Category: News

  • ရုရှားနှင့် ဘီလာရုစ်တွင် မြန်မာစစ်တပ်က မြေကွက်နှင့်အဆောက်အအုံတချို့ ဝယ်ယူထား

    ရုရှားနှင့် ဘီလာရုစ်တွင် မြန်မာစစ်တပ်က မြေကွက်နှင့်အဆောက်အအုံတချို့ ဝယ်ယူထား

    ရုရှားနှင့် ဘီလာရုစ်တွင် မြန်မာစစ်တပ်က မြေကွက်နှင့်အဆောက်အအုံတချို့ ဝယ်ယူထားပြီး မင်းအောင်လှိုင်ကိုယ်တိုင် စိတ်ကြိုက် စိစစ်ဝယ်ယူခဲ့ဟုဆို

    ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံတို့တွင် မြန်မာစစ်တပ်က မြေကွက်နှင့်အဆောက်အအုံတချို့ ဝယ်ယူထားပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် စိတ်ကြိုက် စိစစ်၍ မြေကွက်များကို ဝယ်ယူခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    ရုရှားနိုင်ငံ၊ မော်စကိုမြို့နှင့် ဘီလာရုစ်နိုင်ငံ၊ Minsk မြို့တို့တွင် မြန်မာစစ်တပ်က မြေကွက်နှင့် အ ဆောက် အအုံတချို့ကို ဝယ်ယူခဲ့ပြီး နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “မြန်မာနိုင်ငံသံရုံးနဲ့ အစိုးရဧည့်ဂေဟာတွေ တိုးချဲ့ ဖို့လို့တော့ သိရတယ်။ ဒါပေမယ့် ထူးခြားတာက မြေ ကွက်နဲ့ အဆောက်အအုံတွေကို တပ်ချုပ်ကြီးကိုယ်တိုင် သွားကြည့်၊ သွားစိစစ်တယ်လို့ သိရတယ်။ တကယ်တော့ ရုရှားမှာရော ဘီလာရုစ်မှာရော မြန်မာသံရုံးတွေကလည်း ဖွင့်လှစ်ထားပြီးသား၊ ရှိပြီးသားပါ။ ဘာကြောင့် ထပ်ဝယ်တာလဲတော့ မသိရဘူး။ ဝယ်တာကလည်း နိုင်ငံတော်ဘတ်ဂျက်နဲ့ပဲ ဝယ်တာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီးနောက် ၎င်းနှင့်မိသားစုများ စီးနင်းရန် ယခုနှစ် ဖေဖော် ဝါရီလအတွင်း ပြည်ပမှ ငှားရမ်းထားသော လေယာဉ်ကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူခဲ့သည်။

    မင်းအောင်လှိုင်က ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ တွင် သူနှင့်သူ့မိသားစု သီးသန့် အသုံးပြုရန် အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ငှားရမ်းတင်သွင်းထားသည့် Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို အပြီးအပြတ် ဝယ်ယူခဲ့ပြီး မင်းအောင်လှိုင်နှင့်မိသားစု၏ ပြည်ပခရီးစဉ်များတွင် အသုံးပြုရန် ယင်းလေယာဉ်ကို MAI က အမည်ခံပေးထားရသည်။

    မင်းအောင်လှိုင်က နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူထားသော MAI အထူးလေယာဉ်၏ အတွင်းခန်းများကိုပါ ၎င်း၏ စိတ်ကြိုက်ဒီဇိုင်းဆွဲ ပြင်ဆင်ခိုင်းခဲ့ကြောင်း သိရှိရသည်။

  • အသက် ၁၂ ခန့် ကလေးက ၅ နှစ်အရွယ် ကလေးကို မုဒိန်းပြုကျင့်

    အသက် ၁၂ ခန့် ကလေးက ၅ နှစ်အရွယ် ကလေးကို မုဒိန်းပြုကျင့်

    ဒီးမော့ဆိုမှာ အသက် ၁၂ ခန့် ကလေးက ၅ နှစ်အရွယ် ကလေးကို မုဒိန်းပြုကျင့်မှုဖြစ်ပွားခဲ့

    ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ အသက် ၁၂ ဝန်းကျင်ရှိတဲ့ ယောက်ျားလေးက အသက် ၅ နှစ်အရွယ်ရှိတဲ့ ကလေးငယ်ကို မုဒိန်းပြုကျင့်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေက အဆိုပါစစ်ရှောင်စခန်းမှာနေထိုင်တဲ့ ဒေါ်ဝင်း(အမည်လွှဲ)ဟာ ဘုရားကျောင်းက ပြန်လာစဉ် အသက် ၅ နှစ်အရွယ် သမီးဖြစ်သူ နဲ့ အသက် ၁၂ နှစ်အရွယ် လူငယ်တစ်ယောက်ကို ဘောင်းဘီတွေကင်းမဲ့လျက် တွေ့ရှိခဲ့ရပြီး အော်ဟစ်လိုက်တဲ့အခါ လူငယ်ကတော့ ထွက်ပြေးသွားခဲ့တယ်လို့ အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းသိရှိရပါတယ်။

    ဖြစ်စဉ်အပြီး ၅ ရက်ကြာတဲ့အခါ မိန်းကလေးငယ်က ဗိုက်အောင့်တယ်လို့ပြောတဲ့အတွက် ဆေးခန်းသွားပြတဲ့အချိန်ရောက်မှသာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စမ်းသပ်ချက်အရ မိန်းကလေးကိုယ်အင်္ဂါအတွင်း ထိုးသွင်းမှုတွေ ရှိနေတာ သိခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒီအတွက် ဒေါ်ဝင်း(အမည်လွှဲ)ဟာ သမီးဖြစ်သူကိစ္စနဲ့ပတ်သက်ပြီး ဉပဒေအရ အရေးယူဆောင်ရွက်ဖို့ ကရင်နီပြည်ရဲဌာန(KSP)ထံ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

    ပြစ်မှုကျူးလွန်သူ အသက် ၁၂ နှစ်အရွယ်လူငယ်ကိုတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ ကရင်နီပြည်ရဲဌာန(KSP) ထံကနေ စုံစမ်းသိရှိရပါတယ်။

  • အစိုးရဝန်ထမ်း ခုနှစ်ယောက်အပါအဝင် လူ ၁၀ ယောက်ကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖမ်း

    အစိုးရဝန်ထမ်း ခုနှစ်ယောက်အပါအဝင် လူ ၁၀ ယောက်ကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖမ်း

    မကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရဝန်ထမ်း ခုနှစ်ယောက်အပါအဝင် လူ ၁၀ ယောက်ကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖမ်း

    မကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရ ဝန်ထမ်း ခုနှစ်ယောက် အပါအဝင် လူ ၁၀ ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ က ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ် ၊ ပုလင်းကမ်းသာယာ ဆင်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ ဦးချစ်ကိုကို နဲ့ ဇနီးဖြစ်သူဒေါ်စန္ဒာဝင်း ၊ သစ်အုပ် ဖြစ်သူ ဦးသောင်းကြည် ၊ နေ့စားဝန်ထမ်း ဦးစောလင်း တို့ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ် လို့သိရပါတယ် ။

    ” ဆင်စခန်းကို ဝင်ပြီး ဖမ်းခေါ်သွားတာလို့သိရတယ် ။ ကားတစီးလည်းယူသွားတယ် ။ ဆင်စခန်းက ညောင်ဦး ကနေ ပခုက္ကူ နဲ့ မြင်းခြံ သွားလမ်းဘေးမှာရှိတာ ။ ညောင်ဦး နဲ့က နီးတယ် မြို့အထွက်နားတင်ပဲ ။ အဲဒီဘက်လမ်းတွေက PDF တွေ လှုပ်ရှားမှုရှိတယ်။ ” လို့ လုံခြုံရေး အရအမည် မဖော်လိုသူ ညောင်ဦး ဒေသခံက ပြောပါတယ် ။

    ဒီဇင်ဘာ ၁၁ ရက်နေ့မှာလည်း မန္တ​လေးတိုင်း တံတားဦးမြို့နယ်၊ အေးစွကျေးရွာရှိ STAOP ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကုမ္ပဏီမှ လုံခြုံရေး ဝန်ထမ်း ဦးရဲအောင် ဆိုသူကို လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးမှု ရှိခဲ့တယ်လို့ သိရပါတယ် ။

    အလားတူ ဒီဇင်ဘာ ၁၁ ရက်မှာပဲ မလှိုင်မြို့နယ် ၊ဘောက်ခွေးတော ရွာမှ ဦးထွန်းငွေသက် ဆိုသူကို လက်နက်ကိုင် အဖွဲ့က နေအိမ်အထိ ဝင်ရောက် ဖမ်းဆီးခေါ် ဆောင်သွား ခဲ့တယ်လို့ သိရပါတယ်။

    ဒီဇင်ဘာ ၆ ရက်ကလည်း မလှိုင်မြို့နယ် ကျင်းသာရွာ အခြေခံပညာ မူလတန်းကျောင်းက မူလတန်းပြ ဆရာမဖြစ်သူ ဒေါ်ခိုင်ဇံဝေ ကို လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

    ” ဆရာမကတော့ ပြန်လွတ်လာပြီလား မလွတ်သေးဘူးလား သေချာမသိဘူး ။ အရင်ရက်က ဖမ်းသွားတဲ့ ဘောက်ခွေးတောက လူကတော့ အသတ်ခံလိုက်ရတယ် သိရတယ် ။ ” လို့ ဒေသခံက ပြောပါတယ်။

    ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ရှိ အရာတော်ရေနံမြေမှ ဝန်ထမ်းတွေ ဖြစ်တဲ့ စက်မှုကျွမ်းကျင် (၄) (ထုတ်လုပ်ရေးဌာန) ဦးနေစိုး ၊ အငယ်တန်း စာရေး (စက်ပြင်ဌာန) ဦးစိုးသီဟလှိုင် ၊ ကျွမ်းကျင် (၃) (IT ဌာန) ဦးမျိုးခိုင်ဦး ဆိုသူတို့ကို လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွား တယ်လို့ သိရပါတယ် ။

    ပခုက္ကူမြို့နယ် ၊ ဆိက္ခဝ ရွာဘက်ကို စက်လှေနဲ့ သွားရောက်စဥ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းကလည်း မန္တလေး တိုင်းနဲ့ မကွေးတိုင်းထဲက အစိုးရဝန်ထမ်း အပါအဝင် လူ ၁၀ ယောက်ထက်မနည်း လက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

  • မြေရှားသတ္တုအတွက် KIA နဲ့ အိန္ဒိယ လျှို့ဝှက်သဘောတူ

    မြေရှားသတ္တုအတွက် KIA နဲ့ အိန္ဒိယ လျှို့ဝှက်သဘောတူ

    အိန္ဒိယ နဲ့ မြန်မာနိုင်ငံ က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အကြား မြေရှား သတ္တုအတွက် လျှို့ဝှက် သဘောတူညီချက် ရရှိ ထားကြောင်းကို စုံစမ်း လေ့လာ သိရှိရတယ်လို့ အမေရိကန် အခြေစိုက် Silicon Valley Time သတင်းမှာ ဖေါ်ပြထားပါတယ်။

    ဒါဟာ မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့မှုကို ဖေါ်ပြနေသလို မြန်မာ စစ်တပ် အတွက်‌တော့ အချုပ်အခြာအာဏာကို ထိခိုက်စေကြောင်း ရေးသား ထားပါတယ်။

    ဂြိုဟ်တုက ရတဲ့ ပုံတွေနဲ့ နယ်စပ်ဖြတ်ကျော် ထောက်လှမ်းရေး သတင်းတွေ အရ အိန္ဒိယဟာ အာရူနာချယ် ပရာဒေ့ရှ် ပြည်နယ် ကနေ ကချင်ပြည်နယ် ချီဖွေက မြေရှားသတ္တုတူးဖော်ရေးနေရာ အထိ ၃၆၅ ကီလိုမီတာ ရှည်လျားတဲ့ လမ်းကွန်ရက်ကို တည်ဆောက်နေကြောင်း အတည်ပြုဖေါ်ပြထားပါတယ်။

    မြန်မာစစ်ကော်မရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားတဲ့ ဒီလမ်းကြောင်းဟာ အိန္ဒိယအတွက် မြေရှားသတ္တု အရင်းအမြစ်တွေကို ရရှိစေနိုင်ပြီး၊ အလဲအလှယ် အနေနဲ့ KIA ကို လက်နက်၊ ဆေးဝါး အကူအညီနဲ့ ထောက်ပို့ အကူအညီတွေ ပေးအပ်နိုင်ပါတယ်။

    ဒီမိတ်ဖက်ဆက်ဆံရေးမှာ KIA ဌာနချုပ် လိုင်ဇာ ကနေ စစ်ကိုင်းတိုင်းကို ဖြတ်ပြီး ချင်းပြည်နယ် ရိခေါ်ဒါ အထိ ဒုတိယမြောက် မဟာဗျူဟာ မြောက် လမ်းကြောင်းတခု တည်ဆောက်ဖို့လည်း လျှို့ဝှက် စီစဥ်နေပါ တယ်။

    ဒီလမ်းကြောင်း အတွက် ရန်ပုံငွေကို မြန်မာနိုင်ငံ တရားမဝင် သစ်မှောင်ခို တွေဆီ ကနေ တစိတ်တပိုင်း ရယူထားပြီး၊ မြေရှားသတ္တု ၊ ရေနံနဲ့ သစ်တွေကို အိန္ဒိယဆီ ရေရှည် ပို့ဆောင်စေနိုင်မှာ ဖြစ်ပါတယ်။

    KIA ရဲ့ ပါဝင်ပတ်သက်မှုဟာ အိန္ဒိယကို သယံဇာတကြွယ်ဝတဲ့ ဒေသတွေ အပေါ် သွယ်ဝိုက်ပြီး ထိန်းချုပ်မှု ရရှိစေမှာ ဖြစ်ပြီး၊ မြန်မာ စစ်တပ်ကို ကောင်းကောင်း ကျော်လွှားကာ စစ်တပ်ရဲ့ နယ်မြေပိုင်စိုးမှုကို လျော့ပါး သွားစေမှာ ဖြစ်ကြောင်း အကဲခတ်တွေက သုံးသပ်ပါတယ်။

    အိန္ဒိယရဲ့ KIA အပေါ် စစ်ရေး အထောက်အပံ့ တွေထဲမှာတော့ အဆင့်မြင့် လက်နက်တွေနဲ့ ဆေးဘက် ဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေ ပါဝင်ပြီး ဒါတွေကို အာရူနာချယ် ပရာဒေ့ရှ် က တဆင့် ပေးပို့မှာ ဖြစ်ပြီး၊ မြန်မာ စစ်တပ် ကို ခုခံနိုင်ဖို့ KIA ရဲ့ စွမ်းရည်ကို မြှင့်တင်စေမှာ ဖြစ်ပါတယ်။

    အပြန်အလှန်အားဖြင့် KIA ဟာ နယ်စပ်အနီးရှိ အိန္ဒိယ ဆန့်ကျင်ရေး သူပုန် အဖွဲ့ ဖြစ်တဲ့ National Socialist Council of Nagaland-K (YA) အပါအဝင် တခြားသူပုန်အဖွဲ့တွေကို နှိမ်နင်းပေးမယ်လို့ ကတိပြုထားပြီး၊ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ချင်းပြည်နယ်နဲ့ ကဘော်ချိုင့်ဝှမ်း ဒေသတွေ အပေါ် အိန္ဒိယရဲ့ တောင်းဆိုမှုတွေကို သွယ်ဝိုက်ပြီး ထောက်ခံပေးထား ပါတယ်။

    မြန်မာ စစ်အစိုးရ အရာရှိတဦးက ဒီသဘောတူညီချက်ဟာ “နိုင်ငံတကာ ဥပဒေကို သိသိသာသာ ချိုးဖောက်တာဖြစ်တယ်’’ လို့ ပြောပြီး ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

    မြန်မာနယ်နိမိတ် အတွင်း ခွင့်ပြုချက် မရှိဘဲ အိန္ဒိယရဲ့ လုပ်ငန်းဆောင်ရွက် မှုတွေဟာ စစ်ရေးနဲ့ ပြတ်သားတဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရမယ်လို့ သူက သတိပေးခဲ့ပါတယ်။

    မြန်မာဘက်က သဘောတူညီချက် မရှိဘဲ အိန္ဒိယ အဖွဲ့အစည်းတွေက လမ်းဖောက်တာ သယံဇာတ ထုတ်ယူတာတွေဟာ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုတွေကိ ဆန့်ကျင်နေကြောင်း အဲဒီ အရာရှိက အလေးထား ပြောကြားခဲ့ပါတယ်။

    “အခုလို လုပ်ရပ်တွေဟာ မြန်မာနိုင်ငံ တည်ငြိမ်ရေးကို သာမက ကျယ်ပြန့် တဲ့ ဒေသဆိုင်ရာ ပဋိပက္ခကိုပါ မီးထိုးပေးနိုင်တဲ့ အန္တရာယ် ရှိတယ်” လို့ သူက ပြောကြားသွားပါတယ်။

  • မော်လိုက်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်ထံကရုပ်အလောင်းတွေအပါအဝင် ရှော့တိုက်ဒုံးတွေနဲ့ လက်နက်တွေ သိမ်းရ

    မော်လိုက်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်ထံကရုပ်အလောင်းတွေအပါအဝင် ရှော့တိုက်ဒုံးတွေနဲ့ လက်နက်တွေ သိမ်းရ

    မော်လိုက်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်ထံကရုပ်အလောင်းတွေအပါအဝင် ရှော့တိုက်ဒုံးတွေနဲ့ လက်နက်တွေ သိမ်းရ

    စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီတပ်က ရုပ်အလောင်းတွေအပါအဝင် ရှော့တိုက်ဒုံးတွေနဲ့ လက်နက်တွေ သိမ်းရတယ်လို့ Mawlaik Revolutionsက ဒီကနေ့ ထုတ်ပြန်ပါတယ်။

    တော်လှန်ရေးအင်အားစုတွေ အခြေပြုတပ်စွဲထားတဲ့ မော်လိုက်မြို့နယ်၊ဆွတ်နန်းကျေးရွာအနီးက ရန်ကင်းတောင်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒီဇင်ဘာ ၉ ရက်က ခေတ္တဆုတ်ခွာပြီးနောက် မနေ့က (ဒီဇင်ဘာ ၁၄ ရက်)နေ့လယ်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

    စစ်ကောင်စီတပ်သားတွေဟာ ဆွတ်နန်းကျေးရွာဘက်ကိုထွက်ပြေးသွားပြီးနောက် နယ်မြေရှင်းလင်းချိန်မှာ ၁၂၂မမ ရှော့တိုက်ဒုံး(၇)လုံး၊MA1 ၁လက်၊MA3 ၁လက်၊MA15 ၁လက်၊G3၁လက်၊ကျည်ဘောက်၁၃ ခု၊ကျည်မျိုးစုံ ၁၂၀၀ နီးပါးနဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်း ခြောက်လောင်း ရတယ်လို့ ဖော်ပြပါတယ်။

    “ဆွတ်နန်းရွာက ပျူစောထီးရွာပါပဲ။ ကျွန်တော်တို့ သိမ်းငှက်စစ်ဆင်ရေးတုန်းကတည်းက သိမ်းထားတာပေါ့။ သာလွန်အင်အားနဲ့ထိုးလာ​တာကြောင့် ဆုတ်ပေးထားတာ။ မနေ့ညကဆို အဲဒီရွာကနေ ရန်ကင်းတောင်ဘက်ကို လက်နက်ကြီးနဲ့ တညလုံးပစ်နေတာ”လို့ မော်လိုက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    ကလေးမြို့နယ်အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)ဒုတိယအကြီးအကဲက ​မော်လိုက်မြို့ကို ဒီဇင်ဘာလဆန်းကရောက်ရှိခဲ့ ပြီးနောက် စစ်ကောင်စီတပ်က စစ်ရေးမြှင့်တင်မှုတွေလုပ်နေပြီး အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

    မော်လိုက်မြို့မှာ စစ်ကောင်စီတပ်အခြေချတပ် တွေဖြစ်တဲ့ ခမရ(၃၆၄၊၃၆၅၊၃၆၆)တပ်ရင်းတွေရှိပြီး ပျူစောထီးအင်အားအတန်အသင့်အားကောင်းတယ်လို့လည်း စစ်ရေးအချက်အလက်တွေအရ သိရပါတယ်။

    ကာကွယ်ရေးတပ်တွေက သိမ်းငှက်စစ်ဆင်ရေးနဲ့ မော်လိုက်ခရိုင်ထဲမှာ အခုနှစ် သြဂုတ်စတင်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်း ရှစ်ခုနဲ့ ကျေးရွာ (၁၇ )ရွာကို ထိန်းချုပ်ထားပါတယ်။

    တောင်သူလယ်သမားတွေ စပါးရိတ်သိမ်းချိန်နဲ့ ပြည်သူလူထု စစ်ဘေးရှောင်ရတဲ့ အခက်ခဲတွေကြောင့် သိမ်းငှက်စစ်ဆင်ရေးထိုးစစ်ကို အရက်အကန့်သတ်မရှိ ရပ်တန့်ထားတာဖြစ်ပါတယ်။

    (မော်လိုက်မြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံကသိမ်းရတဲ့ ရှော့တိုက်ဒုံးတွေနဲ့ လက်နက်တွေ။ ဓာတ်ပုံ – Mawlaik Revolutions)