လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကူစစ်ကြောင်းအား တိုက်ခိုက်မှု စစ်ကောင်စီတပ်သားတွေ အထိနာ (ရုပ်သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်း အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများခဲ့ပြီး အထိနာခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာအထွက်မှာ အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကူစစ်ကြောင်းအား တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၀ နာရီခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြားသေ ဆုံးကာ အထိနာသွားပြီး ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့မှ CDM ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို အမှတ်-၁စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ-၃၃၊ ဒေါနတပ်ခွဲ-၆၊ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွှတ်မြှောက်ရေးတပ်တော် (DNLA)၊၏ ဒူရကစစ်ကြောင်း၊ DEF၊ Tavoy People Liberation Force(TPLF)နဲ့ နဂါးနီ‌ပြောက်ကျားတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်တဲ့အတွက် မိဘ ပြည်သူများအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံကြဖို့နဲ့ တော်လှန်ရေးနဲ့ စစ်‌ရေးအရှိန်မြင့်လာတဲ့အမျှ အမှန်တရားဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီတပ် သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်အမြန်ဆုံးခိုလှုံ့ပေးကြဖို့ အမှတ်-၁ စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ-၃၃၊ ဒေါနတပ်ခွဲ-၆၊ ရေဖြူတောင်ပိုင်း ‌ဝေဟင်တပ်ဖွဲ့ မှ တိုက်တွန်းထားပါတယ်။

Video-ဝေဟင်တပ်ဖွဲ့

Comments

Leave a Reply

Your email address will not be published. Required fields are marked *