Category: News

  • အမျိုးသမီး ၄ ဦးအား အဓမ္မပြုကျင့်မှုဖြင့် တရားခံတဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ခရိုင်တရားရုံးမှ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်

    အမျိုးသမီး ၄ ဦးအား အဓမ္မပြုကျင့်မှုဖြင့် တရားခံတဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ခရိုင်တရားရုံးမှ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်

    (တရားခံမှ ၎င်းသည် မြို့နယ် ၃ မြို့နယ်မှ အမျိုးသမီးငယ် ၁၁ ဦးအား အဓမ္မပြုကျင့်ခဲ့ပါကြောင်း ဝန်ခံ ထွက်ဆိုထား)

    အမျိုးသမီး ၄ ဦးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူ ကျောက်တော်မြို့နယ်မှတရားခံတစ်ယောက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မြောက်ဦးခရိုင် တရားရုံးက စက်တင်ဘာ ၁ ရက်တွင် အလုပ် နှင့် ထောင်ဒဏ် အနှစ် ၄၀ ချမှတ်လိုက််ကြောင်း တရားရုံးနှင့် နီးစပ်သူတို့က ပြောဆိုသည်။

    မုဒိမ်းမှုဖြင့် ထောင်ဒဏ် အနှစ် ၄၀ ချ မှတ်ခံရသည့် တရားခံသည် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဇော်ဇော်နိုင်(ခ)လဖြူချေ(၂၅နှစ်) ဖြစ်သည်။

    ကျောက်တော်မြို့နယ်မှာ အမျိုးသမီးလေးဦးကို အတင်းအဓမ္မကျူးလွန်ခဲ့​သူတဦးကို အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရရဲ့မြောက်ဦးခရိုင်တရားရုံးမှ စက်တင်ဘာလ ၁ ရက်နေ့က အလုပ်နဲ့ထောင်ဒဏ်အနှစ်လေးဆယ်ချမှတ်လိုက်ပါတယ်။

    အဲဒီကျောက်တော်မြို့၊ပြည်တော်သာရပ်ကွက်မှအသက်၂၅ နှစ်အရွယ်ဇော်ဇော်နိုင်(ခ)လဖြူချေဖြစ်ပြီး သူဟာအမျိုးသမီး ၁၁ ဦးကို အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ဝန်ခံထားပါတယ်။

    သူဟာ ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ ၆ ရက်နေ့ကမြောက်ဦးမြို့နယ်၊လိပ်မရွာမှအသက်၂၀ အရွယ်အမျိုးသမီးငယ်တဦးကို အတင်းအဓမ္မပြုကျင့်ခဲ့ပြီး ဇွန်နဝါရီ ၂၄ ရက်နေ့ကလည်း ကျောက်တော်မြို့ နယ်၊မြင်းကြပ်ရွာမှအသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်တဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။

    အဲဒီအပြင်ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်းမြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးရွာမှအသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးကိုလည်း အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။

    နောက်ပြီး၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း မြောက်ဦးမြို့၊ လက်ကောက်စျေးရပ်ကွက်မှအသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တဦးကိုအလုပ်ပေးမယ်ဆိုပြီး လိမ်လည်ခေါ်ယူကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။

    အဲဒါကြောင့် မြောက်ဦးမြို့နယ်၊ လိပ်မရွာမှအမျိုးသမီးငယ်မုဒိမ်းကျင့်ခံရတဲ့အမှုကို စစ်ဆေးပြီးပြစ်မှုထင်ရှားလို့ရာဇသတ်ကြီး ပုဒ်မ-၃၆၆ အရအလုပ်နဲ့ထောင်ဒဏ် ၃ နှစ်၊ပုဒ်မ-၃၇၆ အရထော င်ဒဏ် ၇နှစ်၊ စုစုပေါင်း ၁၀ နှစ်သီးခြားကျဖို့ မြောက်ဦးခရိုင်တရားရုံးမှအမိန့်ချလိုက်တာဖြစ်ပါတယ်။

    အဲဒီအပြင် ကျောက်တော်မြို့နယ်၊ မြင်းကြပ်ရွာမှမုဒိမ်းမှုကို ပုဒ်မ – ၃၆၆ အရ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်၊ပုဒ်မ-၃၇၆ အရအလုပ်နဲ့ ထောင်ဒဏ် ၇ နှစ်၊စုစုပေါင်း ၁၀ နှစ်နဲ့ မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးရွာအမှုကို ပုဒ်မ – ၃၆၆ အရထောင် ဒဏ် ၃ နှစ်နဲ့ ပုဒ်မ-၃၇၆ အရ ထောင်ဒ ဏ်၇ နှစ် စုစုပေါင်း ၁၀ နှစ်သီးခြားကျစေဖို့အမိန့်ချလိုက်တာပါ။

    နောက်ပြီးမြောက်ဦးမြို့၊ လက်ကောက်စျေးရပ်ကွက်မှမုဒိမ်းမှုကို ပုဒ်မ-၃၆၆ အရထောင်ဒဏ် ၃ နှစ်နဲ့ ပုဒ်မ-၃၇၆ အရ ထောင်ဒဏ်၇နှစ်စုစုပေါင်း ၁၀နှစ်ထိ အမိန့်ချလိုက်တာဖြစ်ပါတယ်။

    အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံ ရေးဌာန(DLEPS)မှတ်တမ်းတွေအရ တရားခံဇော်ဇော်နိုင်ရဲ့ဝန်ခံထွက်ဆိုချက်တွေမှာ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့မြို့သုံးမြို့မှအမျိုးသမီးငယ်စုစုပေါင်း ၁၁ ဦးကို အလိုမတူဘဲအတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။

    သူကျူးလွန်ခဲ့တဲ့မုဒိမ်းမှု ၁၁ မှုထဲမှ ၄ မှုကိုစီရင်နိုင်သေးတာဖြစ်ပြီး ကျန်မုဒိမ်းမှု ၇ မှုကို တရားစွဲတဲ့အဖွဲ့အစည်းက ဆက်လက်စစ်ဆေးနေတယ်လို့ဆိုပါတယ်။

  • HIV ကို အမြစ်ပြတ် ကုသနိုင်ပြီ

    HIV ကို အမြစ်ပြတ် ကုသနိုင်ပြီ

    “HIV ကို အမြစ်ပြတ် ကုသနိုင်ပြီ”

    HIV ဆိုတာ ဆယ်စုနှစ်တွေနဲ့ချီပြီး လူသားတွေအတွက် ဖြေရှင်းလို့မရသေးတဲ့ ကျန်းမာရေးပုစ္ဆာတခု ဖြစ်ခဲ့ပါတယ်။

    လက်ရှိသုံးနေတဲ့ဆေးတွေက ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ထားနိုင်ရုံသက်သက်ပါပဲ။ ပိုးကို အမြစ်ပြတ်မရှင်းထုတ်နိုင်ဘဲ လူနာရဲ့ DNA ထဲမှာ ရန်သူတယောက်လို တစ်သက်လုံး ပုန်းအောင်းနေတာပါ။

    ဒါပေမယ့် အခုတော့ အဲဒီရန်သူကို သူ့ရဲ့ ပုန်းခိုကျင်းထဲကနေ ဆွဲထုတ်ပြီး အပြီးတိုင်ရှင်းပစ်နိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်တခု ထွက်ပေါ်လာခဲ့ပါပြီ။

    Temple တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုတစ်ခုကို ပြသခဲ့ပါတယ်။ သူတို့ဟာ “CRISPR” လို့ခေါ်တဲ့ မျိုးဗီဇပြုပြင်ရေးနည်းပညာကို အသုံးပြုခဲ့ကြပါတယ်။

    ဒီနည်းပညာကို အလွယ်ပြောရရင်တော့ မော်လီကျူးအဆင့်မှာသုံးတဲ့ အင်မတန်တိကျတဲ့ “မျိုးဗီဇကတ်ကြေး” တစ်လက်ပါပဲ။

    သိပ္ပံပညာရှင်တွေက အဲဒီကတ်ကြေးကိုသုံးပြီး လူ့ကိုယ်ခံအားဆဲလ် (T-cell) တွေရဲ့ DNA ထဲမှာ ပုန်းအောင်းနေတဲ့ HIV ဗိုင်းရပ်စ်ရဲ့ DNA ကုဒ်တွေကို တစစီ ညှပ်ထုတ်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သလို ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။

    ဒါတင်ဘယ်ကမလဲ။ ဒီနည်းပညာရဲ့ အံ့ဩစရာအကောင်းဆုံးအပိုင်းက အခုမှလာမှာပါ။

    ဗိုင်းရပ်စ်ကို ရှင်းထုတ်လိုက်ရုံ သာမကဘဲ၊ အဲဒီဆဲလ်ရဲ့ မျိုးဗီဇကိုပါ နည်းနည်းပြောင်းလဲပစ်လိုက်တဲ့အတွက် ဆဲလ်က HIV ပိုးကို မှတ်မိသွားပြီး အနာဂတ်မှာ HIV ပိုးတွေ ပြန်ဝင်လာရင်တောင် တံခါးပိတ်ပြီး အဝင်မခံတော့ပါဘူး။

    ပြောရရင်တော့ ဆဲလ်တွေကို အတွင်းကနေ ကာကွယ်ဆေးထိုးပေးလိုက်သလိုပါပဲ။

    ဒီတွေ့ရှိချက်ဟာ HIV ရောဂါကုသရေးသမိုင်းမှာ အလှည့် အပြောင်းတခု ဖြစ်လာနိုင်ပါတယ်။ လက်ရှိဆေးတွေလို ရောဂါလက္ခဏာကို ဖိနှိပ်ထားရုံမဟုတ်ဘဲ၊

    ရောဂါရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဗိုင်းရပ်စ် DNA ကိုယ်တိုင် ကိုပစ်မှတ်ထား တိုက်ခိုက်တာဖြစ်လို့ ရေရှည်မှာ အမြစ်ပြတ်ပျောက်ကင်းနိုင်ခြေရှိတဲ့ ကုထုံးတစ်ခုဖြစ်လာပါတယ်။

    Ref : Fossbytes

  • သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

    သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

    မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။

    စစ်ရေးအရ အရေးပါတဲ့ မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းကို စစ်ကောင်စီတပ်တွေ ထိုးစစ်မလုပ်နိုင်ဖို့ မိုးကုတ်ဗျူဟာနဲ့ မဟာမိတ်ပူးပေါင်းတွေဘက်က ခံစစ်ပြင်ထားပြီး စစ်ကောင်စီနဲ့ နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

    ဒီနေ့ စက်တင်ဘာ ၄ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာ စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

    စစ်ကောင်စီဘက်က ကချင်တပ်မတော်-KIAနဲ့ NUGလက်အောက်ခံတပ်တွေ ထိန်းသိမ်းထားတဲ့ သပိတ်ကျင်းမြို့ကို ပြန် ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကျေးရွာပိုင်းအများစုကိုတော့တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

    လက်ရှိမှာ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်း၊ တန်းမြင့်လေ့ကျင်းရေးသင်တန်းကျောင်းအမှတ်- ၁၃ တို့ရှိနေတယ်လို့ သိရပါတယ်။

    အဲတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေဘက်က ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီဘက် လေကြောင်းနဲ့သာ စစ်ကူ၊ စားနပ်ရိက္ခာတွေကို ပို့ဆောင်နေရပါတယ်။

  • အရပ်ဝတ်အမျိုးသားကို အဓမ္မပြုကျင့်နေတဲ့ အဖွဲ့က စစ်တပ်လက်အောက်ခံ မုံးပေါ်ပြည်သူ့စစ်များ (ရုပ်သံ)

    အရပ်ဝတ်အမျိုးသားကို အဓမ္မပြုကျင့်နေတဲ့ အဖွဲ့က စစ်တပ်လက်အောက်ခံ မုံးပေါ်ပြည်သူ့စစ်များ (ရုပ်သံ)

    အရပ်ဝတ်အမျိုးသားကို အဓမ္မပြုကျင့်နေတဲ့ အဖွဲ့က စစ်တပ်လက်အောက်ခံ မုံးပေါ်ပြည်သူ့စစ် တွေ ဖြစ်

    ယနေ့ စက်တင်ဘာလ ၃ ရက်တွင် Facebook ပေါ်မှာ ယူနီဖောင်းဝတ်လက်နက်ကိုင်တွေက အရပ်ဝတ် အမျိုးသားနှစ်ဦးကို မြေပေါ် မှောက်လှဲခိုင်းပြီး တဦးကို အဓမ္မပြုကျင့်နေတဲ့ ဗီဒီယိုတခု ပျံ့နှံ့လာပါတယ်။

    အဲဒီဗီဒီယိုရဲ့ အောက် ကွန်မန့်တွေမှာ ကျူးလွန်သူတွေက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

    အဲဒီလိုပဲ ကျူးလွန်သူတွေဟာ SNA တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း ချေပသူတွေလည်း ရှိပါတယ်။

    ဗီဒီယိုထဲမှာ ယူနီဖောင်းဝတ်ဆင်တဲ့သူတဦးမှာ လက်မောင်းတံဆိပ် တွေ့ရပါတယ်။ အဲဒါက အစိမ်း၊ အနီ၊ အဝါ သုံးရောင်ကို နောက်ခံအဖြစ် အသုံးပြုထားပြီး အလယ်မှာ နေဝန်းတံဆိပ် ကို တွေ့ရတာပါ။

    ဗီဒီယိုထဲမှာ မြန်မာဘာသာစကားကို ပြောဆိုတာ ကြားရပါတယ်။ အခြားဗီဒီယိုက အသံကို ယူပြီး သုံးထားလား ဆိုတာကို စိစစ်ကြည့်တော့လည်း ဗီဒီယိုနဲ့ အသံက တခုတည်း ဖြစ်တာကို စိစစ်အတည်ပြုနိုင်ခဲ့ပါတယ်။

    အသေးစိတ် လေ့လာကြည့်တော့ အဲဒီလို လက်မောင်းတံဆိပ်တွေဟာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေ ရဲ့ ယူနီဖောင်းမှာ ပါလေ့ရှိတာကို တွေ့ရပါတယ်။

    နောက်ဆုံးမှာတော့ အဲဒီလက်မောင်းတံဆိပ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီအဖွဲ့ဟာ မူဆယ်မြို့နယ်ထဲက မုံးပေါ်ပြည်သူ့စစ် အဖွဲ့ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

    မုံးပေါ်ပြည်သူ့စစ်ဆိုတာ ၂၀၂၁ စစ်တပ် အာဏာမသိမ်းခင်ကတည်းက ကိုးကန့်တပ် MNDAA ကနေ ခွဲထွက်ထားခဲ့တဲ့အဖွဲ့ဖြစ်ပြီး စစ်တပ်လက်အောက်ခံအဖြစ် ပြောင်းထားတဲ့ အဖွဲ့ပါ။

    ရှမ်းမြောက် တရုတ်နယ်စပ် မုံးကိုးမြို့နယ်ထဲမှာ မုံးပေါ်ဒေသရှိပြီး အဲဒီအဖွဲ့ရဲ့ အခြေစိုက်ရာလည်း ဖြစ်ပါတယ်။

    ဗီဒီယိုပါ ဖြစ်စဉ်ရဲ့ အကြောင်းအရင်းကို အတည်မပြုနိုင်သေးပေမယ့် ကျူးလွန်သူတွေဟာ မုံးပေါ်ပြည်သူ့စစ် အဖွဲ့ ဖြစ်တယ်ဆိုတာကို အတည်ပြု တွေ့ရှိခဲ့ပါတယ်။

  • တရုတ်ခရီးစဉ်က စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးအသိအမှတ်ပြုမှုရခဲ့ ဟုဆို

    တရုတ်ခရီးစဉ်က စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးအသိအမှတ်ပြုမှုရခဲ့ ဟုဆို

    မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီး စဉ်အတွင်း နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံကာ နိုင်ငံရေးအရ အသိအမှတ်ပြုမှုနှင့် နိုင်ငံတကာရေးရာ အသိမှတ်ပြုမှုတို့ရရှိခဲ့ကြောင်း စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

    ၎င်းက “နေရာတနေရာထဲမှာ ခေါင်းဆောင်တွေနဲ့ တွေ့ရတာဟာ အောင်မြင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပါတယ်။ ကျနော် တို့ မြန်မာနိုင်ငံအနေနဲ့လည်း အကျိုးများစွာဖြစ်ထွန်းစေတဲ့ ခရီးတခုလို့ ပြောချင်တယ်။ ကျနော်တို့မှာ ဒီလိုမျိုး အခြေအနေကောင်းတွေ ရှိနေပါပြီ။ နိုင်ငံတကာမှာလည်း မြန်မာရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး မြင့်မားလာနိုင်တဲ့ ဒီလိုဟာတွေ ရှိလာနိုင်ပါပြီ” ဟု ဆိုသည်။

    စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံ တီယန်ကျင်း၌ ပြုလုပ်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO SUMMIT 2025)၊ ဘေကျင်းတွင် ကျင်းပသည့် ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအနားတို့ တက်ရောက်ခဲ့သလို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

    ဗိုလ်ချုပ် ဇော်မင်းထွန်းက “တရုတ်သမ္မတနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကူညီနိုင်မှု ဒါကို တရုတ်နိုင်ငံက အတည်ပြုပေးလိုက်တာ ရှိတယ်။ မြန်မာရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ကူညီပေးမယ်ဆိုတဲ့ အာမခံချက်ရရှိခဲ့တယ်။ အိန္ဒိယဝန် ကြီးချုပ် မိုဒီနဲ့တွေ့ဆုံရာမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အိန္ဒိယအနေနဲ့ အမြဲရပ်တည်ပေးလျက်ရှိမှုတွေ နိုင်ငံ ရေးအရ အာမခံချက်ရှိမှုတွေ ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးနိုင်တာတွေ ဒါတွေ ဆွေးနွေးနိုင်ခဲ့တယ်” ဟု ဆိုသည်။

    လာအိုသမ္မတနှင့်လည်း လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ နယ်စပ်ဖြတ်ကျော်ရေးဆိုင်ရာကဏ္ဍ၊ အလုပ်သမားကဏ္ဍတို့အား ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

    လက်ရှိတွင် စစ်ခေါင်းဆောင်အနေဖြင့် ဟေလုံကျန်းပြည်နယ် ဟာပင်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။