Category: News

  • လင်းယုန် အစာကောက်ပြီ

    လင်းယုန် အစာကောက်ပြီ

    ” လင်းယုန် အစာကောက်ပြီ ”

    တျုတ်က ဖြဲခြောက်နေတဲ့ လျက်စစ်သံလိုက်စက်ကွင်း အသံလှိုင်းလနက် (Sonic Weapon) ကို အမေရိကန်က ဗင်နီဇွဲလား စစ်ဆင်ရေးမှာ အသုံးပြုပြပြီး

    သူ့ဆီမှာ ဘာလနက်ရှိကြောင်း ဒါကြောင့် မိနစ်ပိုင်းအတွင်းမှာပဲ မာဒူရိုကို ဖမ်းဆီး ခေါ်ထုတ်သွားနိုင်ကြောင်း မက်ဆေ့ပေးလိုက်တာ တျုတ်ကြီး ငြိမ်ကျသွားတာပဲ

    ဒါကြောင့်နဲ့ ကျားဖျန့် ရှင်းလင်းရေးအတွက် ထိုင်းကို စစ်ရေးဆိုင်ရာ ပစ္စည်းတွေအပါ၀င် ဒေါ်လာ ၉၂ သန်းဖိုး ထောက်ပြလိုက်တော့ ထိုင်းက ကမ္ဘောဒီးယားစစ် ပြန်စမယ်လို အသံထုတ်ပြထားတာကို

    အမေရိကန် ထရန့်ကြီး မကန့်ကွက်တော့သလို ဒီအခြေနေတွေကို ရိပ်စားမိနေလို့ ကျားဖျန့်ဂိုဏ်းချုပ်ကို ဟွန်ဆန်က တျုတ်ကိုပေးပြီး ခမာမြေထဲကနေ ပထုတ် ခေါ်ထုတ်သွားတာပဲ မဟုတ်ရင် Sonic Weapon အသုံးပြုပြီး မာဒူရိုကို ဖမ်းသလိုမျိုး ကျားဖျန့်ဂိုဏ်းချုပ်ကို စိသွားရင် တျုတ်ကြီး ဒုက္ခရောက်ပြီလေ

    ဒီအတွက် အတွင်း သတင်းတွေအရ US ခြေမလှမ်းခင် တျုတ်ကြီး လက်ဦး ကြိုရှင်းနေတာတွေက ခုမှ ချိတ်ဆက်တွေ မိလာတာ ဒီတော့ ထိုင်၀မ်သိမ်းအိပ်မက်တောင် ထရန့်ကြောင့်ရော နိီပွန်ကြီးကြောင့်ရော ပျက်လုနီးပါး ဖြစ်နေပါပြီ

    ခု နီပွန်ကြီးက ထိုင်၀မ်ထိရင် စစ်ရေးအရ ၀င်ပါမှာလို့ ဒဲ့ပြောထားသလို တျုတ်သံအမတ်တောင် မောင်းထုတ်ပြီး အမြင့်ဆုံးတပ်လှန့်ပြထားတယ် ဒီတော့ တျုတ်ဟာ သူ့ထွက်ပေါက်အတွက် ထိုင်၀မ်ရော မြန်မာ ကမ္ဘောဒီးယားထဲက ကျားဖျန့်အရေးတွေပါ ချောင်ပိတ်ကုန်လို့ မြစ်ဆုံနဲ့ ဖောက်ထွက် ကစားဖို့ ကြံလာချိန်မှာ

    NUG မှလည်း သိလို့ ကြိုပြီး “တ-ရုပ်နှင့်မြန်မာစစ်တပ် ပူးပေါင်းလုပ်ဆောင်မည့် ရေအားလျှပ်စစ်စီမံကိန်း ဧရိယာဒေသဖြစ်သော ဧရာ၀တီမြစ်ဆုံကို သဘာ၀ အမွေအနှစ် ဒေသအဖြစ် ကြေညာလိုက်ပြီး မည်သည့်စီမံကိန်းမှ မလုပ်ရန် စီမံကိန်းများပြုလုပ်ရင် အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ သတိပေး တားမြစ်မိန့် ထုတ်ပြန်” ဆိုပြီး အသိပေး ကြေငြာလိုက်တယ်

    ဆိုတော့ တျုတ်ကြီး ဒီဘက်မှာ ကစားကွက် ပျောက်သလို ဖြစ်နေပြီ မအလကလည်း အခြေနေ မဟန်တော့ဘူး ဒီအချိန်မှာ ထရန့်ကြီး ဂရင်းလန်းကျွန်းလိုချင်လို့ဆိုပြီး နေတိုးနဲ့ ထိပ်တိုက်တွေ့ပြီး ခွာမပြဲစေချင်ဘူး ဘာကြောင့်ဆိုတော့ တျုတ်အကြိုက် ဖြစ်သွားမှာစိုးလို့ ဖြစ်တယ်

    ဒီအချိန် တိုက်တိုက်ဆိုင် ကော်သူလေးနိုင်ငံနဲ့ နဂါးကေ့တွေဟာ ချိန်ကိုက်နဲ့ တျုတ် မအလအတွက် ကစားကွက် အသစ်တွေကို ဖန်တီးပေးနေသလို ဖြစ်စေတယ် ဒီအချက်ကို စောနယ်ဒါးမြဟာ ကော်သူလေးနိုင်ငံနဲ့ပါတ်သက်ပြီး ပြည်သူတွေကို မှတ်ပုံတင် အသစ်ထုတ်ပေးမယ်တို့ ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး တျုတ်ကို ဈေးခေါ် ကစားနေပြီး တန်ပိုကို တဆင့်ပြီးတဆင့် အမြင်ဆုံး ဆွဲခေါ်ပြီး သူ့ဆီကို အာရုံရောက်အောင် ဖန်တီးနေတာကို တွေ့ရတယ်

    ဒါဟာ သူတို့ကို အသိမှတ်ပြုအောင် အသံထွက် အလုပ်ပြနေတဲ့အပြင် နိုင်ငံတကာမီဒီယာတွေမှာ အမြဲ နေ့စဉ် UP Date သတင်းဖြစ်နေအောင် တရား၀င်အောင် ပြည်သူပါ စည်းရုံးပြီး နိုင်ငံရေး marketing ဆင်းနေတဲ့ သဘောပါပဲ သို့မှ တော်လှန်ရေး အသံထက် ကော်သူလေးအသံပိုထွက်ပြီး NUG PDF နဲ့ ပြည်သူ့တော်လှန်ရေးဟာ အရေးမပါတော့ဘူးဟန်ဖြစ်အောင် ပုံဖော် ဖန်တီး အာရုံလွှဲနေတာပဲ ဖြစ်တယ်

    ဒါ့အပြင် မအလ စကစကလည်း အသံမထွက် မကန့်ကွက် ပြသနာမရှာပဲ ငြိမ်ကြည့် မျှောပြီး လွှတ်ပေးထားခြင်းဟာ နိုင်ငံတကာ အမြင်မှာ စစ်တပ် မရှိရင် မဖြစ်ဘူး ခုလို နိုင်ငံပြိုကွဲတဲ့အထိ ဖြစ်လာလိမ့်မယ် ဒါကြောင့် သူတို့ရွေးကောက်ကို လက်ခံပြီး စစ်တပ်ကို မပြိုကွဲအောင် ကူညီပါ ရွေးကောက်ခံအစိုးရကို အသိမှတ်ပြုကြပါ

    နိုင်ငံမှာ NUG PDF ကြောင့် ဒီလိုဖြစ်နေ၍ လက်မခံပဲ အကြမ်းဖက် သက်မှတ်ပေးကြပါဆိုပြီး နိုင်ငံရေး အမြတ်ထုတ်နေတာကို တွေ့ရတယ် ဒါကြောင့် ခု ဖြစ်စဉ်တွေဟာ မရိုးသားပဲ စောနယ်ဒါးမြဟာ တျုတ်စနက်နဲ့ မအလနဲ့ လက်ဝါးရိုက်ပြီး တော်လှန်ရေး ပျက်ပြားအောင် အပေးယူနဲ့ လုပ်ဆောင်နေသလားဆိုတာ စောင့်ကြည့်ကြရမှာပဲဖြစ်တယ်

    အကြောင်းက ကော်သူလေး နိုင်ငံထူထောင်မှုဟာ တရားမ၀င်သေးသလို ဖြစ်လာချေ နည်းပါးမှုကြောင့် ဖြစ်တယ်သေချာတာက မြန်မာ့အရေးမှာ စောနယ်ဒါးမြပါ ၀င်မွှေကစားပြီး ပါ၀င်လာနေခြင်းနောက်ကွယ်မှာ ဘယ်သူတွေကြောင့်လဲ တျုတ် ထိုင်း မအလ သူတို့နဲ့ မလွတ်ကင်းတာတော့ သေချာတယ်ဟု ယူဆမိတယ်

    ဘာကြောင့်ဆိုတော့ ခုနေ KNU သာ အဲလို နိုင်ငံခွဲထူထောင်ကြောင်း ကြေငြာကြည့်ပါ့လား မအလတွေက ဗုံ:မိုးရွာနေလောက်ပြီ ဖြစ်တယ် ဒါကြောင့် US အကြပ် တျုတ်ကြီး အခက်တွေ့လာချိန်မှာ ထွက်ပေါက်မဲ့နေတဲ့ သူ့ခြံစောင့် သားကောင်အတွက် တျုတ်ကြီး ဒီမြေထဲက အကျိုးစီးပွားတွေ လက်မလွှတ်ဖို့ဆို ကစားကွက် နည်းမျိုးစုံနဲ့ ဖန်တီး ရွေ့လျား ဖော်ဆောင်နေမှာ ဖြစ်သလို

    သူရွေ့တဲ့ ခမာမြေကို US က ထိုင်းနဲ့ ပိတ်ကာပြီး မအလကို ICJ နဲ့ ချုပ် ကျားဖျန့်အရေးနဲ့ မြန်မာထဲပါ ခြေလှမ်းဖို့ ပြင်လာတဲ့အခါ မအလတသိုက် မပဒါမြေလူးပြီး အဖက်ဖက်က ဝိုင်းပိတ်ဆို့ခံနေရပြီဆိုတော့ ဒီအခြေနေမှာ တျုတ်ကြီး ချိန်ကိုက် ကော်သူလေးနဲ့ နဂါးကို ပွဲထုတ် ကစားပြီး အမဲဖျက်ဖို့ ကြံလေမလားဆိုတာ သတိထား စောင့်ကြည့်ကြရမှာပဲ ဖြစ်တယ် !

    ဉ္ဇူရီမင်းမြတ် 👁️

  • ဖြူးမြို့နယ်၊ ဆားဂွန်းရွာ စစ်တပ်စစ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်

    ဖြူးမြို့နယ်၊ ဆားဂွန်းရွာ စစ်တပ်စစ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်

    ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ဖြူးမြို့နယ်၊ ဆားဂွန်းရွာ စစ်တပ်စစ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ

    ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ဖြူးမြို့နယ်၊ ဆားဂွန်းစစ်တပ်စစ်ဆေးရေးစခန်းကို တော်လှန် ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်ပြီး တော်လှန်ရေးတပ်များက ဖြူးမြို့နယ်၊ ဆားဂွန်းကျေးရွာအနီးရှိ စစ်တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လတ်တလော စစ်တပ်က စစ်ကူအင်အား အပြည့်ဖြင့် ခုခံနေပြီး လက်နက်ကြီးများ လည်း အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရှိရသည်။

    “ဒီမနက် ၅ နာရီကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်နေကြတာ။ ဆားဂွန်းမှာရှိတဲ့ စစ်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ဆော်နေတာ။ ဇေယျဝတီ အမြန်လမ်းအတက်နား၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘက်မှာ ဖြစ်နေတာ။ အခု ဖြူးချောင်းတံတားပေါ်မှာ စစ်တပ်က အင်အားအပြည့်တက်လာနေတယ်။ ကားပေါ်ကနေ ပစ်ခတ်တာတွေ တောက်လျှောက်လုပ်နေတယ်။ တိုက်ပွဲက ပြင်းထန်တယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    လတ်တလော တိုက်ပွဲကြောင့် ဆားဂွန်းကျေးရွာအနီးပတ်ဝန်းကျင်နှင့် ကျေးရွာများမှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ စစ်တပ်က လမ်းများပိတ်ဆို့ထားပြီး ပြည်သူများကို ထွက်ခွင့်မပေးကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့ (အောင်မြင်မြို့) အပါအဝင် ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေး ရွာတွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရ ထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် ကင်းစခန်းတို့ အပါအဝင် အကြမ်းဖက်စစ်တပ်၏ စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်မှ ၅၀ ကျော်သေဆုံးခဲ့ကြောင်း သိရှိရသည်။

    အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များ အတွင်းရှိ အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၄၀ ခန့် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တော်၊ ပဲခူးတိုင်းစစ်ဌာနက တရား၀င် သတင်းထုတ်ပြန်ခဲ့သည်။

    ဓာတ်ပုံ- ဇန်နဝါရီလ ၉ ရက်နေ့ တောကျွဲအင်းမြို့ ခေါ် အောင်မြင်မြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်။

  • မောတောင်နယ်စပ်မှာ  အဖမ်းခံရတာ တကယ်ပါ

    မောတောင်နယ်စပ်မှာ အဖမ်းခံရတာ တကယ်ပါ

    နွေဦးတော်လှန်ရေး ဆရာတော်

    မြန်မာပြည် မောတောင်နယ်စပ်မှာ

    အဖမ်းခံရတာ တကယ်ပါ

    မောတောင် စစ်ဘေးရှောင်တွေကို

    ပြန်ဆင်းလှူ ကူညီရင်း

    ပူးပေါင်းလုပ်ကြံခံရတာပါ

    ကျတော်တို နယ်စပ် ပြန်ဆင်းကူညီတဲ့အခါမှာ

    ခက်အခဲတွေများကြီးပါ

    အခုလိုမျိုးတွေဖြစ်တဲ့အခါ

    ဘာမှလုပ်လိုမရတဲ့ အခြေနေပါ

    ကူညီရတာလဲ တကယ်မလွယ်ပါဘူးဗျာ

    ကူညီနိုင်အောင် ဝိုင်းဝန်း ကြိုးစားပေးကြပါ🙏

    လူသိများ ထင်ရှားသူဖြစ်သည့် နွေဦးတော်လှန်ရေးဆရာတော်သည်

    မောတောင်မြို့ကအဆင်း ပကျွတ်မြို့ ထိုင်းဘက်ခြမ်းတွင် အဖမ်းခံထားရပါသည်။

    ညတွင်းချင်း လူချွတ်ပီး တရား စွဲမည်ဟု သိရပါသည်။

    အမြန်ရှယ်ပေးခြင်းဖြင့်ကူညီကြပါ

    ပူးပေါင်းလုပ်ကြံမှုကြောင့် နွေဦးတော်လှန်ရေးဆရာတော်သည်

    မောင်တောင်မြို့ကအဆင်း ပကျွတ်မြို့ ထိုင်းဘက်ခြမ်းတွင် အဖမ်းခံထားရပါသည်။

    ညတွင်းချင်း လူချွတ်ပီး တရား စွဲမည်ဟု သိရပါသည်။

    တိုင်ကြားထားတဲ့အမှုတွေကအရမ်းများသည်။

    ကြီးလေးသည်ဟု သိရပါသည်။

  • ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခု ဖြစ်ပွား

    ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခု ဖြစ်ပွား

    မုဒုံမှာ ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခု ဖြစ်ပွားပြီး နေအိမ် ၆၀ ခန့် မီးလောင်ပြာကျ

    မွန်ပြည်နယ် မုဒုံမြို့နယ်မှာ ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၆၀ ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

    မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာမှာ ဇန်နဝါရီ ၈ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ အဆိုပါ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

    “ရေနွေးအိုး တည်ထားရာကနေ ဖြစ်သွားတာပါ။ အဲအချိန် အရှေ့မြောက်လေက တိုက်နေတဲ့ အချိန် နေပူနေတဲ့ အချိန်ဆိုတော့ ဆိုးတာပေါ့။ နေအိမ် ၆၀ လောက် ပါသွားပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေက သုံးပုံ ပုံ နှစ်ပုံလောက် ရှိမယ်။ မီးကညနေပိုင်းမှာ ငြိမ်းသွားပါတယ်”

    အဆိုပါ မီးလောင်ပြာကျသွားတဲ့ အိမ်ထောင်စု ၆၀ ခန့်က ဒေသခံတွေဟာ ဘုန်းကြီး‌ကျောင်းမှာ စုပေါင်းနေထိုင်နေကြရပြီး အခြေခံစားသောက်ကုန်နဲ့ အိုးခွက်၊ ပန်းကန်တွေ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

    နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်( ၂ ) ရန်နိုင်ရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ အလားတူ မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၆၂ အိမ်ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

  • စသုံးလုံးထဲက အ‌ကောင်ကြီးတစ်ကောင် ပြောပြီ

    စသုံးလုံးထဲက အ‌ကောင်ကြီးတစ်ကောင် ပြောပြီ

    ခင်ညွန့်လက်ထက်က ခင်ညွန့်အားကိုးရတဲ့ စသုံးလုံးထဲက အ‌ကောင်ကြီးတစ်ကောင်က ခုတော့ အသက်ကြီးပြီ အေးဆေးနေတယ်။

    သူကပြောတယ်…

    ခု မင်းအောင်လှိုင်တို့ တစ်ဖွဲ့လုံးရဲ့ ဦးနှောက်စုပြီး ပေါင်းရင်တောင် ငါ့ Lee လောက်တောင်မရှိဘူးတဲ့။

    ဒီလောက် တိုင်းပြည်မှာ လက်နက်ကိုင်တွေ အဖွဲ့ပေါင်းစုံ ပေါနေတာ အာဏာရူးပြီး ကြံ့ဖွတ်ခင်ရီ က မြှောက်ပေးတိုင်း အာဏာထသိမ်းတာ ဦးနှောက် က Lee လောက်ပဲရှိလို့တဲ့ဗျာ။

    မဲခိုးတာ ဘာကို မဲခိုးတာလဲ ဒီကောင်တွေလျောက်ပြောနေတာ။အာဏာသိမ်းချင်လို့အကြောင်းပြချက်ရှာတာ။

    ကျူပ်ကိုယ်တိုင် NLDကို မဲမပေးဘူး။

    ဒါပေမယ့် NLD က မဲအပြတ်အသတ်နိုင်တယ်ဆိုတာ အတွေးအခေါ်ရှိတဲ့သူတိုင်းသိကြတယ်။

    ကျူပ်တို့ ထောက်လှမ်းရေးပညာကို နိုင်ငံခြားကို သွားသင်ထားတယ် ပြည်တွင်းမှာလဲ ကျူပ်တို့ဦးဆောင်ခဲ့တာ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ထောက်လှမ်းရေးက အမ္ဘာ့ အဆင့် အမြင့်ဆုံးထဲမှာပါတယ်။

    ဒီကောင် ကာချူပ်ဖြစ်တာ ဘာအရည်အချင်းရှိလို့လဲ နိုင်ငံရေးဘာနကန်းတလုံးမှနားလည်တာမဟုတ်ဘူး။ ခိုးဖို့ပဲနားလည်တာ။

    ခုလဲ ဟိုပွဲတက် ဒီပွဲတက် သူများရေးပေးတဲ့စာကိုဖတ်ပြီး ပါးစပ်က ပေါက်ကရလျောက်ပြော

    တိုင်းပြည်က ဒီလောက်ဆင်းရဲပြီး ပျက်စီးလာတာ စီးပွားရေးဦးမော့လာပြီ ပြောလို့ပြော

    ဒီကောင် ကြောင်ချီး

    သမ္မတ ရူး ရူးပြီး ပွဲတကာလျောက်တက်ပြီး သူကိုယ်သူ ဘဝင်ကိုင်နေတာ

    တိုင်းရေးပြည်ရာ ဘာ နကန်းတလုံးမှသိတဲ့ကောင်မဟုတ်ဘူး။

    ငါ့တူတို့ မယုံရင်စောင့်ကြည့်

    အဲဒီဗိုလ်ချူပ်အဖွဲ့တွေ မိသားစုလိုက်ကို ဒုက္ခရောက်ကြအုံးမှာ။

    ကျူပ်တို့လက်ထက်မှာ နိုင်ငံကို နိုင်နိုင်နင်းနင်းအုပ်ချူပ်နိုင်တာက ခေါင်းဆောင်တွေက အရည်အချင်းရှိကြတယ်။

    ပြီးတော့ အဲဒီအချိန်က နိုင်ငံရေးနယ်ပယ်က ကျဉ်းမြောင်းပြီး ပြည်သူတွေက ခုလောက် အမြင်မကျယ်သေးဘူး။

    ခုက ကိုယ့်မြေးတောင် ကိုယ့်ထက်ဗဟုသုတပိုရှိတယ်။

    ငယ်ငယ်လေးတွေနဲ့ သူတို့က AI ကို ကောင်းကောင်းသိပြီးသုံးတတ်တယ်။

    အကောင်းအဆိုးအကြောင်းအကျိူးဝေဖန်တတ်နေပြီ။

    ကျူပ်တို့တုန်းက ဒီလောက်ဗဟုသုတလဲ မရှိဘူး။

    ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်တဲ့ ပတ်ဝန်းကျင်လဲမရှိဘူး။

    စစ်ဗိုလ်တွေအကုန်လုံးက နွားခြေရာခွက်ထဲမှာ နေကြပြီး သူတို့ကို သူတို့ ဘဝင်လေဟပ်နေဝာာ တကယ်တတ်တဲ့ကောင် တစ်ယောက်မှမရှိဘူး။

    ဘာမှမလုပ်တတ်မကိုင်တတ်နဲ့ နိုင်ငံမှာရှိတာ အကုန်ရောင်းစားတာ။

    ခုဒီကောင်ကြောင်ချီးက ကြူကြူလှက ဗေဒင်မေးလိုက် ယတြာချေလိုက်လုပ်နေတာ လိုက်လုပ်ပြီး သမ္မတဖြစ်ချင်နေတာ။

    ကြူကြူလှဆိုတာလဲ နောက်ကနေ သားသမီးတွေ ကြီးပွားဖို့ ယောက်ကျားပါဝါနဲ့ အတင်းလာဘ်စားတာ ပေးသမျှအကုန်ယူတယ်။

    မူရင်းပို့စ်တင်သူအား လေးစားစွာဖြင့်…