Category: News
-

မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ သာသနာရေးဒုဝန်ကြီး၊ မန္တလေးဝန်ကြီး ချုပ်နှင့်စစ်ဗိုလ်ချုပ်တစ်စုက ကျောက်ဆည်၊ရွှေသိမ်တော်ဘုရားတွင် အဓိဌာန်ပွဲထိုး ယတြာချေ
ပြည်သူများ ငလျင်ဒဏ်သင့်ချိန် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ သာသနာရေးဒုဝန်ကြီး၊ မန္တလေးဝန်ကြီး ချုပ်နှင့်စစ်ဗိုလ်ချုပ်တစ်စုက ကျောက်ဆည်၊ရွှေသိမ်တော်ဘုရားတွင် အဓိဌာန်ပွဲထိုး ယတြာချေ
-

ညောင်ကျိုးစခန်းကို အပြီးသတ်သိမ်း
ပဲခူးတိုင်း ညောင်ကျိုးစခန်းကို အပြီးသတ်သိမ်း၊ စစ်ကောင်စီက ကြည်းရေလေဖြင့် တိုက်ခိုက်နေဟု AA ဆို
-
လားရှိုးကတော့ တရုတ်စိတ်ကြိုက်လုပ်ရတာပါ
လားရှိုးကတော့ တရုတ်စိတ်ကြိုက်လုပ်ရတာပါပဲ။
တပ်ကလဲ ပြန်လာနေမယ်။ လက်နက်ကြီးပစ်ခွင့် မရှိဘူး။ တလုံးပစ်ရင် MNDAA က ပြန်ဝင်လာမယ်။ မြို့ပတ်လည် သူတို့က ဝိုင်းထားမယ်။
မြို့ပေါ်အုပ်ချုပ်ရေးက စကစ ပြန်ရမယ်။ ၁၂ ရပ်ကွက်ပါမယ်။
MNDAA စစ်ဦးစီးချုပ်ရုံးလဲ လားရှိုးမှာ ဆက်ရှိမယ်။
တရုတ်က အခြေအနေ အနီးကပ်စောင့်ကြည့်ဖို့ လားရှိုးမှာ ကိုယ်စားလှယ်ရုံး လာဖွင့်ထားမယ်။
လားရှိုးဆေးရုံကိုက တရုတ်အစိုးရနဲ့ ဝ တပ်ဖွဲ့နဲ့ တွဲပြီး ကိုင်မယ်ကြားတယ်။ လားရှိုးဆေးရုံက ပစ္စည်းတွေတော့ သိန္ဒီကို ရွှေ့နေကြပြီ။
ကုန်သွယ်လမ်းကြောင်း ပြန်ဖွင့်ဖို့ တရုတ်က လုပ်နေတယ်။
ပြောရရင်တော့ တရုတ်က တပိုင်းတစတောင် ဝင်အုပ်ချုပ်တဲ့ အနေအထားဖြစ်သွားတဲ့အထိပါပဲ။ ကိုယ့်တိုင်းပြည်အတွက် စိတ်မကောင်းရုံမှတပါး။
– Nay Thway

