ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဩဂုတ် ၁ ရက်မှာ မန္တလေးမြို့ကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စု ရောက်ရှိပြီးနောက် စစ်တပ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက် ထားတဲ့ တပ်စခန်းတချို့ကို ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်ကနေ သိရပါတယ်။

ဩဂုတ် ၄ ရက် မနက်ပိုင်းမှာ စစ်တပ်က စကခ ၂၁ အနီးပတ်ဝန်းကျင်က မင်းလှရပ်ကွက်နဲ့ KIA သိမ်းပိုက်ထားတဲ့ အမတ ၃၆၆ တို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“မနေ့က တနေကုန် ၃၆၆ ဘက်မှာ ထိုးနေတာ။ တချို့နေရာတွေ ရတယ်၊ အဲဒါ ညနေပိုင်း ကျနော်တို့ဘက်က ပြန်ပြီးထိုးပြီး သိမ်းနိုင်တာရှိတယ်။ သူတို့(စကစ)ဘက်ကလည်း မရမချင်း ထိုးမယ့်ပုံစံဆိုတော့ ဘယ်လိုဆိုပြီး ပြောလို့မရဘူး။”

စကခ ၂၁ နဲ့ ဗန်းမော်တက္ကသိုလ်ကြားက လမ်းတလျှောက်ကိုလည်း စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဩဂုတ် ၅ ရက်မှာလည်း တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။

ဗန်းမော်ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ တနေ့လုံး ပြင်းထန်နေတာတွေ ကြားနေရတယ်လို့ ဗန်းမော်မြို့ပတ်ဝန်းကျင်က ကျေးရွာတွေမှာ တိမ်းရှောင်နေသူတယောက်က‌လည်း ပြောပါတယ်။

“ဒီလို တနေကုန် တိုက်ပွဲဖြစ်တဲ့အသံတွေ မကြားရတာ ကြာပြီ၊ မနေ့ကစပြီး တနေကုန် တိုက်ပွဲဖြစ်တဲ့အသံတွေ ပြန်ကြားနေရပြီ။ ဘယ်လိုတွေဖြစ်နေလဲတော့ မသိဘူး။”

အင်အားဖြည့်တင်းတဲ့ စစ်သင်္ဘောအုပ်စု ရောက်ရှိပြီးနောက် စစ်တပ်က ရက်ပိုင်းအကြာမှာ ထိုးစစ်ပုံစံ စစ်ရေးလှုပ်ရှားလာတာဖြစ်ပြီး စစ်တပ်က အသေခံ ဒရုန်းတွေလည်း အများအပြား အသုံးပြုလာတာကို တွေ့ရတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်သင်္ဘောအုပ်စု ဗန်းမော်ကို ဝင်ရောက်ခဲ့ပြီးနောက် ဗန်းမော်မြစ်ဆိပ်မှာ သင်္ဘောပေါ်ကနေ ပစ္စည်းတွေ သယ်ယူနေတဲ့အချိန် KIA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ပါတယ်။

စစ်တပ်ဘက်ကလည်း ဗန်းမော်ပတ်ဝန်းကျင်မှာ နယ်မြေရှင်းလင်းရေး ပြုလုပ်နေတယ်ဆိုပြီး တပ်ထောက်ခံတဲ့ ဆိုရှယ်မီဒီယာတွေမှာ ဝါဒဖြန့် ပြောဆိုနေကြပါတယ်။

7/8/25

ဗန်းမော် သတင်း​ကောင်း

KIA myutsaw ပူးပေါင်းတို့ပစ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ (၂၁)တွင်းထဲကျရောက်ပေါက်လို့ကမ္ဘာကြီးပျက်သွားသလိုပေါက်အားကြီးလို့ စစ်ခွေးတွေသံစုံအော်နေကြပြီလို့သိရပြီး အ-သေအပျောက်တော့များနိုင်တယ်လို့ ရှေ့တန်းကသိရတယ်။

Video Credit

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *