အီရန်နဲ့မြန်မာ အပေါ် ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံခြားရေးမူဝါဒဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ ကမ္ဘာ့ငွေကြေးတည်ငြိမ်မှုအတွက် အဓိကနေရာမှာ ဆက်ရှိနေဆဲလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆက် (Scott Bessent) က ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့က အမေရိကန် လွှတ်တော် ဘဏ္ဍာရေးထိန်းကြောင်းမှုကော်မတီ ၂၀၂၅ ခုနှစ် အစီအရင်ခံစာ ထုတ်ပြန်ချိန် အထက် လွှတ်တော်ကြားနာပွဲမှာ အခုလိုပြောလိုက်တာဖြစ်ပြီး အီရန်နိုင်ငံကို ဘဏ္ဍရေးအရ အပြင်းထန်ဆုံးဖိအားပေး လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အီရန်စီးပွားရေးထိခိုက်တဲ့အထိ ဖြစ်လာခဲ့ကြောင်းဦ ဒီဇင်ဘာလက အီရန်စီးပွားရေးပြိုလဲခဲ့တာဟာ ဒီမူဝါဒရဲ့ အသီးအပွင့်တွေ ဖြစ်ကြောင်းလည်း မစ္စတာဘက်ဆက်က ပြောပါတယ်။ “အီရန်နဲ့ပတ်သက်လို့ သမ္မတထရန့်က သမ္မဖြစ်လာပြီးကတည်းက အီရန်ကို အပြင်းထန်ဆုံးဖိအားပေး အရေးယူဖို့ လမ်းညွှန်ခဲ့ကြောင်း၊ အခုဒီဇင်ဘာလက အီရန်စီးပွားရေးပြိုလဲပြီး (ပြည်သူတွေအစိုးရကို ဆန့်ကျင်ဆန္ဒပြလာကြတာဟာ) ဒီမူဝါဒရဲ့…
ခလေးအမေဖြစ်သူမှ အလှူငွေများယူဆောင်ကာ ကလေးကိုဆေးရုံတွင် ထားရစ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေမှု တောင်ဥက္ကလာပ၊ ၁၃ ရပ်ကွက်၊ Max ဆီဆိုင်ရှေ့တွင် ကားတိုက်ခံခဲ့ရသည့် (၂) နှစ်အရွယ်သားလေးအတွက် စေတနာရှင်များ စုပေါင်းလှူဒါန်းထားသော အလှူငွေ (၁၅) သိန်းကျော်ကို မိခင်ဖြစ်သူက ယူဆောင်ကာ ထွက်ပြေးသွားသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်အကျဉ်း – ပြီးခဲ့သည့်ရက်ပိုင်းက ကားတိုက်ခံရသည့် အဆိုပါကလေးငယ်အား လူမှုကူညီရေးအသင်းမှ ဆေးရုံတင်ကုသပေးခဲ့ပြီး စေတနာရှင်များ လှူဒါန်းထားသည့် အလှူငွေစုစုပေါင်း (၁,၅၅၀,၀၀၀) ကျပ်ကို မိခင်ဖြစ်သူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ သို့သော် ယနေ့တွင် အဆိုပါမိခင်ဖြစ်သူသည် ကလေးအတွက် ရည်စူးထားသော အလှူငွေအားလုံးကို ယူဆောင်ကာ ကလေးငယ်ကို ဆေးရုံတွင် ထားရစ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ သိရှိရပါသည်။ လက်ရှိအခြေအနေ – လက်ရှိတွင် ကလေးငယ်အား လူမှုကူညီရေးအသင်းမှ ဆက်လက်တာဝန်ယူ…
စစ်ခေါင်းဆောင်အား ဘွဲ့ပေးခြင်းမှာ ဘွဲ့ရူးဂုဏ်ရူးတတ်သည့် ငရဲခွေးကြီးကို ဝတ်ရုံခြုံပေးခြင်းသာဖြစ် ဟု ရန်ကုန်တက္ကသိုလ် အင်အားစုများဆို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမိုင်းအစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ခြင်းသည် စက္ကူသာသာ ဘွဲ့ကတ်ပြား ရောင်းစားမှုဖြစ်ပြီး ဘွဲ့ရူးဂုဏ်ရူးတတ်သည့် ငရဲခွေးကြီးတစ်ကောင်အား ဘွဲ့ဝတ်ရုံ ခြုံပေးခြင်းသာ ဖြစ်ကြောင်း ကျောင်းသားသမဂ္ဂဥက္ကဋ္ဌနှင့် CDM ကထိက တို့က ဝေဖန်ပြောကြားသည်။ စစ်ကော်မရှင်ခန့် ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်က စစ်ခေါင်းဆောင်သည် ၎င်း၏ လက်ထက်အတွင်း နိုင်ငံရေး၊ စီးပွားရေး စသည့် စိန်ခေါ်မှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်သည်ဟုဆိုကာ ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့” ကို အပ်နှင်းခဲ့သည်။ ရန်ကုန်တက္ကသိုလ်သည် သမိုင်းအဆက်ဆက် စစ်အုပ်စု၏ လက်ချက်ဖြင့်…
ချွန်ပူလီမှာ 6ရက်နေ့ မနက် 5:30လောက်က အသက် 20-25နှစ်ကြား မိန်းကလေးဟာ ၊ ရည်းစားထားသွားလို့ အသဲကွဲခဲ့တယ်။ အဲတော့ လူ့ဘဝကြီးမှာ မနေချင်တော့ဘူးဆိုပီး၊ နောက်ဆုံးနှုတ်ဆက်တဲ့ အနေနဲ့ တညလုံး မူးအောင် အဝသောက်လိုက်တယ်။ သောက်နေရင်း မိန်းကလေးက ဘာပြောလဲဆိုတော့၊ ဒီနေ့ဟာ ငါလူပြည့်မှာ နောက်ဆုံးနေရမဲ့နေ့၊ ငါ-ေ-သ-သွားရင် ဘယ်ဘဝကို ရောက်လို့ ရောက်မှန်းမသိဘူး။ ဒါကြောင့် နောက်ဘဝကျရင် မသောက်ရမှာစိုးလို့ အ-ရ-က်ကို တညလုံး ထိုင်သောက်ခဲ့တယ်။ ပီးတော့ မိန်းကလေးက သူ့ကို ထားသွားတဲ့ ချစ်သူကြောင့် အသဲပြတ်ပီး ၊ပင်လယ်ထဲကို ခုန်ချခဲ့တယ်ရှင့်။ ဒါပေမဲ့ မိန်းကလေး ဆုတောင်း မပြည့်ခဲ့ဘူး။ ေ-သချင်ပါတယ်ဆိုမှ ၊ရေကူးတတ်တော့ မ-ေ-သပဲ ပင်လယ်ထဲမှာ မျောနေတယ်ရှင့်။ နောက်ရဲတွေ ရောက်လာကြပီး၊ မိန်းကလေးကို ချော့မော့ပီး…
ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌနဲ့ အသင်းရဲ့ရာထူးအကြီးဆုံး ရွှေလုပ်ငန်းရှင်ကြီး နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ရွှေဆိုင်အများစု အရောင်းအဝယ်ပိတ်ထားတယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီက ရွှေဆိုင်တွေကို ဆက်တိုက်စစ်ဆေးနေတာကြောင့် အရောင်းအဝယ်တွေ ရပ်ထားတာလို့ ဆိုပါတယ်။ “အရောင်းအဝယ်ကတော့ ရပ်ထားတယ်။ တစ်ရက်ကိုတစ်ဆိုင်လိုက်စစ်တာ သူတို့က။ ရွှေဈေးသိန်း ၁၀၀ ကျော်ကတည်းက စစ်နေတာ။ တခြားဆိုင်တွေလည်း ခေါ်စစ်ခံရတာတွေရှိတယ်”လို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ ရွှေဆိုင်တွေ အရောင်းအဝယ်ရပ်ထားပေမယ့် ပြင်ပ ရွှေစျေးကွက်မှာ ရောင်းဝယ်မှုတွေ ဆက်ရှိနေဆဲလို့ သိရပါတယ်။ “တစ်ကျပ်သားသိန်းတစ်ရာကျော်ဆဲပဲ အခုညနေပိုင်းအထိ။တစ်ခုရှိတာ အခုကာလက လိုတဲ့သူတွေပဲရောင်းပါ။ရွှေစျေးက မငြိမ်တာရော လုံခြုံရေးအရပါ ဂရုစိုက်ဖို့လိုတယ်”လို့ ရွှေစျေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။ ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင်ရွှေတုံးရွှေခဲတွေကို ဝယ်ယူဖြန့်ဖြူးရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ရွှေဈေး ၁ ကျပ်သားကျပ်သိန်း ၁၀၀ကျော်အထိ စံချိန်တင်တက်ပြီး နောက်မှာ ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌ…