“အမေရိကန်က မာဒူရိုကို ဖမ်းဆီးပြပြီးနောက် KK Park အတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ စစ်တပ်က အသည်းအသန် ဖြိုဖျက်ပြပြန်”

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများကို စစ်တပ်က ယမန်နေ့ ဇန်နဝါရီ (၄) ရက်က တရားမဝင်အဆောက်အအုံ (၂၁) လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ ဆက်လက်ဖြိုဖျက်နေ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများကို အာဏာသိမ်းစစ်ကောင်စီမှ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိ‌ ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ဇန်နဝါရီ (၄) ရက်ကပင် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ (၂၁) လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ၌ KK park နယ်မြေအတွင်း တရားမဝင်အဆောက်အအုံ စုစုပေါင်း (၆၃၅) လုံးအနက် (၅၈၄) လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *