Category: News

  • ခရီးသည်တင်ကားတစ်စီး ရေးမြို့နယ်အဝင်တွင် တိမ်းမှောက်

    ခရီးသည်တင်ကားတစ်စီး ရေးမြို့နယ်အဝင်တွင် တိမ်းမှောက်

    ရေဖြူ၊ ပေါက်ပင်ကွင်းက ခရီးသည်တင်ကားတစ်စီး ရေးမြို့နယ်အဝင်တွင် တိမ်းမှောက်ပြီး ငါးဦးဒဏ်ရာရ

    ရေး – ထားဝယ်ကားလမ်းမ၊ ရေးမြို့နယ်၊ ကိုးမိုင်ရွာအဝင်တွင် ယနေ့ ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းက ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါလာသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ငါးဦး ဒဏ်ရာရရှိကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။

    တိမ်းမှောက်သည့်ကားမှာ ရေးမြို့မှ ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စု၊ ပေါက်ပင်ကွင်းရွာသို့ ပြန်လာသည့် ပေါက်ပင်ကွင်းရွာမှ ခရီးသည်တင်ကားဖြစ်သည်။

    “ကားက ဖိုးဘီး (Four Wheels) ကားကို ပြန်ဆင်ထားတဲ့ ကားအမျိုးအစားပါ။ ဈေးကားပုံစံမျိုးပေါ့။ ကားမှောက်ပြီး မီးထလောင်တယ်။ ဘယ်လိုမှောက်တယ်ဆိုတာတော့ မသိရသေးဘူး” ဟု သွားရောက်ကူညီပေးခဲ့သည့် ရေးမြို့အခြေစိုက် အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

    ဒဏ်ရာရသူများကို ရေးမြို့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ၎င်းကပြောဆိုသည်။

    အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းနှင့်အတူ ကိုးမိုင်ရွာလူနာတင်ယာဉ်၊ ဣစ္ဆာသယ (အဏ္ဏဝါ) အသင်းနှင့် မေတ္တာရှင် (ချောင်းတောင်) လူနာတင်ယာဉ်တို့က ဒဏ်ရာရလူနာများအား ဆေးရုံပို့ဆောင်ရာတွင် ပူးပေါင်းကူညီခဲ့ကြောင်း ယင်းအသင်းများထံမှ သိရသည်။

    ပုံစာ – ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်း ကိုးမိုင်ရွာအဝင် ကားတိမ်းမှောက်မှုမြင်ကွင်း။ ဓာတ်ပုံ – အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း။

  • စိန်လွင် ဖော်ကောင်လုပ်ပြီ

    စိန်လွင် ဖော်ကောင်လုပ်ပြီ

    စိန်လွင် ဖော်ကောင်လုပ်လိုက်တာ
    KTVသီတာယုမွန် သမီးအကြီးမ ယွန်းယုလွင်ဦး
    ထိုင်းနိုင်ငံ ×××××× မြို့က ကွန်ဒိုမှာ သာသာယာယာ
    နေနေတာ ထိုင်းကမြန်မာတွေသိကုန်ပြီ။

    သီတာယုမွန်ကသူ့သမီးအကြီးမဆီ
    လစဉ် သိန်း(၁၀၀) ပို့ပေးရတယ်ဆိုပဲ။

    မြင်းခြံမှာ စစ်မှုထမ်းကြေးကောက်လို့ရတဲ့
    ပိုက်ဆံထဲကပေးတာတဲ့လေ…

    သားသမီးချင်း ကိုယ်ချင်းမစာ
    မြင်းခြံနယ်က သားရှင်သမီးရှင်
    မိဘတွေဆီက အတင်းအကြပ်‌ တောင်းရမ်းပြီး
    ကိုယ့်သမီးကျ ထိုင်းကိုပို့ ၊ လစဉ်ကြေးပို့ပေး၊
    ဟိုမှာ သာသာယာယာနှပ်နေတာ ……
    မျက်ရည်တွေနဲ့ ပိုက်ဆံကို
    ခင်များတို့ စားရက်ကြတယ်ဗျာ။

    ဒီလို အလွဲသုံးစားလုပ်နေတာဝောာ့
    မကောင်းဘူးလေ ၊ သတင်းတွေကြားပါတယ် …
    မြေပြင်မှာ အတိုအပြတ်ဖြစ်သွားတဲ့
    ပသစတွေကျ လှည့်တောင်မကြည့်ဘူးဆိုပဲ။

    အခု သမီးဖြစ်သူနေတဲ့နေရာကို
    တော်လှန်ရေးဘက်က ရသွားပြီဆိုတော့
    သီတာယုမွန်တစ်ယောက် သူ့သမီးထိရင်ရော
    စိန်လွင်အဖမ်းခံရသလို ယပ်ခတ်ထမင်းစားနေ
    နိုင်ဦးမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

    ယွန်းယုလွင်ဦးသာ အဖမ်းခံရရင်
    သီတာယုမွန်တစ်ယောက် နောင်တရပြီး
    ပြည်သူ့စစ်ခေါင်းဆောင်ဘဝကနေ
    အနားယူသွားတဲ့အထိဖြစ်သွားနိုင်တယ်လို့လည်း
    နီးစပ်သူတွေက ပြောနေကြပါတယ်။

    သူ့သမီးကို အရမ်းချစ်တယ်ဆိုပဲ…
    သူများသားသမီးကိုပဲ မချစ်တာ
    တရားပါတယ် သီတာရယ်….

    Nay Min Thar

  • တိုင်းမှူးအသစ်ရောက်လာပြီးနောက် ပွိုင့် (၆၆၆) စခန်းမှလူသစ်တပ်သားများ ဆက်တိုက်ထွက်ပြေးနေ

    တိုင်းမှူးအသစ်ရောက်လာပြီးနောက် ပွိုင့် (၆၆၆) စခန်းမှလူသစ်တပ်သားများ ဆက်တိုက်ထွက်ပြေးနေ

    ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) တိုင်းမှူးအသစ် အဖြစ် ဇန်နဝါရီလ ပထမအပတ်အတွင်းရောက်လာပြီးနောက် ပဲခူးတိုင်း၊ပန်းတောင်းတပ်နယ်ရှိ ပွိုင့် (၆၆၆) စခန်းမှ လူသစ်တပ်သားများ ဆက်တိုက်ထွက်ပြေးနေမှုများရှိကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

    စစ်တိုက်ရန်တာစူနေသည့် တိုင်းမှူးသူရဇော်လွင်စိုး၏စစ်ရေးစီမံချက်ကြောင့် အာရက္ခတပ်တော် (AA)မှ ဝိုင်းပတ်ပိတ်ဆို့ထားသော ပန်းတောင်းစစ်မျက်နှာ၊ညောင်ကျိုးဒေသမှ ပွိုင့် (၆၆၆) စခန်းမှ စစ်အုပ်စုတပ်သားအသစ်များက အစစ်အဆေးနှင့် မြေမြှုပ်မိုင်းအန္တရာယ်များကြားက လွတ်ရာသို့ထွက်ပြေးနေခြင်းဟု ၎င်းကဆိုသည်။

    “သူရဇော်လွင်စိုးအနေနဲ့ သမိုင်းဝင်တိုက်ပွဲတွေမှာလည်း ကိုယ်တိုင်ဦးစီးပြီးတော့ဂီဒုန်မှာဆိုလည်းတပ်ရင်းမှူး၊ တပ်မမှူးဖြစ်တုန်းကဆိုရင်လည်း တောင်ခမ်းဘက်ကနေတိုက်လာတာဆိုတော့ သူကစစ်တိုက်ခြင်းကိုပဲ မွေ့လျော်တယ်။ ညောင်ကျိုးတပေါက်သာပေါက်သွားပြီဆိုရင်သူ့အတွက်က တိုင်းမှူးကနေ သေချာတယ်နောက်ထပ်ဒုတိယဗိုလ်ချုပ်ကြီးတနေရာက သေချာနေပြီပေါ့နော်။ အဲဒီတော့တိုက်စစ်ဆင်မယ့်ပလန်မျိုးတွေရှိပြီထင်တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

    “ဒါကြောင့်မို့တချို့ဒါမျိုးသတင်းတွေဆိုရင်အောက်ခြေကလူသစ်တပ်သားလေးတွေကကြားသိရင်သူတို့တကယ်ထပ်တိုက်ရတော့မယ်အသေခံပြီးတိုက်ရတော့မယ့်အနေအထားမျိုးမှာပြေးတာပေါ့။သေတာမသေတာထက်သူကရအောင်တိုက်မယ်။အောက်ကသူသေတာသူမသိဘူး။တိုက်စစ်စီမံကိန်းစဖို့ကြားလို့ လူသစ်စစ်သားတွေတောက်လျှောက်ထွက်ပြေးနေကြတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။

    လက်ရှိ ပန်းတောင်းတပ်နယ်၊ ညောင်ကျိုးစစ်မျက်နှာတွင် စစ်အုပ်စုအတွက်ခက်ခဲကြမ်းတမ်းသည့်အနေအထားဖြစ်နေပြီး စစ်ပွဲမစခင်အချိန်ဆိုလျှင် စစ်မှုထမ်းတပ်သားအသစ်များထွက်ပြေးမည်ကိုစိုးရိမ်သဖြင့် လက်နက်များသိမ်းဆည်းထားခြင်း၊ မျက်ခြေမပြတ်စောင့်ကြည့်နေခြင်းများရှိကြောင်း စစ်ရေးသတင်းအရင်းမြစ်များ၏အဆိုအရသိရသည်။

    အာရက္ခတပ်တော်က ဝိုင်းပတ်ပိတ်ဆို့ထားခြင်းကြောင့် ပွိုင့် (၆၆၆) စခန်းမှစစ်အုပ်စုတပ်သားများမှာ ရိက္ခာပြတ်လပ်နေသဖြင့် အဆိုပါစခန်းသို့ လေကြောင်းမှ လက်နက်ခဲယမ်းများ၊ရိက္ခာထုတ်များကိုလည်း ယခုရက်အတွင်းလာရောက်ချပေးနေကြောင်း ဒေသခံသတင်းအရင်းမြစ်က ဆိုသည်။

    “ပန်းတောင်းက တိုက်ပွဲဖြစ်နေဆဲပါ။ အခုက ကပစ (၁၆) ရော၊ ပွိုင့် (၆၆၆) ကရောပိတ်မိနေတဲ့အနေအထား။ မနေ့ကလည်း (၆၆၆ )စခန်းကိုပို့မယ့် ကပစ(၁၆)စစ်ကြောင်းဖြတ်တိုက်ခံလိုက်ရတယ်လို့သိရတယ်၊ ရိက္ခာမပြောနဲ့ ဆေးဝါးတောင်မရှိတော့ဘူးထင်တယ်။စစ်တပ်ကဒဏ်ရာရတဲ့တပ်သားတွေကိုတောင်ဆေးမကုနိုင်တော့ဘူး။ထွက်ပြေးနေတာတွေကတော့ ကြားမိတယ် ဘယ်လောက်ရှိလဲဆိုတာကတော့ အတိအကျမသိပါဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။

    ပန်းတောင်းမြို့နယ်တွင် အာရက္ခတပ်တော်(AA) က စစ်မျက်နှာများဖွင့်၍ ပိတ်ဆို့တိုက်ခိုက်နေရာ မသုန်ကျေးရွာရှိ ကပစ(၁၆) နှင့် ပွိုင့် (၆၆၆) စခန်း တို့ကို စစ်အုပ်စုဘက်က အင်အားများဖြည့်တင်းရန်ကြိုးပမ်းနေကြောင်း ၎င်းကဆိုသည်။

    ပန်းတောင်းမြို့နယ်ရှိ ပွိုင့် (၆၆၆) စခန်းနှင့် ညောင်းကျိုးတိုက်ပွဲများတွင် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း စစ်ကော်မရှင် အကြီးအကဲများဖြစ်ကြသည့် အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှစကခမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်၊ ဗိုလ်မှူးဝေယံလင်းနှင့် တပ်သားအများအပြား သေဆုံးမှုများရှိခဲ့သည်။

    ပဲခူးတိုင်းအနောက်ခြမ်းမှာအကြီးမားဆုံးစစ်မျက်နှာဖွင့်ထားသည့် ပန်းတောင်းမြို့နယ် ညောင်ကျိုးဒေသမှာ လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့ ရွေးကောက်ပွဲ(နောက်ဆုံးအပိုင်း)အပြီးကာလတွင် အပြင်းထန်ဆုံးစစ်မျက်နှာဖြစ်လာနိုင်ကြောင်း စစ်ရေးသုံးသပ်သူများကလည်း တွက်ဆနေကြသည်။

  • NUG အခွန်ဂိတ် BNRA စီးနင်းမှုမှ သိမ်းဆည်းခံပစ္စည်းများနှင့် ဖမ်းဆီးခံရသူကို အမြန်ဆုံးပြန်လွှတ်ရန် NUG ပြော

    NUG အခွန်ဂိတ် BNRA စီးနင်းမှုမှ သိမ်းဆည်းခံပစ္စည်းများနှင့် ဖမ်းဆီးခံရသူကို အမြန်ဆုံးပြန်လွှတ်ရန် NUG ပြော

    အမျိုသားညီညွတ်ရေးအစိုးရ (NUG) ၏ ပုလဲမြို့နယ်ထဲက အခွန်ဂိတ်တခုကို ဗိုလ်နဂါးဦးဆောင်သော BNRA တပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ ) အဖွဲ့ဝင်များကို ဖမ်းဆီးခေါ်ဆောင်မှု ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

    ယခုစီးနင်းတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၉ ရက်နေ့တုန်းက NUG လက်အောက်ခံ PDF တပ်ဖွဲ့များက ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ၏ ဂိတ်စခန်းနှစ်ခုကို ဝင်ရောက်ရှင်းလင်းပြီး လက်နက်များ သိမ်းဆည်းခဲ့သည့် ဖြစ်စဉ်အပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ယမန်နေ့( ဇန်နဝါရီ ၁၇ ရက်) နံနက် ၁၁ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ပန်းရွာ အနီးတွင် ဖွင့်လှစ်ထားသည့် NUG အခွန်ဂိတ်ကို BNRA ဝင်ရောက်စီးနင်းပြီး လက်နက်များနှင့် အခွန်ကောက်ခံငွေများကို သိမ်းဆည်းသွားကြောင်း ပုလဲဒေသခံတဦးက မဇ္ဈိမသို့ ပြောသည်။

    “အင်အားနဲ့ ဂိတ်ကို ဝိုင်းပြီးမှ ဝင်စီးတယ်။ ရဲဘော်တွေကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတာပါ။ သေနတ်တွေရော သိမ်းဆည်းသွားတယ်။ ကျန်တဲ့ ရဲဘော်တွေလည်း ဒဏ်ရာတွေရခဲ့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပုလဲဒေသခံ အမျိုးသားတဦးက မဇ္ဈိမသို့ ပြောသည်။

    ယခုဖြစ်စဉ်အတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အခွန်ဂိတ်မှ ပလဖ အဖွဲ့ဝင် ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ၊ သေနတ်များနှင့် အခွန်ကောက်ခံငွေများအပြင် ပလဖ အဖွဲ့ဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပုလဲဒေသခံက ဆိုသည်။

    NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က “ပုလဲမြို့နယ်၊ မြို့နယ်အခွန်ဂိတ်ကို BNRA အဖွဲ့ က သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ တာဝန်ကျရဲဘော်တွေကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

    ရဲဘော်အချို့ ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့် ရဲဘော်တဦး ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

    ထွက်ပြေးစဉ် BNRA က သေနတ်နဲ့ လိုက်ပစ်တဲ့အတွက် ရဲဘော်တယောက် ခြေထောက်ထိမှန်ခဲ့တယ်လို့ သိထားပါတယ်၊ အခွန်ဂိတ်က လက်နက်အချို့နဲ့ အခွန်ရငွေတွေကိုလည်း သိမ်းဆည်းသွားခဲ့ပါတယ်” ဟု မဇ္ဈိမသို့ ပြော သည်။

    ထို့ပြင် “ဖမ်းသွားတဲ့သူကို အမြန်ဆုံးပြန်လွှတ်ပြီး သိမ်းဆည်းထားတာတွေလည်း အမြန်ဆုံးပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆက်ပြောဆိုသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့က ပုလဲမြို့နယ်အတွင်း BNRA ၏ ချင်ပြစ်ရွာနှင့် မရိုးတုံးရွာကြားဂိတ်၊ ပုပ္ပါရွာ ဂိတ်စခန်းတို့ကို NUG တပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းခဲ့ပြီး သေနတ် ကိုးလက်နဲ့ လက်နက်ကြီးတလက်ကို ယင်းမာပင်ခရိုင် တပ်ရင်းများက သိမ်းယူခဲ့သည်။

    ထိုစီးနင်းမှုမှာ BNRA တပ်က စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ ငွေကြေးတောင်းခံနေကြောင်း ဒေသခံပြည်သူများက တိုင်ကြားလာသည့်အတွက်ဖြစ်ကြောင်း တိုက်ခိုက်မှုအပြီး NUG ဘက်က ပြောဆိုခဲ့သည်။

    “BNRA ရဲ့ ဂိတ်တွေကို ပိတ်သိမ်းစဉ်တုန်းက ဖမ်းဆီးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေ ဘာမှ မရှိခဲ့ပါဘူး” ဟု ဦးနေဘုန်းလတ်က ပြောသည်။

    ယခုဖြစ်စဉ်နှင့် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

    သို့သော်လည်း BNRA ခေါင်းဆောင် ဗိုလ်နဂါးက ဘီဘီစီမြန်မာပိုင်းကို ဖြေကြားထားရာတွင် NUG ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အခွန်ဂိတ်ကို ဗမာအမျိုးသားတော်လှန်ရေးတပ် (BNRA) က ဝင်စီးသည်ဆိုခြင်းမှာ မဟုတ်ဘဲ အောက်ခြေတပ်ဖွဲ့ဝင် အချင်းချင်း ပြဿနာဖြစ်ခြင်းသာဖြစ်ကြောင်း ပြောဆိုထားသည်။

    ထိုဂိတ်မှ သေနတ်လေးလက်နှင့် အဖွဲ့ဝင်တဦးကို ဖမ်းမိထားပြီး ယခုအတိုင်းလွှတ်ပေးပါက ပြဿနာတစုံတရာ ဖြစ်မည်ကိုစိုး၍ မလွှတ်ပေးသေးဘဲ ပအဖ အဖွဲ့ တာဝန်ရှိသူများ ရောက်လာမှသာ သေချာလွှဲပြောင်းပေးမည်ဟု ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

  • ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်နေ

    ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်နေ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၇ နာရီခွဲကစပြီး ညနေ့ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။

    စစ်ကောင်စီစစ်ကြောင်းတွေက စောဟဲ၊ ကောင်းမှုနဲ့ မိဖာလဲ့ စတဲ့ကျေးရွာတွေဘက်ကို လူအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် KNLA နဲ့ အမှတ် ၃၁ ဗျူဟာ (ဗိုလ်ကျော်သက်) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

    နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတွေ အထိနာခဲ့တာကြောင့် လေကြောင်းကနေ လေယာဉ်၊ ဒရုန်း‌တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေနဲ့ ညနေပိုင်းအထိ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

    အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက “ဒရုန်းတွေကော လေယာဉ်တွေကော၊ လက်နက်ကြီးတွေကောဆိုတော့ သူတို့ တော်တော် အထိနာလို့ဖြစ်မယ်။ ဒီကောင်တွေက အထိမနာဘဲနဲ့တော့ မမဲဘူး။ တော်တော် အထိနာလို့ တော်တော်မဲတာ” လို့ ပြောပါတယ်။

    ဒါ့အပြင် လေကြောင်းကနေ ဗုံးကြဲနေတဲ့ Y 12 လေယာဉ်ကို အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်းက ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ထိမှန်ပြီး ချက်ချင်း ပြန်လှည့်သွားတယ်လို့ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။

    တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရမိမှု အခြေအနေကို လက်ရှိ တိုက်ပွဲဖြစ်ပွားနေဆဲမို့ မသိရသေးဘူးလို့ ဆိုပါတယ်။

    စစ်တပ်က နောက်ဆုံးအကြိမ်ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၃ ကို ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကျင်းပနိုင်ဖို့ နေရာတော်တော်များများကို စစ်အင်အား ဖြည့်တင်းထားပါတယ်။

    နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေ စစ်ကြောင်းထိုးနေတာ၊ မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ထီဖိုးစံ၊ နန်းရွှေမိတ်၊ မိဖာလဲ့၊‌ စော်ဟဲ၊ နောင်တပွဲ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်မိ စတဲ့ကျေးရွာ ၂၀ က သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။