိရသည်။

    ကင်းစောင့်ရဲဝန်ထမ်းတစ်ဦးကိုလည်း ထွက်ပြေးသွားသည့်အကျဉ်းသားများက တိုက်ခိုက်ခဲ့သည့်အတွက် သတိလစ်နေစဉ် သူကိုင်ဆောင်သည့် K12 ရိုင်ဖယ်သေနတ် (ကျည် ၅ တောင့်ပါ)အား လူယူသွားခဲ့သည်ဟု ဖော်ပြထားသည်။

    လက်ရှိတွင် ပြန်လည်ဖမ်းဆီးရမိသည့် အကျဉ်းသားခုနစ်ဦးကို တရားဥပဒေအရ စစ်ဆေးမှုများပြုလုပ်ပြီး ပြစ်မှုအလိုက် တရားစီရင်သွားမည်ဟု သိရသည်။

    Photo – WSP