စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စက်ရုံဟာ အချိန်တနှစ်ကျော်ကြာအောင် မလည်ပတ်နိုင်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီ နှစ်ဖက်စလုံးက ဒေါ်လာသန်းရာနဲ့ချီပြီး နစ်နာမှုရှိနိုင်တယ်လို့ စီမံကိန်းနဲ့နီးစပ်တဲ့ ဒေသခံတွေက ခန့်မှန်းပါတယ်။ တကောင်းနီကယ်စီမံကိန်းဟာ ဒေသကာကွယ်ရေးအဖွဲ့တွေ ၂၀၂၄ ဇူလိုင်လကုန်ပိုင်းမှာ ဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ ထီးချိုင့်မြို့နယ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။ တရုတ်-မြန်မာဖက်စပ် Myanmar CNICO လုပ်ငန်းစုအနေနဲ့ ဒေါ်လာ သန်း ၈၅၀ ကျော် တကောင်းစီမံကိန်းထဲမှာ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး တနှစ်မှာ နီကယ်တန်ချိန် ၈၅,၀၀၀ ကျော် ထုတ်ယူဖို့ ပြင်ဆင်ခဲ့တာပါ။ လတ်တလောမှာ Myanmar CNICO လုပ်ငန်းစုဟာ တကောင်းနီကယ်စီမံကိန်းက ဝန်ထမ်းအများစုကို အနားပေးတာ၊ လျှော့ချတာတွေပြုလုပ်ခဲ့ပြီး စက်ရုံမှာ အစောင့်ဝန်ထမ်းလောက်ပဲ ကျန်ရစ်ခဲ့ပါတယ်။ စစ်အာဏာမသိမ်းခင် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ တကောင်းနီကယ်စီမံကိန်းကနေ ဒေါ်လာ ၁၂၁ သန်းအထိ…
ယောတပ်တော်(Yaw Army-YA)၏ ခက်ခဲကြမ်းတမ်းသည့်ခရီးလမ်းတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က အနီးကပ်ကွပ်ကဲပြီး ထောက်ပံ့ကူညီပေးခဲ့သည်ဟု သိရသည်။ ယောတပ်တော်(YA)ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယမန်နေ့ ဇန်နဝါရီလ ၂ ရက်တွင် YA ၏ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ယောတပ်တော်စတင်ဖွဲ့စည်းခဲ့စဉ်ကပင် ယခုအချိန်ထိ (၂)နှစ်တာသက်တမ်းအတွင်း ပြင်းထန်သော နိုင်ငံရေးလှိုင်းတံပိုးများ၊ ခက်ခဲကြမ်းတမ်းသော စစ်မျက်နှာပြင်များကို ဖြတ်သန်းခဲ့ရပြီး YA ၏ ရဲဘော်ရဲဘက်များ အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရသလို အာရက္ခပြည်၊ ချင်းပြည်နှင့် ယောဒေသတွင်း မြို့သိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီးငယ်ပေါင်းများစွာဆင်နွှဲခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အဆိုပါခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို တည့်မတ်စွာလျှောက်လှမ်းနိုင်ရန် အစဉ်တစိုက် အနီးကပ်ကွပ်ကဲ ပြီး ထောက်ပံ့ကူညီ အကြံဉာဏ်များပေးခဲ့သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အား အထူးပင် လှိုက်လှိုက်လှဲလှဲ လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့နည်းတူစွာ…
“အောက်ပါအချက်တွေထဲက တချက်ကြုံဖူးရင်ကိုသင်ဟာ ဂျင်းတွေ တတက်ပြီး တတက် မိခဲ့တဲ့သူပါ” ဘောလုံးကွင်းထဲ တကျောင်းလုံးအရောက်လို့ ခေါ်သွားပြီး မြန်မာအားကစား ကမ္ဘာကို လွှမ်းရမည်နဲ့ ပန်းပွားက,တာကို တက်တက်ကြွကြွ အားပေးဖူးရင် ပုံနှိပ်စာအုပ်ခွဲတမ်းချတဲ့အခါ မဲပေါက်တာကို ပျော်ခဲ့ဖူးရင် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး ဆိုပြီး တီဗီကနေ လှေလှော်ပြတာ အားတက်ဖူးရင် ကျပန်းစကားပြောပြိုင်ပွဲဆိုပြီး အလွတ်ကျက်ထားတာတွေ စင်ပေါ်တက်ရွတ်တာကို အားကျခဲ့ဖူးရင် ဆိုကရေးတီးပြိုင်ပွဲ မလိုက်နိုင်လို့ စိတ်မကောင်းဖြစ်ဖူးရင် မှတ်ပုံတင်လုပ်ပေးရင်းနဲ့ ဘယ်တုန်းကမှ အသင်းဝင်မယ် မပြောခဲ့ဖူးတဲ့ ကြံ့ခိုင်ရေးကတ်ပြားလေးတွေပါ အပိုဆောင်းရခဲ့ဖူးရင် သိန်းတရာလို့ ရေးထားတဲ့ စက္ကူဗူးလေးထဲမှာ ငွေသားတမျိုးမျိုးနဲ့တကယ်လှူတာဆိုပြီး သာဓုခေါ်ခဲ့ဖူးရင် တောင်တွေ့ရင် လမ်းဖောက် မြစ်တွေ့ရင် တံတားဆောက် ဆိုတဲ့ ကြွေးကြော်သံတို့ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ သယံဇာတတွေ ပေါတဲ့မြေ ဆိုတဲ့ သီချင်းတို့ကို အဟုတ်မှတ်ခဲ့ဖူးရင် ဖဲကြိုးဖြတ်ပြီး…
ဒီ ၃ ရက်အတွင်း ရန်ကုန်မှာ ကားတိုက်ပြီး လူ ၄ ယောက်သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။ ဇန်နဝါရီ ၃ ရက် ဒီနေ့ မနက် အစောပိုင်း ၂ နာရီ မိနစ် ၄၀ လောက်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ BPI ဆေးဝါးစက်ရုံလမ်းမှာ ကားတိုက်ပြီး လူညပ်နေတယ် ဆိုတဲ့သတင်းရလို့ အင်းစိန်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ကယ်ဆယ်ဆယ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဖြစ်စဉ်ကြောင့် ကားပေါ်ပါ အမျိုးသား ၁ ယောက်သေဆုံးပြီး အလောင်းကို တွဲလက် လူမှုကူညီရေးအသင်းက လူနာတင်ကားနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၁ ရက် မနက် ၄ နာရီခွဲလောက်ကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရန်ကုန်-…
အာဏာသိမ်းစစ်တပ်ကကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ပြိုင်ဘက်မရှိလို့ တယောက်တည်းပြိုင်ပြီး နိုင်သွားတဲ့ ၃၁ ယောက်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရွေးခံရတယ်ဆိုတဲ့ စာရင်းတချို့ကို စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၂ ရက်ညမှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့လွှတ်တော်အတွက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့အတွက် မပြိုင်ဘဲနိုင်တဲ့ ၁၅ နေရာမှာ ကြံ့ခိုင်ရေးပါတီက ၁၄ နေရာရပြီး မိုးနဲမှာတော့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) က တနေရာရပါတယ်။ အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည်နယ်မှာ ‘ဝ’ အမျိုးသားပါတီက မပြိုင်ဘဲ တနေရာရပါတယ်။ တိုင်းနဲ့ပြည်နယ်လွှတ်တော်မှာတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့ကနေ မပြိုင်ဘဲနိုင်တဲ့ ၁၅ နေရာမှာ ကြံ့ခိုင်ရေးပါတီက ၁၄ နေရာရပြီး ရှမ်းပြည်နယ်မှာတော့ အာခါတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက်…