Category: News

  • မြန်မာကို ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် Basel Institute on Governance​ ဖော်ပြ

    မြန်မာကို ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် Basel Institute on Governance​ ဖော်ပြ

    မြန်မာနိုင်ငံဟာ ကမ္ဘာ​ပေါ်မှာ ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးလို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Basel Institute on Governance က ထုတ်ပြန်ပါတယ်။

    ကမ္ဘာတစ်ဝန်းနိုင်ငံ​ပေါင်း ၁၇၇ နိုင်ငံထဲမှာ မြန်မာက အန္တရာယ်အရှိဆုံး အဆင့် နံပါတ် ၁ နေရာမှာရှိ​နေတာပါ။

    ဟေတီနဲ့ ကွန်ဂို နိုင်ငံ က ဒုတိယ နဲ့ တတိယအဆင့်လို့ ဒီဇင်ဘာ ၉ ရက်နေ့ထုတ် Basel AML Index 2025 အစီရင်ခံစာမှာ ဖော်ပြပါတယ်။

    ငွေကြေး အကျိုးခံစားသူ အမည်ဖော်ပြမှု မလုံလောက်တာ၊အခွန်နဲ့ငွေကြေး စည်းမျဉ်းတွေ အားနည်းတာတွေကဆိုးရွားလာတဲ့ ငွေကြေးစံနှုန်းတွေလို့ အသိပေးပါတယ်။

    ဒါ့အပြင် ပိုင်ရှင်မသိရတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို အသုံးပြုတဲ့နည်းလမ်းတွေတိုးလာနေတာကလည်း အထူးစိုးရိမ်စရာလို့ ဆိုပါတယ်။

    အဲဒီအချက်အလက်တွေအပြင်အခြေခံအ ကြောင်းအရာ ၁၇ ချက်ကို စစ်တမ်းမှာ ထည့်သွင်းစိစစ်ဖော်ပြထားတာ တွေ့ရပါတယ်။

    အထူးသဖြင့် နိုင်ငံရေးနဲ့ ဥပဒေ အန္တရာယ်တွေ ရဲ့ အကျိုးဆက် အဖြစ် လွတ်လပ်မှုမရှိတဲ့ တရားစီရင်မှုတွေကနေတဆင့် ငွေကြေးခဝါချတာကို ဖုံးကွယ်နေတယ်လို့ ဆိုပါတယ်။

    နောက်ပြီး နည်းပညာဆိုင်ရာ ငွေကြေးရာဇဝတ်မှုတွေ နဲ့ အချိန်တိုအတွင်း နယ်စပ် ဖြတ်ကျော် ငွေကြေး လွှဲပြောင်းနိုင်တာတွေကလည်း ငွေကြေးခဝါချမှုအတွက်လွယ်ကူနေတာလို့ဖော်ပြပါတယ်။

    Basel AML Index 2025 ရဲ့နိုင်ငံအလိုက် စိစစ်မှု အမှတ်အဆင့်သတ်မှတ်ချက်တွေမှာ အန္တရာယ်နည်းတာကို ၄ ဒသမ ၇ အောက်၊အလယ်အလတ်ကို ၄ ဒသမ ၇ ကနေ ၆ ဒသမ ၀၈ နဲ့ အန္တရာယ်ရှိတာကို ၆ ဒသမ ၀၈ အထက်လို့ သတ်မှတ်တာပါ။

    အဲဒီအဆင့်သတ်မှတ်မှုတွေအရ မြန်မာနိုင်ငံရဲ့ရမှတ်က ၈ ဒသမ ၁၈ အထိရှိနေတာလို့ စစ်တမ်းက အသိပေးပါတယ်။

    Basel Institute on Governance ကို ဆွစ်ဇာလန် နိုင်ငံ၊ဘေဆယ်မြို့မှာ ၂၀၀၃ ခုနှစ်ကစတည်ထောင်ခဲ့ပြီးတဲ့နောက် နိုင်ငံတကာငွေကြေးရာဇဝတ်မှုတွေ နဲ့ လိမ်လည်မှုတွေနဲ့ပတ်သက်ပြီး နှစ်စဥ် အစီရင်ခံ စာတွေ ထုတ်ပြန်နေတာဖြစ်ပါတယ်။

    Basel AML Index 2025 စစ်တမ်းနဲ့ပတ်သက်ပြီးစစ်ကောင်စီက ဒီဇင်ဘာ ၁၁ ရက်က ကန့်ကွက်ထားပါတယ်။

    Basel Institute on Governance အနေနဲ့ နိုင်ငံတကာငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ (FATF) လိုမျိုး ခိုင်မာတဲ့ နိုင်ငံတကာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ Methodologyတွေချမှတ်ပြီး အကဲဖြတ်ဆောင် ရွက်ခဲ့တာ မတွေ့ရဘူးလို့ စစ်အုပ်စုကဆိုပါတယ်။

    ဒါပေမယ့် FATF ကလည်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစလို့ ၂၀၂၅ခုနှစ်အထိ မြောက်ကိုရီးယား၊ အီရန် နိုင်ငံ နဲ့အတူ မြန်မာနိုင်ငံကိုအမည်ပျက်စာရင်း(Black Lists)စာရင်းသွင်းထားပါတယ်။

    စီးပွား​ရေး ပညာရှင် ​ရှောင်တားနားက “အလွန်​တော်တဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီး​တွေပါ ။ ခင်ဗျားတို့ကအခုဆိုရင် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး နံပါတ် ၁ နိုင်ငံ ဖြစ်​အောင် လုပ်လိုက်ကြပြီ” လို့​ ​ဖေစ်ဘွခ်မှာရေးသားထားပါတယ်။

  • အမေကိုRapeလုပ်တဲ့အပြင်ကလေးတွေကိုလည်းရို-က်ခဲ့တဲ့မြင်ကွင်းကစိတ်ထိခိုက်တယ်

    အမေကိုRapeလုပ်တဲ့အပြင်ကလေးတွေကိုလည်းရို-က်ခဲ့တဲ့မြင်ကွင်းကစိတ်ထိခိုက်တယ်

    “အမေဖြစ်သူကို အဓမ္မပြုကျင့်ရုံတင်မကဘူး၊ နောက်ကျောကို ဓားနဲ့ အချက်များစွာထိုးပြီး လည်ပင်းကိုလည်း လှီး ထားသေးတယ်။

    ပြီးတော့ သေပြီအထင်နဲ့ ချောက်ထဲပြစ်ချခဲ့တယ်။ ပြီးမှ (၈) နှစ်အရွယ်သားလေးကိုလည်း တုတ်နဲ့ ထုထားတာထင်တယ်။

    ကျွန်တော်တို့တွေ့တော့ အစာတောင်ပါးစပ်ဝမှာဆို့နေတယ်။

    အခုဆေးရုံမှာ ဦးနှောက်က သွေးခဲနေပြီး ကယောင်ကတမ်းတွေနဲ့ မေမေ့ကိုမလုပ်ပါနဲ့ သားကြောက်တယ် ဆိုပြီး အော်နေတယ်။

    (၃) နှစ်အရွယ်သမီးလေးကိုလည်း တုတ်နဲ့ထုထားပုံရတယ်။

    အိမ်ပေါ်လေးမှာ သွေးတွေနဲ့ နောက်စေ့မှာချုပ်လိုက်ရတယ်။

    လက်လုပ်လက်စားမိသားစုဘဝလေးမို့ မေမေခိုင်ကို ကူညီပေးပါအုံးလို့ပြောကြားရင်းဖြင့်”

    ရိုးသားစွာလုပ်ကိုင်စား​သောက်နေတဲ့ သားအမိ (၃) ယောက်ရဲ့မတွေးရဲစရာအဖြစ်ဆိုးကြီးနဲ့ ကျူးလွန်သူ ရာဂသမား တို့အကြောင်းပြောပြလာသူ ကိုဝေလင်း နှင့် မအေးသန္တာ

    “မွေးထားတဲ့ သားတွေ၊သမီးတွေကို ငယ်ငယ်ကတည်းက အခုအိမ်ထောင်ကျတဲ့အထိ လက်နဲ့တု-တ်နဲ့တောင်မရွယ်ပဲ အလိုလိုက်ချစ်ပေးခဲ့တာပါ။အခုလိုလူမဆန်တဲ့လုပ်ရပ်နဲ့ လုပ်သွားတော့ စကားအများကြီးမပြောတတ်ဘူး။ တွေ့တဲ့နေရာမှာ that ပစ်ချင်တယ်”

    ရိုးသားစွာလုပ်ကိုင်စား​သောက်နေတဲ့ သားအမိ (၃) ယောက်ရဲ့မတွေးရဲစရာအဖြစ်ဆိုးကြီးနဲ့ ကျူးလွန်သူ ရာဂသမားအပေါ် ဖခင် ဦးကြာဌေး ၏ရင်ထဲမှ ကြေကွဲဖွယ်

    အမေကို Rape လုပ်တဲ့အပြင် ကလေးတွေကိုလည်း ရိုက်ခဲ့တဲ့မြင်ကွင်းက စိတ်ထိခိုက်တယ်

    “ကလေးတွေကိုဒီလိုကြီးရက်ရက်စက်စက်မလုပ်သင့်သလို ကျောင်းတွေလည်းပျက်ရ ဆေးရုံကဆင်းရင်တောင် အကောင်းပကတိ ဖြစ်နိုင်တော့မှာမဟုတ်ဘူး။ အဲ့အတွက်ကြောင့် သူ့အပေါ်စွပ်စွဲထားတဲ့ အချက်တွေအားလုံး ထိရောက်စွာအရေးယူပေးစေချင်တယ်။ ကလေးရဲ့ အနာဂတ်တွေအတွက်လည်းမေမေခိုင့်ကိုအကူညီထပ်တောင်းပါရစေ”

    ဆိုတဲ့ တွံတေးမြို့နယ် ထော်သိုအုပ်စု အလံအုပ်ကျေးရွာ တာဝန်သိ တာဝန်ရှိရပ်မိရပ်ဖများနှင့်ခဏတာ

    တစ်ခါမှမရို-က်ရက်ခဲ့ဖူးတဲ့သမီးကမတရားပြု-ကျ-င့်ခံရတော့စိတ်ထဲနေလို့မကောင်းဘူး

    Rape လုပ်သွားတဲ့ကောင်ကို အမှူတွေအကုန်ကျစေချင်တဲ့ရပ်မိရပ်ဖများ

    အမေကိုRapeလုပ်တဲ့အပြင်ကလေးတွေကိုလည်းရို-က်ခဲ့တဲ့မြင်ကွင်းကစိတ်ထိခိုက်တယ်။

    Video by STUN

  • တပင်လဲလို့တပင်ထူဦးမယ်ဆိုတဲ့ မိခင်များသို့…..

    တပင်လဲလို့တပင်ထူဦးမယ်ဆိုတဲ့ မိခင်များသို့…..

    မုန့်ခိုးစားလို့ဆိုပြီး ပ-ထွေးက မယားပါသား 6 နှစ်အရွယ်က-လေးရဲ့ပါးစပ်ကို သရေကွင်းနဲ့အကြိမ်ရေမနည်းပ-စ်တဲ့အပြင် ပါး-ကိုပါ ထပ်ရို-က်နေတဲ့ Video ဖိုင်ကို က-လေးရဲ့အမေကိုယ်တိုင် ဆိုရှယ်ပေါ်တင်ခဲ့ပါတယ် ။

    ပ-ထွေးက ကိုယ့်ရဲ့သားကို ဒီလောက်ထိ လုပ်နေတာကို နင်ဘာကြောင့် မပြော၊ မတားတာလဲ မေးကြတော့ သူတို့သားအမိဟာ ခုလက်ရှိယောင်္ကျားအိမ်မှာ မှီခိုနေ နေရတာမို့လို့ သူ့မှာလဲ တားပိုင်ခွင့် ပြောပိုင်ခွင့်မရှိဘူးတဲ့လေ 🙄

    ဒါတောင် ဒီယောင်္ကျားနဲ့ နောက်ထပ် ကလေးတစ်ယောက်ထပ်ယူဖို့စီစဉ်နေတဲ့အပြင်၊ အပြင်မှာ လက်ရှိ ကလေး 6 ယောက်အမေပါတဲ့။

    အပြင်က ကလေးကိုတောင် ကာကွယ်ပေးမနိုင်တဲ့အမေက ဒီလင်သစ်နဲ့ နောက်ထပ် ကလေးတစ်ယာက်ထပ်ယူအုံးမယ်တဲ့လေ 🤔

    နောက်ဆုံး ပရဟိတ အသင်းက ဒီသတင်းကိုတွေ့ပြီး က-လေးကို လာရောက်ခေါ်ဆောင်သွားကြပြီးပ-ထွေးအားက-လေးသူငယ်-ညှင်း-ပန်းနှိ-ပ်စက်မှုနဲ့ အမှုဖွင့် တိုင်ကြားထားပါတယ်

    က-လေးကိုမေးတော့ ပ-ထွေးက ဒီလိုလုပ်နေတဲ့အချိန် ဘာလို့မငိုတာလဲ မေးတော့ ငိုရင် ပိုဆိုး ပိုလု-ပ်လို့ အသံမထွက်ရဲဘူးလို့-ကလေးကပြောပါတယ်

    ဒီလုပ်ရပ်ဟာလဲ ပထမဆုံးအကြိမ်မဟုတ်ပါဘူးလို့လဲ ကလေးကပြောပါသေးတယ်။

    ဒီVideo ဖိုင်ဟာဆိုရှယ်ပေါ်ပျံ့နှံ့သွားတာကြောင့် ပ-ထွေးဆိုတဲ့လူလုပ်တဲ့အလုပ်ရှင်ကလည်း အဲဲလူကို အလုပ်က ထုတ်လိုက်ပါပြီး တဲ့ ….

    ဖြစ်သင့်ပါတယ် ဒီလိုပ–ထွေးမျိုး က-လေး-သူ-ငယ် ညှင်း-ပန်းနှိပ်-စက်-မှုနဲ့ ထော-င်-ပါ ချသင့်တယ် ….

  • မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ

    မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ

    ရှမ်းပြည်နယ် – မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

    ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညနေပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အနီးတစ်ဝိုက်ကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

    “မနေ့က မိုးကုတ်ဆေးရုံနဲ့ အနီးတစ်ဝိုက်ကို ကြဲသွားတာဗျ။ ထိခိုက်သေဆုံးတာမျိုးတော့ အတိအကျ မသိဘူး။ ၆ လုံးချတယ်လို့လည်း ပြောတယ်။ အခုမနက်လည်း ညောင်သုံးပင်နားနဲ့ အုန်းကိုင်းရွာသစ်ဘက်မှာ ပစ်ခက်တဲ့ အသံကြားတယ် အတိအကျတော့ မသိရသေးဘူး”ဟု မိုးကုတ်မြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦး‌က ပြောသည်။

    အလားတူ ယနေ့ (ဒီဇင်ဘာလ ၁၂ ရက် ) နံနက်ပိုင်းတွင် မိုးကုတ်မြို့ပြင် အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    လက်ရှိတွင် စစ်ကော်မရှင်တပ်ဖွဲ့မှ ပြင်ဦးလွင်- မိုးကုတ်၊ မိုးကုတ်- မိုးမိတ်လမ်းပိုင်းကိုပြန်လည် ထိန်းချုပ်ထားပြီး မိုးကုတ်မြို့၏ အနီးဝိုက်ရှိ နေရာများကို တောလှန်ရေးအင်အားစု PDF တပ်ဖွဲ့တို့ ထိန်းချုပ်ထားပြီး စစ်ကော်မရှင်တပ်နှင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှု ရှိနေကြောင်း သိရသည်။

    ပြီးခဲ့သည့် (နိုဝင်ဘာလ ၂၉ ရက်)မှ စတင်ပြီး မိုးကုတ်မြို့နှင့် မိုးမိတ်မြို့များသို့ စစ်ကော်မရှင်တပ် အင်အားထောင်နှင့်ချီ TNLA လုံခြုံရေးဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ပြီး မြို့သိမ်းတိုက်ပွဲများတွင် အတူပါဝင် တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များမှာ မြို့ပြင်ဘက် ဆုတ်ခွာခဲ့ရသည်။

    မိုးကုတ်နှင့် မိုးမိတ်မြို့များမှ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဆုတ်ခဲ့ပြီးနောက် နိုဝင်ဘာလ (၃၀) ရက်တွင် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များ တပ်စွဲထားသည့် မိုးကုတ်အနောက်ပိုင်း မြို့ပြင်နေရာများအထိ စစ်ကော်မရှင်ဘက်မှ တပ်စခန်းအခြေစိုက်ရန် လုပ်ဆောင်လာခြင်းကြောင့် PDF တပ်ဖွဲ့များနှင့် နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။

    ပုံစာ-စစ်ကော်မရှင်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံအနီး တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် (Photo Credit:)

  • ဆုံကုန်းအမြောက်တပ်ကို အင်အား ၆၀၀ ခန့် ပို့

    စစ်မှုထမ်းသစ်များ ထွက်မပြေးနိုင်ရန် စောင့်ကြည့် အဖွဲ့ကိုပါ စီစဉ်ထား

    ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းအစပ်ရှိ နတ်ရေကန်ဗျူဟာကို စစ်ကူပို့ရန်အတွက် အင်အား ၆၀၀ ခန့်ရှိ စစ်ကော်မရှင်ယာဉ်တန်းကို ပဒါန်းရှိဆုံကုန်းအမြောက် တပ်အတွင်း စုစည်းခိုင်းထားကြောင်း သိရသည်။

    အင်အားအပြည့်ပါသော စစ်ယာဉ်တန်း ၂၈ စီးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့က မကွေး တံတားကိုဖြတ်ပြီး အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ-၉၀၅ အတွင်းသို့ ဝင်ရောက်သွား ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    “ရိက္ခာသယ်လာတဲ့ယာဉ်တွေကိုပါ ဇင်ပြွန်းဘက်ကို ဆက်တိုက်ပို့တယ်။ ယာဉ်တန်းတွေ ထွက်လာ ချိန်ဆိုရင် အမြောက်တပ်ကနေ အတွဲလိုက်ဒုံးတွေနဲ့ ဆက် တိုက်ပစ်ပေးနေတယ်။ တပ်သားသစ်တွေ ထွက်ပြေးတာများလို့ စောင့်ကြည့်အဖွဲ့တွေကိုပါ လွှတ်ထားတယ်လို့ သိရတယ်”ဟု စစ်ရေးသတင်းရင်း မြစ်က ပြောသည်။

    စစ်ယာဉ်တန်းများအတွင်း လိုက်ပါလာသည့် တပ်ဖွဲ့ဝင်အများစုသည် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ စကခ-၁၇ ၏ လက်အောက်ခံတပ်ရင်းများဖြစ်ပြီး စစ်မှုထမ်းတပ်သားသစ်အများစု ပါဝင်ကြောင်း သိရသည်။

    စစ်ယာဉ်တန်းအတွင်းရှိ စစ်သုံးကားကြီး ၂၂ စီးတွင် အင်အားအပြည့် ခန့်မှန်း ၆၀၀ အထက်ပါရှိနိုင်ပြီး ကျန်သည့် စစ်ကား ခြောက် စီးတွင် ရိက္ခာနှင့်ခဲယမ်းအပြည့် တင်ဆောင်လာကြောင်း သိရသည်။

    ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွင်လည်း ပျဉ်းဝဂိတ်မှတ်တစ်ဆင့် လမ်းသစ်အတိုင်း စပ်ဆီကျေးရွာ အတွင်း စစ်ယာဉ်တန်း လေး စီး ပို့ဆောင်လိုက်ကြောင်း သိရသည်။

    ပဇီကျေးရွာလမ်းဟောင်းဘက်မှလည်း စစ်ယာဉ်တန်း သုံး စီးကို နတ်ရေကန်ဘက်သို့ စေလွှတ်ခဲ့ပြီး ပျဉ်းဝစစ်ဆေးရေးဂိတ်ကို စစ်ယာဉ်တန်းများ ဖြတ်ကျော်ချိန်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ထို့ပြင် နတ်ရေကန်ဘက်သို့ စစ်ကူပို့လိုက်သည့် စစ်ကြောင်းများမှ တပ်သားသစ်များထွက်မပြေးနိုင်ရန် စောင့်ကြည့်သည့်အဖွဲ့ကိုပါ စစ်ကော်မရှင်က စီစဉ်ထားရကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

    စစ်ကော်မရှင်က နတ်ရေကန်ဗျူဟာကုန်းတွင် နောက်ဆုံးကျန်၍ ပိတ်မိနေသည့် စစ်ကော်မရှင်တပ် များနှင့် ချိတ်ဆက်နိုင်ရန် စစ်ကူများကို ဆက်တိုက်ပို့ဆောင်နေပြီး AA နှင့်ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်သည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

    ပုံစာ-စစ်ကော်မရှင်တပ်ယာဉ်တန်း (ပုံဟောင်း)