အချိန်အခါမဟုတ်မိုး အခပေးဝယ်ယူထားတဲ့ မိုးလေဝသဒေတာများနဲ့ နာမည်ကြီး မိုးလေဝသမော်ဒယ်များအရ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အတွင်း တနင်္သာရီတိုင်းထဲက ဒေသများမှာ အချိန်အခါမဟုတ် မိုးရွာဖို့ရှိပြီး နေရာကွက် မိုးအသင့်အတင့် ရွာပါမယ်။ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဆားထုတ်လုပ်ငန်းများ၊ ပန်းရံလုပ်ငန်းများ၊ အုတ်ဖိုလုပ်ငန်းများ ကြိုတင်သတိပြုနိုင်ပါစေ။ ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ရက်က ကြိုတင်အသိပေးခဲ့ပြီး ဖြစ်ပါတယ်။ အအေးလှိုင်းသတိ (ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ) အခပေးမိုးလေဝသ ဒေတာတွေကို အများထောက်ပံ့မှုကြောင့် ဝယ်ယူပြီး ခန့်မှန်းပေးနေတာ လူအများစုအတွက် ကြိုတင်သိရှိစေလို့ ကြိုတင်ပြင်ဆင်ချိန်များစွာ ရရှိစေပါတယ်။ အအေးပေါ့မယ်လို့ ပြောခဲ့တုန်းကလဲ တကယ်ပေါ့ခဲ့သလို ပြန်အေးလာမယ်လို့ ပြောတုန်းကလဲ တကယ်ပြန်အေးခဲ့တာ အများပြည်သူ လက်တွေ့ပါပဲ။ အခုကျတော့ ပြန်အေးလာမယ့်အပြင် အအေးလှိုင်းပါ ပူးတွဲပါဝင်လာပါပြီ။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊…
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနား လေဆိပ်နှင့် အဆောက်အဦးတချို့ကို အသေခံဒရုန်း ထိမှန်ပြီး လေယာဉ်ခရီးစဉ် အားလုံးရပ်နားထားရကြောင်း ဒေသ စစ်ရေးသတင်းရင်းမြစ်နှင့် ခရီးသွားပြည်သူများက ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် မြစ်ကြီးနာမြို့ လေဆိပ်ကွင်းနှင့် အဆောက်အဦး တချို့ကို အသေခံဒရုန်းများ ကျရောက်ပေါက်ကွဲခဲ့ပြီး လေယာဉ် ခရီးစဉ်အားလုံးကို ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထို အသေခံဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် လေယာဉ်ပြေးလမ်းများလည်း ထိမှန်ခဲ့ပြီး အဆောက်အဦ တချို့လည်း ထိမှန်ခဲ့ကြောင်း၊ ထို့ပြင် jammer ထိမှန်၍ လေယာဉ် ပြေးလမ်းတွင် ပြတ်ကျနေသော ဒရုန်း ၁ စီးကိုလည်း တွေ့မြင်ခဲ့ရကြောင်း ခရီးသွားပြည်သူများက ပြောဆိုသည်။ “အသေခံဒရုန်း ၁ စီးက jammer မိပြီး လေဆိပ်…
ဟတ်ယိုင်မြို့ ကျောင်းပစ်ခတ်မှုမှာ ကျောင်းသားတွေအတွက် အသက်ပေးခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်ရှိ ပထောင်ပရာသန် ခီရီဝပ်ကျောင်းမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ သေနတ်နဲ့ ပစ်ခတ်ဝင်ရောက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ကျောင်းအုပ်ဆရာမကြီး ဒေါ်စာစီဖတ် ဟာ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ မနက် ၃ နာရီခန့်မှာ ကွယ်လွန်သွားပါတယ်။ အသက် ၁၈ နှစ်အရွယ်ရှိ ဒေသခံလူငယ်တဦးဟာ ရဲအရာရှိတစ်ဦးထံမှ လက်နက်ကို ရယူကာ ကျောင်းအတွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ တရားခံဟာ ကျောင်းသူတဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားစဉ် ကျောင်းအုပ်ဆရာမကြီး ဒေါ်စာစီဖတ်က ကျောင်းသူရဲ့ ကိုယ်စား ၎င်းကိုသာ ဖမ်းဆီးဖို့ စေ့စပ်ညှိနှိုင်းခဲ့ပြီး အစားထိုးဝင်ရောက်စဉ် သေနတ်နဲ့ အပစ်ခံခဲ့ရတာဖြစ်ပြီး ကျောင်းသားအချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ကျောင်းအုပ်ဆရာမကြီး…
ခမရ တပ်ရင်းမှူးနှင့် စကခ ၁၉ မှ ဗိုလ်မှူးကြီးတို့ကို ထောင်ဒဏ် ၂၀ စီ စစ်ကောင်စီ ချမှတ် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ အခြေစိုက် တပ်ရင်းများမှ တပ်ရင်းမှူးအဆင့်နှင့် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ ၃ ဦးကို စစ်ကောင်စီက ကြီးလေးသော ပြစ်ဒဏ်ချမှတ်လိုက်ပြီး တစ်ဦးကို သေဒဏ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ၎င်းတို့သုံးဦးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်တွေ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-စစ်တွေ) စစ်တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။ သေဒဏ်ချမှတ်ခံရသော တပ်ရင်းမှူးမှာ ဘူးသီးတောင်မြို့အခြေစိုက် ခလရ ၂၆၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းကျော်သူဖြစ်ပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရသော တပ်ရင်းမှူးများမှာ ခမရ ၃၅၂…
စမူဆာရေဆေးနေတဲ့အချိန် ရွှေလဲပါ ကားလဲ ပါသွားတဲ့သတင်း ဖြစ်စဉ်က အူဒေါဌာနီမြို့မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသမီးကြီး ၁ ဦးဟာ ဖေ့ဘွတ်ကနေ အသက် ၄၂ နှစ် ရှိ အမျိုးသားနဲ့ သိခဲ့ကြတယ်။ အမျိုးသမီးကြီးရဲ့ နာမည်ကို ဒေါ်ပိလို့ ပေးထားပါတယ်။ ဒေါ်ပိက ဖေ့ဘွတ်ကခင်လာတဲ့ အမျိုးသားနဲ့ ၂ လလောက် လေလှိုင်းထဲကနေ စကားပြောသိခဲ့ကြပြီး လေလှိုင်းထဲမှာပဲ ချစ်သွားကြတယ်ရှင့်။ အဲလိုနဲ့ ၆ ရက်နေ့က ဒေါ်ပိနဲ့ အမျိုးသားတို့က ပထမဆုံး ဒိတ်ကြဖို့ တည်းခိုခန်းတစ်ခုကို ရွေးလိုက်တယ်။ တည်းခိုခန်းမှာ အမျိုးသားနဲ့ ဒေါ်ပိတို့ဟာ ၃ ရက် ၃ ည အတူအိပ်ခဲ့ကြတယ်ရှင့်။ စတည်းထဲက အခန်းခရှင်းခါနီးကျတော့ အမျိုးသားက ဒေါ်ပိကို သူ့လစာ…