လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံး
Category: News
-

ပြည်သူ့စစ်တွေကိုရှေ့ကတက်ခိုင်းပါတယ် မတက်ရင်ပစ်သတ်မယ်လို့ ပြော
အာရက္ခပြည်၊ ကျောက်ဖြူမြိုတွင် လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်းမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက် နေ့တွင် အာရက္ခတပ်တော်ထံသို အလင်းဝင်ရောက်လာသော စစ်ကောင်စီ၏ တပ်မ (၁၁) လက်အောက်ခံ၊ ခမရ (၂၁၆) တပ်ရင်းမှ ကိုယ်ပိုင်အမှတ် ပစ/၁၅၂၀၅၅ တပ်သား မောင်မောင်ဝင်း
အာရက္ခပြည်၊ ကျောက်ဖြူမြို့တွင် လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်းမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက် နေ့တွင် အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၁၁) လက်အောက်ခံ၊ ခမရ (၂၁၆) တပ်ရင်းမှ ကိုယ်ပိုင်အမှတ် ပစ/၁၅၂၀၅၅ တပ်သား မောင်မောင်ဝင်း၏ ထွက်ဆိုချက် ရုပ်သံ
AA Info Desk
-

လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကူစစ်ကြောင်းအား တိုက်ခိုက်မှု စစ်ကောင်စီတပ်သားတွေ အထိနာ (ရုပ်သံ)
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်း အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများခဲ့ပြီး အထိနာခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာအထွက်မှာ အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကူစစ်ကြောင်းအား တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၀ နာရီခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြားသေ ဆုံးကာ အထိနာသွားပြီး ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့မှ CDM ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို အမှတ်-၁စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ-၃၃၊ ဒေါနတပ်ခွဲ-၆၊ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွှတ်မြှောက်ရေးတပ်တော် (DNLA)၊၏ ဒူရကစစ်ကြောင်း၊ DEF၊ Tavoy People Liberation Force(TPLF)နဲ့ နဂါးနီပြောက်ကျားတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်တဲ့အတွက် မိဘ ပြည်သူများအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံကြဖို့နဲ့ တော်လှန်ရေးနဲ့ စစ်ရေးအရှိန်မြင့်လာတဲ့အမျှ အမှန်တရားဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီတပ် သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်အမြန်ဆုံးခိုလှုံ့ပေးကြဖို့ အမှတ်-၁ စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ-၃၃၊ ဒေါနတပ်ခွဲ-၆၊ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့ မှ တိုက်တွန်းထားပါတယ်။
Video-ဝေဟင်တပ်ဖွဲ့


