Category: News

  • ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားမှာ စိုးရိမ်ပူပန်ဟု သားဖြစ်သူ ကင်မ်အဲရစ်ပြော

    ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားမှာ စိုးရိမ်ပူပန်ဟု သားဖြစ်သူ ကင်မ်အဲရစ်ပြော

    စစ်ကောင်စီရဲ့ အကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေပြီး သတင်းအချက်အလက်တွေ မရရှိနိုင်တာကြောင့် အသက်ရှင်နေသေးလားဆိုတာ မသေချာတော့ကြောင်းနဲ့ စိုးရိမ်တဲ့အကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ပြောပါတယ်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) ကမ္ဘာတဝန်းလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်နေတဲ့ ကင်မ်အဲရစ်က ဒီဇင်ဘာ ၁၄ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲအတွင်း ရိုက်တာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်အတော်ကြာအောင် ဆက်သွယ်လို့မရဘဲ ဖြစ်နေကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း နှလုံး၊ အရိုး၊ သွားဖုံး စတဲ့ ကျန်းမာရေးပြဿနာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို တဆင့်သာ ကြားသိရတာဖြစ်လို့ တိတိကျကျ မသိရဘူးလို့ ဆိုပါတယ်။ မိခင်ဖြစ်သူ သက်ရှိထင်ရှားမရှိတော့ရင်တောင် သူ သိနိုင်မှာ မဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

    “ကျနော် သိသလောက်ဆိုရင် အခုချိန်မှာ သူ သေဆုံးပြီးသား ဖြစ်နေနိုင်ပါတယ်။ စစ်တပ်ဘက်ကလည်း အရင်နှစ်တွေတုန်းက သူ သေပြီဆိုတဲ့ ကောလာဟလတွေ၊ လေဖြတ်တယ် ဆိုတာတွေ၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတော့ဘူး ဆိုတာတွေကို အကြိမ်ကြိမ် ဖြန့်ခဲ့ပါတယ်။”

    ကမ္ဘာအနှံ့မှာ ပဋိပက္ခတွေ အများကြီး ဖြစ်နေတဲ့အချိန် လူတွေ မြန်မာနိုင်ငံအကြောင်းကို မေ့နေကြမှာ စိုးရိမ်ပြီး အရင်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက အလွန်အလေးထားခဲ့ပေမဲ့ ရခိုင်ပြည်နယ်အရေးအခင်းကြောင့် နိုင်ငံတကာပုံရိပ် ကျဆင်းသွားပြီးနောက် မြန်မာ့အရေးကို လူအများ လျစ်လျူရှုလာကြောင်းလည်း အဲရစ်စ်က ဆက်ပြောပါတယ်၊

    “အရင်တုန်းက နိုင်ငံတကာမှာ အမေရဲ့ ဂုဏ်သိက္ခာ အလွန်မြင့်နေတဲ့အချိန်တွေမှာ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို လူတွေ လွယ်လွယ်နဲ့ မျက်စိပိတ်မထားနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ် အရေးအခင်းကြောင့် သူ့ရဲ့အနေအထား ပျက်စီးသွားပြီးနောက် အခုတော့ အဲဒီလို မဖြစ်တော့ပါဘူး။”

    ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကို ပိုမိုပံ့ပိုးကူညီပေးဖို့လည်း ကင်မ်အဲရစ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

    ကင်မ်အဲရစ်က “ဂျပန်နိုင်ငံအနေနဲ့ ခုခံတော်လှန်ရေးကို ပိုမိုပြီး ထောက်ခံကူညီပေးသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ကြားနေရေးဆိုတာ ရှိမှန်း ကျနော် နားလည်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေ ဘယ်လိုဖြစ်နေလဲဆိုတာ မြင်နေရတဲ့အချိန်မှာတော့ ရပ်တည်ချက်တခု ချမှတ်ရမဲ့အချိန် ရောက်ပါပြီ” လို့ ပြောပါတယ်။

    အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က နေပြည်တော်မှာ အကျဉ်းချထားပြီး မိသားစုနဲ့ရော ရှေ့နေတွေနဲ့ပါ တွေ့ခွင့်မပေးဘဲ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။

    ကင်မ်အဲရစ်က “အမေက အသက် ၈၀ ရှိပြီ၊ ကျန်းမာရေးပြဿနာတွေ ဆက်ရှိနေတယ်။ ဘယ်သူမှ အမေကို ၂ နှစ်ကျော် မတွေ့ရသေးဘူး။ မိသားစုနဲ့ ထိတွေ့ခွင့်မရတာထားဦး၊ သူ့ရဲ့ ရှေ့နေအဖွဲ့နဲ့တောင် တွေ့ခွင့်မရဘူး။ ဒါကြောင့် ကျနော်ရဲ့ အဓိက အာရုံစိုက်မှုကတော့ သူတို့တွေကို မေမေကို လွှတ်ပေးဖို့ အယူခံဝင်ဖို့ ကြိုးစားဖို့ပါပဲ။ ဒါမှမဟုတ် လွှတ်ပေးဖို့က ရရှိဖို့ ခက်ခဲနိုင်တယ်ဆိုရင်၊ အနည်းဆုံးတော့ ရန်ကုန်မှာရှိတဲ့ မေမေ့ရဲ့ ကိုယ်ပိုင်အိမ်ခေါင်မိုးအောက် နေအိမ်အချုပ်နဲ့ ပြန်ရွှေ့ဖို့၊ ပြီးတော့ မေမေ့ရဲ့ အခြေအနေကို လွတ်လပ်တဲ့ အတည်ပြုချက်ရရှိဖို့ သေချာစေဖို့နဲ့ မိသားစုနဲ့ ထိတွေ့ခွင့်ရပြီး အသည်းအသန်လိုအပ်နေတဲ့ ပြုစုစောင့်ရှောက်မှုကို ရရှိနိုင်အောင် မေမေ့ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ပြန်လည်ရရှိဖို့ပါပဲ။ ကျနော် နားလည်သလောက်ဆိုရင် မေမေရဲ့ နှလုံးရောဂါအခြေအနေက ပိုဆိုးလာနေတယ်၊ နှလုံးရောဂါက ဘယ်အချိန်မဆို အသက်ဆုံးသွားနိုင်တယ်ဆိုတာ ကျနော်တို့အားလုံး သိပါတယ်”လို့ ပြောပါတယ်။

    သူက မိခင်ဖြစ်သူဟာ နေပြည်တော်မှာ ထိန်းသိမ်းခံထားရတယ်လို့ ယုံကြည်ပြီး လွန်ခဲ့တဲ့ ၂ နှစ်က နောက်ဆုံးရခဲ့တဲ့စာထဲမှာ အကျဉ်းခန်းတွင်း နွေနဲ့ ဆောင်းရာသီတွေမှာ အပူချိန်လွန်ကဲမှုကို ခံစားရကြောင်း ရေးသားထားတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီကျင်းပဖို့ ကြိုးစားနေတဲ့ လာမဲ့ ရွေးကောက်ပွဲတွေကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဖိအားပေးဖို့လို့တယ်လို့လည်း ကင်မ်က Reuters သတင်းဌာနကို ပြောပါတယ်။

    ဂျပန်နိုင်ငံကို ခရီးစဉ်အတွင်း ကင်မ်အဲရစ်က ဂျပန်နိုင်ငံရေးသမားတွေ၊ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီအပေါ်မှာ ပိုမိုပြင်းထန်တဲ့ ရပ်တည်ချက်မျိုးထားရှိဖို့နဲ့ ရွေးကောက်ပွဲကို ပယ်ချဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

    ကင်မ်အဲရစ်က “စစ်တပ်က ကျင်းပဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲတွေဟာ လုံးဝမတရားဘူး၊ လွတ်လပ်မှုနဲ့ ဝေးကွာလွန်းလို့ ဝမ်းနည်းစရာမကောင်းဘူးဆိုရင် ရယ်စရာကောင်းလောက်တယ်ဆိုတာ ကျနော်တို့ အားလုံးသိကြပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာရဲ့ အာရုံဟာ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို နည်းနည်းပိုပြီး အာရုံစိုက်နေတဲ့ ဒီအခိုက်အတန့်လေးကို ကျနော်တို့ အခွင့်ကောင်းယူဖို့ လိုပါတယ်။ ပြီးတော့ ကျနော့် မေမေဟာ အခုဆို ၅ နှစ်နီးပါး ချုပ်နှောင်ခံထားရပြီးပါပြီ၊ စစ်တပ်အပေါ် ကျနော် ထပ်ပြီး ဖိအားပေးနိုင်သမျှ အကုန်လုံးကို ယူပြီးတော့ ရွေ့လျားနိုင်တဲ့ အရာတွေကို ရွေ့လျားအောင် အကောင်းဆုံး ကြိုးစားရမှာပါပဲ”လို့ ပြောပါတယ်။

    ကင်မ်အဲရစ်က ဂျပန်နိုင်ငံခရီးစဉ်အတွင်းမှာ ဂျပန်ရောက် မြန်မာပြည်သူတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့လည်း တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်က All In One Piece Movement လှုပ်ရှားမှုအဖြစ် တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံးရှေ့ကို သွားရောက်ပြီး မိခင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ချက်ချင်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းကာ အပြစ်မှုအမျိုးမျိုးတပ်ပြီး လူထုလှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲလိမ်လည်မှု စတဲ့အမှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

    ✍🏻ဝေဝေ

    Source: Reuters

  • Waltzing with Brando

    Waltzing with Brando

    Waltzing with Brando (2025)

    Waltzing with Brando ဆိုတဲ့ ဇာတ်ကားလေးကတော့ ဗိသုကာရှင်ဘားနက်ဂျက်ခ်ရဲ့ Waltzing with Brando: Planning a Paradise in Tahit ဆိုတဲ့စာအုပ်ကို ပြန်လည်အသက်သွင်းထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်။

    ဒီကားမှာ တဟီတီကျွန်းရဲ့အလှအပ၊သန္တာကျောက်တန်းတွေရဲ့အလှအပတွေနဲ့ တဟီတီကျွန်းရဲ့လူနေမှုဘဝနဲ့အတူ “The God of Father” ထဲကနာမည်ကြီးမင်းသားရဲ့ အတ္ထုပတ္တိကိုလည်း ကြည့်ရှုခံစားရမှာမလို့ ရှုခင်းလှလှတွေနဲ့ဇာတ်ကားတစ်ကားကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ ဒီကားက ကြည့်သင့်တဲ့အထဲပါပါတယ်။

    ဇာတ်လမ်းအကျဥ်း

    ဒီဇာတ်ကားလေးမှာ “The God of Father” က နာမည်ကြီးမင်းသားဖြစ်တဲ့ မာလွန်ဘရန်ဒို ဟာ ဟောလိဝုဒ်ရဲ့ ရှုပ်ထွေးလှတဲ့ဘဝကနေ ရုန်းထွက်ပြီး သူရဲ့သီးသန့်ကမ္ဘာလေးဖြစ်တဲ့ တဟီတီဆိုတဲ့ ကျွန်းတစ်ကျွန်းမှာ ကမ္ဘာ့ပထမဆုံး သဘာဝပတ်ဝန်းကျင်နဲ့ လုံးဝကိုက်ညီတဲ့ အပန်းဖြေစခန်းတစ်ခု တည်ဆောက်ဖို့ လော့စ်အိန်ဂျလိစ်မြို့က ဗိသုကာပညာရှင် ဘားနက်ခ်ဂျက်ကို ဆွဲဆောင်ခဲ့ပါတယ်။

    ဂျက်ခ်ဟာ အစပိုင်းမှာစိတ်မဝင်စားပေမယ့် တဟီတီကျွန်းရဲ့အလှအပကြောင့်သူ့ရဲ့ သာမန်မြို့သားကြီးဘဝကနေ ရုန်းထွက်ပြီး ဘရန်ဒိုနဲ့အတူတူ စိတ်ကူးယဥ်အိပ်မက်နောက်ကိုလိုက်ခဲ့ပါတော့တယ်။

    ဘရန်ဒို ရဲ့ စိတ်ကူးယဉ်ဆန်မှုတွေနဲ့ ဂျက်ခ် ရဲ့ လက်တွေ့ကျမှုတွေကြားက သူငယ်ချင်းသံယောဇဉ်၊ တဟီတီကျွန်းရဲ့ အလှအပတွေ၊ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ အတွေးအခေါ်တွေ၊ စိတ်ကူးအိပ်မက်တွေနဲ့ လက်တွေ့ဘဝကြားက ပဋိပက္ခတွေရယ်နဲ့ သူတို့အိပ်မက်ကရောအကောင်ထည်ပေါ်လာပါ့မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။

  • Posthouse

    Posthouse

    Posthouse (2025)

    ကျိန်စာသင့်နေတဲ့ ဖိလစ်ပိုင်ရဲ့ပထမဆုံး သဲထိတ်ရင်ဖိုရုပ်ရှင်

    မန်နန်ဂယ်ဆိုတာ ဖိလစ်ပိုင်ရိုးရာပုံပြင်တွေထဲက ဒဏ္ဍာရီသတ္တဝါတစ်ကောင်ဖြစ်ပြီး ထိုင်းနဲ့ကမ္ဘာဒီးယားဘက်မှာ ခေတ်စားတဲ့ ကရာဆူးသရဲနဲ့ဆင်တူပါတယ်။

    သူက ညဘက်တွေမှာ ခန္ဓာကိုယ်အောက်ပိုင်းကိုဖြတ်တောက်ချန်ထားခဲ့ပြီး လင်းနို့လိုအတောင်ပံတွေနဲ့ပျံသန်းပြီးသားကောင်ကိုရှာဖွေလေ့ရှိပါတယ်။

    ဖိလစ်ပိုင်ရဲ့ပထမဆုံး သဲထိတ်ရင်ဖိုရုပ်ရှင်ဟာ မန်နန်ဂယ်အကြောင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့ဒီအချိန်ထိ ပြီးအောင်တည်းဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။

    ဒီဇာတ်ကားမှာတော့ အဲ့ဒီရုပ်ရှင်ကားရဲ့အမွေခံတွေဖြစ်တဲ့ အယ်ဒီတာ ဆိုင်ရဲလ်နဲ့သမီးဖြစ်သူတို့ Posthouse မှာ အလုပ်ကိစ္စအတွက် တစ်ညတာနေရဖို့ရှိလာချိန်မှာ သွားလေသူ သူတို့ရဲ့ဖခင်/အဘိုးဖြစ်သူဆီက အဲ့ဒီဇာတ်ကားမူကြမ်းဖလင်တွေကို လက်ခံရရှိရာကနေ အစပျိုးထားပါတယ်။

    တစ်စ တစ်စ အချိန်တွေကြာလာလေ အဲ့ဒီရုပ်ရှင်ရဲ့နောက်ခံအဖြစ်အပျက်တွေဟာ ပိုမိုပြတ်သားထင်ရှားလာလေဖြစ်ပြီး ဇာတ်လမ်းထဲက မန်နန်ဂယ်တစ်ယောက် အပြင်လောက ကိုရောက်လာပြီးတွေ့သမျှလူတွေကိုပစ်မှတ်ထား တိုက်ခိုက်ပါတော့တယ်။

    (မူရင်းစာတန်းထိုးမပါရှိတဲ့အင်္ဂလိပ်စကားပြောနေရာတွေကိုပါ အတတ်နိုင်ဆုံးနားထောင်ပြီးဖြည့်ပေးထားတဲ့အတွက် အသံမသဲကွဲတဲ့နေရာတစ်ချို့မှာကွဲလွဲမှုရှိနိုင်တာကလွဲလို့ ဇာတ်လမ်းကိုအပြည့်အ၀နားလည်နိုင်မှာပါ)

  • ကမ္ဘောဒီးယားနှင့် အပစ်အခတ် ရပ်စဲရန် အစီအစဉ်မရှိဟု ထိုင်းဝန်ကြီးချုပ် ထပ်ပြော

    ကမ္ဘောဒီးယားနှင့် အပစ်အခတ် ရပ်စဲရန် အစီအစဉ်မရှိဟု ထိုင်းဝန်ကြီးချုပ် ထပ်ပြော

    ကမ္ဘောဒီးယား၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ထိုင်းအရပ်သားတစ်ဦး သေဆုံးသွားပြီးနောက် ကမ္ဘောဒီးယားနှင့် အပစ်အခတ်ရပ်စဲရန် အစီအစဉ်မရှိကြောင်း နှစ်နိုင်ငံတစ်ကျော့ပြန်ပဋိပက္ခ ၈ ရက်မြောက်နေ့သို့ ရောက်လာသည့် ဒီဇင်ဘာ ၁၅ ရက်တွင် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူလ်က ပြောသည်။

    “ထိုင်းနိုင်ငံအနေနဲ့ ကျွန်တော်တို့ရဲ့ နယ်မြေနဲ့ ပြည်သူတွေရဲ့ ဘက်မလိုက်မှုကို ကာကွယ်ဖို့၊ အကာအကွယ်ပေးဖို့နဲ့ ခုခံကာကွယ်ဖို့အတွက် ခိုင်ခိုင်မာမာ ရပ်တည်သွားမှာပါ” ဟု အနုတင်က ပြောသည်။

    ဒီဇင်ဘာ ၁၄ ရက်က ကမ္ဘောဒီးယား၏ BM-21 ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ဆီဆာကက်ခရိုင်တွင် အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းစစ်တပ်က အတည်ပြုထားသည်။

    အဆိုပါခရိုင်အတွင်း၌ပင် ကမ္ဘောဒီးယား၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိုင်းစစ်သားတစ်ဦး သေဆုံးခဲ့ရာ ထိုင်းဘက်မှ စစ်သား သေဆုံးသူ စုစုပေါင်း ၁၆ ဦးနှင့် ဒဏ်ရာရသူ ၃၂၇ ဦး ရှိခဲ့သည်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးအေဂျင်စီထံသို့ ကန့်ကွက်လွှာ တင်သွင်းခဲ့ရာတွင် စစ်ရေးပစ်မှတ်မဟုတ်သော နေရာများအပါအဝင် ရမ်းသမ်းတိုက်ခိုက်မှုများ ပြုလုပ်သည်ဟု ကမ္ဘောဒီးယားကို စွပ်စွဲခဲ့သည်။

    ကမ္ဘောဒီးယားကမူ စစ်ဘက်ဆိုင်ရာ ထိခိုက်သေဆုံးမှုများကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

    ထိုင်းရေတပ်က ဒီဇင်ဘာ ၁၄ ရက်နေ့မှစ၍ ကမ္ဘောဒီးယား၏ ကောကွန်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အရှေ့တောင်ကမ်းရိုးတန်း ထရတ်ပြည်နယ်ရှိ ခရိုင်ငါးခုတွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။

    ကမ္ဘောဒီးယားနိုင်ငံကလည်း ၎င်း၏ နယ်မြေအတွင်းပိုင်းကို ထိုင်းနိုင်ငံက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် စွပ်စွဲခဲ့သည်။

    ထိုင်းစစ်တပ်ထက် လက်နက်အင်အားနှင့် စစ်အသုံးစရိတ်တွင် သာလွန်မှုမရှိသော ကမ္ဘောဒီးယားက ထိုင်းစစ်တပ်သည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယား နယ်မြေအတွင်းပိုင်းအထိ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားသည်။

    (နယ်စပ် ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံ ဆူရင်ပြည်နယ် ဖနုံဒေါင်ရက်ဒေသတွင် ဘေးလွတ်ရာ တိမ်းရှောင်နေရသူအချို့ကို ဒီဇင်ဘာ ၉ ရက်က တွေ့ရပုံ၊ ဓာတ်ပုံ − EPA)

  • အမေရိကန်တပ်ဖွဲ့ဝင်တွေသေဆုံးမှုအတွက် ထရမ့်က လက်စားချေဖို့ကတိပြု

    အမေရိကန်တပ်ဖွဲ့ဝင်တွေသေဆုံးမှုအတွက် ထရမ့်က လက်စားချေဖို့ကတိပြု

    ဆီးရီးယားကတိုက်ခိုက်မှုတစ်ခုအတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေသေဆုံးမှုအတွက် ထရမ့်က လက်စားချေဖို့ကတိပြု

    ဆီးရီးယားနိုင်ငံအလယ်ပိုင်းမှာ သေနတ်သမားတစ်ဦးရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား ၂ ဦးနဲ့ အရပ်သားစကားပြန်တစ်ဦးသေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့ပါတယ်။

    သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီဖြစ်စဉ်အတွက် အစ္စလာမ်မစ်နိုင်ငံအဖွဲ့ရဲ့ တိုက်ခိုက်မှုလို့ပြောဆိုခဲ့ပြီး လက်စားချေဖို့ကတိပေးခဲ့ပါတယ်။

    အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က တာဝန်ရှိသူတွေက စနေနေ့မှာ ဖြစ်စဉ်ကိုသတင်းထုတ်ပြန်ခဲ့ပြီး ဒါဟာ ပါလ်မိုင်ရာဒေသမှာရှိတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတွေမှာပါဝင်တဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို လုပ်ကြံတိုက်ခိုက်ခဲ့တာဖြစ်‌ကြောင်း၊ နောက်ထပ် လူ ၃ ဦးဒဏ်ရာရခဲ့ပြီး သေနတ်သမားလည်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

    ဆီးရီးယားအစိုးရသတင်းဌာနက ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေနဲ့ အမေရိကန်တပ်ဖွဲ့တွေ ပူးတွဲကင်းလှည့်စဉ် တိုက်ခိုက်ခံခဲ့ရာလို့ ဖော်ပြခဲ့ကြပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ဆီးရီးယားတပ်ဖွဲ့ဝင် ၂ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

    ထရမ့်က သတင်းထောက်တွေကို “ဒါဟာ ကျွန်တော်တို့နဲ့ဆီးရီးယားအပေါ် အိုင်အက်စ်ရဲ့ တိုက်ခိုက်မှုဖြစ်တယ်” လို့ ပြောကြားခဲ့ပြီး “ကျနော်တို့လက်တုံ့ပြန်ပါမယ်” လို့လည်း သူကပြောဆိုခဲ့ပါတယ်။

    ၂၀၂၄ ခုနှစ်မှာ သမ္မတဟောင်း ဘာရှာအယ်လ်အာဆတ် အစိုးရကျဆုံးပြီးနောက်မှာ အမေရိကန်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး အစီအမံတွေကို ဆက်လက်ဆောင်ရွက်ဖို့ ဆီးရီးယားမှာ တပ်ဖွဲ့တွေထားရှိခဲ့တာပါ။

    ဆီရီးယားယာယီအစိုးရအနေနဲ့ ISIS ကိုဆန့်ကျင်ပြီး အမေရိကန်တပ်ဖွဲ့တွေဦးဆောင်တဲ့ စစ်ဆင်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

    Ref;NHK