မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
စစ်ရေးအရ အရေးပါတဲ့ မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းကို စစ်ကောင်စီတပ်တွေ ထိုးစစ်မလုပ်နိုင်ဖို့ မိုးကုတ်ဗျူဟာနဲ့ မဟာမိတ်ပူးပေါင်းတွေဘက်က ခံစစ်ပြင်ထားပြီး စစ်ကောင်စီနဲ့ နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဒီနေ့ စက်တင်ဘာ ၄ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာ စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီဘက်က ကချင်တပ်မတော်-KIAနဲ့ NUGလက်အောက်ခံတပ်တွေ ထိန်းသိမ်းထားတဲ့ သပိတ်ကျင်းမြို့ကို ပြန် ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကျေးရွာပိုင်းအများစုကိုတော့တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်း၊ တန်းမြင့်လေ့ကျင်းရေးသင်တန်းကျောင်းအမှတ်- ၁၃ တို့ရှိနေတယ်လို့ သိရပါတယ်။
အဲတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေဘက်က ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီဘက် လေကြောင်းနဲ့သာ စစ်ကူ၊ စားနပ်ရိက္ခာတွေကို ပို့ဆောင်နေရပါတယ်။










Leave a Reply