Category: News


  • แ€…แ€…แ€บแ€แ€•แ€บแ€€แ€ญแ€ฏ แ€แ€ฑแ€–แ€”แ€บแ€žแ€ฐแ€กแ€ฌแ€ธ K Pay แ€กแ€แ€„แ€บแ€กแ€‘แ€ฝแ€€แ€บแ€–แ€ผแ€„แ€ทแ€บ แ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€•แ€ผ แ€–แ€™แ€บแ€ธแ€†แ€ฎแ€ธ

    အာဏာသိမ်း စစ်ခေါင်းဆောင်ကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားသည်ဟု ဆိုကာ ဖမ်းဆီးရန် လှုံ့ဆော်ခံရသည့် အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး ရန်ကုန်မြို့ လှိုင်မြို့နယ်နေအိမ်၌ အွန်လိုင်းငွေပေးချေမှုတစ်ခုဖြစ်သော K Pay အဝင်အထွက်များသည်ဟုဆိုကာ အကြောင်းပြ ဖမ်းဆီးခံရသည်။ လပေး ထမင်းနှင့်ဟင်း ချိုင့်ဆွဲရောင်းချသည့် ဦးကြည်မျိုးဇော်(ခ) ဦးကြည် ဆိုသူကို လူမှုကွန်ရက်တွင် စစ်ခေါင်းဆောင်အား ပုတ်ခတ်ရေးသားသည်၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ မျှဝေသည်၊ စစ်တပ်ကို ဝေဖန်သည့်စာများ ရေးသည်ဆိုသည့် စွပ်စွဲချက်များဖြင့် စစ်တပ်ဝါဒဖြန့်စာမျက်နှာတစ်ခုက ဖမ်းဆီးရန် ပြီးခဲ့သည့်ရက်များက လှုံ့ဆော်ခဲ့သည်။ ထို့နောက် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီတွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက် နေအိမ်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များအပါအဝင် အရပ်ဝတ် လူရှစ်ဦးခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။ “ရပ်ကွက်ရုံးကို…

  • แ€šแ€แ€ผแ€ฌแ€แ€ฑแ€ซแ€„แ€บแ€ธแ€œแ€ฑแ€ฌแ€„แ€บแ€ธ แ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธ แ€กแ€…แ€ฎแ€›แ€„แ€บแ€แ€ถ แ€กแ€™แ€ผแ€”แ€บแ€แ€„แ€บแ€•แ€ผแ€›แ€”แ€บ  แ€™แ€„แ€บแ€ธแ€กแ€ฑแ€ฌแ€„แ€บแ€œแ€พแ€ญแ€ฏแ€„แ€บแ€€ แ€›แ€พแ€ฑแ€ธแ€Ÿแ€ฑแ€ฌแ€„แ€บแ€ธ แ€žแ€ฏแ€แ€ฑแ€žแ€”แ€€แ€ญแ€ฏ แ€Šแ€ฝแ€พแ€”แ€บแ€€แ€ผแ€ฌแ€ธ

    AA က တူးဖော်ရရှိသွားသည့် ရခိုင်သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်းလောင်း အကြောင်း အစီရင်ခံ အမြန်တင်ပြရန် မင်းအောင်လှိုင်က ရှေးဟောင်း သုတေသနကို ညွှန်ကြား ရခိုင်ပြည်တွင် အာရက္ခတပ်တော်-AA က တူးဖော်ရရှိသွားသည့် ရခိုင်ရှေးဟောင်း ယတြာခေါင်းလောင်း၏ အကြောင်း ကို အစီရင်ခံစာ အသေးစိတ် အမြန်တင်ပြရန် နေပြည်တော်စစ်ရုံးက ရှေးဟောင်းသုတေသနဦးစီးဌာနကို ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ရခိုင်အခြေစိုက် မီဒီယာများက ရခိုင်သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်း လောင်းကို AA က တူးဖော်ရရှိထားပြီဖြစ်ကြောင်း သတင်းများ ဖော်ပြခဲ့ရာ အဆိုပါ သတင်းများကြောင့် နေပြည်တော်စစ်ရုံးက ယတြာခေါင်းလောင်းနှင့်ပတ်သက်၍ အသေးစိတ် အစီရင်ခံစာများ ရေးသား၍ အမြန်ဆုံးတင်ပြရန် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကို…

  • แ€€แ€•แ€… แ‚แ„ แ€แ€ฝแ€„แ€บ แ€œแ€€แ€บแ€”แ€€แ€บแ€€แ€ผแ€ฎแ€ธแ€€แ€ปแ€Šแ€บ แ€‘แ€ฏแ€แ€บแ€œแ€ฏแ€•แ€บแ€™แ€พแ€ฏ แ€œแ€ฏแ€ถแ€ธแ€แ€›แ€•แ€บ

    မီးတိုင်များကို ဖျက်ဆီးပြီးနောက် ကပစ ၂၄ တွင် လက်နက်ကြီးကျည် ထုတ်လုပ်မှု လုံးဝရပ် ကပစ ၂၁ နှင့် ၂၂ တွင် လေယာဉ်ဗုံး ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်းရပ် မကွေးတိုင်းအတွင်းရှိ ကပစစက်ရုံများသို့ သွယ်တန်းထားသည့် မီးတိုင် ၁၀၀ကျော် ဖျက်ဆီးခံ ရပြီးနောက် စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းအချို့ ရပ်တန့်နေကြောင်းသိရသည်။ ဒီဇင်ဘာလအတွင်း မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ ၂၄၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၁နှင့် ၂၂တို့သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုင် ၁၀၀ကျော်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ “သူတို့လျှပ်စစ်မီးရတဲ့ အခြေအနေတော့ မရှိသေးဘူးခင်ဗျ။ ဆိပ်ဖြူဘက်ကလည်း ဖြတ်တောက် ထားတာဆိုတော့ ထုတ်လုပ်နိုင်တာတော့ မရှိသေးပါဘူး။ ၂၂ နဲ့ ၂၃ ကတော့ လည်ပတ်မှုအားနည်း…

  • แ€›แ€ฏแ€›แ€พแ€ฌแ€ธ แ€›แ€ฑแ€”แ€ถแ€แ€„แ€บแ€žแ€„แ€บแ€นแ€˜แ€ฑแ€ฌแ€€แ€ญแ€ฏ แ€กแ€™แ€ฑแ€›แ€ญแ€€แ€”แ€บ แ€€แ€ผแ€ฌแ€ธแ€–แ€ผแ€แ€บ แ€–แ€™แ€บแ€ธแ€†แ€ฎแ€ธ

    ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်လာတယ်လို့ ယုံကြည်ရတဲ့ ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်သွားတယ်လို့ စွပ်စွဲခံရတဲ့ ရုရှား ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန်က ကြားဖြတ် ထိန်းချုပ်ခဲ့ပြီးတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ဖို့ အိမ်ဖြူတော်က ပြင်ဆင်နေပါတယ်။ Marinera ရေနံတင် သင်္ဘောဟာ ဗင်နီဇွဲလား ကမ်းလွန်ရေပြင်မှာ အမေရိကန် စစ်တပ်ရဲ့ ကြားဖြတ် ဖမ်းဆီးမယ့် အခြေအနေကနေ ရှောင်တိမ်းလာနိုင်ခဲ့ပြီး ရုရှားဆီ အသည်းအသန် ပြန်လည် ခုတ်မောင်းလာချိန် အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အမေရိကန်ဟာ မဟာမိတ် နိုင်ငံတွေရဲ့ အကူအညီကိုပါ အသုံးပြုပြီး အဲဒီသင်္ဘောရဲ့ ခရီးစဉ်ကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့နောက်…

  • แ€€แ€”แ€ฑแ€’แ€ฎแ€แ€ฑแ€ฌแ€„แ€บแ€…แ€แ€”แ€บแ€ธแ€žแ€ญแ€™แ€บแ€ธแ€แ€ญแ€ฏแ€€แ€บแ€•แ€ฝแ€ฒ แ€—แ€ญแ€ฏแ€œแ€บแ€™แ€พแ€ฐแ€ธแ€กแ€•แ€ซแ€กแ€แ€„แ€บ แ€…แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€…แ€ฎ  แ‚แ€ แ€ฆแ€ธแ€แ€”แ€ทแ€บแ€–แ€™แ€บแ€ธแ€™แ€ญ

    ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ ၂၀ ဦးခန့်ဖမ်းမိ ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ကနေဒီတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ အပါအဝင် သုံ့ပန်း ၂၀လောက် ဖမ်းမိပြီး လက်နက် အလက် ၃၀ ကျော် ရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။ PDF ဇိုလဲန်းက အရင်ကတည်းက သိမ်းပိုက်ထားတဲ့ တီးတိန်မြို့နယ် ကနေဒီတောင် အပါအဝင် ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ စစ်ကောင်စီတပ်က ၂၀၂၅ အောက်တိုဘာလကုန်မှာ တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ ၂၆ ကြိမ် စစ်အင်အားဖြည့်တင်းထိုးစစ်ဆင်လာလို့ ကနေဒီတောင် အပါအဝင် နေရာအချို့ကို ယာယီလက်လွှတ်ခဲ့ရပါတယ်။ ၂၀၂၅ နိုဝင်ဘာ ၁၉ရက်မှာလည်း ချင်းညီနောင်တပ်ဖွဲ့က ကနေဒီတောင်ကို…