Category: News

  • နမ့်ဆန်၌ ၇ တန်းကျောင်းသူအား မုဒိန်းကျူးလွန်သူ TNLA ရဲဖမ်းဆီး

    နမ့်ဆန်၌ ၇ တန်းကျောင်းသူအား မုဒိန်းကျူးလွန်သူ TNLA ရဲဖမ်းဆီး

    ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၌ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတစ်ဦးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ၏ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

    ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက် နံနက် ၂ နာရီခွဲတွင် လုံတောက်ကျေးရွာအုပ်စုရှိ ရွာတစ်ရွာမှ မိုင်းကျော်ဌေး ဆိုသူသည် အသက် ၁၄ နှစ်သာ ရှိသေးသည့် မိန်းကလေးငယ်တစ်ဦး၏ နေအိမ်ပေါ်သို့ တက်ရောက်ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

    “ကလေးမလေးက ကျောင်းတက်နေတာ ၇ တန်းပဲရှိသေးတယ်။ အဲဒီညက သူ့အမေလည်း တောင်ယာမှာအိပ်တော့ အိမ်မှာ ကလေးမလေးတယောက်ပဲ ကျန်ခဲ့တာ အဲဒါကို အခွင့်ကောင်းယူပြီး ကလေးမလေးကို စော်ကားသွားတာ။ ကလေးမလေးကိုလည်း တခြားသူကို ပြန်ပြောပြရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

    ပြစ်မှုကျူးလွန်သူ မိုင်းကျော်ဌေးသည် ယင်းနေ့တွင် အရက်မူးကာ ကျူးလွန်ခံရသူ မိန်းကလေးငယ်၏ အိမ်နှင့်အိမ်နီးချင်းဖြစ်သည့် သူငယ်ချင်းနေအိမ်တွင် တည်းခိုခဲ့ကြောင်း ယင်းသို့ တည်းခိုစဉ် နံနက် ၂ နာရီခွဲခန့်တွင် အမျိုးသမီးငယ်၏ အိမ်ပေါ်သို့ တက်ရောက်ကာ မုဒိမ်းမှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း TNLA က နိုဝင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

    ထို့သို့ ကျူးလွန်သည်ကို မိန်းကလေးငယ်၏ မိသားစုဝင်များက သိရှိပြီးနောက် တအာင်းရဲတပ်ဖွဲ့ကို လာတိုင်ကြားရာမှ တရားခံကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး သက်ငယ်မုဒိန်းမှု ကျူးလွန်သူကို အရေးယူသွားမည်ဟု TNLA ကဆိုသည်။

    ယခုနှစ် ဧပြီ ၁၈ ရက်တွင်လည်း နမ့်ဆန်မြို့နယ်၊ အာရမ်းကျေးရွာတွင် သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့သည့် အမျိုးသားတစ်ဦးကို တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သေးသည်။

  • လားရှိူးမြို့ပေါ်မှာ စစ်တပ်က သေနတ်ဆက်တိုက်ပစ်ခတ် (ရုပ်သံ)

    MNDAA နဲ့ဆက်ဆံရေးတင်းမာနေချိန် လားရှိူးမြို့ပေါ်မှာ စစ်တပ်က သေနတ်ဆက်တိုက်ပစ်ခတ်

    MNDAA နဲ့ အာဏာသိမ်းစစ်တပ်ဆက်ဆံရေတင်းမာနေစဉ် ယမန်​နေ့ည ၁၁နာရီခန့်က လားရှိုးမြို့မှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။

    သေနတ်သံတွေဟာ တစ်ဖက်တည်းကပစ်တဲ့အသံမျိုးဖြစ်ပြီးနိုဝင်ဘာလ၂၄ရက်ညမှာ၅မိနစ်​လောက်အထိ ကြာခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။

    “စစ်တပ်ကမသင်္ကာတာတွေ့လို့ပစ်တာဆိုပြီး ကြားတာပဲ။ ရပ်ကွက်(၁)ဘက်ကနေ ပစ်တာ။ ကြားတာတော့ အသံတော်‌တော်ကျယ်တယ်”လို့ ရပ်ကွက် (၇)မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က MNDAA စစ်ခေါင်းဆောင်အချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့အနီး တွေ့ရစဉ်

    လားရှိုးမြိို့ပြင်မှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှုး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ကိုယ်တိုင် နိုဝင်ဘာလ ၁၁ ရက် နေ့က လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် ငြင်းပယ်ခံရပြီး ဆွေးနွေးမှုပျက်ခဲ့ပါတယ်။

    အဲ့‌ဒီနောက်ပိုင်း စစ်ကောင်စီက ကင်းထောက် လေယာဉ်တချို့ပျံသလို MNDAA ကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။

    လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAAက တပ်စွဲထားတာပါ။

    ဆက်ဆံရေးတင်းမာပြီးတဲ့နောက်ပိုင်း လာရှိူး-သီပေါလမ်းပိုင်းက ဒုဋ္ဌဝတီတံတားကိုလည်း နှစ်ဘက်စလုံးက ပိတ်ထားပါတယ်။ ဒီနေ့အထိပြန်မဖွင့်သေးပါဘူး။

    MNDAA ထိန်းချုပ်ဒေသတွေကိုဖြတ်လာတဲ့ ကုန်တင်ကားတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးနေပါတယ်။

    ဒီအခြေအနေမှာ လားရှိုးမြို့ထဲမှာ သေနတ်ပစ်ခတ်သံတွေထွက်ပေါ်လာတာမို့ ဒေသခံတွေကြားကအမျိုးမျိုးထင်​ကြေး​ပေးနေကြပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ MNDAA က ထိန်းချုပ်ထားတဲ့လားရှိုးမြို့ကို တရုတ်အစိုးရရဲ့စွက်ဖက်မှု​ကြောင့် ၂၀၂၅ ဧပြီလမှာ ကျည်တစ်ချက်မ​ဖောက်ရဘဲ စစ်ကောင်စီကို ပြန်လွှဲ​ပေးခဲ့ရပါတယ်။

    ဒါ​ကြောင့်စစ်တပ် ပြန်ဝင်လာပြီး ရှစ်လခန့်အတွင်း မြို့​ပေါ်မှာ ပစ်ခတ်သံ ရှားရှားပါးပါး ပြန်ကြားရတာဖြစ်ပါတယ်။

    လားရှိူးမြို့ပေါ်ကိုသာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ရယူနိုင်ခဲ့ပြီး မြို့ပတ်ချာလည်ကို​တော့ MNDAA က တပ်စွဲထားတာဖြစ်ပါတယ်။

    (လားရှိူးမြို့​ပေါ် ပစ်ခတ်သံများကြားရစဥ်။ ရုပ်သံ-​ဒေသခံ)

  • “သိမ်းငှက်စစ်ဆင်ရေး” ကာလအတွင်း ပျူစောထီး စစ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိခဲ့ပြီး စစ် သားနှင့် ပျူစောထီး ၁၀၀ ကျော်သေဆုံး၊

    “သိမ်းငှက်စစ်ဆင်ရေး” ကာလအတွင်း ပျူစောထီး စစ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိခဲ့ပြီး စစ် သားနှင့် ပျူစောထီး ၁၀၀ ကျော်သေဆုံး၊

    မော်လိုက်ခရိုင်တွင် “သိမ်းငှက်စစ်ဆင်ရေး” ကာလအတွင်း ပျူစောထီး စစ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိခဲ့ပြီး စစ် သားနှင့် ပျူစောထီး ၁၀၀ ကျော်သေဆုံး

    စစ်သုံ့ပန်းများနှင့်လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

    စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်တွင် “သိမ်းငှက်စစ်ဆင်ရေး” ကာလအတွင်း ပျူစောထီးစခန်း ၈ ခုကို သိမ်းပိုက် ရရှိခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၀၀ ကျော်သေဆုံးကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြားသိမ်း ဆည်းရရှိခဲ့ကြောင်း မော်လိုက်တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ယခုနှစ် ဩဂုတ်လမှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ မော်လိုက်ခရိုင်အတွင်း၌ “သိမ်းငှက်စစ်ဆင်ရေး” ဖော် ဆောင်ခဲ့ရာ စစ်သား၊ ပျူစခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျေးရွာပေါင်း ၁၇ ရွာကို စိုးမိုးထိန်းချုပ်နိုင် ခဲ့ကြေင်း၊ ယင်းတိုက်ပွဲများအတွင်း စစ်သား ၁၀၀ ကျော်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိ ကာ စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများလည်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    “ပထမ စခန်း ၅ ခုသိမ်းမိတာ တစ်ဖြတ်ပေါ့၊ နောက်ထပ်စခန်း ၃ ခုထပ်ရတယ်။ အောက်တိုဘာလ ၂၆ ရက်ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ဆွန်နန်း၊ အိုးဘို၊ ထိန်သာ ၃ ရွာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ တယ်။ စစ်ဆင်ရေးကာလ ဒီနေ့ပဲ အပြီးရပ်လိုက်တာပါ။ ရန်သူဘက်က သာလွန်အင်အားနဲ့ ထိုးလာ လို့ ပြန်ဆုတ်ထားရတဲ့ အနေအထားပါ” ဟု မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ပြောကြားသည်။

    အဆိုပါ စစ်ဆင်ရေးကို မော်လိုက် တော်လှန်ရေး အင်အားစုများဖြစ်သည့် ခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂ ၊ တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ၊ ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နှင့် ခရိုင်ကွတ်ကဲရေးရုံး တိုက် ခိုက် ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    တော်လှန်ရေးတပ်များ၏ သိမ်းငှက် စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ရရှိခဲ့သော ပျူစခန်းများမှာ ထော်သာရွာ ပျူစောထီး စခန်း၊ အော်ဇီးခုံရွာ စခန်း၊ ညောင်ဝန်းရွာပျူစောထီး ဂိတ်စခန်း၊ နောင်ပိန်းရွာ စခန်းကုန်း၊ နားပင်ရွာ စခန်း ကုန်းနှင့် တောင်းအင်ရွာစစ်တပ်စခန်း၊ ဆွန်နန်းပျူစောထီးစခန်း၊ အိုးဘိုပျူစောထီးစခန်းနှင့် ထိန်သာရွာ ပျူစောထီးစခန်းတို့ဖြစ်ကြောင်း သိရသည်။

    လက်ရှိအချိန်တွင် စစ်ဆင်ရေးနယ်မြေအတွင်းရှိ တောင်သူလယ်သမားများ စပါးရိတ်သိမ်းချိန်နှင့် ပြည်သူလူထု စစ်ဘေးရှောင်ရခြင်း အခက်ခဲများကို ငဲ့ညာထောက်ရှုသောအားဖြင့် သိမ်းငှက်စစ်ဆင်ရေးထိုးစစ်ကို အထက်ညွှန်ကြားချက်အရ ရက်အကန့်သတ်မရှိ ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

  • KTV တွင် သီချင်းဆိုကခုန်နေသည့် ကျောင်းထိုင်ဘုန်းကြီးကို ရဲက ဖမ်းမိ၊ သိန်း ၁၀၀ ယူပြန်လွှတ်

    KTV တွင် သီချင်းဆိုကခုန်နေသည့် ကျောင်းထိုင်ဘုန်းကြီးကို ရဲက ဖမ်းမိ၊ သိန်း ၁၀၀ ယူပြန်လွှတ်

    KTV မှာ အရက်သောက်ပြီး အမျိုးသမီးတွေနဲ့ ကခုန်ပျော်မြူးနေတဲ့ ပျော်ဘွယ်မြို့ ပြည်တော်အေးကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒနဲ့ အဖော်ဖြစ်သူကို စစ်ကောင်စီ လက်အောက်ခံရဲတွေက ဖမ်းပြီး အရေးမယူဘဲ ငွေသိန်း ၁၀၀ ယူကာ ပြန်လွှတ်ခဲ့ပေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    ပျော်ဘွယ်မြို့ ပြည်တော်အေးကျောင်းတိုက်ဆရာတော် ရှင်မုနိန္ဒမှာ အဖော်ဖြစ်သူ ရှင်ပညာစာရ နဲ့ နေ့စဥ် ရုပ်ဖျက်ပြီး မြို့ပေါ်က KTV တွေ မှာ အရက်သောက်ကာ အမျိုးသမီးတွေနဲ့ ကခုန်ပျော်ပါးနေတယ်လို့ သတင်းပေးတိုင်တန်းတာကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတွေက နိုဝင်ဘာ ၁၁ ရက်က ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ညရောက်ရင် တရားသွားဟောမယ်ဆိုပြီး သူ့မိတ်ဆွေ ဘုန်းကြီးတပါး နဲ့ ကား နဲ့ ထွက်သွားတယ်။ ကားပေါ်မှာ အဝတ်အစားတွေလဲပြီးရင် KTV သွားတာ။ ဟိုရောက်တော့ အရက်သောက် ကောင်မလေးတွေနဲ့ ကနေတာ။ ဒါကို လှူနေတဲ့ ဒကာတယောက်က KTV သွားရင်း တွေ့လို့ သာသနာရေးကို တိုင်လိုက်တာ၊ ရဲတွေက ဖမ်းမိသွားတယ်၊ လေးရက်လောက်ပဲ ကြာတယ် သိန်း ၁၀၀ ယူပြီး ပြန်လွတ်လိုက်တယ်။”

    စစ်ကောင်စီလက်အောက်ခံရဲတွေက သာသနာရေးပုဒ်မနဲ့အရေးမယူဘဲ ပြန်လွှတ်ပေးတာကြောင့် ရှင်မုနိန္ဒမှာ သူဆွေမျိုးတွေကို ခေါ်လာကာ ပြည်တော်အေးကျောင်းတိုက်အတွင်းရှိ ဘုန်းကြီးကျောင်းပိုင်ကား၊ သင်္ကန်းတွေ၊ ပရိဘောဂနဲ့ အလှူငွေတွေကို လာယူသွားတယ်လို့ သာသနာရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “သာသနာရေး နဲ့ သက်ဆိုင်တဲ့အမှုကို ရဲတွေက သိန်း ၁၀၀ ယူပြီး နယ်နှင်ဒဏ်ပေးတယ်ဆိုပြီး ပြန် လွှတ်လိုက်တယ်။ အခုဘာပြဿနာတက်လဲဆိုတော့ အဲ့ဒီဘုန်းကြီးက သူဆွေမျိုးတွေခေါ်လာပြီး ကျောင်းပိုင်ကားတွေ၊ အလှူငွေတွေ၊ ပရိဘောဂတွေ၊ သင်္ကန်းပရိက္ခရာတွေပါ ယူသွားတယ်။ ဒေသခံတွေက ဒေါသထွက်နေတယ်။”

    လက်တလောမှာ အဆိုပါကိစွနဲ့ပတ်သက်ပြီး ဒေသခံတွေက နိုဝင်ဘာ ၂၂ ရက်မှာ သာသနာရေးဝန်ကြီးဌာနကို လိပ်မူကာ တိုင်ကြားထားတယ်လို့ သူက ဆက်ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက ပျော်ဘွယ်မြို့နယ် ပြည်တော်အေးကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တပညာသာရ ပျံလွန်တော်မူခဲ့ရာ ရှင်မုနိန္ဒကို ကျောင်ထိုင်အဖြစ် မြို့နယ်အုပ်ချုပ်ရေးတွေက တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

  • မော‌တောင်မြို့ကို ပြန်တိုက်ဖို့ လေကြောင်းကစစ်ကူပို့တဲ့ စစ်သားအချို့လက်နက်ချအလင်းဝင်

    မော‌တောင်မြို့ကို ပြန်တိုက်ဖို့ လေကြောင်းကစစ်ကူပို့တဲ့ စစ်သားအချို့လက်နက်ချအလင်းဝင်

    မောတောင်မြို့က ​တော်လှန်​ရေးတပ်​တွေကိုပြန်တိုက်ခိုက်ဖို့ဆိုပြီးလေကြောင်းကနေအင်အားလာဖြည့်တဲ့ စစ်သားတွေထဲက အချို့ဟာ တော်လှန်ရေးအင်အားစုတွေထံ လက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။

    မောတောင်မြို့အနီးကသဲဖြူရွာကိုနိုဝင်ဘာလ ၁၅ ရက်မှာ စစ်တပ်က ရဟတ်ယာဉ်တွေ နဲ့ အင်အား ၂၀၀ ခန့်အထိ ပို့ခဲ့ပြီး အဲ့ဒီထဲကအချို့ဟာ တော်လှန်ရေးအင်အားစုတွေထံ ထွက်ပြေးလာတာလို့စုံစမ်းသိရပါတယ်။

    သဲဖြူရွာမှာ စစ်တပ်က တပ်စွဲထားတာ ၁နှစ်နီးပါးကြာနေပြီဖြစ်ပြီး အဲဒီနေရာကို အင်အားဖြည့်နေတာလို့ မြေပြင်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

    “သဲဖြူက နယ်စပ်ကုန်သွယ်ရေးလမ်းမှာ ဆုံချက်နေရာဖြစ်တယ်။အဲ့ဒီကို အင်အားတွေဖြည့်ပြီး မောတောင်မြို့ထဲကိုလည်း လေကြောင်းကနေတိုက်ခိုက်တာတွေရှိနေပါတယ်”လို့ ၎င်းကပြောပါတယ်။

    လက်နက်ချအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။

    နိုဝင်ဘာ ၁၄ ရက်က ​မော​တောင်မြို့ နဲ့ နယ်စပ်စခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့စစ်သား ၄၀ ကျော်ဖမ်းမိခဲ့ပြီး ထပ်မံဖမ်းမိတဲ့သူတွေနဲ့ဆိုရင် ၅၀ နီးပါးရှိနေပြီလို့စုံစမ်းသိရပါတယ်။

    တနင်္သာရီတိုင်းထဲက မောတောင်မြို့ဟာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာအရေးပါတဲ့မြို့ဖြစ်ပါတယ်။

    မော​တောင်ကစစ်တပ် ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDFနဲ့ ပူးပေါင်းတပ်တွေက လနဲ့ချီပိတ်ဆို့ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၂ ရက်မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်မှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။

    KNLAနဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နဲ့ Force for Federal Democracy(FFD) ၊ KNDO ၊ PDF ၊ပကဖ စတဲ့မဟာမိတ်တပ်​တွေ လည်း ပါဝင်ခဲ့ပါတယ် ။

    စစ်ကောင်စီကမောတောင်မြို့ကိုပြန် တိုက်မယ်လို့ သတင်းလွင့်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေပါတယ်။စစ်တပ်ကနိုဝင်ဘာလ ၁၅ ရက်ညကလည်း မောတောင်မြို့ထဲကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့သိရပါတယ်။

    (​မော​တောင်မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း​တွေနဲ့ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေကို ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေနဲ့အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-KNU)