Category: News

  • အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံး

    အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံး

    မိုင်းယော်မှာ အမျိုးသားဖြစ်သူက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံးသွား

    ‎ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ခဲ့ပြီး သူကိုယ်တိုင်လည်း မီးထဲသို့ခုန်ချခဲ့လို့ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရသူရဲ့ပြောပြချက်အရ သိရပါတယ်။



    ‎ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီ မိုင်းယော်တိုက်နယ် အေးသာယာရွာသစ်က တောင်ယာမှာ နေထိုင်တဲ့ မိသားစု ၃ ဦးထဲက အမျိုးသားဖြစ်သူ အသက် ၄၀ အရွယ် အကန်ဆိုသူ အသက် ၃၈ နှစ်အရွယ် ယာကြာဆိုတဲ့ သူ့အမျိုးသမီးဖြစ်သူကို ဓားနဲ့ အကြိမ်ကြိမ် ခုတ်ခဲ့လို့ ဒဏ်ရာရခဲ့ပါတယ်။

    ‎ဖြစ်စဉ်သိရသူ အမျိုးသားက “သူ့အမျိုးသားက စိတ်မနှံ့ဘူးလို့ပြောတယ်။ ဓါးနဲ့အများကြီးခုတ်တာ။ ပြီးတော့ သူ့ကလေးကို ခုတ်မလို့‌တဲ့။ သူ့ကလေးက ရွာပြန်လာပြောပြတာ။ သွားကြည့်တော့ သူ့မိန်းမပြောတာက သူပါ မီးထဲခုန်ချလိုက်တာတဲ့” လို့ ပြောပါတယ်။



    ‎၎င်းအမျိုးသမီးဟာ လက်မောင်း၊ ဦးခေါင်း၊ လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ ခုတ်ခံခဲ့ရပြီး သမီးဖြစ်သူကိုပါ ခုတ်ဖို့လုပ်ပေမဲ့ သမီးဖြစ်သူက ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

    ‎ဓားခုတ်သူအမျိုးသားကလည်း ခုတ်ပြီးချိန် မီးတောက်အောင်မွှေးပြီး သူကိုယ်တိုင် ခုန်ချလိုက်လို့သေဆုံးသွားခဲ့သလို ခုတ်ခံရသူ အမျိုးသမီးက ဆေးကုသမှာခံယူနေရလျက်ရှိနေပါတယ်။

    ဓာတ်ပုံ – CJ

  • သိန္နီ ပန့်ဆီဆိုင်၌ ဆီဖြည့်နေစဉ် မီးလောင်ပြီး ကား ၄ စီး ပျက်စီး

    သိန္နီ ပန့်ဆီဆိုင်၌ ဆီဖြည့်နေစဉ် မီးလောင်ပြီး ကား ၄ စီး ပျက်စီး

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ရှိ စိန်နဂါး ပန့်ဆီဆိုင်မှာ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီလောက်က ဆီတိုင်ကီမှာ ဆီဖြည့်နေချိန် ရုတ်တရက် မီးထလောင်ပြီး ဆိုင်တခြမ်းနဲ့ ကား ၄ စီး လောင်ကျွမ်းပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဆီတိုင်ကီကနေ စလောင်တာကြောင့် နေပူလို့ လောင်တာလို့ ယူဆရကြောင်း ဆိုင်အနီးနား နေထိုင်သူ အမျိုးသမီးတယောက်က ပြောပါတယ်။

    “ဆီဖြည့်နေရင်း ဖြစ်တာ။ ဆိုင်တခြမ်းလောင်သွားတာ။ ကား ၄ စီး ပါသွားတယ်။”

    ဆီပေပါကနေ မီးစလောင်သွားတာဖြစ်ပြီး ဆီပန့်အမှား လုံးဝမဟုတ်ဘူးလို့ ဆိုင်ရှင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

    စက်သုံးဆီဆိုင်ပိုင်ရှင်တွေအနေနဲ့ သတိထားကြဖို့နဲ့ ဆီလာတင်တဲ့ပေပါတွေကို သေချာစစ်ဆေးပြီးမှသာ ဆီဖြည့်ပေးကြဖို့ အသိပေးထားပါတယ်။

    ဒေသခံ အမျိုးသားတယောက်က “သိန္နီမှာ ၂ ခါရှိပြီ ပန့်ဆီဆိုင်မီးလောင်တာ။ ပြီးခဲ့တဲ့တခါ လောင်တဲ့ဆိုင်နဲ့ မျက်နှာချင်းဆိုင် ဆိုင်မှာ ပြန်လောင်တာ” လို့ ပြောပါတယ်။

    မီးကူးစက်မြန်သွားတာကြောင့် ဆိုင်ဧရိယာ အလျား မီတာ ၂၀၊ အနံ ၁၀ မီတာလောက်နဲ့ ဝင်းအတွင်းရှိ ၆ ဘီး ကုန်တင်ယာဉ် ၄ စီး လောင်ကျွမ်းသွားပြီး ဆိုင် ဝန်ထမ်းနေအိမ်လိုင်းခန်း‌တွေ မီးဟပ်သွားတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။

    မွန်းလွဲ ၃ နာရီခွဲ လောက်မှာ မီးငြိမ်းသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်စစ်ဆေးနေဆဲဖြစ်သလို မီးလောင်လာရတဲ့ အသေးစိတ် အကြောင်းအရင်းမှန်ကိုလည်း သက်ဆိုင်ရာက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ဇူလိုင် ၂၃ ရက်ကလည်း သိန္နီမြို့ရှိ မြို့ဦး ပန့်ဆီဆိုင်မှာ ဂိုဒေါင် ထပ်ချဲ့ဖို့ ဝရိန်ဆော်ရင်း မီးစနဲ့ ဓာတ်ဆီထိမိရာက ဆိုင် မီးလောင်ကျွမ်းသွာခဲ့ပြီး ဆီဆိုင်ပိုင်ရှင်ရဲ့သားပါ သေဆုံးခဲ့ပါတယ်။

  • လုပ်ငန်းခွင်ထဲ အမျိုးသမီးများကို  တဏှာရူး နှာဘူးထလို့ အနားပေးခံခဲ့ရတဲ့ သန်းလွင်ထွန်း

    လုပ်ငန်းခွင်ထဲ အမျိုးသမီးများကို တဏှာရူး နှာဘူးထလို့ အနားပေးခံခဲ့ရတဲ့ သန်းလွင်ထွန်း

    ကိုထိန်လင်းကို မိုက်ရိုင်းစော်ကားထားတဲ့ သန်းလွင်ထွန်းရေးထား တဲ့ post သွားဆဲလို့ရအောင် ကွန်မန့်မှာ ပေးလိုက်တယ်။

    ဒီလူယုတ်မာကြောင့် အမေစု နှင့် ကိုထိန်လင်းအကြောင်းတွေကျွန်တော်ရေးနေမိတာဖြစ်တယ်။

    အမေစုရော ၊ ကိုထိန်လင်းရော ၊ မိသားစုလိုက် မြန်မာပြည်အတွက်ပေးဆပ်ခဲ့ကြရတာဖြစ်တယ်။

    အမေစု အကြောင်းတွေးမိတိုင်း စိတ်မကောင်းအလွန်ဖြစ်ရတယ်။

    ဒီကောင် သန်းလွင်ထွန်းက လူယုတ်မာဖြစ်တယ်။ ဒီကောင့်အကြောင်းလည်းကျွန်တော်ရေးထားတယ်။

    Myo Yan Naung Thein

    အမေရိကန်က VOA Burmese လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သောအပြုအမှုများ ကာလကြာရှည်ပြုမူခဲ့၍ လုပ်ငန်းခွင်မှ အနားပေးခံခဲ့ရတဲ့ နာမည်ပျက် သန်းလွင်ထွန်း ဆိုတဲ့ ဘောမကများ အမေစုသားကို အင်္ဂလိပ်စာ ပြန်သင်ပေးရတယ် ရှိသေးတယ်။

    ကိုယ့်ဘဝကိုယ် မမေ့နဲ့ ဘောမရေ။

    ကိုထိန်လင်းဆိုတာ မွေးကတည်းက နိုင်ငံခြားမှာကြီး၊ နိုင်ငံခြားသားစစ်စစ် ဟဲ့။

    နင့်မလည်း အသက်ကြီးမှ စစ်တပ်ဆီက အရိုးအရင်းရဖို့များ ထ ထ အူရဲတဲ့ သတ္တိနဲ့ ထမိန် ဝတ်ထားသင့်တယ်။

    🤣🤣🤣

    အင်္ဂလန်မှာနေတဲ့ အန်တီစုရဲ့သားအငယ်ကို

    မြန်မာပြည်ကနေ အင်္ဂလိပ်စာ သင်ပေးချင်တဲ့ ကောင်ကို

    အင်္ဂလိပ်စာပြန်သင်ပေး 🤪🤪🤪

    Yan Naung

    ကလိကလိနဲ့ နေနေလို့ ပြောလိုက်ရဦးမယ် ။

    အမေစုရဲ့ သား အင်္ဂလန်က “ကင် အဲရစ်” ( Kim Aris ) က သူ့အမေ ဘယ်မှာ ဘယ်လို နေရ စားရတယ် ကျန်းမာရေး အခြေအနေဘယ်လိုရှိတယ် ဆိုတာ ဘာမှ မသိရလို့

    For all we know she could be dead

    လို့ပြောသွားပါတယ် ။

    ဆိုချင်တာက အမေ့အကြောင်း ဘာသတင်းမှ မကြားရလို့ သေမှန်းရှင်မှန်းတောင် မသိရပါဘူး လို့ ပြောချင်တာပါ ။ အင်္ဂလိပ်စာ နားလည်သူအတွက်ဆိုရင် ဒီစကားရဲ့ အဓိပ္ပါယ်က ရှင်းနေပါတယ် ။

    အဲဒါကို ဗမာပြည်ကဗမာတွေရော နိုင်ငံခြားရောက်နေတဲ့ ဗမာတွေကရော “ကင်”ဟာ ကပြားမို့ အင်္ဂလိပ်စာကောင်းကောင်းမတတ်ဘူး ၊ ဒီလိုရေးတာ မမှန်ဘူး ဆိုပြီး ဝိုင်းပြီး ဝေဖန်ကြသလေ ။

    ဘီဘီစီ နဲ့ ဗီအိုအေ မှာ အလုပ်လုပ်ခဲ့တယ် ဆိုတဲ့ ကိုသန်းလွင်ထွန်း ဆိုသူက “ဒရာမာ များသွားတဲ့ Kim Aris” ဆိုပြီး ပို့စ်တခု လွန်ခဲ့တဲ့ ၂ ရက်က တင်ပါတယ် ။ သူကပြောပြန်သေးတယ် ၊ အင်္ဂလန်မှာ နေတဲ့ အင်္ဂလိပ်ကပြားလေးကို အင်္ဂလိပ်စာ ပြန်သင်ပေးရမလို ဖြစ်နေပြီတဲ့ ။ နိုင်ငံရေးတွန်းအားတွေကြောင့် ခုလို အင်္ဂလိပ်စကား အမှားကို ပြောသွားတာတဲ့ ၊ ဒရာမာ အခင်းလွန်သွားတယ် တဲ့ ။

    ကိုသန်းလွင်ထွန်း က For all I know she could die ဆိုမှ မှန်ပါတယ်လို့ ဆိုပြန်ပါသဗျ ၊ အဲလို ပြောသင့်တယ်လို့ ဆိုလိုက်ပါသဗျ ။

    – – – – – – –

    ကျနော် သေသေချာချာ ရှင်းပြပါရစေ ။

    For all we know she could be dead ဆိုတာ “သေမှန်းရှင်မှန်းတောင် မသိရဘူး” လို့ အဓိပ္ပါယ်ရပါတယ် ။ အင်္ဂလိပ်လို Idiomatic အသုံး လုံးဝ အမှန်ပါ ။ အင်္ဂလိပ်အစစ်တွေ တကယ် သုံးကြတဲ့ စကားအသုံးအနှုန်းလေးပါ ။ Native English ကိုမကြားဘူးသူတွေကသာ မှားတယ်လို့ ပြောမှာပါ ။

    For all I know she could die လို့ ရေးလေ့ ပြောလေ့ မရှိပါဘူး။ အင်္ဂလိပ်စာ တကယ်တတ်သူတွေက အဲလိုမသုံးကြပါဘူး။ အဲလိုပြောရင် ပြောချင်တဲ့ အဓိပ္ပါယ်လည်း ထွက်မလာပါဘူး ။ “ငါသိရသလောက် သူမ သေသွားနိုင်တယ်” လို့ အနီးစပ်ဆုံး အဓိပ္ပါယ်ထွက်ပါတယ် ။

    For all I know ဆိုတာ English idiom ပါ ။ ဘာမှ ရေရေရာရာ မသိရဘူး ဆိုတဲ့ အဓိပ္ပါယ်ပါ ။ ( Speculation with limited knowledge )

    My name is Mg Hla. My father is U Mya. I go to school everyday ဆိုတာလောက်ပဲ တတ်သူတွေက She could be dead ဆိုတဲ့ အသုံးအနှုန်းမျိုးကို နားမလည်နိုင်ဘူးလေ ။

    – – – – – –

    “could be”

    ဥပမာ

    The cat has been missing for 3 days. For all I know it “could be” dead

    ကြောင်လေး ပျောက်သွားတာ ၃ ရက်ရှိပြီ ၊ သေလားရှင်လား မဆိုနိုင်ဘူး

    For all I know the missing person “could be” safe in a cabin

    ပျောက်နေတဲ့သူဟာ တဲတလုံးထဲမှာ အေးဆေးလုံခြုံ ရှိချင်ရှိနေမလားပဲ

    For all I know we “could be” in an Amazon forest

    ခုဟာက ငါတို့ အမေဇုန်တောကြီးထဲများ ရောက်နေသလားတောင်ထင်ရတယ်

    – – – – – – –

    “could die” ဥပမာ

    If you don’t wear a helmet you could die

    ဆိုင်ကယ်ဦးထုပ် မဆောင်းရင် သေနိုင်တယ်နော်

    I am so embarrassed , I could die

    ငါတော့ရှက်လွန်းလို့ လဲသာ သေလိုက်ချင်တယ်

    – – – – – – –

    အမေစုရဲ့ သားဟာ အင်္ဂလန်နိုင်ငံမှာ နေတဲ့ အင်္ဂလိပ်စကား ကောင်းစွာပြောနိုင်တဲ့ native speaker တယောက်ပါ ။ အဲဒါကို အင်္ဂလိပ်စာကို ကြီးမှ သင်ရတဲ့ ဗမာတွေက “ကင်” ပြောတဲ့ အင်္ဂလိပ်စကားက မှားနေပါတယ် လို့ သွားဝေဖန်တာကတော့ သိပ်ကို များသွားပါပြီ ။ မိမိ အင်္ဂလိပ်စာ ကောင်းကောင်းမတတ်ဘူးဆိုတာကို public မှာ ချပြလိုက်တာပါပဲ ။

    ဗမာပြည်က လူတွေထဲမှာလည်း အမေစုနဲ့ မိသားစုကို မှိုချိုးမျှစ်ချိုးပြောချင်ကြသူတွေ အများသားမို့ ဒီပို့စ်အောက်မှာ ဝင်ပြီး တတ်ယောင်ကား ဆွမ်းကြီးလောင်းကြပြန်တယ် ။ “ကင်” က ပညာမတတ်လို့ အင်္ဂလိပ်စာတောင် မှန်အောင်မရေးတတ်ဘူးတဲ့ ။ တခြားလည်း မိုက်မိုက်ရိုင်းရိုင်း မဆိုင်တာတွေ ရေးထားကြတာ အမျိုးမျိုးပဲ ။

    အမေရိကမှာနေတယ်ဆိုတဲ့ ဗမာ တယောက်က ဘာရေးထားလဲ သိလား ။ “ကင်” က Uneducated ပညာမတတ်သူမို့ သနားစရာ အသုံးချ ခံနေရပြန်ပါသတဲ့ ။ ပညာတတ်သူကြီးက ပြောရှာပြန်တယ် ။

    ရိုင်းရိုင်းပဲပြောလိုက်မယ် ၊ အဲဒီလို မန့်နေကြသူတွေ ဗမာတွေ ဟာအကုန်လုံး ၁၀ ယောက်ပေါင်းတောင် ၄ တန်းမအောင်တဲ့ ပညာအရည်အချင်းမျိုးနဲ့ အင်္ဂလန်က အမေစုသား အင်္ဂလိပ်ရဲ့ အင်္ဂလိပ်စာကို ဝင်ပြီး မှားသလေး ဘာလေးနဲ့ ဆရာကြီးတွေလုပ် ဝေဖန်နေကြတာ ဘယ်လောက် သောက်ရှက်မရှိကြလဲ ၊ ရွံစရာကောင်းလိုက်တာ ။

    ရေးတဲ့လူကလည်း ဘီဘီစီ နဲ့ ဗီအိုအေမှာ လုပ်သွားတယ်သာပြောတယ် ၊ ဒီလောက်မှ အင်္ဂလိပ်စာ နားမလည်ဘူးလား ။ Nuance ဆိုတဲ့ အသုံးအနှုန်းအဓိပ္ပါယ်လေးတွေ မသိမသာကွဲပြားတာကို သူနားမလည်တာ ထင်ရှားနေတယ် ။ သူက ဒါမျိုးရေးတာ ဟို လူမိုက်တွေထက်တောင် ပိုတောင်ရှက်စရာကောင်းသေတယ် ၊ ရှက်တတ်ရင် လဲသေလို့ရတယ် ။ အခု တကယ် သူပြောရမှာက –

    I am so embarrassed, I could die !

    ( ရှက်လွန်းလို့ လဲသေလိုက်ချင်တယ် )

    Hla Bu

    မူလသတင်းမှာ…

    VOA မြန်မာပိုင်းအကြီးအကဲ ဌာနတွင်း စစ်ဆေးခံနေရ

    အမေရိကန်ရှိ နိုင်ငံပိုင်သတင်းဌာန Voice of America (VOA) ၏ မြန်မာပိုင်းဌာန VOA Burmese ကို ကြီးကြပ်သူ ဦးသန်းလွင်ထွန်းသည် မြို့တော် ဝါရှင်တန်ဒီစီရှိ လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သောအပြုအမှုများ ကာလကြာရှည်ပြုမူခဲ့ သည်ဆိုသော တိုင်ကြားချက်ဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု သိရှိရသည်။

    VOA Burmese သတင်းခန်းတွင် တာဝန်ထမ်းဆောင်နေသော မြန်မာအမျိုးသမီးတစ်ဦးက လွန်ခဲ့ သည့်သုံးလခန့်တွင် ဌာနတွင်း စတင်တိုင်ကြားခဲ့ကြောင်း၊ ထိုအမျိုးသမီးကို ကနဦး စုံစမ်းစစ်ဆေး မေးမြန်းမှုများပြုလုပ်ပြီးနောက် အသေးစိတ်စစ်ဆေးမှုများပြုလုပ်ရန် ဦးသန်းလွင်ထွန်းကို ယနေ့မှ စ၍ လုပ်ငန်းတာဝန်များနှင့် မပတ်သက်စေဘဲ ခွင့်ယူရန် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

    ယခုကဲ့သို့ မယူမနေရ ခွင့်ကန့်သတ်ထားအချိန်အတွင်း ဦးသန်းလွန်ထွန်းအနေဖြင့် VOA သတင်း ဌာန၏ လုပ်ငန်းခွင်သို့ လာရောက်ခြင်းမပြုရန်နှင့် လုပ်ငန်းခွင်ရှိ ဝန်ထမ်းများနှင့်ပါ ဆက်သွယ်ခြင်း မပြုရန် ကန့်သတ်ခံထားရသည်။

    မြန်မာပိုင်းအပါအဝင် VOA သတင်းဌာနတစ်ခုလုံးသည် အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာလုံး ဆိုင်ရာ မီဒီယာအေဂျင်စီဖြစ်သည့် US Agency for Global Media (USAGM) အဖွဲ့၏ အုပ်ချုပ်မှု အောက်တွင် ရှိပြီး၊ ဦးသန်းလွင်ထွန်းအပေါ် စုံစမ်းစစ်ဆေးမှုများကို USAGM တာဝန်ရှိသူများက ပြုလုပ်နေကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

    ဝါရှင်တန်ဒီစီရှိ VOA မြန်မာသတင်းဌာနတွင် ဝန်ထမ်းပေါင်း ၄၀ နီးပါးခန့်ရှိပြီး တစ်ဒါဇင်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း သိရှိရသည်။

    ဂျပန်အမျိုးသမီးတစ်ဦးနှင့် လက်ရှိအချိန်ထိ အိမ်ထောင်ပြုထားပြီး အရွယ်ရောက်ပြီး သားတစ်ဦးရှိ သည့် ဦးသန်းလွင်ထွန်းသည် လွန်ခဲ့သည့်နှစ်များက မြန်မာနိုင်ငံသို့လာရောက်ချိန်တွင် ယခင်စစ်အုပ် ချုပ်ရေးလက်ထက် ရန်ကုန်တိုင်းတိုင်းမှုးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း၏သမီး Hot News အပတ်စဥ်ဂျာနယ်ပိုင်ရှင် မမနှင့်ပတ်သက်သဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ခံခဲ့ရသူဖြစ်သည်။

    ထို့ပြင် ရန်ကုန်ရှိ မြန်မာအမျိုးသမီးတစ်ဦးကလည်း ဦးသန်းလွင်ထွန်းသည် ၎င်းကို အပျော်ကြံခဲ့ သည်ဟု Facebook လူမှုကွန်ယက်တွင် မကြာသေးမီနှစ်များက ဝေဖန်ရေးသားမှုများရှိခဲ့သည်။

    သို့ရာတွင် ဦးသန်းလွင်ထွန်းအပေါ်လက်ရှိ စုံစမ်းစစ်ဆေးမှုသည် မြန်မာပြည်ရှိကိစ္စရပ်များနှင့် မဆိုင်ဘဲ VOA မြန်မာဌာနတွင်း အဖြစ်အပျက်များနှင့်သာ သက်ဆိုင်ကြောင်း သိရှိရသည်။

    စုံစမ်းစစ်ဆေးမှုများနှင့် စပ်လျဥ်း၍အသေးစိတ်အချက်အလက်များ မသိရှိရသော်လည်း ၎င်းအား တိုင်ကြားချက်တွင် ဦးသန်းလွင်ထွန်းသည် လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သည့် ပုံများကို ၎င်း၏ ဖုံးတွင်ထည့်ထားပြီး ထိုပုံများကို ဌာနတွင်းအမျိုးသမီးများအား လိုက်ပြလေ့ရှိသည်ဟူသော အချက်လည်းပါရှိသည်ဟု သိရှိရသည်။

    ယခုကိစ္စနှင့်စပ်လျဥ်း၍ Myanmar Now က US Agency for Global Media (USAGM) အဖွဲ့ အမှုဆောင် အရာရှိချုပ် Amanda Bennet ထံ စာပို့မေးမြန်းခဲ့ရာ Myanmar Now ၏ မေးမြန်းချက်ကို VOA ရုံးချုပ် ပြည်သူ့ဆက်ဆံရေးဌာနသို့ လွှဲပေးခဲ့သည်။

    VOA ၏ ပြည်သူ့ဆက်ဆံရေးဌာန ဒါရိုက်တာ Bridget Ann Serchak က “ကိုယ်ရေးကိုယ်တာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ မှတ်ချက်ပေးရန် မရှိပါ” ဟု ယမန်နေ့ (နိုဝင်ဘာ ၁၈) တွင် တုံ့ပြန်သည်။

    VOA မြန်မာဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း လက်ရှိကိစ္စရပ်များနှင့်ပတ်သက်၍ မေးမြန်းရာ ဦးသန်းလွင်ထွန်း “ခွင့်သွားနေတယ်” ဟုသာ ပြောဆိုသည်။

    စုံစမ်းစစ်ဆေးနေမှုနှင့် ပတ်သက်၍ ဦးသန်းလွင်ထွန်းကို Myanmar Now က ဆက်သွယ် မေးမြန်းရာတွင် USAGM နှင့် VOA ကဲ့သို့ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အဖွဲ့ အစည်းတစ်ခု အတွက် တိုင်ကြားမှုတစ်စုံတစ်ရာရှိလာပါက ယခုကဲ့သို့ ဌာနတွင်း စုံစမ်းစစ်ဆေးမှုမျိုးမှာ ထူးခြားဖြစ် စဉ်မဟုတ်ဟု တုံ့ပြန်သည်။

    “လက်ရှိကိစ္စရပ်အတွက် မှတ်ချက်ထပ်မံ မပေးလိုပါဘူး။ ဒါပေမဲ့ အရင်နဲ့ အခု စွပ်စွဲမှုတွေအားလုံးဟာ အခြေအမြစ် မရှိပါဘူးလို့ ပြောချင်ပါတယ်” ဟု ဦးသန်းလွင်ထွန်းက တုံ့ပြန်သည်။

    ဦးသန်းလွင်ထွန်းအား မယူမနေရခွင့်ပေးထားသည့် ကာလအတွင်း ၎င်းနေရာတွင် ၎င်း၏ လက်ထောက်ဖြစ်သူ ဒေါ်ခင်စိုးဝင်းက စတင်တာဝန်ထမ်းဆောင်နေကြောင်း သိရှိရသည်။

    နှစ်ပေါင်း ၃၀ ကျော် သတင်းထောက်အတွေ့အကြုံရှိသည့် ဦးသန်းလွင်ထွန်းသည် VOA ၌ ၂၀၀၄ ခုနှစ် တွင် စတင်လုပ်ကိုင်ခဲ့ကာ ယခင်က BBC သတင်းဌာန၌လည်း အသံလွှင့်သတင်းထောက်အဖြစ် ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့ဖူးကြောင်း VOA ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

  • စစ်အုပ်စု၏ သတင်းလိမ် ဝါဒဖြန့် အကောင့်များကို Twitch ၊ Facebook ၊ YouTube နှင့် MediaFire တို့က ဖယ်ရှား

    စစ်အုပ်စု၏ သတင်းလိမ် ဝါဒဖြန့် အကောင့်များကို Twitch ၊ Facebook ၊ YouTube နှင့် MediaFire တို့က ဖယ်ရှား

    အကြမ်းဖက် စစ်အုပ်စုက အသုံးပြုနေသော သတင်းလိမ် ဝါဒဖြန့်အကောင့်များကို Twitch ၊ Facebook ၊ YouTube နှင့် MediaFire တို့က ဖယ်ရှားလိုက်ကြောင်း Justice For Myanmar က ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

    စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာနနှင့် စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာနတို့က ကြီးကြပ်အသုံးပြုနေသည့် ဝါဒဖြန့်ချီရေးအကောင့်များအား Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က ဖြုတ်ချဖယ်ရှားမှုများ လုပ်ဆောင်လိုက်သည့် မကြာသေးမီကအရေးယူဆောင် ရွက် မှုများအပေါ် Justice For Myanmar က ကြိုဆိုပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

    Justice For Myanmar က နည်းပညာကုမ္ပဏီများထံ စာရေးသားပေးပို့၍ အဆိုပါ ဝါဒဖြန့်အကောင့်များ အတွက် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဆက်လက်ပံ့ပိုးမှုပေးအပ်ခြင်းအပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုများအား လိုက်နာဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများကို မေးခွန်းထုတ်ပြောကြား လိုက်ပြီးနောက်တွင် အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးမှုများလည်း ဆက်လက်ရှိနေခြင်း ကြောင့် စစ်အုပ်စုထိန်းချုပ် ဝါဒဖြန့် အကောင့်များကို ဖြုတ်ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

    မြန်မာစစ်အုပ်စုသည် အစိုးရထိန်းချုပ်မီဒီယာများနှင့် ဝါဒဖြန့်ချီရေးရုပ်သံလိုင်းများကို အသုံးပြု၍ ရို ဟင်ဂျာများအပေါ် အမုန်းစကားများ ဖြန့်ဝေခြင်း၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ အား သွေးထိုးလှုံ့ဆော်ခြင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများတွင် ကျင်းပ မည့် အတုအယောင်ရွေးကောက်ပွဲအကြောင်း အပါအဝင် သတင်းလိမ်၊ သတင်းမှားများ ဖြန့်ဝေခြင်း တို့ကို လုပ်ဆောင်သော ရှည်လျားလှသည့် သမိုင်းမှတ်တမ်းများလည်း ရှိထားကြောင်း အသိပေးထား သည်။

    Amazon ပိုင် ဗွီဒီယိုပလပ်ဖောင်း Twitch သည် တိုက်ရိုက်ထုတ်လွှင့်နေသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် မြန်မာ့ရေဒီယိုလိုင်း ၁၄ ခုအား ၎င်းတို့၏ ဝဘ်ဆိုဒ်နှင့် Google၊ Apple App stores များရှိ ၎င်းတို့၏ မိုဘိုင်း Apps များမှ ဖယ်ရှားခဲ့ကြောင်း၊ Twitch သည် MITV ဝဘ်ဆိုဒ်တွင် တွဲထားသည့် MITV တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှုကိုလည်း ဖယ်ရှားခဲ့ကြောင်း သိရသည်။

    MITV ၊ MRTV နှင့် Myanmar Radio တို့အားလုံးကို စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနက ကြီး ကြပ် လုပ်ကိုင်ပြီး MRTV သည် အဓိကအားဖြင့် မြန်မာပရိတ်သတ်များအတွက် ဗမာဘာသာ စကား ဖြင့် ထုတ်လွှင့်ကြောင်း၊ MITV သည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်ကာ နိုင်ငံခြားပရိတ် သတ်ထံ ရောက်ရှိရန် ရည်ရွယ်ကြောင်း သိရသည်။

    MRTV ဝဘ်ဆိုဒ်နှင့် Apps များကို စစ်ရာဇဝတ်သားများနှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုကို မိတ်ဆက်ခဲ့ကြောင်း၊ Twitch အကောင့်ဖယ်ရှားခံရမှုကို အကောင့်သစ်များဖန်တီး၍ တိုက်ရိုက်ရုပ်သံထုတ် လွှင့်မှု ကို စစ်အုပ်စုက ဆက်လက်လုပ်ဆောင်လာချိန်တွင် Twitch သည် Justice For Myanmar တိုင်ကြား ခဲ့သည့် အခြားများပြားလှစွာသော အကောင့်များအား ဆက်လက် ပိတ်သိမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    Facebook သည် MITV စာမျက်နှာကို ဖျက်သိမ်းခဲ့ပြီး Alphabet ကပိုင်ဆိုင်သည့် YouTube သည် စစ်အုပ်စု ပြန်ကြားရေး ဝန်ကြီးဌာန၏ အကောင့်တစ်ခုကို ၎င်းတို့၏ ပလက်ဖောင်းမှ ဖယ်ရှားခဲ့ကြောင်း၊ သို့ရာတွင် YouTube သည် MITV အကောင့်အား ဖယ်ရှားရန် ယခုအချိန်ထိ ငြင်းဆိုထားကြောင်း JFM က ပြောဆိုထားသည်။

    Facebook နှင့် ဖိုင်ထိန်းသိမ်းမျှဝေရာ MediaFire ဝဘ်ဆိုဒ်တို့သည် ရတနာပုံသတင်းစာ၏ အကောင့် များကို ဖျက်သိမ်းခဲ့ကြောင်း၊ ယင်းသတင်းစာသည် မြန်မာစစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် ဝါဒဖြန့် ချီရေးဌာနက ကြီးကြပ်ထုတ်ဝေသည့် မြဝတီသတင်းစာနှင့် ဆက်နွှယ်သော ထုတ်ဝေရေးတစ်ခု ဖြစ်ကြောင်း၊ စစ်တပ်သည် ၎င်းတို့၏ Facebook အကောင့်များတွင် မျှဝေသည့် ဝါဒဖြန့်သတင်းစာများ၏ PDF ဖိုင်များကို သိမ်းဆည်းထားရန် MediaFire ကို အသုံးပြုခဲ့ကြောင်း သိရသည်။

    Facebook ၏ အရေးယူဆောင်ရွက်မှုများသည် စစ်တပ်၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ၎င်းတို့ချမှတ်ခဲ့သည့် စစ်တပ်ထိန်းချုပ်သော နိုင်ငံ ပိုင်မီဒီယာ အဖွဲ့အစည်းများအပေါ် ပိတ်ပင်တားမြစ်ချက်များနှင့်လည်း ကိုက်ညီကြောင်း ၊ စစ်တပ်၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာပြည်သူလူထုနှင့် နိုင်ငံတ ကာ ပြည်သူများထံ ဝါဒမှိုင်းများဖြန့်ဝေသည့် စစ်အုပ်စု၏ စွမ်းရည်အား ဟန့်တားနိုင်ရန်အတွက် အ ရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ Justice For Myanmar က တိုင်ကြားခဲ့သည့် စစ်အုပ်စု အကောင့်များအား အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျ အပါအဝင် နိုင်ငံများစွာ၏ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက ထိန်းချုပ်ထား ကြောင်း သိရှိရသည်။

    Alphabet (Google ၏ မိခင်ကုမ္ပဏီ) ၊ Apple ၊ TikTok ၊ X (ယခင် Twitter) ၊ Telegram၊ Cloudflare နှင့် ApkPure တို့ထံလည်း စာများ ရေးသားပေးပို့ခဲ့သော်လည်း ယခုအချိန်အထိ အဆိုပါ နည်းပညာ ဝန်ဆောင်မှုကုမ္ပဏီများက မြန်မာစစ်တပ်နှင့် စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနတို့ တိုက်ရိုက်ကြီး ကြပ်ကိုင်တွယ်နေသည့် အကောင့်များအပါအဝင် ဝါဒမှိုင်းဖြန့်အကောင့်များအပေါ် အရေးယူဆောင် ရွက်ခြင်း မရှိသေးကြောင်း၊ နည်းပညာကုမ္ပဏီအားလုံးအနေဖြင့် ဖော်ထုတ်တွေ့ရှိထားသည့် စစ်အုပ်စုဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် ၄င်းတို့၏ ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် Justice For Myanmar က တိုက်တွန်းထားသည်။

    မြန်မာစစ်အုပ်စုသည် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် ကျင်းပရန် စီစဉ်ထားသည့် အတုအယောင် ရွေးကောက်ပွဲမတိုင်မီ ဝါဒမှိုင်းများနှင့် သတင်းမှားများ ရေးသားဖြန့်ချီနိုင်ရေး ကြိုးပမ်းမှုများကို အရှိန် မြှင့်လုပ်ဆောင်လျက်ရှိပြီး နည်းပညာကုမ္ပဏီကြီးများသည် စစ်အုပ်စုအတွက် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရန်၊ ဝေဖန်မှုများအား ဖိနှိပ်ရန်နှင့် တရားဝင်မှုလိမ်လည်ရယူရန် ကြိုးပမ်းရာတွင် မြန်မာပြည် သူ များအကြား အကြောက်တရားဖြန့်ဝေရေးအတွက် မရှိမဖြစ် အရေးပါနေကြောင်း JFM က ဆက် လက် ပြောဆိုထားသည်။

    စစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ ညှဉ်းပမ်းနှိပ်စက်မှုများနှင့် ၎င်းတို့မထိန်းချုပ်နိုင်သည့် နယ်မြေများအတွင်း အရပ်သားပြည်သူများ အ ပေါ် မဆင်မခြင်လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ဆိုးရွားသော နိုင်ငံတကာရာဇဝတ်မှုများကို ဆတိုးကျူးလွန်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်အုပ်စုသည် အာရကန်ပြည်နယ်အတွင်းရှိ မြောက်ဦး ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး၊ အရပ်သားပြည်သူ ဒါဇင်များစွာအား သတ်ဖြတ်ခဲ့ကြောင်း၊ သေဆုံးသူများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ၊ လူနာများနှင့် မွေးကင်းစကလေးငယ် တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

    ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာမှ ဝေဖန်မှုများကို တုန့်ပြန် သည့် အနေဖြင့် စစ်အုပ်စုက အရပ်သားပြည်သူ သေဆုံးမှုမရှိကြောင်း လိမ်လည်ငြင်းဆိုခဲ့ရာ အဆိုပါ ငြင်းဆိုချက်များကို Telegram၊ X၊ TikTok နှင့် Apple၊ Google app stores များရှိ apps များ အပါ အဝင် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၌ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ကြောင်း ထောက်ပြထား သည်။

    Justice For Myanmar က ဖော်ထုတ်ထားသည့် စစ်တပ်ဝါဒဖြန့်အကောင့်များသည် ရိုဟင်ဂျာများ အား လူသားဂုဏ်သိက္ခာ ညိုးနွမ်းထိခိုက်စေသော အသုံးအနှုန်းများကို အသုံးပြုခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က တူညီသော မီဒီယာ အ ချို့ ပေါ်၌ လွှင့်တင်ထားသည့် အမုန်းစကားများသည် လူထုကြား မိုးလုံးမှိုင်း ရောက်ရှိစေခြင်းနှင့် ထို အမုန်းစကားများမှ ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုကျူး လွန်ရန် တိုက်ရိုက် လူသိထင်ရှား သွေးထိုးလှုံ့ဆော်ခြင်းကို ညွှန်ပြနေကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆို သည်။

    ထိုသို့တွေ့ရှိချက်များ ရှိနေစေကာမူ နည်းပညာကုမ္ပဏီကြီးများသည် ဝါဒမှိုင်းဖြန့်အကောင့်များအား ဆက်လက်ခွင့်ပြုထားဆဲ ဖြစ်ပြီး နိုင်ငံတကာနည်းပညာပလက်ဖောင်းများ၏ ထုတ်ကုန်များနှင့် ဝန် ဆောင်မှုများအား အသုံးပြုလျက်ရှိသည့် စစ်အုပ်စု၏ ဝါဒဖြန့်ချီရေးရုပ်သံလိုင်းများသည် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ပိတ်ဆို့အရေးယူခံထားရသူများ၏ ပြောဆိုမှုများကို ဗီဒီယို၊ အသံနှင့် စာသား ပုံစံမျိုးစုံဖြင့် ပုံမှန် ထုတ်လွှင့်လေ့ရှိကြောင်း၊ ယင်း ထုတ်လွှင့်မှုများတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနှင့် နိုင်ငံတကာရာဇဝတ်မှုကြီးများအား ကျူးလွန်မှုများအတွက် ဆင်ခြေပေးအကြောင်းပြ တရားများလည်း ပါဝင်ကြောင်း သိရသည်။

    “ဝါဒမှိုင်းဖြန့်ချီရေးက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးမှာ ဒေါက်တိုင်တစ်ခုဖြစ်ပြီး၊ နည်းပညာ ကုမ္ပဏီကြီးတွေကြောင့် စစ်အုပ်စုက ဝါဒဖြန်ချီရေးတွေ ဆက်လက်ဖြန့်ဖြူးနိုင်တာဖြစ်ပါတယ်။ လူ သားမျိုးနွယ်အပေါ် အဆိုးရွားဆုံးရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန် နေ တဲ့ ရာဇဝတ်စစ်အုပ်စုကို နည်းပညာကုမ္ပဏီတွေက သူတို့ပလက်ဖောင်းတွေ၊ ထုတ်ကုန်တွေနဲ့ ဝန် ဆောင်မှုတွေ ဆက်လက်ပေးအပ်နေတယ်ဆိုတာက လက်ခံနိုင်ဖွယ်မရှိပါဘူး။ စစ်အုပ်စုကသူတို့ရဲ့အ တုအယောင်ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်စစ်ဆင်ရေးကို အရှိန်မြှင့်လုပ် ဆောင်နေချိန်မှာ ဝါဒ မှိုင်းဖြန့်ချီနိုင်ဖို့အတွက် ဒီနည်းပညာပလက်ဖောင်းတွေကို အသုံးပြုနေတာပါ။ အဆိုပါကုမ္ပဏီတွေ အနေနဲ့ အရေးယူမှုတွေကို အခုကပဲစတင်လုပ်ဆောင်ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့် တွေကို ဖျက်သိမ်းပစ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက လူ့အခွင့်အရေးကို မြှင့်တင်ထိန်းသိမ်းပြီး၊ သုံးစွဲသူတွေကို ကာကွယ်ရာရောက်မှာဖြစ်သလို၊ နိုင်ငံတကာဒဏ်ခတ်ပိတ် ဆို့မှုတွေကို အပြည့်အဝ လိုက်နာရာရောက်မှာလည်း ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုသည်။