Category: News

  • ရက္ခိုင်ပြည် ကျောက်ဖြူမှာ အရမ်းခေတ်စားနေတဲ့ DSA သုပ်နှင့် DSA သောက်ဆမ်း

    ရက္ခိုင်ပြည် ကျောက်ဖြူမှာ အရမ်းခေတ်စားနေတဲ့ DSA သုပ်နှင့် DSA သောက်ဆမ်း

    ရက္ခိုင်ပြည် ကျောက်ဖြူမှာ အရမ်းခေတ်စားနေတဲ့ DSA သုပ်နှင့် DSA သောက်ဆမ်း

    အာရက္ခတပ်တော်AA နှင့် စစ်ကော်မရှင်တပ်တို့ကြား နှစ်ဖက်စစ်ရေးပဋိက္ခဖြစ်ပွားနေသည့် ကျောက်ဖြူမြို့နယ် တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဘက်က ဗိုလ်ကြီးအဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်ထိ အနည်းဆုံး ၁၀ ဦးအထက်သေဆုံးခဲ့မှုရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ် တွေကပြောဆိုပါတယ်။

    ကျောက်ဖြူမြို့နယ် တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကော်မရှင်တပ်၏ အရာရှိများမှာ အင်းတိုင် (တပ်မ ၁၁ )ခြေမြန်တပ်မဌာနချုပ်၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မျိုးအောင်၊ ( တပ်မ ၁၁) လက်အောက်ခံ( ခမရ – ၂၁၁) ကြည်း- ၄၃၁၁၈ ဒုတိယဗိုလ်မှူးကြီးဝင်းသန့်၊ မွန်ပြည်နယ် ရေးမြို့အခြေစိုက်(စကစ- ၁၉) လက်အောက်ခံ (ခမရ – ၃၄၃) ကြည်း- ၆၄၀၈၃ ဗိုလ်မှူးမျိုးမြင့်အောင်၊ ဟိုပုံး ( တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း) ဗိုလ်ကြီးရာထူးကနေ ဗိုလ်မှူးအဆင့် အရာထူးတိုးမြှင့်ခန့်အပ်ပေးကာ ကျောက်ဖြူ ( ခမရ – ၅၄၂)သို့ ရောက်ရှိလာပြီး လပိုင်းအခန့်သာရှိတဲ့ မင်းပြင် မိုးလေဝသရေဒါစခန်း၌ သေဆုံးသွားတဲ့ ( ကြည်း – ၅၈၅၄၇ / DSA – ၅၃) ဗိုလ်မှူးကိုကိုဇော် ၊ ( တပ်ရင်း ……..) ကြည်း- ၇၁၈၀၃ ဗိုလ်ကြီးဟိန်းမင်းဇော် နှင့် မင်းတက်တောင်၊ လိပ်ခမော်၊ သိုင်းချောင်း တိုက်ပွဲ၌ သေဆုံးသွားသည့် ကိုယ်ပိုင်နံပါတ်နှင့် တပ်ရင်းအမည်အား အသေးစိတ်ဖော်နိုင်ရန် ခက်ခဲနေသည့် ဗိုလ်ကြီး ၃ ဦးနှင့် ဗိုလ်မှူး ၂ ဦး အပါအဝင် အနည်းဆုံး ၁၀ ဦးအထက်ရှိနိုင်ကြောင်းသိရသည်။

    ထိုသို့ အရာရှိအဆင့်ထိ တဖြုဖြုတ်သေဆုံးမှုရှိနေသည့် စစ်ကော်မရှင်သည် ရာထူးထိုးပေးကာ ကျောက်ဖြူစစ်မျာနှာသို့ ပို့ဆောင်နေရသလို့ ၊ စစ်မြေပြင်အတွင်း ပြည်သူ့စစ်တပ်သားများအား ဒုတပ်ကြပ်ကနေ တပ်ကြပ်ကြီးအဆင့်ထိ အရစ်တွေတတ်ပေးပြီး စစ်ဓာတ်မြှင့်ရေးများ လုပ်ဆောင်မှုတွေလည်း ရှိနေပါတယ်။

    ‎ကျောက်ဖြူသို့ ရန်ကုန်တပ်ရင်းများမှ အင်အား ၄၀၀ ခန့်စစ်ကူထပ်ပို့

    ‎‎ကျောက်ဖြူတိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ အင်အားပြုန်းတီးလာ၍ ရန်ကုန်တပ်ရင်းများမှ စစ်ကူများကို ဆက်တိုက်ပို့ဆောင်နေရကြောင်း သိရသည်။

    ‎‎အင်းတိုင်အခြေစိုက် တပ်မ ၁၁ မှ လက်အောက်ခံတပ်ရင်းများအပြင် စစ်မှုထမ်းတပ်သားသစ် စုစုပေါင်း အင်အား ၄၀၀ ခန့်ကို ရေကြောင်းမှ ကျောက်ဖြူကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ရက်နေ့ နောက်ပိုင်းက ပို့ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

    ‎‎”ရန်ကုန်ကတပ်တွေနဲ့ တပ်သားသစ်တွေကို ကျောက်ဖြူနဲ့ ညောင်ကျိုးကို ပို့နေတယ်သိထားပါတယ်။ ရေကြောင်းကနေကျောက်ဖြူရေတပ်တွေကိုပို့တယ်လို့ သိရပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    ‎ကျောက်ဖြူ၊ ကပ်သပြေရွာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကို စစ်ကော်မရှင်က ဓညဝတီရေတပ်ဌာနချုပ်အတွင်းမှ အင်အားရာချီ၍ အသုတ်လိုက်ပို့ဆောင်နေခြင်းဖြစ်သည်။

    ‎ထိခိုက်သေဆုံးမှုများပြီး အင်အားပြုန်းတီးလာသည့် စစ်ကော်မရှင်တပ်များသည် သိုင်းချောင်းနှင့် မင်းပြင်ရွာအတွင်း တပ်စွဲနေထိုင်နိုင်ခြင်းမရှိတော့ဘဲ တပ်ဆုတ်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎ရန်ကုန်မှ စစ်ကူများကို ကျောက်ဖြူသို့ ယခု ဒီဇင်ဘာလအတွင်း သုံးသုပ်ခွဲ၍ပို့ဆောင်ထားပြီး ကျောက်ဖြူရေတပ်များမှတဆင့် မြေပြင်စစ်ကြောင်းကို တဆင့်ချင်း ပို့ဆောင်နေကြောင်း သိရသည်။

    ‎စစ်ကော်မရှင်က AAနှင့် စစ်ဆိုင်ထားရသည့် ရခိုင်-မကွေးအစပ် နတ်ရေကန်ဗျူဟာ၊ ရခိုင်-ပဲခူးအစပ် ညောင်ကျိုးစခန်း၊ ကပစ ၁၆၏ ကာကင်း ပွိုင့် ၆၆၆စခန်းတို့ကို အင်အားအလုံးအရင်းသုံး စစ်ကူများ ဆက်တိုက်ပို့နေခြင်းဖြစ်သည်။

    ‎ပွိင့် ၆၆၆ ကို စစ်ကြောင်းထိုးတဲ့ စစ်ကော်မရှင် တပ်တွေအထိအခိုက်များ ၊ သုံ့ပန်း ၁၀ ကျော် ဖမ်းမိ

    ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ထဲက ပွိုင့် ၆၆၆ စခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းတစ်ခု နဲ့ AA ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်း ၁၀ ကျော်ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။

    ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းမှာ ကပစ ၁၆ က ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ ပွိုင့် ၆၆၆ ကုန်းအနီး ကို ထိုးစစ်ဆင်ဖို့ ခြေလျင်တက်လာခဲ့ပြီး ကြိုတင် ရှင်းလင်းခြင်းကို ခံခဲ့ရတာလို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “အရှင် (၁၀) ဦး ဖမ်းမိထားတယ်၊ နောက်ထပ်လည်းသူတို့ ဘက်ကအကျအဆုံးတွေ နဲ့ ပြန်ဆုတ်နေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ပွိုင့် ၆၆၆ စခန်းကို စစ်ကော်မရှင် ဘက်က ၊ ပြည်သူ့ စစ်အင်အားတွေကို အများအပြားအသုံးချနေပြီး ၊ နောက်ထပ် စစ်ကြောင်းတစ်ခု ထပ်မံတက်လာတယ်လို့လည်း တိုက်ပွဲအခြေအနေကို ရှင်းပြပါတယ်။

    “ပထမ စစ်ကြောင်းပြိုသွားတော့ ဒရုန်း နဲ့ လက်နက်ကြီး တအားပစ်တယ်။ နောက်ထပ် စစ်ကြောင်းထပ်ဝင်လာလို့ ဒီနေ့မနက်ထပ်ဖြစ်နေပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စစ်ကော်မရှင်ဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက ပွိုင့် ၆၆၆ ကုန်းကို ထိုးစစ်ဆင်နေသလို ၊ တစ်ဖက်မှာလည်း မကွေးတိုင်း ငဖဲမြို့နယ်ထဲက ဂုတ်ကြီးစခန်း ကိုလည်း အင်အားအများအပြားနဲ့ တန်ပြန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

    ဒီဇင်ဘာ လ အစကတည်းက ရခိုင်ရိုးမထဲမှာတိုက်ပွဲ‌တွေ ပြန်လည်ပြင်းထန်နေတာဖြစ်ပါတယ်။

  • နတ်ရေကန်ဗျူဟာအနီး ဂုတ်ကြီးစခန်းကို စစ်တပ် ၁ရက်ပဲ ထိန်းချုပ်နိုင်ပြီးပြန်ဆုတ်ခွာထွက်ပြေး

    နတ်ရေကန်ဗျူဟာအနီး ဂုတ်ကြီးစခန်းကို စစ်တပ် ၁ရက်ပဲ ထိန်းချုပ်နိုင်ပြီးပြန်ဆုတ်ခွာထွက်ပြေး

    နတ်ရေကန်ဗျူဟာအနီး ဂုတ်ကြီးစခန်းကို စစ်တပ် ၁ရက်ပဲ ထိန်းချုပ်နိုင်ပြီးပြန်ဆုတ်ခွာထွက်ပြေး

    နတ်ရေကန်ဗျူဟာအနီးမှာ အာရက္ခတပ်​တော်(AA) သိမ်းပိုက်ထားတဲ့ ဂုတ်ကြီးစခန်းကို စစ်တပ်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တစ်ရက်ပဲသိမ်းယူနိုင်ခဲ့ပြီးဓာတ်ပုံရိုက်ကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားပါတယ်။

    အမ်း-ပဒါန်း လမ်းပေါ်က နတ်​ရေကန် ဗျူဟာရဲ့ကာကင်းတစ်ခုဖြစ်တဲ့ ဂုတ်ကြီးစခန်းကို AA နဲ့မဟာမိတ်တပ်က ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့တာပါ။

    စစ်တပ်က အင်အားရာချီသုံးပြီး အောက်တိုဘာလကစပြီး ပြန်လည်စစ်​ကြောင်းထိုးတိုက်ခိုက်ခဲ့တာပါ။

    နှစ်လကျော်တိုက်ခိုက်ပြီးတဲ့နောက် ဒီဇင်ဘာလ၂၀ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

    ဒါပေမယ့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး AAနဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ ဒီဇင်ဘာလ၂၁ ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစိအချို့က​ပြောပါတယ်။

    “ဂုတ်ကြီးစခန်းကို စစ်တပ်ထိန်းနိုင်တာ မဟုတ်ဘူး။ ဓာတ်ပုံရိုက်ရုံပဲရိုက်နိုင်တာ။အခု ပြန်ပြီးဆုတ်သွားပါပြီ။ တိုက်ပွဲက ဆက်ဖြစ်နေတာပါ”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

    ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပြီးနတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။

    နတ်ရေကန်ဗျူဟာကုန်းကို AA နဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။

    အမ်း-ပဒါန်းလမ်းဟောင်းဘက်က ပဇီရွာကလွဲလို့ ဂုတ်ကြီးစခန်းအပါအဝင်ကာကင်းစခန်းအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာပါ။

    အဓိက ကာကင်းစခန်းကြီးဖြစ်တဲ့ ဂုတ်ကြီးစခန်းကို ပြန်ရဖို့အတွက် အာဏာသိမ်းစစ်တပ်ကကြိုးပမ်းခဲ့ပေမယ့် တပ်လန်သွားပြီလို့ စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၄ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်း အခုလိုပဲ စစ်တပ်ကစခန်းသိမ်းနိုင်တယ်လို့ ဝါဒဖြန့် ဓာတ်ပုံရိုက်ဖို့ကြိုးပမ်းခဲ့ဖူးပါတယ်။ AAက ယာယီဆုတ်ခွာခဲ့တဲ့ မင်းပြင်ရေဒါစခန်းရှေ့မှာ စစ်သား ၂၀ကျော်စုဝေးပြီး ဝါဒဖြန့်ဓာတ်ပုံရိုက်နေစဉ်မှာ AAကပစ်ခတ်တဲ့ လက်နက်ကြီးလို့တည့်တည့်ထိမှန်လို့ အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။

    ဂုတ်ကြီးစခန်းမှာ​ ဓာတ်ပုံရိုက်စဉ်ကတော့ AAက တိုက်ခိုက်ခဲ့တဲ့သတင်းမကြားရပါဘူး။

    စစ်သား​တွေက ဂုတ်ကြီးစခန်း နဲ့ ဂုတ်ကြီးရွာပတ်ဝန်းကျင်မှာ စခန်းသိမ်းနိုင်ပြီဆိုပြီး ဓာတ်ပုံတွေကိုဖြန့်​ဝေခဲ့ကြပါတယ်။

    ဒါ​ပေမယ့် စစ်သား​တွေဟာ ဂုတ်ကြီးစခန်းကို တစ်ရက်ပဲ ထိန်းနိုင်ပြီး ပြန်ဆုတ်​ပြေးခဲ့ကြတာပါ။

    လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာ နဲ့ ပဇီရွာကို ‌AA နဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။

    နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်သားတွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။

    နတ်ရေကန်ဗျူဟာထဲမှာ ဒဏ်ရာရထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၃၀၀ ခန့်ရှိနေသေးတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။

    (အာရက္ခတပ်​တော်တပ်ဖွဲ့ဝင်​တွေ/ ဂုတ်ကြီးရွာနဲ့ဂုတ်ကြီးစခန်းကိုာစစ်တပ်ကပြန်ထိန်းချုပ်နိုင်​ကြောင်း ဝါဒဖြန့်ချီဖို့ စစ်သား​တွေဓါတ်ပုံရိုက်ကူးစဥ်။ ဓါတ်ပုံ-AA Infodesk ၊ စစ်​ကောင်စီ)

  • ရန်ကုန်တွင် အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှုများကြောင့် လူငယ်များ စိုးရိမ်နေရ

    ရန်ကုန်တွင် အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှုများကြောင့် လူငယ်များ စိုးရိမ်နေရ

    ရန်ကုန်မြို့မှာ လူငယ်တွေကို အုပ်စုဖွဲ့ ခိုးယူတာ၊ လုယက်တာနဲ့ ဓားပြတိုက်သလို အတင်းအကျပ် ခေါ်ဆောင်သွားတာတွေကြောင့် လူငယ်တွေမှာ မလုံခြုံမှုတွေ၊ စိုးရိမ်ပူပန်တာတွေကို ခံစားနေကြရပါတယ်။

    ရန်ကုန်က လူငယ်တွေဟာ အာဏာသိမ်းပြီးနောက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်လို့ အချိန်မရွေး ဖမ်းဆီးသတ်ဖြတ်ခံရနိုင်တဲ့အတွက် မလုံခြုံမှုကို ခံစားခဲ့ရသလိုပဲ စစ်မှုထမ်းဥပဒေကြောင့် လည်း အတင်းအဓမ္မ ဖမ်းဆီးခံရမှာကို စိတ်ပူပန်နေကြရပါတယ်။

    စစ်တပ်က အတင်းအကျပ် စစ်မှုထမ်းဖို့ လူငယ်တွေကို ခေါ်ယူနေတဲ့အချိန်မှာပဲ တဖက်မှာလည်း အုပ်စုဖွဲ့ထားတဲ့သူတွေက လူငယ်တွေကို ပြန်ပေးဆွဲတာ၊ မိသားစုဆီက ငွေညှစ်တောင်းတာနဲ့ စစ်မှုထမ်းအဖွဲ့ဆီ ရောင်းစားတာတွေ ပြုလုပ်နေတဲ့အတွက် ရန်ကုန်က လူငယ်တွေဟာ စိုးရိမ်ပူပန်နေကြရတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ လှိုင်သာယာမြို့နယ်ထဲက ဆယ်ကျော်လူငယ်တယောက်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်မှုထမ်းအဖွဲ့ကို ရောင်းစားခံလိုက်ရပေမဲ့ အခုချိန်ထိ အဆက်အသွယ် မရသလို တိုင်ကြားထားတဲ့အမှုကလည်း ရပ်တန့်နေတယ်လို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

    “လှိုင်သာယာမှာ အသိတယောက်ရဲ့ ကလေးပေါ့၊ အိမ်ရှေ့မှာ ဂိမ်းကစားနေတဲ့ အချိန်မှာပဲ လူ ၂ ယောက်က ဓားထောက်ပြီးတော့ သူ့ကို ခေါ်သွားတာ။ ဘယ်ခေါ်သွားလို့ ခေါ်သွားမှန်း မသိဘဲ ပျောက်သွားတော့ အိမ်က လိုက်စုံစမ်းတယ်၊ ရဲစခန်းမှာလည်း တိုင်ချက်တွေဖွင့်တယ်၊ လူပျောက်တွေလည်း ကြေညာတယ်။ စစ်မှုထမ်းကို ရောင်းလိုက်တာလို့ ပြောတယ်။ ဘယ်အဖွဲ့ကို ရောင်းလိုက်တယ်၊ ဘယ်လိုရောင်းလိုက်တယ်ဆိုတာ မပါဘူး။ ဒါပေမဲ့ အဲဒီကောင်တွေကို အခု ရဲစခန်းမှာ ဖမ်းထားတယ်။ သူနဲ့ ဆက်စပ်တရားခံတွေကိုလည်း ဖမ်းဆီးဖို့ လုပ်နေတယ်။ အဲဒါမျိုးတွေက အများကြီးပဲ ဖြစ်နေတာ။ အခုလို လူပျောက်တာတွေ၊ ဓားပြတိုက်တဲ့ ပုံစံမျိုးတွေ ဖြစ်နေတာတွေ၊ လူကုန်ကူးတဲ့ ပုံစံမျိုးတွေ ဖြစ်နေတာသည် တကယ်ပျောက်တယ်၊ တကယ် ပြန်ပေးဆွဲတာမျိုး ဖြစ်တယ်ဆို ရဲနဲ့ စစ်တပ်က ရအောင်လိုက်တယ်။ ဘာလို့လိုက်လဲဆိုတော့ သူတို့လူတွေ မဟုတ်လို့။”

    လက်ရှိမှာ ကျူးလွန်သူတွေကို ဖမ်းဆီးရမိထားပြီး သူတို့နဲ့ ဆက်စပ်တဲ့သူတွေ အများအပြား ရှိနေသလို ဖမ်းဆီးခံရတဲ့ လူငယ်တွေကလည်း ရာနဲ့ချီရှိနေကြောင်း ကျူးလွန်သူတွေက ထွက်ဆိုထားတယ်လို့ သိရပေမဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

    ဒီလိုအခြေအနေတွေကြောင့် ရန်ကုန်လူငယ်တွေဟာ တယောက်တည်းသွားလာဖို့ စိုးရိမ်နေကြရပါတယ်။

    ရန်ကုန်မြို့မှ လူငယ်တယောက်က “အဓိက မြို့ဆင်ခြေဖုံးတွေမှာ တခါတလေ စစ်မှုထမ်းကိစ္စနဲ့ရော ပေါ်တာဆွဲပြီး ရောင်းစားတာလား အဲဒီလိုအသံတွေက ကြားနေရတော့ အမှန်တိုင်းပြောရရင် လူပြတ်တဲ့နေရာဆို တယောက်တည်းတော့ မသွားချင်ဘူး၊ မသွားဘူး။ အရင်လို လွတ်လွတ်လပ်လပ် သွားလို့မရတော့ဘူး။ ညဘက်ဆိုလည်း ညမိုးချုပ်တဲ့အထိ မနေဘူးပေါ့။ တကယ်လို့ အရေးပေါ်ကိစ္စရှိရင်တောင် တက္ကစီနဲ့ပဲ သွားနေရတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ လူငယ်တယောက် အနေနဲ့ကတော့ စိုးရိမ်စိတ်က အမြဲတမ်းရှိတယ်။ သတိထားပြီးတော့ နေနေရတာပေါ့” လို့ ပြောပါတယ်။

    လူငယ်တွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေမှာ မိသားစုဝင်တွေဆီက ငွေညှစ်တောင်းခံလို့ရရင် ပြန်ပို့ပေးတာမျိုး ရှိသလို တချို့ကိုတော့ ဖမ်းဆီးရမိတာနဲ့ ချက်ချင်း စစ်မှုထမ်းအဖွဲ့ဆီ ငွေကြေးနဲ့ ရောင်းစားတာမျိုးလည်း ရှိကြောင်း သိရပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေမှာ လူငယ်တွေရဲ့ စိုးရိမ်ပူပန်မှုက ပိုဆိုးလာနေပါတယ်။

    ရန်ကုန်မြို့နေ ပြည်သူတယောက်က “လက်ရှိ ခုဖြစ်နေတဲ့ ခိုးဆိုးလုယက်တာတွေ၊ အုပ်စုဖွဲ့ ဓားပြတိုက်တာမျိုးတွေ ကျနော်ကတော့ မကြုံဖူးဘူး ဆိုပေမဲ့ အသိတွေထဲမှာတော့ ကြုံတာတွေ့ဖူးတယ်။ ကျနော်တို့မှာက ကြောက်ရမဲ့ကိစ္စတွေက တော်တော်များနေတယ်။ ယူနီဖောင်းဝတ်တဲ့သူတွေရော မဝတ်ထားတဲ့သူတွေရော၊ ဒီ ခိုးဆိုးလုနှိုက် ကိစ္စတွေပေါ့၊ ဒါတွေ ရှိတယ်၊ ပြဿနာက ဘာလဲဆိုတော့ တခုခုဆို ကျနော်တို့မှာ ဘယ်မှလည်း တိုင်လို့မရဘူး၊ လက်သည်မပေါ်ဘူး။ အဲဒီလိုဖြစ်နေတာဆိုတော့ ဒီမှာတော့ ကျီးလန့်စာစားနေရတဲ့ သဘောတော့ ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

    မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ ထုတ်ပြန်ထားချက်အရ စစ်ကောင်စီဟာ စစ်မှုထမ်းတပ်သားသစ်တွေကို အပတ်စဉ် ၁၇ ကနေ ၂၀ ထိကို တပြိုင်တည်း လက်ခံသင်တန်းပေးနေပြီး သင်တန်းကာလတွေကို တိုးမြှင့်လေ့ကျင့်ပေးနေကာ စစ်သင်တန်းကျောင်း နေရာတွေကိုလည်း တိုးချဲ့ ပြင်ဆင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    ဝေဝေ

  • မြစ်ဆုံ စီမံကိန်းကို ကန့်ကွက်ပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

    မြစ်ဆုံ စီမံကိန်းကို ကန့်ကွက်ပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

    ဧရာဝတီမြစ်ဆုံစီမံကိန်းကို အာဏာသိမ်း စစ်တပ်က အတင်းအကျပ် ပြန်လည်စတင်ဖို့ လုပ်ဆောင်နေပြီး စီမံကိန်းတွေကို ကန့်ကွက်ပါက ကန့်ကွက်တဲ့ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။

    စစ်အုပ်စု ခွင့်ပြုထားတဲ့ စီမံကိန်းတွေကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်ရင် အရေးယူမယ်လို့ မြန်မာစစ်တပ်လက်အောက်ခံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ထုတ်ပြန်လိုက်တာပါ။

    စစ်အုပ်စုက ခွင့်ပြုပေးထားတဲ့ လုပ်ငန်းတွေကို အထောက်အထားခိုင်လုံမှုမရှိဘဲ လုပ်ငန်း အနှောင့်အယှက်ဖြစ်စေဖို့နဲ့ မတရားအကျိုးအမြတ် တစုံတရာရယူဖို့ ကန့်ကွက်တာဖြစ်ကြောင်း စိစစ်ပေါ်ပေါက်ပါက ကန့်ကွက်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကို သက်ဆိုင်ရာ တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်ဆိုပြီးတော့ ဖော်ပြထားတာ ဖြစ်ပါတယ်။

    ဒါဟာ မြစ်ဆုံစီမံကိန်းကို တရုတ်နဲ့ ပူးပေါင်းပြီး ပြန်လည်စတင်မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ထုတ်ပြောလာပြီးတဲ့ နောက်ပိုင်း ဒီအမိန့်ကို ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ကတော့ ဒီစီမံကိန်းကို ပြည်သူလုထုက လက်ခံမှာ မဟုတ်တဲ့အတွက် ကြိုပြီးတော့ ခြိမ်းခြောက်တဲ့ကိစ္စရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

    NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ၊ ဦးနေဘုန်းလတ်က “မြစ်ဆုံစီမံကိန်း ဆိုတာကလည်း အမှန်တိုင်းပြောရရင် ဒီသဘာဝပတ်ဝန်းကျင်ကို အများကြီးထိခိုက်မှာ ဖြစ်သလို ကျနော်တို့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကိုလည်း အများကြီး ထိခိုက်နိုင်တဲ့ ကိစ္စလေနော်၊ အဲဒီအတွက်ကြောင့် ပြည်သူလူထုကလည်း အများကြီး လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ပြည်သူလူထုအနေနဲ့ ကန့်ကွက်မှုတွေ နောက်ပြီးတော့ ကမ်ပိန်းလုပ်တာတွေ ဒါတွေက ဖြစ်လာနိုင်တာပေါ့နော်။ အဲဒီတော့ အဲဒီဟာတွေကို ကြိုပြီးတော့ ခြိမ်းခြောက်တဲ့အနေနဲ့ ဒီသူတို့ လုပ်ချင်တာလုပ်တာကို ဘယ်သူမှ မကန့်ကွက်နဲ့ပေါ့နော်၊ ကန့်ကွက်တဲ့သူတွေဆိုရင် ဥပဒေနဲ့အညီ အရေးယူမယ် ဘာညာဆိုပြီးတော့ သူတို့ လှမ်းပြီးတော့ ခြိမ်းခြောက်တာမျိုးတွေ လုပ်လာတာမျိုးတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

    စစ်အုပ်စု ဒုခေါင်းဆောင် စိုးဝင်းရဲ့ ဒီဇင်ဘာ ၁၆ ရက် ကချင်ပြည်နယ်ခရီးစဥ်မှာ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ဆည်ရဲ့ ဒီဇိုင်းကို တရုတ်နဲ့ ညှိနှိုင်းနေပြီလို့ ပြောဆိုခဲ့တာပါ။

    အဲဒီစီမံကိန်းဟာ စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနဲ့ နီးကပ်တဲ့အတွက် အရင် ငလျင်ပြင်းအား ၇ ဒသမ ၁ ကို အခြေခံပြီး တွက်ချက်ခဲ့တာကနေ အခုထပ်ပြင်ဆင်ပြီး တွက်ချက်သွားမယ်လို့လည်း ပြောကြားခဲ့ပြီး ဆည်အမျိုးအစားကတော့ Concrete Face Rockfill Dam (CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့် တမံအမျိုးအစား ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အရှေ့တောင်အာရှနှင့် ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူ Brian Eyler ကတော့ မြစ်ဆုံဆည်ကို ဘယ်လို နည်းပညာတွေသုံးပြီး တည်ဆောက်သွားပါမယ် ဆိုတာတွေက အဓိက စိုးရိမ်ချက်ကို ပျောက်မသွားစေဘူးလို့ ဆိုပါတယ်။

    အရှေ့တောင်အာရှနှင့် ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူ ဘရိုင်ရန်အိုင်လာက “ငါးတွေနဲ့ နုန်းမြေတွေ ဧရာဝတီမြစ်အထက်ပိုင်းကို ဖြတ်သန်းစီးဆင်းနိုင်အောင် ကူညီပေးနိုင်မဲ့ အလားအလာရှိတဲ့ နည်းပညာသစ်တွေ ရှိလာမယ် ဆိုရင်တောင်မှ လူတွေ နေရာ ရွှေ့ပြောင်းရတာ၊ အိုးအိမ်စွန့်ခွာရတာ၊ ဘိုးဘွားပိုင် သင်္ချိုင်းမြေတွေနဲ့ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်နေရာတွေ ရေလွှမ်းမိုးခံရမဲ့ အခြေအနေတွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါတွေဟာ ဆယ်စုနှစ်ကြာ စီမံကိန်းကို ရပ်တန့်စေခဲ့တဲ့ အဓိကအကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

    သြဂုတ် ၂၇ ရက်မှာလည်း စစ်ခေါင်းဆောင်က လျှပ်စစ်စွမ်းအားဒုဝန်ကြီး ဦးဆောင်တဲ့ ဧရာ၀တီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ၁၃ ယောက်နဲ့ ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့ဟာ တရုတ်ယူနန်ပြည်နယ်မှ SPIC Yunan International Power Investment Co.,Ltd (SPICYN) နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၀၂ ခုနှစ် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်ကတည်းက လေ့လာကာ တရုတ် CPI ကုမ္ပဏီနဲ့ အကျိုးတူလုပ်ကိုင်ခဲ့ပြီး ဒေသခံနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကန့်ကွက်မှုကြောင့် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာက ရပ်နားခဲ့တာ ဖြစ်ပါတယ်။

    မြတ်သဇင်

  • CDM ပညာရေးတာဝန်ခံ ဇနီးမောင်နှံကို သတ်ဖြတ်သူများကို KNU ဖမ်းဆီးရမိ

    CDM ပညာရေးတာဝန်ခံ ဇနီးမောင်နှံကို သတ်ဖြတ်သူများကို KNU ဖမ်းဆီးရမိ

    ပုလောမှ CDM ပညာရေးတာဝန်ခံ ဇနီးမောင်နှံကို သတ်ဖြတ်သူများကို KNU ဖမ်းဆီးရမိ၊ ထမင်း တောင်းစားရာတွင် မရ၍ သတ်ဖြတ်ဟု ဝန်ခံ

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆားခဲကျေးရွာတွင်နေထိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ရှိ ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ဆရာမဇနီးမောင်နှံကို သတ်ဖြတ်သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ခဲ့သည်။

    KNDO တပ်ရင်း (၇)၊ တပ်ခွဲ-၅ တွင် ဖမ်းဆီးထားသော မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်၊ မောင်ဝင်းစိုးဆိုသူ အကျဥ်းသားလေးဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် အချုပ်မှထွက်ပြေးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့တွင် CDM ဆရာမ ဇနီးမောင်နှံကို ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

    ထွက်ပြေးသူများထဲမှ တစ်ဦးဖြစ်သည့်မောင်ဝင်းစိုးသည် ညအချိန်တွင် ဆရာမဒေါ်အေးသီတာအောင် အိမ်တွင် ထမင်းသွားတောင်းစားရာ မပေးသည့်အတွက် ဓားဖြင့်ခုတ်သတ်ခဲ့သည်။ ထိုသို့ သတ်ဖြတ် နေစဉ် အော်ဟစ်သံကြောင့် ထွက်ကြည့်သည့် ဆရာမ၏ ခင်ပွန်းကိုလည်း ကျန်အကျဉ်းသား သုံးဦးက ဝိုင်းဝန်းချုပ်နှောင်ပေးကာ မောင်ဝင်းစိုးကပင် ထပ်မံထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း KNU ၏ စစ်ဆေးချက်များအရ သိရသည်။

    ၎င်းတို့ လေးဦးသည် ဆရာမတို့ ဇနီးမောင်နှံကို သတ်ဖြတ်ပြီးနောက် နေအိမ်ရှိ နားကပ်၊ ဆွဲကြိုးနှင့် လက်ကောက် စသည့် လက်ဝတ်ရတနာများကို လုယူကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းနေစဉ် ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် KNU က ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    အဆိုပါ အကျဉ်းသား လေးဦးကို ယခင်က မည်သည့်ပြစ်မှုဖြင့် ဖမ်းဆီးထားကြောင်းကိုမူ KNU က ဖော်ပြထားခြင်း မရှိသော်လည်း အချုပ်မှ ထွက်ပြေးကာ ထပ်မံ၍ လူသတ်မှုကျူးလွန်ခဲ့သည့် ၎င်းတို့ကို ကော်သူးလေ တရားဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဟု ဆိုသည်။

    ပညာရေးတာဝန်ခံ ဆရာမ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တနင်္သာရီတိုင်းအတွင်းရှိ ပညာရေး အစုအဖွဲ့များက အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုထားကြပြီး၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းကလည်း အမှုမှန် ပေါ်ပေါက်စေရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ – လူမှုကွန်ရက်