Category: News

  • ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်လာတယ်လို့ ယုံကြည်ရတဲ့ ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်သွားတယ်လို့ စွပ်စွဲခံရတဲ့ ရုရှား ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန်က ကြားဖြတ် ထိန်းချုပ်ခဲ့ပြီးတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ဖို့ အိမ်ဖြူတော်က ပြင်ဆင်နေပါတယ်။

    Marinera ရေနံတင် သင်္ဘောဟာ ဗင်နီဇွဲလား ကမ်းလွန်ရေပြင်မှာ အမေရိကန် စစ်တပ်ရဲ့ ကြားဖြတ် ဖမ်းဆီးမယ့် အခြေအနေကနေ ရှောင်တိမ်းလာနိုင်ခဲ့ပြီး ရုရှားဆီ အသည်းအသန် ပြန်လည် ခုတ်မောင်းလာချိန် အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    အမေရိကန်ဟာ မဟာမိတ် နိုင်ငံတွေရဲ့ အကူအညီကိုပါ အသုံးပြုပြီး အဲဒီသင်္ဘောရဲ့ ခရီးစဉ်ကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့နောက် အိုက်စ်လန်ကျွန်းနဲ့ ဗြိတိန်နိုင်ငံကြားမှာ ကြားဖြတ် ဖမ်းဆီးခဲ့တာပါ။ Marineraဟာ အစောပိုင်းတုန်းက Bella 1ဆိုတဲ့ နာမည်ကိုလည်း အသုံးပြုခဲ့ဖူးပါတယ်။

    အမေရိကန် အစိုးရက ဗင်နီဇွဲလား ရေနံတင် သင်္ဘောတွေကို ပစ်မှတ်ထား စီးနင်းမှုတွေ စတင်လာတဲ့နောက် Marineraဟာလည်း အမေရိကန် ကမ်းခြေစောင့်တပ်ရဲ့ ပစ်မှတ်ထားမှုကို ခံလာရပါတယ်။ ဒါပေမဲ့ အမေရိကန် ကမ်းခြေစောင့်တပ်က ရေယာဉ်ပေါ် တက်ရောက်ခွင့် တောင်းဆိုတာကို Marineraက ငြင်းဆိုပြီး ရုရှားဆီ ပြန်သွားဖို့ ကြိုးစားခဲ့တာပါ။

    ရုရှားအလံ လွှင့်ထူထားတဲ့ ရေနံတင် သင်္ဘောကို ကြားဖြတ် ဖမ်းဆီးတဲ့ မစ်ရှင်ကို အမေရိကန် ကမ်းခြေစောင့်တပ်နဲ့ စစ်တပ်တို့ ပူးပေါင်း အကောင်အထည် ဖော်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဟာ ဗင်နီဇွဲလား ရေနံတွေနဲ့ ပတ်သက် ဆက်စပ်နေတဲ့ M/T Sophiaဆိုတဲ့ နောက်ထပ် သင်္ဘောတစ်စီးကိုလည်း ကာရေဘီယန် ပင်လယ်ပြင်မှာ ထိန်းသိမ်းထားခဲ့ပါတယ်။

    Marinera သင်္ဘောနောက်ကို အမေရိကန်က အပူတပြင်း ခြေရာခံ လိုက်နေကြောင်း သိရှိခဲ့တဲ့နောက် ရုရှားဟာ အဲဒီ ရေယာဉ်ကို လုံခြုံရေး ကူညီ စောင့်ကြပ်ပေးဖို့ ရေငုပ်သင်္ဘော တစ်စီးနဲ့ စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပေမယ့် အချိန်မမီလိုက်ဘဲ အမေရိကန်က ကြားဖြတ် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

    ရုရှား အစိုးရကတော့ Marineraကို စီးနင်း ဟန့်တားခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ရေကြောင်းဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    ရုရှား ရေနံတင် သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်း ကြေညာဖို့ အိမ်ဖြူတော်က ပြင်ဆင်နေပြီး မကြာခင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ ရှိနေပါတယ်။

    ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ရုရှားရေယာဉ်ကို ကြားဖြတ် ဖမ်းဆီးခဲ့တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးမှာ ဗြိတိန် လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ပူးပေါင်း ကူညီပေးခဲ့ကြောင်း အတည်ပြု ကြေညာထားပါတယ်။

    ကိုးကား: Independent

  • ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ  ၂၀ ဦးခန့်ဖမ်းမိ

    ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ ၂၀ ဦးခန့်ဖမ်းမိ

    ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ ၂၀ ဦးခန့်ဖမ်းမိ

    ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ကနေဒီတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ အပါအဝင် သုံ့ပန်း ၂၀လောက် ဖမ်းမိပြီး လက်နက် အလက် ၃၀ ကျော် ရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

    PDF ဇိုလဲန်းက အရင်ကတည်းက သိမ်းပိုက်ထားတဲ့ တီးတိန်မြို့နယ် ကနေဒီတောင် အပါအဝင် ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ စစ်ကောင်စီတပ်က ၂၀၂၅ အောက်တိုဘာလကုန်မှာ တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ ၂၆ ကြိမ် စစ်အင်အားဖြည့်တင်းထိုးစစ်ဆင်လာလို့ ကနေဒီတောင် အပါအဝင် နေရာအချို့ကို ယာယီလက်လွှတ်ခဲ့ရပါတယ်။

    ၂၀၂၅ နိုဝင်ဘာ ၁၉ရက်မှာလည်း ချင်းညီနောင်တပ်ဖွဲ့က ကနေဒီတောင်ကို ပြန်သိမ်းပိုက်ခဲ့ပေမယ့် တပ်စွဲခြင်းမပြုတဲ့ အခြေအနေမှာ စစ်ကောင်စီက အင်အား ၆၀ ကျော်နဲ့ တပ်စွဲလာလို့ ဒီဇင်ဘာ ၂၆ရက်မှာ PDF ဇိုလဲန်းက ဦးဆောင်ပြီး ချင်းဒေသကာကွယ်ရေးတပ် CDF စီးယင်းနဲ့ အတူ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    အဲဒီစစ်ဆင်ရေး ၁၀ရက်ကြာမြင့်ခဲ့ပြီး ၂၀၂၆ ဇန်နဝါရီ ၄ရက်မှာ ကနေဒီတောင်ကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ်က ကိုဂိဒွန်က ပြောပါတယ်။

    ကနေဒီတောင်ကို စစ်ကောင်စီ ရဲ့ ခလရ(၈၇)နဲ့ ခလရ(၂၆၉) တပ်က ဗိုလ်မှူး ၂ဦး ဦးစီးတဲ့ စစ်အင်အား ၆၄ ဦး အထိုင်ချတပ်စွဲထားတာလို့ အသိပေးပါတယ်။

    “စစ်သုံ့ပန်းကတော့ ဗိုလ်မှူး အပါအဝင် ၂၀ လောက်ကို ဖမ်းဆီးရမိတယ်။ လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိတယ်ပေါ့။ နယ်မြေရှင်းလင်းရေး အသေးစိတ် မပြီးသေးတဲ့အခါကျတော့။ လက်နက်ငယ် အလက် ၃၀ ကျော် အဲဒီလောက်ရရှိတယ်”လို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ်က ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာ ၁၉ရက် ကနေဒီတောင်ကို နယ်မြေရှင်းလင်းစဉ်ကလည်း ခဲယမ်းအချို့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲမှာ PDF ဇိုလဲန်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တာက ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF စီးယင်းတပ်ဖွဲ့ဖြစ်ပါတယ်။

    ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ တပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ချင်းပြည်မြောက်ပိုင်းထိုးစစ်ကို အတူပူးပေါင်းပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဖလမ်းမြို့နယ် တိုက်ပွဲတွေမှာဆိုရင်လည်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်ဖွဲ့တွေ အတူလက်တွဲ တိုက်ခိုက်လျက်ရှိရာ ဖလမ်းမြို့နယ် ခွန်လီရွာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သေဆုံးထိခိုက်များပြားလျက်ရှိပါတ်ယ။ ဇန်နဝါရီ ၅ရက်မှာ ခွန်လီရွာအနီး စစ်ကောင်စီတပ်နေရာအချို့ကို ချင်းပူးပေါင်းတပ်က ပြန်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေလည်း ရရှိခဲ့ပါတယ်။

    စစ်ကောင်စီဟာ ချင်းမြောက်ပိုင်းက ဆုံးရှုံးဒေသတွေ ပြန်ရဖို့ ၂၀၂၅ နှစ်လယ်ပိုင်းကတည်းက ကလေးဘက်ကနေ စစ်အင်အားအများအပြားနဲ့ မြေပြင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး ချင်းပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ဇူလိုင်လမှာ တပ်လှန် ဆုတ်ခွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၅ အောက်တိုဘာ လကုန်မှာ မြေပြင်နဲ့ လေကြောင်းက စစ်အင်အား ထပ်မံ ဖြည့်တင်း ထိုးစစ်ဆင်နေလို့ တီးတိန်၊ ဖလမ်းနဲ့ ဆက်စပ်နယ်မြေဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

    (စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတချို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်မေးနေစဥ်။ ရုပ်သံ – Cin Pii/FB)

  • ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက်

    ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက်

    ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက်

    ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်လေးခုမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်နေပြီး မှော်ဘီနဲ့တောင်ငူလေတပ်က တိုက်လေယာဉ်တွေ ဆက်တိုက်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    သာယာဝတီခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက် ၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒီနေ့ (ဇန်နဝါရီလ ၇ ရက်) မနက်အစောပိုင်းမှာ ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။

    “တောင်ငူကနေ ခဏချင်း တစ်စီးပြီးတစ်စီး တက်နေတယ်။ တဝေါဝေါပဲ။ မင်းလှဘက်မှာ PDF တွေက စခ စခန်းတွေကိုချနေကြတယ်တဲ့”လို့ တောင်ငူမြို့ခံက ပြောပါတယ်။

    မှော်ဘီလေတပ်ကနေလည်း ဂျက်ဖိုက်တာတွေ မိနစ်ပိုင်းသာခြားပြီးတစ်စီးပြီးတစ်စီး တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “မနက် ၄ နာရီ​​ကျော်လောက်ထဲက တောက်လျှောက်ကို ပစ်နေတာပါ။ PDF ဘက်က မင်းလှ တာကလေးကျေးရွာက တပ်စွဲထားတဲ့နေရာနဲ့ စစ်ကွင်းတာဆုံ တပ်စွဲထားတဲ့ နေရာ နှစ်ခုကိုလို့ ကြားပါတယ်။ နှစ်နေရာလုံးက ရန်ကုန်-ပြည်လမ်းဘေးက ရွာတွေဆိုတော့ ပြည်လမ်းကိုပါ လမ်းတွေပိတ်လိုက်တာပါ။ စစ်တပ်က အကျအဆုံးရှိတယ်လို့တော့ ကြားပေမယ့် ဘယ်သူမှထွက်မကြည့်ရဲကြဘူး။ မီးသတ်ကားနဲ့ လူနာတင်ကားအချို့ကိုတော့ သွားခွင့်ပေးထားတယ်။ စစ်ကွင်းတာဆုံက စခန်းက အကုန်မီးလောင်သွားပြီ။ စစ်သားတွေက အခု စစ်ကွင်းမြို့ထဲဘက်ကို ဆင်းလာပြီး တပ်စခန်းတစ်ခုထပ်လုပ်မယ် ကြားတယ်။ စစ်ကွင်းမြို့ထဲရော စျေးထဲမှာပါ ခုတမနက်လုံး လူမရှိကြဘူး။ လက်နက်ကြီးသံတွေကြောင့် အပြင်ကိုလည်း မထွက်ရဲကြတော့ဘူး။ တချို့ လူကြီးပိုင်းနဲ့ ကလေးအချို့လည်း သာယာဝတီနဲ့ အုတ်ဖိုဘက်ကို ရွေ့နေကြတယ်။ ကားလမ်းဘက်က ဝက်လှကြီးရွာဆိုရင်လည်း တော်တော်များများ ဆက်မနေရဲလို့ ရွေ့သွားကြပြီ” လို့ မင်းလှမြို့နယ် စစ်ကွင်းမြို့နေ ပြ​ည်သူတစ်ဦးက ပြောပါတယ်။

    လက်ပံတန်းနဲ့ မင်းလှမြို့နယ်အကြားမှာ ဒီကနေ့မနက်ပိုင်းစ စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် မင်းလှမြို့နယ်၊ကိုင်းပြင်ကြီးရွာနဲ့ လက်ပံတန်းမြို့အနယ်အကြား ရန်ကုန် – ပြည်လမ်းနဲ့ အုတ်ဖိုမြို့နယ်အကြားမှာ ယာဉ်အသွားအလာ ပိတ်ထားခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

    ဒါပေမယ့် နေ့လည် ၁၂ နာရီနောက်ပိုင်းမှာ လက်နက်ကြီး ပစ်ခတ်သံတွေရပ်နားသွားပြီး ရန်ကုန်-ပြည်လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    “အခုတော့ ပစ်ခတ်သံတွေလည်း ခဏနားသွားပြီ။ ကားလမ်းတွေလည်း ပြန်ဖွင့်ပေးထားတယ်။ တချို့လည်း ဆက်မသွားရဲလို့ ရန်ကုန်ဘက် ပြန်လှည့်သွားတာတွေလည်း ရှိတယ်။ ကားလမ်းတွေသာ ပိတ်ထားပေမယ့် ရထားလမ်းကတော့ မနက်ထဲက သွားနေတာ တွေ့ရတယ်” လို့ မင်းလှမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

    ပဲခူးတိုင်းအနောက်ခြမ်းက မြိုနယ်လေးခုမှာ ဖော်ဆောင်နေတဲ့တိုက်ပွဲနဲ့ပတ်သက်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

    လက်ရှိမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းထဲက စစ်ကောင်စီထိန်းချုပ် မြို့နယ်တချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးဖော်ဆောင်ပြီး တိုက်ခိုက်နေပါတယ်။

  • အမေရိကန် စက်ကွင်းထဲ ရောက်နေတဲ့ ရေနံတင်သင်္ဘောကို ကာကွယ်ဖို့ ရေတပ်သင်္ဘောတွေ ရုရှားစေလွှတ်

    အမေရိကန် စက်ကွင်းထဲ ရောက်နေတဲ့ ရေနံတင်သင်္ဘောကို ကာကွယ်ဖို့ ရေတပ်သင်္ဘောတွေ ရုရှားစေလွှတ်

    အမေရိကန် စက်ကွင်းထဲ ရောက်နေတဲ့ ရေနံတင်သင်္ဘောကို ကာကွယ်ဖို့ ရေတပ်သင်္ဘောတွေ ရုရှားစေလွှတ်

    အမေရိကန်ရဲ့ စက်ကွင်းထဲ ရောက်နေတဲ့ ရေနံတင် သင်္ဘောတစ်စီးကို ကာကွယ်ဖို့ ရုရှားက ရေတပ်သင်္ဘောတွေ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

    အဲဒီ ရေယာဉ်ဟာ အရင်က ဂိုင်ယာနာအလံ လွှင့်ထူထားတဲ့ Bella 1ဆိုတဲ့ ရေနံတင်သင်္ဘော ဖြစ်ပေမယ့် အခုတော့ ရုရှားအလံ လွှင့်ထားတဲ့ Marineraဆိုတဲ့ နာမည်နဲ့ ခုတ်မောင်းနေပါတယ်။

    ပုံမှန်ဆိုရင် ဗင်နီဇွဲလားနဲ့ ရုရှားကြားမှာ ရေနံတွေ သယ်ဆောင်ပေးလေ့ရှိတဲ့ သင်္ဘောဟာ လတ်တလောမှာတော့ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး ရုရှားဆီ ဦးတည်နေတယ်လို့ ယုံကြည်ရပါတယ်။

    ရေယာဉ်ရဲ့ တည်နေရာဟာ စကော့တလန်နဲ့ အိုက်လန်ကြား ရေပြင်မှာ ရှိနေနိုင်ပြီး ရုရှားရေတပ်က လုံခြုံရေး စောင့်ကြပ်ပေးဖို့ ရေငုပ်သင်္ဘော တစ်စီးနဲ့ တိုက်ရေယာဉ်တွေ စေလွှတ်ပေးထားတာလို့ ဆိုပါတယ်။

    ဒီဇင်ဘာ လတုန်းက အမေရိကန် အစိုးရရဲ့ အိမ်ဖြူတော် အရာရှိ တစ်ဦးက အမေရိကန် ကမ်းခြေစောင့်တပ် အနေနဲ့ အဲဒီ ရေနံတင် သင်္ဘောကို စီးနင်းတာမျိုး လုပ်နိုင်ခြေရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အကြောင်းကတော့ အမေရိကန် ပိတ်ဆို့ အရေးယူမှုတွေကို ချိုးဖောက်ပြီး ရုရှား ရေနံတွေကို သယ်ယူပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။

    Marineraကို နောက်ဆုံး တွေ့ခဲ့တာက အိုင်ယာလန် ကမ်းရိုးတန်းအလွန် မိုင် ၅၀၀ လောက်အကွာ အတ္တလန္တိတ် သမုဒ္ဒရာထဲမှာဖြစ်ပြီး ကမ်းခြေစောင့် ရေယာဉ်တစ်စီးက ခြေရာခံ လိုက်ပါနေခဲ့ပါတယ်။

    ဒီဇင်ဘာလမှာ အမေရိကန်ရဲ့ ကြားဖြတ် တားဆီးဖို့ အားထုတ်မှု တစ်ခုကနေ လွတ်မြောက်ခဲ့ပြီးချိန် ကတည်းက အဲဒီ သင်္ဘောကို ဗြိတိန်၊ ပြင်သစ်နဲ့ အိုင်ယာလန် ရေတပ်၊ ကမ်းခြေစောင့်တပ်တွေကပါ ကူညီ စောင့်ကြည့်ပေးနေခဲ့ပါတယ်။

    အိုက်စ်လန်ကျွန်း တောင်ပိုင်းကနေ ရေနံတင်သင်္ဘော ဖြတ်သန်းသွားခဲ့တဲ့ အချိန်တုန်းကလည်း အမေရိကန် ရေတပ်ရဲ့ P-8A Poseidon ကင်းထောက် လေယာဉ် တစ်စီးက စောင့်ကြည့်ခဲ့ပါတယ်။

    လက်ရှိမှာတော့ ရုရှားရေတပ်နဲ့ ရေငုပ်သင်္ဘောနဲ့ တခြား တိုက်ရေယာဉ်တွေဟာ Marineraကို ရုရှားထိ ဘေးကင်းကင်းနဲ့ ခြံရံ ခေါ်ဆောင်လာနိုင်ဖို့ စတင်ထွက်ခွာသွားကြပြီလို့ သိရပါတယ်။

    ရုရှားက အဲဒီလောက် အလေးထားပြီး တုံ့ပြန်ပုံအရ သင်္ဘောပေါ်မှာ သယ်လာတာဟာ ဗင်နီဇွဲလား ရေနံတွေထက် ပိုအရေးကြီးတဲ့ အီရန်ရဲ့ သန့်စင်ပြီး လောင်စာဆီတွေ၊ ဒါမှမဟု စစ်လက်နက်တွေ ဖြစ်နိုင်တယ်ဆိုတဲ့ ထင်ကြေးတွေလည်း ပျံ့နှံ့နေပါတယ်။

    မူလက ရေယာဉ်ဟာ အီရန်ဆိပ်ကမ်းကနေ ထွက်ခွာပြီး ဗင်နီဇွဲလားဆီ ဦးတည် ခုတ်မောင်းနေခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက အမေရိကန်ဟာ ဗင်နီဇွဲလားမှာ အထူးစစ်ဆင်ရေးတစ်ခု လုပ်ဆောင်ပြီး သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဝင်မဖမ်းဆီးသေးပါဘူး။

    Marineraဟာ နှစ်ပတ်လောက် သတင်းပျောက်နေခဲ့ပြီးတဲ့နောက် အတ္တလန္တိတ် သမုဒ္ဒရာ မြောက်ပိုင်း ရေပြင်မှာ ရုရှားဆီ ဦးတည် ခုတ်မောင်းနေတယ်ဆိုတာ ပြန်လည် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

    ရေကြောင်းလမ်းပြ မှတ်တမ်းတွေအရ အဲဒီ ရေယာဉ်ဟာ ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း အီရန်နဲ့ ဗင်နီဇွဲလား ရေနံစိမ်း စည်ပေါင်း သန်းနဲ့ချီ အရေအတွက်ကိုလည်း တရုတ်ဆီ ပို့ဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။

    ၂၀၂၄ ခုနှစ်မှာတော့ အဲဒီရေယာဉ်ဟာ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြေကာက်ကျားအဖွဲ့နဲ့ ဆက်နွှယ်တဲ့ တရားမဝင် လောင်စာဆီ ပို့ဆောင်ပေးမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲမှုနဲ့အတူ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုကို ခံခဲ့ရပါတယ်။

    ဒီဇင်ဘာလတုန်းက အမေရိကန်ဟာ ဗင်နီဇွဲလား ရေနံတင် သင်္ဘောနှစ်စီးကို ကမ်းကနေခွာပြီး မကြာခင်မှာပဲ စီးနင်း ထိန်းချုပ်ခဲ့တဲ့နောက် Marineraဟာလည်း အလားတူ အခြေအနေ ကြုံရမှာကို စိုးရိမ်ပြီး ဗင်နီဇွဲလားကနေ အမြန်ပြန်လည် ထွက်ခွာလာတယ်လို့ ယုံကြည်ရပါတယ်။

    ကိုးကား: Daily Mail

  • တော်လှန်ရေးရဲဘော်များ၏ အုတ်ဂူပေါ် ခြေထောက်တင်ပြီး အောက်တန်းကျသည့် လုပ်ရပ်ကို ကျော်စိုးဦး လုပ်ဆောင်

    တော်လှန်ရေးရဲဘော်များ၏ အုတ်ဂူပေါ် ခြေထောက်တင်ပြီး အောက်တန်းကျသည့် လုပ်ရပ်ကို ကျော်စိုးဦး လုပ်ဆောင်

    မြန်မာနိုင်ငံအနှံ့အပြားရှိ စစ်မြေပြင်များတွင် စစ်ရေးအရ အဘက်ဘက်မှ အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်သည် ယခုအခါ လက်နက်ကိုင် တော်လှန်နေသူများကိုသာမက ကွယ်လွန်သွားပြီဖြစ်သည့် တော်လှန်ရေးရဲဘော်များ၏ ဂူဗိမာန်များအထိပါ ရန်ရှာစော်ကားသည့် အောက်တန်းကျသော လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာနေသည်ကို တွေ့ရှိရသည်။

    မကြာသေးမီက စစ်တပ်လော်ဘီ ကျော်စိုးဦးဆိုသူသည် စဉ့်ကူးနှင့် မတ္တရာမြို့နယ်အတွင်းရှိ တော်လှန်ရေးရဲဘော်များ၏ အုတ်ဂူများပေါ်တွင် ခြေထောက်တင်ကာ မိုက်မိုက်ရိုင်းရိုင်း ပြောဆိုနေသည့် ရုပ်သံနှင့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့စေခဲ့ခြင်းက ယင်းအခြေအနေကို သက်သေပြနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက သုံးသပ်သည်။

    နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်အရ ဤလုပ်ရပ်သည် စစ်မြေပြင်ရှိ ရှုံးနိမ့်မှုများကို အုတ်ဂူပေါ်တွင် အနိုင်ယူပြခြင်းဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှာဖွေခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။

    နိုင်ငံရေးလေ့လာသူတစ်ဦးက “စစ်ကော်မရှင်တပ်တွေဟာ နယ်မြေဒေသ အတော်များများကို လက်လွှတ်နေရသဖြင့် သူတိုကို ထောက်ခံသူတွေနဲ့ တပ်သားတွေ စိတ်ဓာတ်မကျစေဖို့ အောင်နိုင်သူ ဟန်ဆောင်တဲ့ ပုံစံမျိုးကို ဂူဗိမာန်တွေ ဖျက်ဆီးစော်ကားပြပြီး ဖန်တီးနေတာဖြစ်တယ်။ ဒါပေမဲ့ စစ်ရေးအရ အောင်နိုင်မှုမဟုတ်ဘဲ စစ်ကော်မရှင် ယန္တရားတစ်ခုလုံးရဲ့ ကျင့်ဝတ်နဲ့ လူသားဆန်မှုကင်းမဲ့တာကို ကမ္ဘာသိအောင် ကြေညာလိုက်တာပဲဖြစ်တယ် ” ဟု မှတ်ချက်ပြုသည်။

    ထို့အပြင် မြန်မာ့ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ကမ္ဘာ့စစ်ရေးကျင့်ဝတ်အရသော်လည်းကောင်း ကွယ်လွန်သူ၏ အလောင်း သို့မဟုတ် ဂူဗိမာန်ကို စော်ကားခြင်းမှာ အနိမ့်ကျဆုံးသော အပြုအမူဖြစ်ပြီး၊ ဤလုပ်ရပ်ကြောင့် စစ်ကော်မရှင်သည် နိုင်ငံတကာမျက်နှာစာတွင်လည်း ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပိုမိုအထီးကျန်သွားစေမည်ဖြစ်ကြောင်း လေ့လာသူများက သတိပေးထားသည်။

    ဤစော်ကားမှုအပေါ် ပြည်သူလူထုကလည်း အကြီးအကျယ် ခံပြင်းဒေါသထွက်လျက်ရှိပြီး ယင်းလုပ်ရပ်သည် တော်လှန်ရေးအင်အားစုများကို စိတ်ဓာတ်ကျဆင်းစေမည်မဟုတ်ဘဲ စစ်တပ်အပေါ်ထားရှိသည့် အမုန်းတရားကိုသာ ပိုမိုမီးမွှေးပေးလိုက်ခြင်းဖြစ်ကြောင်း ဆိုကြသည်။

    ပြည်သူတစ်ဦးက “ကျုပ်တို့နိုင်ငံမှာ လူသေကို စော်ကားတာထက် ယုတ်ညံ့တာ မရှိတော့ဘူး။ အုတ်ဂူတွေကို ခြေထောက်နဲ့ နင်းလို့ရပေမဲ့ ပြည်သူ့ရင်ထဲက တော်လှန်ရေးစိတ်ဓာတ်ကိုတော့ သူတို့ ဘယ်တော့မှ နင်းခြေနိုင်မှာ မဟုတ်ပါဘူး။ ကွယ်လွန်သူကိုတောင် မရိုသေတဲ့ အဖွဲ့အစည်းဟာ သက်ရှိထင်ရှားရှိနေတဲ့ ပြည်သူတွေကို ဘယ်လောက်အထိ ညှဉ်းပန်းနှိပ်စက်မလဲဆိုတာ ပိုပြီး ထင်ရှားစေပါတယ်” ဟု ခံပြင်းစွာ ပြောဆိုခဲ့သည်။

    အလားတူပင် လူမှုကွန်ရက် အသုံးပြုသူ ပြည်သူများကလည်း ကျော်စိုးဦး၏ လုပ်ရပ်သည် စစ်ကောင်စီ၏ “ကိုယ်ကျင့်တရား ကျဆုံးခန်း” ကို သက်သေပြလိုက်ခြင်းဖြစ်ကြောင်းနှင့် တော်လှန်ရေးအတွက် အသက်ပေးသွားသည့် ရဲဘော်များအတွက် ပိုမိုတန်ဖိုးထား ဂုဏ်ယူရကြောင်း တညီတညွတ်တည်း ဖော်ပြလျက်ရှိသည်။

    “သူတို့တွေရဲ့ မိုက်ရိုင်းစော်ကားမှုတွေကို ကျတော်တို့ ဘယ်တော့မှ မမေ့ပါဘူး။ တော်လှန်ရေးကြီးပြီးသွားရင် သူတို့ကို တရားစီရင်မှာဖြစ်တယ် ” ဟု အညာဒေသမှ နိုင်ငံရေးမှူးတစ်ဦးက ပြောသည်။

    စစ်တပ်လော်ဘီ ကျော်စိုးဦး၏ လုပ်ရပ်သည် ရန်သူကို အနိုင်ရခြင်းမဟုတ်ဘဲ မိမိတို့၏ အောက်တန်းကျမှုကို ထင်ဟပ်စေသည့် လုပ်ရပ်သာ ဖြစ်ကြောင်း ပြည်သူများက ဆိုသည်။

    ယခုကဲ့သို့ စစ်တပ်လော်ဘီများ၏ လုပ်ရပ်များကြောင့် တော်လှန်ရေးအင်အားစုများ၏ စိတ်ဓာတ်သည် ယိုင်နဲ့သွားမည်မဟုတ်ဘဲ အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ပိုမိုပြင်းထန်သော စိတ်ဓာတ်များဖြင့် ဆက်လက်ချီတက်သွားကြမည်ဖြစ်ကာ၊ အုတ်ဂူတစ်ခုကို ဖျက်ဆီးနိုင်သော်လည်း ခိုင်မာနေသည့် ပြည်သူ့ဆန္ဒနှင့် တော်လှန်ရေးအရှိန်အဟုန်ကိုမူ မည်သည့်စော်ကားမှုဖြင့်မျှ တားဆီးနိုင်မည်မဟုတ်ကြောင်း တော်လှန်ရေးရဲဘော်များက ဆိုသည်။

    ကြောင်စအိုရဲ့ လုပ်ရပ်အတွက် တနေ့ပြန်ပေးဆပ်ရမှာပါ။

    အရှင်မိဖို့ အရေးကြီးပါတယ်။

    ဘဝမှာ ရှေ့ဆက်ရမည့် ခရီးက ရက်ပေါင်းတွေအများကြီးပါ။

    ကြားထဲမှာ မြန်ဆန်တဲ့ အပြောင်းအလဲတွေမဖြစ်နိုင်ဘူး ဘယ်သူမှ ပြောမရပါဘူး။

    ကမ္ဘာ့အဆင့် ၃၈ ရှိတဲ့ စတန်း dead အာမီကြီးကို တဖြုတ်ဖြုတ်ခြွေနေတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ လက်ထဲမှာ နိုင်ငံရဲ့ ကံကြမ္မာအလှည့်အပြောင်းတွေရှိပါတယ်။

    TNLA ရဲ့ ပလောင် အုပ်ဂူတွေမှာလည်း တရုတ်ပြည်ကနေ ဝယ်လာတဲ့ ဖိနပ်နဲ့ နင်းခဲ့၊ သေးနဲ့ပန်းခဲ့ကြောင်း ထပ်လောင်းစိန်ခေါ်သွားတာဆိုတော့ TNLA အနေနဲ့ စစ်ခွေးနဲ့ မြို့ပြန်ပေး၊ အပစ်ရပ်ပေးခဲ့တဲ့ ရလာဒ်နဲ့ နာကျည်းမှုရှိပေမဲ့ အောင့်သက်သက်လောက်ပဲ ထင်ပါတယ်။

    လူဆိုတာက ကိုယ်တိုင်ရေးတဲ့ သမိုင်းတွေရှိပါတယ်။

    အဲ့ဒီသမိုင်းတွေမှာ အသေဆိုးနဲ့ သေရမည့်ပုံရိပ်တွေရှိပါတယ်။

    စစ်ခွေးလော်ဘီ ၅ ကောင် မတ္တရာဘက်တက်ပြီး ဝါဒဖြန့်တာ လုပ်ရိုးလုပ်စဥ်ဆိုပေမဲ့ ကြောင်စအိုရဲ့ လုပ်ရပ်ကြောင့် အားလုံးကို အရှင်ဖမ်းမိဖို့ လိုလာပါပြီ။

    တဘက်မှာ ကျဆုံးပြီးသွားတဲ့ တော်လှန်ရေး ရဲဘော်တွေရဲ့အုပ်ဂူတွေကို ဖြိုဖျက်ခံရတာဟာ သိပ်ကိုမိုက်ရိုင်းလွန်းတယ်ဆိုပေမဲ့ စစ်ရှုံးရင် အခုလိုတင်မက အဲ့ဒီထက်ဆိုးတာတွေ အလုပ်ခံရမယ်ဆိုတာ လက်ခံထားရဖို့ရှိပါတယ်။

    ကျော်စိုးဦးရဲ့အသိုက်

    ကျော်စိုးဦး၏ မိုက်မဲသောလုပ်ရပ်ကြောင့် ၎င်းမိသားစုဝင်များပါ ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။

    ကျော်စိုးဦးသည် မီဒီယာအလုပ်အပြင် ဗုံမလေး တံဆိပ်ဖြင့် သနပ်ခါးခဲ လုပ်ငန်းလည်း လုပ်ကိုင်ကြောင်း သိရှိရပြီး ၎င်းတို့ကိုင်ဆောင်အသုံးပြုသောဖုန်းနံပါတ် 09420192117 မှာ ယခုအခါ စက်ပိတ်ထားရပြဖြစ်ကြောင်း သိရှိရသည်။

    သတင်းသမားဖြစ်ပြီး အဲ့လောက်အစွန်းရောက်ရလား ကျော်စိုးဦးရယ်။

    အချိန်တန်လို့ နိုင်ငံရေးပြေလည်သွားရင်တောင် မင်းလုပ်ရပ်က ခွင့်လွှတ်နိုင်စရာမရှိဘူး။

    ပြည်သူဆိုတာ ယုတ်မာနိမ့်ကျတဲ့လူကို ရွံရှာကြတာ အနီဖြစ်လို့ အစိမ်းဖြစ်လို့ မခွင့်လွှတ်နိုင်စရာမရှိဘူး

    အောက်တန်းကျတဲ့ လုပ်ရပ်တွေလုပ်ခဲ့သူကို ပြည်သူက နာကျည်းမုန်းတီးမှာ ။

    Nat Min Thar

    “ဒီတစ်ခါဆိုရင် (PDF) အုပ်ဂူတွေကို တက်နင်းရုံတင်မကဘူး (သေး)နဲ့ပါ ပန်းမယ်ဆိုပြီး တော်လှန်ရေး အဖွဲ့တွေကို Live လွင့်ပြီး စိန်ခေါ်သွားတဲ့ မအလ ဘောမ(ကျော်စိုးဦး)ရဲ့ ရုပ်သံ”😡

    အသဲကောင်းလို့ပွဲတောင်းနေပြီ ညီအကိုတို့👎