Category: News

  • ၂ ရက်အတွင်း ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၂ စီး ဖျက်ဆီးနိုင်ခဲ့

    ၂ ရက်အတွင်း ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၂ စီး ဖျက်ဆီးနိုင်ခဲ့

    မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့မှု တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့

    ၂ ရက်အတွင်း ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၂ စီး ဖျက်ဆီးနိုင်ခဲ့

    ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၆ ရက်နေ့ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားရှိ လေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာတွင် တိုက်လေယာဉ် ၁ စီး ပျက်စီးကြောင်း၊ တိုက်လေ ယာဉ် ပျက်စီးမှုကို ယနေ့တွင်မှ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    “ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ မပခ လေတပ်ကို တိုက်ခိုက်မှုမှာ ရဟတ်ယာဉ် ၁ စီးနဲ့ တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့တယ်။ ဒီဇင် ဘာလ ၂၆ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ရာမှာ ဖိုက်တာ ၁ စီး ပျက်စီးသွားပါတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

    ဒီဇင်ဘာ ၂၅ ရက်နေ့ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်ခဲ့မှုတွင် Mi-17 ရဟတ် ယာဉ် ၁ စီးနှင့် K 8W တိုက် လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားခဲ့သည်။

    ယခုနှစ် ၂၀၂၅ ခုနှစ်၊ မေလအတွင်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် KIA က FPV ဒရုန်းများဖြင့် စစ်ရဟတ်ယာဉ် ၂ စီးကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး စစ်တပ်ဘက်မှ စစ်ကူသွားရောက်သော ဗျူဟာမှူးနှင့်အဖွဲ့ အပါအဝင် အနည်းဆုံး အရာရှိနှင့်စစ်သည် ၁၅ ဦးထက်မနည်းသေဆုံးခဲ့သည်။

    ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ လေတပ်စခန်းတစ်ခုမြင်ကွင်း။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချမှု သေဆုံးသူ ၉ ဦးအထိတိုးလာ

    ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချမှု သေဆုံးသူ ၉ ဦးအထိတိုးလာ

    သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချမှု သေဆုံးသူ ၉ ဦးအထိတိုးလာ

    ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချမှု သေဆုံးသူ ၉ ဦးအထိတိုးလာကြောင်း အာရက္ခတပ်တော်-AA၏ လူသားချင်းစာနာထောက်ထားမှုနှင့်ဖွံ့ဖြိုးရေးဆိုင်ရာရုံး- HDCO က သတင်းထုတ်ပြန်သည်။

    ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ရခိုင်ပြည်၊ သံတွဲခရိုင် ငပလီမြို့၊ လင်းသာရပ်ကွက်နှင့် ကျင်းကန်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ၂ ကြိမ်တိုင်တိုင် ပေါင် ၅၀၀ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိကာ လူနေအိမ် ၂၃ ဆောင် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

    ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့ကလည်း သံတွဲမြို့ နယ်၊ ရပ်ရှည်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက် ခိုက်ခဲ့သဖြင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရသည်။

    ထို့အတူ ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းကလည်း အရပ်သားပြည်သူများ ဆေးကုသရာနေရာ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျန်းမာရေးဝန်ထမ်းများအပါအဝင် လူနာ စုစုပေါင်း ၃၃ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၇ ဦးအထိ ရှိခဲ့သည်။

    အကြမ်းဖက် စစ်ကော်မရှင်က အာရက္ခဒေသအတွင်း လေကြောင်းတိုက်မှုများကို စနစ်တကျ၊ ဆက်တိုက်၊ ပိုမိုပြင်းထန်စွာ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပြီး အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း AA က ပြောသည်။

    စစ်တပ်၏ လုပ်ရပ်များသည် သီးခြားဖြစ်စဉ်တစ်ခုမဟုတ်ဘဲ၊ အစီအစဉ်ချထားပြီး ထပ်တလဲလဲ ကျူးလွန်နေသော တိုက်ခိုက်မှုများဖြစ်ပြီး အပြစ်မဲ့ပြည်သူများ၏ အသက်၊ လုံခြုံမှုနှင့် အိုးအိမ်များကို ပြင်းထန်စွာခြိမ်းခြောက် ဖျက်ဆီးနေသည့် လူသားချင်းစာနာမှုအကျပ်အတည်း တစ်ရပ်လည်း ဖြစ်ကြောင်း၊ ထိုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် အဆိုပါ လူသားချင်းစာနာမှုအကျပ်အတည်းကို မျက်ကွယ်မပြုဘဲ အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန် တောင်းဆိုထားသည်။

  • ကသာမြို့တွင် ပိတ်မိနေသည့် ဒေသခံများကို တော်လှန်ရေးတပ်ဖွဲ့ ထွက်ခွာခွင့်ပေး

    ကသာမြို့တွင် ပိတ်မိနေသည့် ဒေသခံများကို တော်လှန်ရေးတပ်ဖွဲ့ ထွက်ခွာခွင့်ပေး

    စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်စခန်း တခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရာ စစ်ကော်မရှင်တပ်က ထွက်ခွာခွင့်မပေးဘဲ ပိတ်ဆို့ထားခဲ့သည့် ဒေသခံပြည်သူများကို တော်လှန်ရေးတပ်ဖွဲ့တွေက ထွက်ခွာခွင့်ပေးခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ များထံမှသိရသည်။

    ယနေ့ (ဒီဇင်ဘာလ ၃၁ ရက်)မနက်ပိုင်းတွင် ကသာမြို့အဝင် စစ်တပ် အထိုင်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တဦး က ပြောသည်။

    ၎င်းက “ မြို့အဝင် ဂိတ်တခုကိုတော့ သိမ်းလိုက်ပြီ၊ ကျန်တဲ့ နေရာတွေလည်း သိမ်းပြီးသလောက်နီးနီး ဖြစ်နေပြီ အသေးစိတ်ကိုတော့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ပါလိမ့်မယ်” ဟု ယနေ့ မနက် ၁၁ နာရီအချိန်တွင် ပြောသည်။

    တော်လှန်ရေးတပ်ဖွဲ့များသည် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်းမှစတင်၍ ကသာမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းတွင် ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ စစ်သားနှင့် ရဲများ ထွက်ပြေး ဆုတ်ခွာသွားကြောင်း သိရသည်။

    ဒီဇင်ဘာလ ၃၀ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များသည် ကသာမြို့ပေါ်သို့ ရောက်ရှိလာပြီးနောက် စစ်ကော်မရှင်တပ်၏ ခမရ (၃၀၉) တပ်ရင်းကို ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲခုခံခဲ့ကြောင်း သိရသည်။

    “ခမရ (၃၀၉) ကို တိုက်နေတဲ့ အခြေအနေ အသေးစိတ်တော့မသိရသေးဘူး၊ ဒီနေ့ မနက်ပိုင်းတော့ လေယာဉ်လာတာ မရှိသေးဘူး”ဟု တော်လှန်ရေးတပ်ဖွဲ့ ဝင် တဦးက ယနေ့ မနက် ၁၁နာရီ ၂၀ မိနစ် အချိန်တွင် ပြောသည်။

    ကသာနယ် တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား ၅၀ ကျော် အရှင်ဖမ်းမိကြောင်း ရန်ကုန်ခေတ်သစ် သတင်းဌာနက ရေးသားထားသည်။

    ကသာမြို့နယ်သည် စစ်ကော်မရှင်က ပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့်မြို့နယ် တခုဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ မှာပင် တော်လှန်ရေးတပ်ဖွဲ့ များက မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

  • လေယာဉ်ဆီ အပါအဝင် စက်သုံးဆီပေပါအလုံး ၁၀၀ ကျော် ဖမ်းဆီးရရှိ

    လေယာဉ်ဆီ အပါအဝင် စက်သုံးဆီပေပါအလုံး ၁၀၀ ကျော် ဖမ်းဆီးရရှိ

    မြစ်ကြီးနား -ပူတာအိုလမ်းပိုင်းတွင် ကုန်ကားဖြင့် လေတပ်အတွက် သယ်ယူလာသော လေယာဉ်ဆီ အပါအဝင် စက်သုံးဆီပေပါအလုံး ၁၀၀ ကျော် ဖမ်းဆီးရရှိ

    ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတွင် စစ်ကောင်စီ၏ ပူတာအိုအခြေ စိုက် ဗျူဟာ ၄၆ တပ်ပိုင် လေယာဉ်ဆီပေပါ အလုံး ၅၀ အပါအဝင် စက်သုံးဆီ ပေပါ ၁၂၀ လုံးကို ဖမ်းမိခဲ့ကြောင်း ပူတာအို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဒီဇင်ဘာလ ၂၆ ရက်နေ့က မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းရှိ ပူတာအို PDF စစ်ဆေးရေးဂိတ်တစ်ခု တွင် မြစ်ကြီးနားမြို့မှ ပပူတာအိုအခြေစိုက် ဗျူဟာ ၄၆ တပ်အတွက် သယ်ဆောင်လာသော လေ ယာဉ်ဆီပေပါ အလုံး ၅၀ နှင့် ဒီဇယ်ဆီပေပါ အလုံး ၇၀ ပါကာ ကုန်ကားတစ်စီးကို ပြည်သူများ ၏ သတင်းပေးချက်အရ စစ်ဆေးအတည်ပြု ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    “မြစ်ကြီးနားကနေ ပူတာအိုကို သယ်လာတာပါ။ ကားပေါ်မှာတော့ စခမပါဘူး။ ပြည်သူ့ကားနဲ့ပဲ တင် တာ။ ပူတာအိုအခြေစိုက် ဗျူဟာ ၄၆ ပိုင်တဲ့ဆီတွေပါ။ လေယာဉ်ဆီလို့ ယူဆရတဲ့ ပေပါ အလုံး ၅၀ ၊ နဲ့ ဒီဇယ်ဆီက ပေပါ အလုံး ၇၀ ပါ။” ဟု ပူတာအို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ပူတာအို PDF တပ်ဖွဲ့အနေဖြင့် ယခုအကြိမ်နှင့်ဆိုပါက အကြမ်းဖက်စစ်တပ်ပိုင် လောင်စာဆီများကို ဖမ်းဆီးရရှိမှု ၂ ကြိမ်ရှိပြီဖြစ်ပြီး တာဝန်ရှိအဖွဲ့အစည်းဖြစ်သည့် KIO/KIA အစိုးရအဖွဲ့ထံ တရားဝင်အပ်နှံလိုက်ကြောင်း သိရသည်။

    ပူတာအိုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်နှင့် ပူတာအို PDF တပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားမှု ပုံမှန်ရှိနေပြီး ပူတာအို PDF တပ်ဖွဲ့အနေဖြင့် သီးသန့်သတင်းထုတ်ပြန်နိုင်ခြင်းမရှိသည်ကို နားလည်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

  • သန်လျင်မြို့လယ် ရဲစခန်းအနီးတွင်ပင် အမျိုးသမီးတစ်ဦး၏ မျက်နှာကို ဓားဖြင့်ထိုး၍ ဆွဲကြိုးလု

    သန်လျင်မြို့လယ် ရဲစခန်းအနီးတွင်ပင် အမျိုးသမီးတစ်ဦး၏ မျက်နှာကို ဓားဖြင့်ထိုး၍ ဆွဲကြိုးလု

    သန်လျင်မြို့လယ် ရဲစခန်းအနီးတွင်ပင် အမျိုးသမီးတစ်ဦး၏ မျက်နှာကို ဓားဖြင့်ထိုး၍ ဆွဲကြိုးလုယက်၊ ရန်ကုန်၏ လုံခြုံရေးအခြေအနေ အဆိုးဆုံးဖြစ်လာ

    ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် အမျိုးသမီးတစ်ဦး နေအိမ်ရှေ့၌ ဆွဲကြိုး လုယက်ခံရရုံသာမက မျက်နှာကိုပါ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခံရသည့် ဖြစ်စဉ်တစ်ခု ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

    အဆိုပါ အမျိုးသမီးသည် ယနေ့ နံနက် ၅ နာရီဝန်းကျင်က နေအိမ်ရှေ့၌ တံမြက်စည်းလှဲနေစဉ် လုယက်သူက ဆွဲကြိုးကို လုယူခဲ့ခြင်းဖြစ်ပြီး ထိုသို့ လုယက်မှုကို အော်ဟစ်အကူအညီတောင်းခံသည့် အတွက် အမျိုးသမီး၏ မျက်နှာကို ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

    “သန်လျင်မြို့လယ် နာရီစင်နားမှာဖြစ်တာ။ လူနေလည်း အရမ်းထူထပ်သလို ရဲစခန်းနဲ့လည်း တော်တော် လေးနီးတဲ့နေရာပါ။ အခုလို ရဲရဲတင်းတင်း လုပ်သွားတာကို ကြည့်ရင် လုံခြုံရေးက ဘယ်လောက်အထိ ဆိုးနေပြီလဲဆိုတာ ပြနေတာပဲ” ဟု နာရီစင်အနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

    ဓားဖြင့်ထိုးခံရသည့် အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်သဖြင့် သန်လျင်ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန် ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ထားရကြောင်း မြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် မျှဝေထားသည်။

    ဓာတ်ပုံ- Steven Thanlyin