အအေးလှိုင်းသတိ

အချိန်အခါမဟုတ်မိုး

အခပေးဝယ်ယူထားတဲ့ မိုးလေဝသဒေတာများနဲ့ နာမည်ကြီး မိုးလေဝသမော်ဒယ်များအရ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အတွင်း တနင်္သာရီတိုင်းထဲက ဒေသများမှာ အချိန်အခါမဟုတ် မိုးရွာဖို့ရှိပြီး နေရာကွက် မိုးအသင့်အတင့် ရွာပါမယ်။

စိုက်ပျိုးရေးလုပ်ငန်းများ၊ ဆားထုတ်လုပ်ငန်းများ၊ ပန်းရံလုပ်ငန်းများ၊ အုတ်ဖိုလုပ်ငန်းများ ကြိုတင်သတိပြုနိုင်ပါစေ။ ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ရက်က ကြိုတင်အသိပေးခဲ့ပြီး ဖြစ်ပါတယ်။

အအေးလှိုင်းသတိ (ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ)

အခပေးမိုးလေဝသ ဒေတာတွေကို အများထောက်ပံ့မှုကြောင့် ဝယ်ယူပြီး ခန့်မှန်းပေးနေတာ လူအများစုအတွက် ကြိုတင်သိရှိစေလို့ ကြိုတင်ပြင်ဆင်ချိန်များစွာ ရရှိစေပါတယ်။

အအေးပေါ့မယ်လို့ ပြောခဲ့တုန်းကလဲ တကယ်ပေါ့ခဲ့သလို ပြန်အေးလာမယ်လို့ ပြောတုန်းကလဲ တကယ်ပြန်အေးခဲ့တာ အများပြည်သူ လက်တွေ့ပါပဲ။

အခုကျတော့ ပြန်အေးလာမယ့်အပြင် အအေးလှိုင်းပါ ပူးတွဲပါဝင်လာပါပြီ။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၂ရက်ညပိုင်းကစပြီး အအေးဓာတ် ပြန်အားကောင်းလာမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၈ ရက်အတွင်း သိသိသာသာ ပြန်အေးမယ့် အအေးလှိုင်းကြီး ဝင်ရောက်လာပါလိမ့်မယ်။

အအေးမကြိုက်တဲ့ ဖိုးဖိုးဖွားဖွားများနဲ့ အအေးမခံသင့်တဲ့ ကျန်းမာရေး မကောင်းတဲ့သူများကို အနွေးထည်တွေ ကြိုတင်ပြင်ဆင်ထားပါလို့ အကြံပြုလိုက်ပါတယ်။

အထူးသဖြင့် ပဲခူးအနောက်ခြမ်းဒေသများက အအေးလှိုင်းကို သိသိသာသာ ခံစားရပါလိမ့်မယ်။

မသိသေးတဲ့မိတ်ဆွေများလဲ သိရှိအောင် ကြိုတင်ပြင်ဆင်နိုင်အောင် ပြန်လည်မျှဝေ ပြောပြလိုက်ကြပါ။

အခုရက်ထဲ ပူတယ်ပူတယ်လို့ပဲ ပြောနေကြတဲ့ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းက မိတ်ဆွေများအတွက်တော့ သတင်းကောင်းပေါ့ဗျာ။

မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော် စတဲ့ဒေသများအတွက်လဲ မကြာမီ ထပ်တင်ပေးပါမယ်နော်။

သတင်းထူးတွေ ရှိပါသေးတယ်။

အအေးဓာတ် ပြန်အားကောင်းလာမယ့်ဒေသများ ❄

နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ၊ ရှမ်းပြည်တောင်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နဲ့ မွန်ပြည်နယ်တို့မှာ ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်ညကစလို့ ၁၈ရက်အထိ တဖြေးဖြေးချင်း အအေးဓာတ် ပြန်လည် အားကောင်းလာပါဦးမယ်ဗျ။

ဒီထဲမှာ မူလကတည်းက အေးနေတဲ့ဒေသတွေ ပါဝင်ပါတယ်။ အဲ့ဒေသတွေလဲ မူလအတိုင်း ဆက်အေးနေပါမယ်။

ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသတွေက ထူးထူးခြားခြား အအေးပိုနိုင်တာမို့ ညနေက သီးသန့်ပိုစ့် တင်ပေးလိုက်ပါတယ်။ မကွေးတိုင်းအောက်ပိုင်း၊ ပဲခူးအနောက်ခြမ်း၊ ဧရာဝတီမြောက်ပိုင်း၊ ရန်ကုန်ဒေသများမှာတော့ အအေးလှိုင်း ဖြစ်ပေါ်ပါမယ်။

မှန်မမှန် ပြန်ပြောပေးဖို့က ပရိသတ်တွေရဲ့တာဝန်ပါပဲ။ 🧐

အခုလို ခန့်မှန်းချက်တွေကို အများပြည်သူရဲ့ ထောက်ပံ့မှုကြောင့် ဒေတာတွေဝယ်ယူပြီး တင်ပေးနေတာ ဖြစ်ပါတယ်။

ထောက်ပံ့ကြသူများရော ဖတ်ရှုကြသူများရော ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းကြပါစေ။ ❤

Data Source:UKMO/JMA/GEM/GFS/ECMWF/ICON/WRF

Dr. Sai Khun Arkar

Professional Research Meteorologist

Atmospheric Scientist


Comments

Leave a Reply

Your email address will not be published. Required fields are marked *