မြစ်ကြီးနား -ပူတာအိုလမ်းပိုင်းတွင် ကုန်ကားဖြင့် လေတပ်အတွက် သယ်ယူလာသော လေယာဉ်ဆီ အပါအဝင် စက်သုံးဆီပေပါအလုံး ၁၀၀ ကျော် ဖမ်းဆီးရရှိ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတွင် စစ်ကောင်စီ၏ ပူတာအိုအခြေ စိုက် ဗျူဟာ ၄၆ တပ်ပိုင် လေယာဉ်ဆီပေပါ အလုံး ၅၀ အပါအဝင် စက်သုံးဆီ ပေပါ ၁၂၀ လုံးကို ဖမ်းမိခဲ့ကြောင်း ပူတာအို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့က မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းရှိ ပူတာအို PDF စစ်ဆေးရေးဂိတ်တစ်ခု တွင် မြစ်ကြီးနားမြို့မှ ပပူတာအိုအခြေစိုက် ဗျူဟာ ၄၆ တပ်အတွက် သယ်ဆောင်လာသော လေ ယာဉ်ဆီပေပါ အလုံး ၅၀ နှင့် ဒီဇယ်ဆီပေပါ အလုံး ၇၀ ပါကာ ကုန်ကားတစ်စီးကို ပြည်သူများ ၏ သတင်းပေးချက်အရ စစ်ဆေးအတည်ပြု ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“မြစ်ကြီးနားကနေ ပူတာအိုကို သယ်လာတာပါ။ ကားပေါ်မှာတော့ စခမပါဘူး။ ပြည်သူ့ကားနဲ့ပဲ တင် တာ။ ပူတာအိုအခြေစိုက် ဗျူဟာ ၄၆ ပိုင်တဲ့ဆီတွေပါ။ လေယာဉ်ဆီလို့ ယူဆရတဲ့ ပေပါ အလုံး ၅၀ ၊ နဲ့ ဒီဇယ်ဆီက ပေပါ အလုံး ၇၀ ပါ။” ဟု ပူတာအို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပူတာအို PDF တပ်ဖွဲ့အနေဖြင့် ယခုအကြိမ်နှင့်ဆိုပါက အကြမ်းဖက်စစ်တပ်ပိုင် လောင်စာဆီများကို ဖမ်းဆီးရရှိမှု ၂ ကြိမ်ရှိပြီဖြစ်ပြီး တာဝန်ရှိအဖွဲ့အစည်းဖြစ်သည့် KIO/KIA အစိုးရအဖွဲ့ထံ တရားဝင်အပ်နှံလိုက်ကြောင်း သိရသည်။

ပူတာအိုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်နှင့် ပူတာအို PDF တပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားမှု ပုံမှန်ရှိနေပြီး ပူတာအို PDF တပ်ဖွဲ့အနေဖြင့် သီးသန့်သတင်းထုတ်ပြန်နိုင်ခြင်းမရှိသည်ကို နားလည်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *