ဆီးရီးယားကတိုက်ခိုက်မှုတစ်ခုအတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေသေဆုံးမှုအတွက် ထရမ့်က လက်စားချေဖို့ကတိပြု

ဆီးရီးယားနိုင်ငံအလယ်ပိုင်းမှာ သေနတ်သမားတစ်ဦးရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား ၂ ဦးနဲ့ အရပ်သားစကားပြန်တစ်ဦးသေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီဖြစ်စဉ်အတွက် အစ္စလာမ်မစ်နိုင်ငံအဖွဲ့ရဲ့ တိုက်ခိုက်မှုလို့ပြောဆိုခဲ့ပြီး လက်စားချေဖို့ကတိပေးခဲ့ပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က တာဝန်ရှိသူတွေက စနေနေ့မှာ ဖြစ်စဉ်ကိုသတင်းထုတ်ပြန်ခဲ့ပြီး ဒါဟာ ပါလ်မိုင်ရာဒေသမှာရှိတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတွေမှာပါဝင်တဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို လုပ်ကြံတိုက်ခိုက်ခဲ့တာဖြစ်‌ကြောင်း၊ နောက်ထပ် လူ ၃ ဦးဒဏ်ရာရခဲ့ပြီး သေနတ်သမားလည်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ဆီးရီးယားအစိုးရသတင်းဌာနက ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေနဲ့ အမေရိကန်တပ်ဖွဲ့တွေ ပူးတွဲကင်းလှည့်စဉ် တိုက်ခိုက်ခံခဲ့ရာလို့ ဖော်ပြခဲ့ကြပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ဆီးရီးယားတပ်ဖွဲ့ဝင် ၂ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ထရမ့်က သတင်းထောက်တွေကို “ဒါဟာ ကျွန်တော်တို့နဲ့ဆီးရီးယားအပေါ် အိုင်အက်စ်ရဲ့ တိုက်ခိုက်မှုဖြစ်တယ်” လို့ ပြောကြားခဲ့ပြီး “ကျနော်တို့လက်တုံ့ပြန်ပါမယ်” လို့လည်း သူကပြောဆိုခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ သမ္မတဟောင်း ဘာရှာအယ်လ်အာဆတ် အစိုးရကျဆုံးပြီးနောက်မှာ အမေရိကန်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး အစီအမံတွေကို ဆက်လက်ဆောင်ရွက်ဖို့ ဆီးရီးယားမှာ တပ်ဖွဲ့တွေထားရှိခဲ့တာပါ။

ဆီရီးယားယာယီအစိုးရအနေနဲ့ ISIS ကိုဆန့်ကျင်ပြီး အမေရိကန်တပ်ဖွဲ့တွေဦးဆောင်တဲ့ စစ်ဆင်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

Ref;NHK

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *