မင်းအောင်လှိုင်၏ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုတွင် သီတဂူ၊ ဝီရသူ အပါအဝင် အစွန်းရောက် မဘသ ဘုန်းကြီးများ ပါဝင်ပတ်သက်နေမှုများကို ICJ တရားရုံးသို့ ဂမ်ဘီယာနိုင်ငံက တရားဝင်တင်ပြ
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုန်းသတ် ဖြတ်မှုတွင် သီတဂူ၊ ဝီရသူ အပါအဝင် မဘသ ဘုန်းကြီးများ ပါဝင်ပတ်သက်နေမှုများကို အပြည်ပြည်ဆိုင်ရာ တရားရုံး -ICJ တရားရုံးသို့ ဂမ်ဘီယာနိုင်ငံရှေ့နေ Arsalan Suleman က တရားဝင်တင်ပြ သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ICJ တရားရုံးတွင် အမှုပြန်လည် စတင်ကြား နာသည်နှင့် မြန်မာစစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုတွင် သီတဂူ၊ ဝီရသူ အပါအဝင် အစွန်းရောက် မဘသ ဘုန်းကြီးများပါဝင်ပတ်သက် လှုံ့ဆော်ခဲ့သည်များကို သက်သေများနှင့်တကွ ဂမ်ဘီယာနိုင်ငံက တင်ပြလိုက်ခြင်းဖြစ် သည်။
၂၀၁၆ ခုနှစ် ရိုဟင်ဂျာများအပေါ် ပထမလှိုင်း သတ်ဖြတ် တိုက်ခိုက်မှုများအပြီး စစ်တပ်က အစွန်း ရောက် မဘသ ဘုန်းကြီး ဝီရသူက ပဋိပက္ခဖြစ်နေသော ရခိုင်ရှေ့တန်း နေရာများအထိ သွားရောက်ရန် ကူညီပေးခဲ့ပြီး စစ်တပ်အရာရှိများနှင့်တွေ့ဆုံခဲ့ကြောင်း၊ ဝီရသူက ရိုဟင်များအပေါ် နှိမ့်ချသော အသုံး အနှုန်းများကို သုံးစွဲလေ့ရှိကြောင်း၊ ၂၀၁၆ ခုနှစ် ဝီရသူက ရခိုင်ဒေသမှ ပြန်လာပြီးနောက် ရခိုင်မှ စေတီပြင်နှင့် ကျပ်ပြင် ကျေးရွာများတွင် စစ်တပ်က နယ်မြေရှင်းလင်းအမည်တပ်၍ သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေ Arsalan Suleman က တရားရုံးတွင် တင်ပြသည်။
ယင်းအပြင် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နိုင်ငံတော်အတွက် အကျိုးပြုလုပ် ငန်းများ လုပ်ဆောင်သည်ဟုဆိုကာ မဘသ အစွန်း ရောက် ဝီရသူကို သီရိပျံချီ ဘွဲ့ အပ်နှင်းခဲ့ကြောင်း၊ ဝီရသူသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်ရေးအမုန်းစကားများကို တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့ပြီး စစ်တပ်နှင့် စစ်တပ်လက်အောက်ခံအဖွဲ့များက ဝီရသူကို ထောက် ပံ့ကာ ယင်းအမုန်းစကားများကို လူမှုကွန်ရက်များမှတစ်ဆင့် ဖြန့်ဝေခဲ့ကြကာ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ရန် လှုံ့ဆော်ခဲ့ကြောင်း ၎င်းက တင်ပြသည်။

ယင်းအပြင် သီတဂူ ဘုန်းကြီးဆိုသူကလည်း ဗုဒ္ဓဘာသာမဟုတ်သူများကို သတ် ဖြတ်လျှင် ပြစ်မှု ကျူးလွန်ခြင်းမဟုတ်ကြောင်း ၊ ဗုဒ္ဓဘာသာကို မသိသူများသည် တိရိစ္ဆာန်သာသာဖြစ်ပြီး လူဟုပင် မခေါ်ထိုက်ကြောင်း၊ ဗုဒ္ဓ ဘာ သာမဟုတ်သူများကို သတ်ဖြတ်ခြင်းမှာ အကုသိုလ်မဖြစ်ကြောင်း ဟော ပြောချက်ကိုလည်း ICJ တရားရုံးသို့ တင်ပြခဲ့သည်။
ICJ တရားရုံးသို့ တင်ပြရာတွင် သီတဂူ၏ ဟောပြောချက်ဖြစ်သော ဗုဒ္ဓဘာသာဝင်မဟုတ်သူများကို သတ်ဖြတ်လျှင် အပြစ်မဖြစ်ကြောင်း ဟောပြောချက်ကိုလည်း သက်သေအဖြစ် တင်ပြခဲ့ခြင်းဖြစ်သည်။
“စစ်ပွဲမှာ မကောင်းဆိုးဝါး စစ်သည် ငါးသိန်းလောက် သေဆုံးခဲ့တယ်။ အဲဒါကြောင့် ဘုရင်ဟာ ညဘက်အိပ်မပျော်ဘူး။ ဗုဒ္ဓဘာသာမှာ လူတွေကို သတ်တာ အဆိုးရွားဆုံး အပြစ်တွေထဲက တစ်ခုပဲ။ ဒီအကြောင်းကို သိတဲ့ ရဟန်းရှစ်ပါးက ဘုရင်ကို “အရှင်မင်းကြီး စိတ်မပူနဲ့။ ခင်ဗျားသတ်တဲ့သူတွေထဲမှာ ဗုဒ္ဓ ဘာသာဝင် တစ်ယောက်မှ မရှိဘူး။ သူတို့က ဗုဒ္ဓဘာသာအဆုံးအမတွေကို မလိုက်နာကြလို့ ဘာကောင်းလဲ၊ ဘာဆိုးလဲမသိကြဘူး။ ဒါကြောင့် တိရိစ္ဆာန်သာသာ လောက်ပဲ ဖြစ်တယ်။ ဘုရင်ကြီးသတ်ခဲ့တဲ့ လူငါးသိန်းကျော်ထဲမှာ တစ်ယောက်ခွဲလောက်ပဲ လူသားဖြစ်ဖို့ ထိုက်တန်တယ်။ ဒါကြောင့် ဒါဟာ သေးငယ်တဲ့အပြစ်ဖြစ်ပြီး ဘုရင်ကြီး စိုးရိမ်စရာမလိုဘူးပါဘူး” ဆိုသော သီတဂူဘုန်း ကြီး ၏ ဟောပြောချက်ကို ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် ၏ အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။
မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည့် စစ်တပ်မှာ ယခုအခါ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချသည် အထိရဲတင်းလာခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါဂျဲလိုးက တင်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ရိုဟင်ဂျာများကို ‘ဖျက်ဆီးရန် ပစ်မှတ်ထားခဲ့သည်’ ဟုလည်း ICJတရားရုံးတွင် ဂမ်ဘီယာနိုင်ငံက တင်ပြခဲ့သည်။
“ဒါဟာ အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ နက်နဲခက်ခဲတဲ့ အကြောင်းအရာတွေအ ပေါ် ငြင်းခုံနေတာ မဟုတ်ပါဘူး။ ဒါဟာ တကယ့်လူသားတွေ၊ တကယ့်ဖြစ်ရပ်တွေနဲ့ တကယ့်လူသားအုပ်စုတစ်စုအကြောင်း ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာ နိုင်ငံက ရိုဟင်ဂျာတွေပါ။ သူတို့ဟာ ဖျက်ဆီးပစ်ဖို့အတွက် ပစ်မှတ်ထားခံခဲ့ရတာပါ” လို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Dawda Jallow က ICJ တရားသို့ တင်ပြသည်။
၂၀၁၇ ခုနှစ် နှိမ်နင်းမှုအတွင်း မြန်မာနိုင်ငံက ၁၉၄၈ ခုနှစ် မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့ကြောင်း ICJ တရားရုံးတွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားခြင်းဖြစ်သည်။
မြန်မာစစ်တပ်နှင့် အစွန်းရောက် မဘသများကြောင့် ရိုဟင်ဂျာများမှာ အိမ်နီး ချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပြီး အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခံရခြင်း၊ အိမ်မီးရှို့ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းများ ကြုံတွေ့ခဲ့ရသည်။
“သူတို့ဟာ စိတ်ကူးကြည့်လို့ရသမျှ အဆိုးရွားဆုံး အကြမ်းဖက်မှုတွေနဲ့ ဖျက်ဆီးမှုတွေကို ခံခဲ့ကြရတာပါ” ဟု ဂမ်ဘီယာ တရားရေးဝန်ကြီးက ဆိုသည်။

ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေ ပေါလ် ရိုက်ခ်လာ (Paul Reichler) ကလည်း မြန်မာ စစ်သားများ၏ ရိုဟင်ဂျာများအပေါ် အစု လိုက်အပြုံလိုက် မုဒိမ်းကျင့်ခြင်း၊ လိင်အင်္ဂါများ ဖြတ်တောက်ခြင်း၊ ကလေးငယ်များကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းများ အပါအဝင် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်တပ်ကျူးလွန်သော စစ်ရာဇဝတ်မှုများကို တရားရုံးသို့ တင်ပြသည်။
ယနေ့အချိန်အထိ ရိုဟင်ဂျာ ၁ ဒသမ ၁၇ သန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။


Leave a Reply