Category: News

  • မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို ပြန်လည် သိမ်းပိုက်ရန်  PDF တပ်များက ထိုးစစ်ဆင်နေ

    မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို ပြန်လည် သိမ်းပိုက်ရန် PDF တပ်များက ထိုးစစ်ဆင်နေ

    TNLA က လက်လွှတ်လိုက်ရသော မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို ပြန်လည် သိမ်းပိုက်ရန် PDF တပ်များက ထိုးစစ်ဆင်နေပြီး မိုးကုတ်တွင် စစ်ရေးအရ အရေးပါသော စခန်းကုန်း ၁ ခုကို သိမ်းပိုက်ရရှိဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ

    ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းမြောက်တွင် တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AFP)

    မန္တလေးတိုင်း မိုးကုတ်မြို့၊ ရှမ်းပြည်နယ် မိုးမိတ်မြို့တို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် PDF တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ရေးအရ အရေးပါသော စခန်းကုန်း ၁ ခုကို သိမ်းပိုက်ရရှိထားကြောင်း NUG အစိုးရက ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေဖြင့် မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ ၉ ရက်နေ့ ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာဒေသတွင်းရှိ PDF များ၊ ပကဖ များကို စုစည်းစေလျက် တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှတဆင့် စစ်ဆင်ရေးကိစ္စများကို အနီးကပ်ကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်း သိရသည်။

    မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း လှုပ်ရှားနေသည့် MDY-PDF တပ်ဖွဲ့ဝင်အချို့။ (ဓာတ်ပုံ − AFP)

    ထို့ပြင် တိုက်ပွဲများမဖြစ်ပွားမီကပင် အပြစ်မဲ့ အရပ်သားပြည်သူလူထုများ ထိခိုက်မှုမရှိစေရေးအတွက် ဘေးလွတ်ရာနယ်မြေများသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်း၊ နေရာချထားပေးခြင်း နှင့် လိုအပ်သော ထောက်ပံ့ကူညီမှုများကို အချိန်နှင့်တပြေးညီ ပေးအပ်နိုင်ရေးတို့ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလျင်အမြန် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်မှ စတင်ပြီး မိုးကုတ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် ခြေကုတ်ယူလာသော နယ်မြေများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားသည့်နေမှ စ၍ ဒီဇင်ဘာလ ၆ ရက်နေ့အထိ တပတ်တာကာလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၉ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရေးပါသော အကြမ်းဖက် စစ်တပ်၏ စခန်းကုန်း ၁ ခုကို တော်လှန်ရေး တပ်ဖွဲ့များက လက်ရသိမ်းပိုက်ထားနိုင်ထဲ့ကြောင်း သိရသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အနေဖြင့် မိုးကုတ် – မိုးမိတ်ဒေသ သို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက် စစ်အုပ်စု တပ်များကို ပြည်သူလူထုနှင့် လက်တွဲပြီး ရွပ်ရွပ်ချွံချွံဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း NUG အစိုးရက ပြောဆိုထားသည်။

    TNLA က တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ၎င်းတို့ သိမ်းပိုက်ထားသော မိုးကုတ်နှင့်မိုးမိတ်မြို့တို့ကို စစ်တပ်ထံသို့ ပြန်လည် ပေးအပ် ပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ စစ်တပ်နှင့်အပစ်အခတ်ရပ်စဲထားခြင်းဖြစ်သည်။

  • လက်နက်ကြီးကျည်နှင့်ကျည်ဆန်များ ထပ်မံ ကျရောက်ပါက အင်အားသုံးမှု စည်းမျဉ်းများအတိုင်း လုပ်ဆောင်မည်

    လက်နက်ကြီးကျည်နှင့်ကျည်ဆန်များ ထပ်မံ ကျရောက်ပါက အင်အားသုံးမှု စည်းမျဉ်းများအတိုင်း လုပ်ဆောင်မည်

    ထိုင်းဘက်သို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်နှင့် ကျည်ဆန်များ ထပ်မံ ကျရောက်ပါက အင်အားသုံးမှု စည်းမျဉ်းများအတိုင်း လုပ်ဆောင်မည်ဟု ထိုင်းတပ်မတော်ကာကွယ် ရေးဦးစီးချုပ် သတိပေး

    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး စစ်တပ်နှင့် KNLA တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်နှင့်ကျည်ဆန်များ ထိုင်းဘက်သို့ ကျရောက်လျက်ရှိရာ ယင်းကဲ့သို့ ထပ်မံဖြစ်ပွားပါက အင်အားသုံးမှု စည်း မျဉ်းများအတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ukrit Boontanon က သတိပေးလိုက်သည်။

    ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံအတွင်းသို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်များ၊ ကျည်ဆန်များကျရောက်နေသော သတင်းပေးအစီရင်ခံမှုများကို ရရှိထားကြောင်း ၊ ယင်းသို့ ကျရောက်နေမှုများနှင့်ပတ်သက်၍ ထိုင်းစစ်တပ်ကို မြန်မာဘက်သို့ သတိပေး ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း၊ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသားများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိသော်လည်း သေဆုံးမှု မရှိသေးကြောင်း၊ အကယ်၍ လက်နက်ကြီးကျည် နှင့်ကျည်ဆန်များ ထိုင်းဘက်သို့ ထပ်မံ ကျရောက်ပါက အင်အားသုံးမှုစည်းမျဉ်းများအတိုင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုသည်။

    ထို့ပြင် မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်နှင့် ကျည်ဆန်များ ကျရောက်နေသော နေရာများ အပါအဝင် အန္တရာယ်ရှိသော နေရာများမှ အရပ် သားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်ပေးမည်ဖြစ်ကြောင်း ထိုင်းစစ်တပ်၏ ဗိုလ်ချုပ်ကြီးက ပြောဆိုသည်။

    ယမန်နေ့ နံနက်ပိုင်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး စစ်တပ်နှင့် KNLA တပ်များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကာ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်ပြီး ထိုင်းနိုင်ငံသားသား ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိသည်။

    အလားတူ ဒီဇင်ဘာ ၁ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်အချိန် မြန်မာနိုင်ငံဘက်မှ ပစ်ခတ်သော ကျည် ဆန်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဘက်အခြမ်းရှိ ကျေးရွာအတွင်းသို့ ကျရောက်ပြီး အသက် ၆၇ နှစ်အရွယ် ထိုင်းနိုင်ငံသူ အမျိုးသမီးကြီး၏ ဘယ်ဘက်ခြေထောက်ကို ထိမှန်ဒဏ်ရာရရှိခဲ့သည်။

    ထိုင်းစစ်တပ်က လက်နက်ကျည်ဆန်များ ထိုင်းဘက်အခြမ်းသို့ ကျရောက်နေမှုနှင့်ပတ်သက်၍ မြန်မာဘက်အခြမ်းသို့ တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် လုံခြုံရေး ပိုမို တင်းကျပ်ထားကာ မြန်မာဘက်သို့ ထိုင်းစစ်တပ်က မီးခိုးဗုံးများ ပြန်လည် ပစ်ခတ်ခဲ့သည်။

    နိုဝင်ဘာလ ၃၀ ရက်နေ့ ထိုင်းဘက်သို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက် ကြီးများကျရောက်ပြီးနောက်​ သောင်ရင်းမြစ်ကို ဖြတ်ကူးသော နယ်စပ်ဂိတ်များအားလုံးကို ထိုင်းအာဏာပိုင်များက ၇ ရက် တိတိ ပိတ်ပင်လိုက်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့ ထိုင်းစစ်တပ်က တရားဝင် ကြေ ညာချက် ထုတ်ပြန်ခဲ့သည်။

    မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးရှိ ကျားဖြန့်ရုံများကို KNU က နိုဝင် ဘာလ ၂၁ ရက်နေ့ သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါနေရာများရှိ ကျားဖြန့် အလုပ်ရုံနှင့် ဝင်းများကို စုံစမ်းစစ်ဆေးရေးများ လုပ်ဆောင်နေချိန် စစ်တပ်က ယင်းနေရာများကို ပြန်လည် သိမ်းပိုက်နိုင်ရေး ထိုးစစ်များ အရှိန်အဟုန်မြှင့်နေခြင်းဖြစ်ကြောင်း နယ်စပ်စစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။

    Ref -Naewna News

  • မြန်မာနိုင်ငံသည် ကမ္ဘာ့ဝမ်းရေးဒုက္ခအဆိုးရွားဆုံးခံစားနေရသည့် ပဉ္စမမြောက်နိုင်ငံဖြစ်လာဟု WFP ထုတ်ပြန်

    မြန်မာနိုင်ငံသည် ကမ္ဘာ့ဝမ်းရေးဒုက္ခအဆိုးရွားဆုံးခံစားနေရသည့် ပဉ္စမမြောက်နိုင်ငံဖြစ်လာဟု WFP ထုတ်ပြန်

    ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ဝမ်းရေးဒုက္ခအဆိုးရွားဆုံးခံစားနေရသည့် ပဉ္စမမြောက်နိုင်ငံဖြစ်လာသည်ဟု World Food Program(WFP)က ထုတ်ပြန်လာသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်က ထုတ်ပြန်သည့် Hunger Hotspots အစီရင်ခံစာကိုကိုးကားပြီး WFP က ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်တွင် ယခုလို ထုတ်ပြန်ခြင်းဖြစ်သည်။

    “အခုဆိုရင် မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဝမ်းရေးဒုက္ခကို ပဉ္စမမြောက် အဆိုးရွားဆုံး ခံစားနေရတဲ့နိုင်ငံ ဖြစ်လာနေပါပြီ။ နောက်ဆုံးထုတ်ပြန်ထားတဲ့ ‘Hunger Hotspots’ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အာဖဂန်နစ္စတန်၊ ဆီးရီးယားနဲ့ တောင်ဆူဒန်တို့ထက်တောင် ဝမ်းရေးဒုက္ခကြုံနေရတဲ့ လူဦးရေ ပိုများနေတယ်လို့ ဖော်ပြထားပါတယ်”ဟု WFP ၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

    WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford ကလည်း “နောက်ဆုံးထွက်ရှိထားတဲ့ ‘Hunger Hotspots အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဝမ်းရေးဒုက္ခကို ပဉ္စမမြောက် အဆိုးရွာဆုံးခံစားနေရတဲ့ နိုင်ငံဖြစ်နေပါပြီ။ လူဦးရေ ၁၁ ဒသမ ၈ သန်းကျော်ဟာ ဝမ်းရေးအကြီးအကျယ် ခက်ခဲနေကြတာပါ။ ပြောရရင် တစ်နိုင်ငံလုံးရဲ့ ၂၂ ရာခိုင်နှုန်းကျော်လောက်ပေါ့”ဟု ပြောသည်။

    မြန်မာနိုင်ငံသည် ယခုကဲ့သို့ ကမ္ဘာ့ဝမ်းရေးဒုက္ခအဆိုးရွားဆုံးခံစားနေရသည့် ပဉ္စမမြောက်နိုင်ငံဖြစ်လာနေရခြင်းမှာ နိုင်ငံတွင်း လက်ရှိ ဆက်ဖြစ်နေသည့် ပဋိပက္ခများ၊ စီးပွားရေး ထိုးကျသွားခြင်းများနှင့် ပြီးခဲ့သည့်မတ်လအတွင်းက လှုပ်သွားသည့် ငလျင်ကြီးအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်သည်ဟု ဆိုထားသည်။

    WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က “ဒီဒဏ်ကိုအဆိုးဆုံးခံစားရတာက ကလေးငယ်တွေပါ။ ကလေးပေါင်း လေးသိန်းကျော်လောက်ဟာ အာဟာရချို့တဲ့နေကြရပါတယ်”ဟု ပြောသည်။

    လက်ရှိမြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်နှင့် အာရက္ခတပ်တော်(AA)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိနေဆဲဖြစ်သည်။

    စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များလည်း တစ်နေ့တခြား တိုးပွားလျက်ရှိသည်ဟု သိရသည်။

    မြန်မာနိုင်ငံတဝန်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် ပြည်သူ သုံးသန်းခွဲကျော်ရှိပြီး ယင်းအနက် ၃ဝ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ကြသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)က ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ကြေညာထားသည်။

    ပြီးခဲ့သည့် မတ်လ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့်လည်း သေဆုံးသူဦးရေမှာ ဧပြီလ ၃ ရက်နေ့အထိ ၃၁၇၂ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၄၅၈၉ ဦးရှိကြောင်း မှတ်တမ်းများအရ သိရသည်။

    အဆိုပါငလျင်ကြောင့် အိုးအိမ်အဆောက်အအုံအများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

    ဓာတ်ပုံ – ရခိုင်မှ စစ်ဘေးရှောင်မိသားစုတစ်စုအား တွေ့ရစဉ်။

  • မိဘတွေအပေါ်ထားတဲ့ ပိုင်တံခွန်ရဲ့စိတ်ထားကို ဖွင့်ဟလာတဲ့ အစ်မဖြစ်သူ မေချစ်သွေး

    မိဘတွေအပေါ်ထားတဲ့ ပိုင်တံခွန်ရဲ့စိတ်ထားကို ဖွင့်ဟလာတဲ့ အစ်မဖြစ်သူ မေချစ်သွေး

    အိမ်ထောင်မကျခင်ကတည်းက အိမ်ရဲ့အသုံးစရိတ်စာရင်းကို လင်းမြဖူးဆီ စာရင်းပြငွေထုတ်ခိုင်းခဲ့တဲ့ ပိုင်တံခွန်ရဲ့မိဘတွေအပေါ်ထားတဲ့ နောက်ကွယ်ကစိတ်ဓာတ်ကို ဖွင့်ဟလာတဲ့ အစ်မဖြစ်သူ မေချစ်သွေး

    အိမ်ပေးခဲ့တဲ့စာချုပ်မှာ အိမ်သားတွေအားလုံးကို ရှေ့နေနဲ့ လက်မှတ်ထိုးခိုင်းကတည်းက တစ်မိသားစုလုံး နာကျင်ခဲ့ရတယ်တဲ့

    အခုဖြစ်နေတဲ့ပြသနာနဲ့ပတ်သက်ပြီး မိဘတွေခံစားနေရတာကို မကြည့်ရက်တော့လို့ ပထမဆုံးဖြေရှင်းခြင်းပါ။

    အရင်ကတော့ လူတချို့ရဲ့အနှိမ်ခံပဲ ဖြစ်ခဲ့တာ။ ကောင်းပေးခဲ့ဖူးတဲ့အရာတွေကြောင့် ခေါင်းငုံ့သည်းခံပေးပြီး ငြိမ်ပေးနေခဲ့တာပါ။

    ဘာသက်သေမှ မရှိလို့ လူတွေပြောနေသမျှက မှန်နေလို့ ကြောက်လို့ ငြိမ်နေခဲ့တာ မဟုတ်ပါဘူး။

    အခု လူတွေစွပ်စွဲနေကြသလိုလည်း ငွေကြေးကြောင့် လုံးဝမဟုတ်တာ ကာယကံရှင်တွေသာ အသိဆုံးပါ။

    ကိုယ့်မောင်ကို ချစ်တဲ့စိတ်နဲ့ မလုပ်ရက်ခဲ့လို့ အစ်မတစ်ယောက်အနေနဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ စိတ်လျှော့ချခဲ့တာ။

    နင့်ဆီက ငွေ မပြောနဲ့ နင့်ကိုယ်ရေးကိုယ်တာတောင် မိသားစုက ဝင်မစွက်ဖက်ခဲ့ဖူးဘူးနော်။

    နင် ကောင်းစားဖို့အတွက်ပဲ ဘာအကျိုးမှ မမျှော်ကိုးခဲ့ပဲ တတ်နိုင်သလောက် ကူညီပေးခဲ့ကြတာ။ ငါတို့ရယူခဲ့တာ ဘာမှမရှိခဲ့ဘူး။

    ကိုယ့်ဘဝအတွက်တောင် မကြည့်ခဲ့ပဲ နင့်အနားမှာ နှစ်အကြာကြီး ထမင်းစားကျွန်ဘဝနဲ့ နေပေးခဲ့တာ နင့်ကို သိပ်ချစ်လို့။

    နင့်ကို သိစေချင်တာ တစ်ခုပဲရှိတယ်။ ကိုယ့်မိသားစုကို ကိုယ်မှတန်ဖိုးမထားပေးရင် ကိုယ်မှ ကာကွယ်မပေးရင် အပြင်လူက ဝင်စော်ကားဖို့ အေးဆေးပဲ။

    ငါကလည်း သူများကို အကြောင်းမဲ့သွားရိုင်းပြီး စော်ကားတတ်တဲ့သူ မဟုတ်ဘူးဆိုတာ နင်သိမှာပါ။

    ကိုယ့်မိဘကို ထိခိုက်လာလို့ ငါ့အမေ မျက်ရည်ကျနေတာကို သည်းမခံနိုင်တော့လို့ ပေါက်ကွဲထွက်သွားတာပဲရှိတာ။

    အမေ ဘယ်လောက်ထိ နာကျင်ခဲ့ရသလဲ ငိုခဲ့ရသလဲ နင်သိလား။ အရာရာတိုင်းမှာ အကျိုးနဲ့အကြောင်းဆိုတာ ရှိစမြဲပဲ။

    ငါ့အပေါ် အပြစ်တွေပုံချပြီး နင်ဒေါသထွက်သမျှကိုတောင် ငြိမ်ခံပေးခဲ့တာပါ။ ငါ အစ်မပီသအောင် နေပေးခဲ့တဲ့အတွက် လိပ်ပြာလုံတယ်။

    ပတ်ဝန်းကျင်လည်းသိတယ်။ တစ်မိသားစုလုံးက နင်ရှာသမျှကို ထိုင်စားခဲ့သတဲ့။

    အစ်မကြီးက ရတဲ့အလုပ်ရှာလုပ်ခဲ့သလို အစ်ကိုကလည်း အလုပ်လုပ်ခဲ့ပြီး မိဘကို ရှာကျွေးခဲ့ကြတာ။

    သူတို့မိသားစုနဲ့သူတို့ဘာသာ အဆင်မပြေကြတာတောင် မိဘကို ရတဲ့အခကြေးငွေနဲ့ ရှာကျွေးခဲ့ပါတယ်။

    ငါလည်း နင့်ဆီမှာအလုပ်လုပ်ပေးနေရင်း မိဘကို နိုင်သလောက် ထောက်ပံ့ခဲ့တယ်။ အကုန်လုံးက နင့်လောက် ဝင်ငွေမကောင်း၊ မရှာနိုင်ပေမယ့် တစ်သိန်းရရ နှစ်သိန်းရရ မိဘကို ပေးခဲ့တာချည်းပဲ။

    ငါတို့မောင်နှမ အကုန်လုံးက မိဘကို သိတတ်သူတွေချည်းပဲ။ အားလုံးက နင့်ကိုသိပ်ချစ်ပြီး ဂုဏ်ယူခဲ့ကြတဲ့သူတွေပါ။

    ငါက အမြဲ နင့်ဖက်ပဲ ရပ်တည်ပေးခဲ့တဲ့သူဆိုတာ နင်အသိဆုံးပါ။ အခုလည်း ငါတို့က နင့်သဘောအတိုင်း နင့်စကားအတိုင်း ထပ်လာမပတ်သက်နဲ့ အမေသေလည်းမလာဘူး နင်သေလည်းမလာနဲ့ဆိုလို့ ငါတို့နေပေးခဲ့တာပဲရှိတာ။

    ငါတို့မှားသွားသလား။ နင် အမေ့ကိုပြောခဲ့တဲ့စကားတွေ နင် အသိဆုံးပါ။

    အိမ်ပေးခဲ့တဲ့စာချုပ်မှာ တစ်မိသားစုလုံး လက်မှတ်ထိုးရမယ်ဆိုပြီး ရှေ့နေနဲ့ လုပ်ခိုင်းတဲ့နေ့တုန်းက ငါတို့အကုန်လုံး နာကျင်ခံစားခဲ့ရတာ။

    နင် ဘာသဘောနဲ့ လုပ်သလဲဆိုတာ နင့်ကိုယ်နင် ပိုသိမှာပါ။ ဒီကိစ္စကို ငါပြောရတာ နင်တို့ဖက်က စာချုပ်ကို ဟိုလူကတဆင့် ထုတ်ပြခိုင်းခဲ့လို့ ငါပြောတာ။

    ငါတို့မိဘက မိဘကောင်းသိပ်ပီသခဲ့တာ နင်အသိဆုံးနော်။ သားသမီးကို ပေးဆပ်ဖို့သက်သက်ပဲ ရှင်သန်ခဲ့ကြတာပါ။

    ငယ်ငယ်လေးကတည်းက ပိုးမွေးသလို မွေးပေးခဲ့ပြီး အဆင့်မြင့်မြင့်ထားပေးခဲ့တာ။

    ဘိတ်လိုပဲပြောတတ်ပြီး ဗမာစကားတောင် ကောင်းကောင်းမပြောတတ်တဲ့အမေက ရန်ကုန်မှာ နင် မင်းသားဖြစ်ဖို့ အများကြီးလုပ်ပေးခဲ့တာ။

    နင့်ကြိုးစားမှုကြောင့် ဒီနေရာရောက်လာတာမှန်ပေမယ့် မိဘသာ မကောင်းခဲ့ရင် မထောက်ပံ့ပေးခဲ့ရင် နင်ဆိုတာ မဖြစ်လာဘူး။

    ကံမကောင်းလို့ စီးပွါးကျဆင်းပြီး သုညဘဝက စခဲ့ရတာတောင် ငါတို့ ထမင်းငတ်ခဲ့ဖူးသလား။

    ဆန်ကြမ်းစားခဲ့ရဖူးသလား။ ထမင်းပွဲမှာ အသားဟင်းမပါပဲ စားခဲ့ရတဲ့နေ့ ရှိခဲ့ဖူးသလား။ နင် တစ်ခုချင်း သေချာပြန်တွေးကြည့်ပါ။

    ကျန်းမာရေးအခြေအနေ အရမ်းဆိုးဝါးလာလို့သာ သားသမီး ပေးတာယူ ကျွေးတာစားဘဝနဲ့ နေခဲ့ရတာ။

    နင် အများကြီး ထောက်ပံ့ပေးခဲ့တယ် ကူညီပေးခဲ့တယ် ငါတို့အကုန်လုံး နင့်ကို ကျေးဇူးလည်းတကယ်အများကြီးတင်တယ်။

    နင်တို့ မယူခင်နှစ်အပိုင်းအခြားတစ်ခုကတည်းက အမေ့ကို နင့်မိန်းမဆီ လစဥ် ကုန်ကျစရိတ်ကို စာရင်းအတိအကျနဲ့ တင်ခိုင်းခဲ့တယ်။

    ဒါ့အပြင် ထောက်ပံ့စရိတ်ကိုလည်း နင့်မိန်းမဆီကနေ တောင်းခိုင်းခဲ့တယ်။

    အဲ့လိုကြောင့် အမေက ပိုစိတ်မကောင်းဖြစ်ခဲ့ရတာ သိမ်ငယ်ခဲ့ရတာ အဲ့ဒါက မိဘတစ်ယောက်ရဲ့မာနပဲ ဆိုတာ နင်သိလား။

    အသက်ကြီးလာတဲ့မိဘက သားသမီးဆီက ငွေကြေးထက် မေတ္တာပဲ ပိုလိုချင်ခဲ့ကြတာ။ အမေနဲ့ ဘယ်နနာရီအချိန်ပေးပြီး စကားပြောဖူးလဲ။

    အမေဆေးရုံတက်ရရင်ရော နာရီဝက်ပြည့်အောင်ဆေးရုံလာဖူးတာရှိခဲ့လား။

    အရာရာတိုင်းက ငွေပေးရုံနဲ့ပြီးသွားလား မိဘတွေက သားသမီးဆီက မေတ္တာလည်းလိုတယ်ဆိုတာတွေးပေးခဲ့ဖူးလား။

    လူကိုမမျှော်ဘဲ လစဉ်ထောက်ပံ့မဲ့ငွေကို မျှော်ပြီး နေခဲ့တဲ့မိဘမဟုတ်ပါဘူး။

    သူ နေကောင်းတာနဲ့ သူ့လက်ရာကိုကြိုက်တဲ့ နင့်အတွက် နင်ကြိုက်တတ်တဲ့စားစရာတွေကို ကိုယ်တိုင်ချက်ပြုတ်ပြီး နင်ရှိတဲ့နေရာအထိရောက်အောင် ပို့ပေးခဲ့တဲ့ အမေမျိုးပါ။

    မိဘခံစားချက်ကို နင် ဘယ်တုန်းက ထည့်တွေးပေးခဲ့ဖူးသလဲ။ နင့်ကိုငါ အမြဲ ဆုံးမခဲ့တယ် သတိပေးခဲ့ပါတယ်။

    အခု အဲ့လိုမိဘနှစ်ပါးလုံးက နေ့တိုင်း ဒူးနဲ့မျက်ရည်သုတ်နေရတယ်။

    ငါတို့ကို ပင်ပင်ပန်းပန်းရှာဖွေလုပ်ကိုင်ပြီး ကျွေးမွေးခဲ့တဲ့ နင့်ကိုသိပ်ချစ်တဲ့အဖေက အခု ငိုနေတယ်။

    ငါတို့အဖေ လူရိုးလူအေးကြီးက ငိုနေတာ။

    ဒါတောင် မေတ္တာမပျက်ခဲ့ဘူးနော်။ နင် ရိုင်းခဲ့တာတွေကို အဖေက အမေ့ကို ခွင့်လွှတ်ပေးဖို့နားချပြီး သူ့သားကံကြီးထိုက်မှာစိုးရိမ်စွာနဲ့ မေတ္တာပို့ပေးနေတာပါ။ မိဘဆိုတာ အစားပြန်မရဘူး။ မစော်ကားကောင်းဘူး။

    ဘယ်အချိန် ဘာဖြစ်သွားနိုင်သလဲဆိုတာ မသိနိုင်တဲ့ခေတ်ကြီးထဲမှာ နင် နားလည်လာတဲ့တစ်နေ့ နောက်မကျစေဖို့ ငါဆုတောင်းပေးပါတယ်။

    နောက်ဆုံးအနေနဲ့တော့ ငါ မျှော်လင့်ခဲ့လိုက်မိသေးတာ နင်ကာကွယ်ပေးမှာပါလို့။

    ငါတို့မောင်နှမတွေအကုန်လုံးက ဘာမှမဖြေရှင်းပဲ ဆဲသမျှခံပေးခဲ့တာက ထရှင်းလိုက်ရင် နင် ထိခိုက်သွားမှာကြောက်တဲ့စိတ်နဲ့ ငြိမ်ပေးနေခဲ့တာ။ 😅

    ငါတို့က စွန့်ပစ်ခံခဲ့ရတဲ့လူတွေပါ။

    ငါ့အတွက်တော့ လူတွေအကြောင်း ကောင်းကောင်းကြီး သိခဲ့ရတဲ့နှစ်ပါပဲ။

    မေတ္တာထားပေးလျက်ပါ။

    May Chit Thway

  • တောင်ငူရှိ စစ်တပ်လေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်

    တောင်ငူရှိ စစ်တပ်လေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်

    ပဲခူးတိုင်း၊ တောင်ငူက ကေတုမတီလေဆိပ်ကို ဒရုန်းတွေနဲ့ဗုံးကြဲခဲ့ပြီး ထိန်းသိမ်းရေးမျှော်စင်နဲ့ ဒရုန်းကာကွယ်ရေးတိုင်တို့ မီးလောင်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၈ နာရီ ၁၅ မိနစ်မှာ Operation Thumderbolt အနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေဆိပ်ထဲကို အဆင့်မြင့် FPV ဒရုန်း ၄ စီးနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    ဝရဇိန်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “လေကြောင်းကာကွယ်ရေးအဆင့်ဆင့်ကို ကျော်ဖြတ်ပြီး လေတပ်ဝင်းထဲကို Anti Jamming FPV Drone တွေနဲ့ ဝင်တိုက်တာပါ။ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer တာဝါတိုင်တွေကို အတိအကျ တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

    ဒရုန်း ၄ စီးမှာ ၂ စီးက ထိန်းသိမ်းရေးမျှော်စင်(လေယာဉ်အတက်အဆင်းထိန်းချုပ်တဲ့နေရာ)နဲ့ Jammer ထားတဲ့နေရာတွေကိုထိပြီး Jammer စက်တွေ ဆက်တိုက်မီးလောင်ကျွမ်းကာ ကျန်တဲ့ ၂ စီးကတော့ မြူနှင်းတွေထူထပ်နေတာကြောင့် ပစ်မှတ်လွဲချော်ခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ဆင်ရေးကို ဝရဇိန်တပ်ဖွဲ့ကဦးဆောင်ပြီး မဟာမိတ်အနေနဲ့ သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်းပါဝင်ကာ နည်းပညာတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခုလို့ ပြောပါတယ်။