Category: News

  • တရားသူကြီးတွေ အမှုကိုတရားမျှတစွာ စီရင်ပါမည်ဆိုတဲ့ ကျမ်းကျိန်ဆိုရမှုကို ပယ်ဖျက်ဖို့ စစ်အုပ်စု လုပ်ဆောင်နေ

    တရားသူကြီးတွေ အမှုကိုတရားမျှတစွာ စီရင်ပါမည်ဆိုတဲ့ ကျမ်းကျိန်ဆိုရမှုကို ပယ်ဖျက်ဖို့ စစ်အုပ်စု လုပ်ဆောင်နေ

    တရားခွင်မစခင် တရားသူကြီးတွေအနေနဲ့ အမှုကိုတရားမျှတစွာ စီရင်ပါမည်ဆိုတဲ့ ကျမ်းကျိန်ဆိုရမှုကို ပယ်ဖျက်ဖို့ စစ်အုပ်စု လုပ်ဆောင်နေ

    တရားသူကြီးတွေအနေနဲ့ နေ့စဉ် တရားခွင်မှာကျမ်းကျိန်စရာ မလိုတော့မယ့် ဥပဒေတစ်ရပ်ကိုပြင်ဆင်ဖို့ နေပြည်တော် ဥပဒေရေးရာဝန်ကြီးဌာနက အခု ဇန်နဝါရီ ၅ ရက်မှာ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ စစ်အုပ်စု ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

    တရားသူကြီးတွေအနေနဲ့ နေ့စဉ်ကျမ်းသစ္စာကျိန်ဆိုနေရတာဟာ လက်တွေ့မှာ မဖြစ်မနေလိုအပ်တဲ့ ကိစ္စမဟုတ်တဲ့အပြင် နေ့စဉ်တရားခွင်မှာ ကျမ်းကျိန်ဖို့ကို နိုင်ငံတကာမှာလည်း သတ်မှတ်ထားတာမရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းနွဲ့က ဆွေးနွေးတင်ပြခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် တရားသူကြီးတွေအနေနဲ့ စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးဖြစ်တာကြောင့် နေ့စဉ် တရားခွင်မှာ ကျမ်းကျိန်ဖို့ မလိုအပ်ဘဲ ဒီဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းသင့်တယ်လို့ စစ်အုပ်စုခန့် တရားရေးဝန်ကြီး ဒေါက်တာသီတာဦးကလည်း ပြောပါတယ်။

    ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ (ဂ) ပုဒ်မခွဲငယ် (၂) အရ ရွေးချယ်ခန့်ထားခံရတဲ့ တရားသူကြီးတွေအနေနဲ့ နေ့စဉ်တရားခွင်တက်ချိန်တိုင်း တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုဖို့ စီစဉ်ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

    ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပဉ္စမအကြိမ်ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း) နဲ့ပတ်သက်ပြီး ဆွေးနွေးမှုအပေါ် ပုဒ်မ ၂၃ (ဂ) ပုဒ်မခွဲငယ် (၂) ကို ပြင်ဆင်လိုတာဟာ သူတို့ စိတ်တိုင်းကျ တရားစီရင်ရေးဆောင်ရွက်နိုင်အောင် လုပ်ဆောင်လိုတာသာဖြစ်တယ်လို့ ရန်ကုန်တိုင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်ပြောပါတယ်။

    “ဒီဥပဒေပြင်ဖို့လုပ်နေတာကို ကျွန်တော်တို့အနေနဲ့ကတော့ မကြိုက်ဘူး။ ကျမ်းကျိန်ရတာတောင် သူတို့လုပ်ချင်ရာလုပ်နေတာ၊ အခု ကျမ်းမကျိန်ရဘူးဆိုရင် သူတို့အတွက်က လွတ်လပ်ခွင့်ကြီးဖြစ်သွားမှာ” လို့ အဆိုပါ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

    တရားသူကြီးတွေအနေနဲ့ စတင်တာဝန်ပေးခန့်အပ်ခံရချိန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကိုင်ဆောင်ပြီး အမှုကိစ္စရပ်တွေကို တရားမျှတစွာ စီရင်ပါမည်လို့ ကျမ်းသစ္စာကျိန်ရတာဖြစ်ပြီး ဖောက်ဖျက်ရင် ကျိန်စာသင့်မှာ၊ ထိခိုက်မှာကိုလည်း စိုးရိမ်စိတ် တရားသူကြီးတချို့မှာရှိနေတယ်လို့ CDM တရားသူကြီးတစ်ဦးကလည်း ပြောပါတယ်။

    တရားသူကြီးတွေ နေ့စဉ် တရားခွင်မှာ ကျမ်းကျိန်ရတာဟာ အမှုသည်တွေ ယုံကြည်မှုရှိအောင် ကျမ်းသစ္စာကျိန်ဆိုရတာဖြစ်ပြီး တရားသူကြီးတချို့ဟာ လိုက်နာမှုမရှိတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ဒီဥပဒေနဲ့ပတ်သက်ပြီး တရားသူကြီးတွေကို ပိုမိုကြပ်မတ်လုပ်ဆောင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

    ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ၂၀၁၀ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး NLD အစိုးရလက်ထက် ၂၀၁၉ မေ ၁၅ ရက်မှာ ဥပဒေပုဒ်မ ၂၃ (ဂ) ပုဒ်မခွဲငယ် (၂) အရ “တရားသူကြီးများက နေ့စဉ် တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ ပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်” ဆိုတဲ့ စကားရပ်အစား “တရားသူကြီးများက နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက်စီစဉ်ဆောင်ရွက်မည်” လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဖြည့်စွက်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် ခြွင်းချက်အနေနဲ့ “တရားသူကြီးများသည် ဥပဒေတစ်ရပ်ရပ်အရ ကျမ်းသစ္စာပြုရန် ကင်းလွတ်ခွင့်ရှိသူဖြစ်ပါက ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်” လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အသစ်ဖြည့်စွက်ခဲ့ပါသေးတယ်။

  • ပြန်ထွက်မည့် ပြည်ပအလုပ်သမားများကို စစ်ကော်မရှင် ထပ်မံတင်းကျပ်

    ပြန်ထွက်မည့် ပြည်ပအလုပ်သမားများကို စစ်ကော်မရှင် ထပ်မံတင်းကျပ်

    နိုင်ငံခြားမှ ခွင့်ပြန်လာပြီး ပြန်ထွက်မည့် ပြည်ပအလုပ်သမားများကို စစ်ကော်မရှင် ထပ်မံတင်းကျပ်

    အမိန့်စာမစမီကတည်းက လေဆိပ်တွင် ပိတ်ပင်မှုများရှိနေပြီး ခွင့်ပြုချက်ရမှသာ ထွက်ခွာ ခွင့်ရမည်ဟုပြော

    ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေပြီး မိသားစုနှင့် တွေ့ဆုံရန် ခွင့်ပြန်လာသည့် အလုပ်သမားများ အနေဖြင့် နိုင်ငံခြားသို့ ပြန်လည်ထွက်ခွာလိုပါက စစ်ကော်မရှင်ထံမှ ကြိုတင်ခွင့်ပြုချက် ရယူရမည်ဟု ထပ်မံတင်းကျပ်လိုက်သဖြင့် ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ အခက်ကြုံ နေရကြောင်း သိရသည်။

    ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကိုင်ဆောင်ထားသည့် ခွင့်ပြန်အလုပ် သမားများသည် လာမည့် ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ စစ်ကော်မရှင်လက်အောက်ခံ အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက် ရယူပြီးမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာရမည်ဟု ထုတ်ပြန်ထားသည်။

    ထိုသို့ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် အမိန့်စာစတင်ရက် မတိုင်မီကတည်းက ရန်ကုန်လေဆိပ်၌ တင်းကျပ်စွာ စစ်ဆေးပိတ်ပင်မှုများ ကြုံတွေ့နေရပြီး လေဆိပ်မှနေ၍လှည့်ပြန်ခိုင်းနေကြောင်း သိရသည်။

    “အမျိုးသား ပြန်လာခါနီးမှ ဒီစာထွက်တော့ စိတ်ပူရတယ်။ မတွေ့ရတာ ၅ နှစ်လောက် ရှိပြီ။ ကလေးကလည်း ကြီးလာပြီ။ မိဘတွေကလည်း မျှော်နေတာ။ ပြန်လာပြီးမှ ပြန်ထွက်မရမှာကို အစိုးရိမ်ဆုံးပဲ” ဟု မလေးရှားမှ ပြန်လာမည့် အမျိုးသားကို စောင့်မျှော်နေသည့် အိမ်ရှင်မတစ်ဦးက ပြောသည်။

    သတ်မှတ်ချက်အသစ်အရ ခွင့်ပြန် OWIC လက်ဝယ်ရှိသူများသည် ပြည်ပသို့ ပြန်လည်မထွက်ခွာမီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံး ရုံးပိတ်ရက်မပါ ၅ ရက် ကြိုတင်၍ လျှောက်ထားရမည်ဖြစ်သည်။

    ယခင်က အီးမေးလ် (Email) ဖြင့်သာ အကြောင်းကြားပြီး ထွက်ခွာနိုင်သော်လည်း ယခုအခါ ဌာန၏ အတည်ပြု အမည်စာရင်းကျလာမှသာ လေယာဉ်စီးနင်းခွင့် ရရှိမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယနေ့ ဇန်နဝါရီ ၁၂ ရက်ကတည်းက စစ်ဆေးမှုများတင်းကျပ် နေသဖြင့် ခွင့်ပြန်အလုပ်သမားအချို့မှာ လေယာဉ်လက်မှတ်ခ ဆုံးရှုံးမှုများနှင့် လုပ်ငန်းကြန့်ကြာမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

    စစ်ကော်မရှင်ကမူ ခွင့်ပြန် OWIC ကိုင်ဆောင်ထားသူများသည် ဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ ထွက်ခွာနေခြင်းကြောင့် ယခုကဲ့သို့ စိစစ်ရခြင်းဖြစ်သည်ဟု အကြောင်းပြချက် ထုတ်ပြန်ထားသည်။

    Video by ဘဇော်

  • အစွန်းရောက် မဘသ ဘုန်းကြီးများ ပါဝင်ပတ်သက်နေမှုများကို ICJ တရားရုံးသို့ ဂမ်ဘီယာနိုင်ငံက တရားဝင်တင်ပြ

    အစွန်းရောက် မဘသ ဘုန်းကြီးများ ပါဝင်ပတ်သက်နေမှုများကို ICJ တရားရုံးသို့ ဂမ်ဘီယာနိုင်ငံက တရားဝင်တင်ပြ

    မင်းအောင်လှိုင်၏ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုတွင် သီတဂူ၊ ဝီရသူ အပါအဝင် အစွန်းရောက် မဘသ ဘုန်းကြီးများ ပါဝင်ပတ်သက်နေမှုများကို ICJ တရားရုံးသို့ ဂမ်ဘီယာနိုင်ငံက တရားဝင်တင်ပြ

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုန်းသတ် ဖြတ်မှုတွင် သီတဂူ၊ ဝီရသူ အပါအဝင် မဘသ ဘုန်းကြီးများ ပါဝင်ပတ်သက်နေမှုများကို အပြည်ပြည်ဆိုင်ရာ တရားရုံး -ICJ တရားရုံးသို့ ဂမ်ဘီယာနိုင်ငံရှေ့နေ Arsalan Suleman က တရားဝင်တင်ပြ သည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ICJ တရားရုံးတွင် အမှုပြန်လည် စတင်ကြား နာသည်နှင့် မြန်မာစစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုတွင် သီတဂူ၊ ဝီရသူ အပါအဝင် အစွန်းရောက် မဘသ ဘုန်းကြီးများပါဝင်ပတ်သက် လှုံ့ဆော်ခဲ့သည်များကို သက်သေများနှင့်တကွ ဂမ်ဘီယာနိုင်ငံက တင်ပြလိုက်ခြင်းဖြစ် သည်။

    ၂၀၁၆ ခုနှစ် ရိုဟင်ဂျာများအပေါ် ပထမလှိုင်း သတ်ဖြတ် တိုက်ခိုက်မှုများအပြီး စစ်တပ်က အစွန်း ရောက် မဘသ ဘုန်းကြီး ဝီရသူက ပဋိပက္ခဖြစ်နေသော ရခိုင်ရှေ့တန်း နေရာများအထိ သွားရောက်ရန် ကူညီပေးခဲ့ပြီး စစ်တပ်အရာရှိများနှင့်တွေ့ဆုံခဲ့ကြောင်း၊ ဝီရသူက ရိုဟင်များအပေါ် နှိမ့်ချသော အသုံး အနှုန်းများကို သုံးစွဲလေ့ရှိကြောင်း၊ ၂၀၁၆ ခုနှစ် ဝီရသူက ရခိုင်ဒေသမှ ပြန်လာပြီးနောက် ရခိုင်မှ စေတီပြင်နှင့် ကျပ်ပြင် ကျေးရွာများတွင် စစ်တပ်က နယ်မြေရှင်းလင်းအမည်တပ်၍ သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေ Arsalan Suleman က တရားရုံးတွင် တင်ပြသည်။

    ယင်းအပြင် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နိုင်ငံတော်အတွက် အကျိုးပြုလုပ် ငန်းများ လုပ်ဆောင်သည်ဟုဆိုကာ မဘသ အစွန်း ရောက် ဝီရသူကို သီရိပျံချီ ဘွဲ့ အပ်နှင်းခဲ့ကြောင်း၊ ဝီရသူသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်ရေးအမုန်းစကားများကို တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့ပြီး စစ်တပ်နှင့် စစ်တပ်လက်အောက်ခံအဖွဲ့များက ဝီရသူကို ထောက် ပံ့ကာ ယင်းအမုန်းစကားများကို လူမှုကွန်ရက်များမှတစ်ဆင့် ဖြန့်ဝေခဲ့ကြကာ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ရန် လှုံ့ဆော်ခဲ့ကြောင်း ၎င်းက တင်ပြသည်။

    ယင်းအပြင် သီတဂူ ဘုန်းကြီးဆိုသူကလည်း ဗုဒ္ဓဘာသာမဟုတ်သူများကို သတ် ဖြတ်လျှင် ပြစ်မှု ကျူးလွန်ခြင်းမဟုတ်ကြောင်း ၊ ဗုဒ္ဓဘာသာကို မသိသူများသည် တိရိစ္ဆာန်သာသာဖြစ်ပြီး လူဟုပင် မခေါ်ထိုက်ကြောင်း၊ ဗုဒ္ဓ ဘာ သာမဟုတ်သူများကို သတ်ဖြတ်ခြင်းမှာ အကုသိုလ်မဖြစ်ကြောင်း ဟော ပြောချက်ကိုလည်း ICJ တရားရုံးသို့ တင်ပြခဲ့သည်။

    ICJ တရားရုံးသို့ တင်ပြရာတွင် သီတဂူ၏ ဟောပြောချက်ဖြစ်သော ဗုဒ္ဓဘာသာဝင်မဟုတ်သူများကို သတ်ဖြတ်လျှင် အပြစ်မဖြစ်ကြောင်း ဟောပြောချက်ကိုလည်း သက်သေအဖြစ် တင်ပြခဲ့ခြင်းဖြစ်သည်။

    “စစ်ပွဲမှာ မကောင်းဆိုးဝါး စစ်သည် ငါးသိန်းလောက် သေဆုံးခဲ့တယ်။ အဲဒါကြောင့် ဘုရင်ဟာ ညဘက်အိပ်မပျော်ဘူး။ ဗုဒ္ဓဘာသာမှာ လူတွေကို သတ်တာ အဆိုးရွားဆုံး အပြစ်တွေထဲက တစ်ခုပဲ။ ဒီအကြောင်းကို သိတဲ့ ရဟန်းရှစ်ပါးက ဘုရင်ကို “အရှင်မင်းကြီး စိတ်မပူနဲ့။ ခင်ဗျားသတ်တဲ့သူတွေထဲမှာ ဗုဒ္ဓ ဘာသာဝင် တစ်ယောက်မှ မရှိဘူး။ သူတို့က ဗုဒ္ဓဘာသာအဆုံးအမတွေကို မလိုက်နာကြလို့ ဘာကောင်းလဲ၊ ဘာဆိုးလဲမသိကြဘူး။ ဒါကြောင့် တိရိစ္ဆာန်သာသာ လောက်ပဲ ဖြစ်တယ်။ ဘုရင်ကြီးသတ်ခဲ့တဲ့ လူငါးသိန်းကျော်ထဲမှာ တစ်ယောက်ခွဲလောက်ပဲ လူသားဖြစ်ဖို့ ထိုက်တန်တယ်။ ဒါကြောင့် ဒါဟာ သေးငယ်တဲ့အပြစ်ဖြစ်ပြီး ဘုရင်ကြီး စိုးရိမ်စရာမလိုဘူးပါဘူး” ဆိုသော သီတဂူဘုန်း ကြီး ၏ ဟောပြောချက်ကို ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် ၏ အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။

    မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည့် စစ်တပ်မှာ ယခုအခါ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချသည် အထိရဲတင်းလာခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါဂျဲလိုးက တင်ပြခဲ့သည်။

    မြန်မာနိုင်ငံတွင် စစ်တပ်က ရိုဟင်ဂျာများကို ‘ဖျက်ဆီးရန် ပစ်မှတ်ထားခဲ့သည်’ ဟုလည်း ICJတရားရုံးတွင် ဂမ်ဘီယာနိုင်ငံက တင်ပြခဲ့သည်။

    “ဒါဟာ အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ နက်နဲခက်ခဲတဲ့ အကြောင်းအရာတွေအ ပေါ် ငြင်းခုံနေတာ မဟုတ်ပါဘူး။ ဒါဟာ တကယ့်လူသားတွေ၊ တကယ့်ဖြစ်ရပ်တွေနဲ့ တကယ့်လူသားအုပ်စုတစ်စုအကြောင်း ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာ နိုင်ငံက ရိုဟင်ဂျာတွေပါ။ သူတို့ဟာ ဖျက်ဆီးပစ်ဖို့အတွက် ပစ်မှတ်ထားခံခဲ့ရတာပါ” လို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Dawda Jallow က ICJ တရားသို့ တင်ပြသည်။

    ၂၀၁၇ ခုနှစ် နှိမ်နင်းမှုအတွင်း မြန်မာနိုင်ငံက ၁၉၄၈ ခုနှစ် မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့ကြောင်း ICJ တရားရုံးတွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားခြင်းဖြစ်သည်။

    မြန်မာစစ်တပ်နှင့် အစွန်းရောက် မဘသများကြောင့် ရိုဟင်ဂျာများမှာ အိမ်နီး ချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပြီး အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခံရခြင်း၊ အိမ်မီးရှို့ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းများ ကြုံတွေ့ခဲ့ရသည်။

    “သူတို့ဟာ စိတ်ကူးကြည့်လို့ရသမျှ အဆိုးရွားဆုံး အကြမ်းဖက်မှုတွေနဲ့ ဖျက်ဆီးမှုတွေကို ခံခဲ့ကြရတာပါ” ဟု ဂမ်ဘီယာ တရားရေးဝန်ကြီးက ဆိုသည်။

    ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေ ပေါလ် ရိုက်ခ်လာ (Paul Reichler) ကလည်း မြန်မာ စစ်သားများ၏ ရိုဟင်ဂျာများအပေါ် အစု လိုက်အပြုံလိုက် မုဒိမ်းကျင့်ခြင်း၊ လိင်အင်္ဂါများ ဖြတ်တောက်ခြင်း၊ ကလေးငယ်များကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းများ အပါအဝင် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်တပ်ကျူးလွန်သော စစ်ရာဇဝတ်မှုများကို တရားရုံးသို့ တင်ပြသည်။

    ယနေ့အချိန်အထိ ရိုဟင်ဂျာ ၁ ဒသမ ၁၇ သန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။

  • စစ်တွေတိုက်ပွဲတွင် AA အနေဖြင့် တိုင်းမှူးနှင့်ဒကစမှူးကို အမ်းတွင်ဖမ်းမိသလိုမျိုး ဖမ်းဆီးနိုင်မည်မဟုတ်ဟုဆို

    စစ်တွေတိုက်ပွဲတွင် AA အနေဖြင့် တိုင်းမှူးနှင့်ဒကစမှူးကို အမ်းတွင်ဖမ်းမိသလိုမျိုး ဖမ်းဆီးနိုင်မည်မဟုတ်ဟုဆို

    ကျောက်ဖြူတိုက်ပွဲတွင်စစ်တပ်ရဲ့ တိုက်စစ်အဟုန်လတ်တလောပျောက်ကွယ်သွားခဲ့ရပြီဖြစ်

    စစ်တွေတိုက်ပွဲတွင် အာရက္ခတပ်တော် ( AA)က အနောက်ပိုင်းတိုင်း တိုင်းမှူး၊ဒကစမှူး အပါအဝင် စစ်တပ်အရာရှိကြီးများကို အမ်းတိုက်ပွဲတုန်းက အရာရှိကြီးများကို ဖမ်းဆီးနိုင်သလိုမျိုး ဖမ်းဆီးနိုင်မည်မဟုတ်ဟု စစ်ရေးသုံးသပ်သူ ဗိုလ်ကြီးဇင်ယော်က ပြောဆိုလိုက်သည်။

    ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့၌ လက်ရှိဖြစ်ပွားနေသော စစ်တွေ စစ်ရေးသုံးသပ်ချက်ကို ရေးသားထုတ်ပြန်ရာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

    “စစ်တွေမှာ အမ်းနပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) တုန်းကလိုမျိုး ဒုတိုင်းမှူး နဲ့ အဖွဲ့ကို အရှင်လက်ရဖမ်းဆီးနိုင်မှာတော့ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ ခလရ (၂၀) ထဲ မှာ MI 17 တစ်စီး၊MI 35 တစ်စီးနဲ့ ရှေ့ကဓားလွယ်ခုတ်နေရာက မဆရ ၈ (စ-စ်မြေပြင်ဆေးတ-ပ်ရင်း) ထဲမှာ MI 17 တစ်စီး အသင့်ရှိနေတာ ဖြစ်တဲ့အတွက် ခေါင်းကြီးပိုင်းများကတော့ ပြေးချိန်ရပါလိမ့်မယ်” ဟု ရေးသားထားသည်။

    ၎င်းပြင် စစ်တွေတွင် အဓိက စစ်ဗျူဟာကွပ်ကဲမှု ဌာနချုပ်(ဒကစ)၏ ကာကင်း ၂ခုကို AA သိမ်းပိုက်ပြီးနောက် ကထစမှူးလည်း စစ်တွေသို့ရောက်ရှိနေသည်ဟု ဆိုသည်။

    “မြို့တော်စစ်တွေ ရဲ့ အဓိကခံစစ်စခန်း ကံ့ကော်ကျွန်း ရဲ့ ကာကင်းစခန်းငယ် နှစ်ခုကို စကစ ဟာ လက်လွှတ်ထားလိုက်ရပြီ ဖြစ်ပါတယ်။ ကံ့ကော်ကျွန်းသာကျရင် စစ်တိုင်းမှူး ဒကစမှူး နဲ့ အဖွဲ့ ထွက်ပြေးရမှာ ဖြစ်ပါတယ်။ အခုဆိုရင် ကစထမှူး ပါရောက်နေတော့ အင်အားတောင့်နေပါလိမ့်မယ်” ဟုလည်း ရေးသားထားသည်။

    စစ်တပ်၏ ရုပ်သေးလွှတ်တော်မပြုလုပ်နိုင်သေးခင် စစ်တွေနှင့် ကျောက်ဖြူကို စစ်ရေးနည်းဖြင့် တစ်မျိုးတစ်ဖုံ အဖြေပြောင်းလဲလာနိုင်အောင် လုပ်ယူထားနိုင်ကြောင်း၊ ဖြစ်ပေါ်လာမည့်စစ်လွှတ်တော်တွင်ရခိုင်မြေကို ဗုံးကြဲပေးပါဆိုသည့်ပေါကြောင်ကြောင် အဆိုတင်သွင်းသူများလည်း ရှိလာနိုင်ပါကြောင်း၊ သို့သော်ရခိုင်စစ်မျက်နှာ၏တိုက်ပွဲအဖြေကတော့ ပြောင်းလဲသွားမည် မထင်ကြောင်းသုံးသပ်ချပ်တွင် ရေးသားသည်။

    ကျောက်ဖြူတွင်လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး သုံးသပ်ရေးသားရာတွင်လည်း ယခုတစ်ကြိမ်တွင်အာရက္ခတပ်တော်ဘက်က တိုက်စစ်သည် အရှိန်ကောင်းလာနေသည်ကို တွေ့ရကြောင်း၊ရွေးကောက်ပွဲအလွန်ကာလ၌ တိုက်စစ်ပြန်ပြီးမြှင့်လာနိုင်မည်ဟုမျှော်မှန်းထားသည့်အတိုင်းဖြစ်လာသည်ဟု၎င်းက ဆိုသည်။

    ကျောက်ဖြူ အခြေအနေကို ကြည့်ရရင် အာရက္ခတပ်တော်သည်ကျောက်ဖြူ မြို့၏ (၁၀) ကီလိုမီတာ ပတ်ချာလည်လောက်ကို ပြန်ပြီး စိုးမိုးထားနိုင်ခြေရှိပုံရသည်ဟုဆိုသည်။

    “ကျောက်ဖြူဟာ ကျွန်းမြို့ဖြစ်နေတဲ့အပြင် ရေတပ်စခန်းဌာနချုပ်ကြီးပါရှိနေတဲ့ အတွက်ကြောင့်သာ စစ်ကစားလှုပ်ရှားနိုင်မှု ကန့်သတ်ချက်တွေရှိတဲ့အတွက် ပြီးခဲ့တဲ့ကာလတလျှောက် ဆုတ်ချည်ခွာချည် ဖြစ်နေရပုံပေါ်ပါတယ်။ စစ်တပ်ဘက်ကတော့ တန်ပြန်တိုက်စစ်ကလွဲလို့ တိုက်စစ်အဟုန်လတ်တလောပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပါတယ်” လို့လည်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားသည်။

    အကြမ်းဖက် မြန်မာစစ်တပ်သည် မင်းပြင်ရေဒါစခန်း ဓာတ်ပုံပြီးကတည်းကအဆိုပါနားတွင် တိုင်ပတ်နေသည်မှာ ၂ လလောက်ရှိပြီဟု ဆိုသည်။

    “စစ်လော်ဘီတွေ ခမျာ။ မင်းပြင်ရေဒါစခန်း ဓာတ်ပုံပြီးတည်းက “ချောင်းမြောင် ချောင်းမြောင်”ဆိုပြီး အဲဒီနားတင် တိုင်ပတ်နေတာ နှစ်လလောက်ရှိနေသည်ကို တွေ့ရပါသည်ဟုရေးသားထားသည်။

    အာရက္ခတပ်တော်သည် ရခိုင်ပြည်မှ လက်ကျန်မြို့ ၃ မြို့ထဲက နိုင်ငံရေးနှင့် စစ်ရေးအရပါ အလွန် အရေးပါသော မြို့ကြီးနှစ်မြို့ဖြစ်သည့် စစ်တွေနှင့် ကျောက်ဖြူကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းကစပြီး စစ်ရှိန်မြှင့်ပြီး တိုက်ခိုက်နေပြီး စစ်တပ်ဘက်က စခန်းတချို့ကို လက်လွှတ်လိုက်ရကာ အကျဆုံးအများအပြားဖြင့်လည်း ရင်ဆိုင်နေရသည်ဟု သိရသည်။

  • ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်သံ)

    ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်သံ)

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုခံထားရတဲ့ အမှုကို စစ်ကော်မရှင်က သွားရောက်ကြားနာမှာဖြစ်ပါတယ်။

    နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုအပြီးသတ်ကြားနာပွဲတွေ လုပ်ဖို့ရှိနေတာပါ။

    စစ်ကော်မရှင်က ICJ မှာ ခုခံဖို့ သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ကို စေလွှတ်ထားတာဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ရန်ကုန်ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။

    ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ မှာ တရားစွဲဆိုထားတာပါ။

    ဒီအမှုကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ဂမ်ဘီယာရဲ့စွပ်စွဲချက်တွေ မပြည့်စုံသလို လွဲမှားစွာ ကောက်ချက်ချထားတာလို့ ICJ မှာ သွားရောက်လျောက်လဲချက် ပေးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထောင်ချထားပြီး သူတို့ကိုယ်တိုင် သွားရောက်ကြားနာမှာဖြစ်ပါတယ်။

    အခုကြားနာပွဲဟာ နောက်ဆုံးအကြိမ်ဖြစ်လို့ အပြီးသတ်အမိန့်ချတဲ့အခြေအနေတွေ ပါဝင်နိုင်ပြီး ICJ က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ အမိန့်ချလိုက်ရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ဖက်ဒရယ် ဥပဒေ အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး၊ နိုင်ငံတကာ ဥပဒေပညာရှင် ရှေ့နေဦးအောင်ထူးကို ဆက်သွယ်မေးမြန်းထားပါတယ်။