ဒီးမော့ဆိုမှာ အသက် ၁၂ ခန့် ကလေးက ၅ နှစ်အရွယ် ကလေးကို မုဒိန်းပြုကျင့်မှုဖြစ်ပွားခဲ့

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ အသက် ၁၂ ဝန်းကျင်ရှိတဲ့ ယောက်ျားလေးက အသက် ၅ နှစ်အရွယ်ရှိတဲ့ ကလေးငယ်ကို မုဒိန်းပြုကျင့်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေက အဆိုပါစစ်ရှောင်စခန်းမှာနေထိုင်တဲ့ ဒေါ်ဝင်း(အမည်လွှဲ)ဟာ ဘုရားကျောင်းက ပြန်လာစဉ် အသက် ၅ နှစ်အရွယ် သမီးဖြစ်သူ နဲ့ အသက် ၁၂ နှစ်အရွယ် လူငယ်တစ်ယောက်ကို ဘောင်းဘီတွေကင်းမဲ့လျက် တွေ့ရှိခဲ့ရပြီး အော်ဟစ်လိုက်တဲ့အခါ လူငယ်ကတော့ ထွက်ပြေးသွားခဲ့တယ်လို့ အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်အပြီး ၅ ရက်ကြာတဲ့အခါ မိန်းကလေးငယ်က ဗိုက်အောင့်တယ်လို့ပြောတဲ့အတွက် ဆေးခန်းသွားပြတဲ့အချိန်ရောက်မှသာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စမ်းသပ်ချက်အရ မိန်းကလေးကိုယ်အင်္ဂါအတွင်း ထိုးသွင်းမှုတွေ ရှိနေတာ သိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအတွက် ဒေါ်ဝင်း(အမည်လွှဲ)ဟာ သမီးဖြစ်သူကိစ္စနဲ့ပတ်သက်ပြီး ဉပဒေအရ အရေးယူဆောင်ရွက်ဖို့ ကရင်နီပြည်ရဲဌာန(KSP)ထံ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူ အသက် ၁၂ နှစ်အရွယ်လူငယ်ကိုတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ ကရင်နီပြည်ရဲဌာန(KSP) ထံကနေ စုံစမ်းသိရှိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *